၆လက်မ မျက်နှာပြင်နှင့် Nokia Lumia 1520

ပို့စ်တင်ချိန် - 10/22/2013 04:27:00 PM




Samsung Note 3, HTC One Max, Sony Xperia Z Ultra ကို စိန်ခေါ်မည့် 6-inch မျက်နှာပြင်နဲ့ Lumia ရဲ့ Phablet တစ်လုံးကို ယနေ့ Nokia မှ ထုတ်ဖော်ပြသခဲ့ပါတယ်။

1080p full HD display ပါဝင်ပြီး 1520 ဟာ မျက်နှာပြင် အကြီးဆုံးနဲ့ ထိတ်တန်း Lumia family မှာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

8.6mm ပဲ ထူပြီး 2.2GHz quad-core Qualcomm Snadragon 800 processor ကို အသုံးပြုထားသလို ကြီးမားတဲ့ 3,400mAh battery လဲတပ်ဆင်ထားပါတယ်။ ၁၀နာရီကြာ အသုံးပြုနိုင်မယ် ဆိုပါတယ်။

20-megapixel camera ကို တပ်ဆင်ထားတဲ့အတွက် ပြိုင်ဘက်တွေ အားလုံးထက် Pixel အရည်အတွက် များပါတယ်။

Lumia 1520 Windows Phone OS နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Photography ဆိုင်ရာ Application အသစ်များစွာလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $749 ကျသင့်မှာ ဖြစ်ပါတယ်။

Ref: Cnet
TechSpace Journal