ထိုင်းနိုင်ငံထုတ် ဒီးဒိုအချိုရသည်၌ မှုတွေ့ရှိသည်ဆိုသည့် ကိစ္စကုမ္ပဏီကရှင်းလင်း

ပို့စ်တင်ချိန် - 3/19/2014 09:18:00 AM



မြန်မာနိုင်ငံ၌ နှစ်ပေါင်းငါးနှစ် ကျော်ကြာ တင်သွင်းဖြန့်ဖြူးလျက်ရှိ သည့် ထိုင်းနိုင်ငံ Foodstar Company မှထုတ်လုပ်သည့် ဒီးဒိုအချိုရည်တွင် မှိုတွေ့ရှိမှုမှာ လုံးဝမဖြစ်နိုင် ကြောင်းနှင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ FDA ခွင့်ပြုချက်ရထားပြီးဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီမှမန်နေဂျင်း
ဒါရိုက်တာ Miss Chantra Pongsri က ယနေ့မွန်းလွဲ ၂ နာရ တွင် ရန်ကုန်မြို့ M3 Food Center ၌ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထွက်ပေါ်ပျံ့နှံ့လျက်ရှိ မြန်မာနိုင်ငံ သမဝါယမဝန်ကြီးဌာနအောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ စား သောက်ကုန်ဓာတ်ခွဲခန်း၏ စမ်းသပ်မှု အဖြေအရ ထိုင်းနိုင်ငံထုတ် ဒီးဒိုအချိုရည် တစ်မီလီလီတာတွင် မှို ခြောက် သိန်းပါဝင်ကြောင်း မတ် ၉ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်း၏ သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောဆိုကြောင်း မီဒီယာများမှ တစ်ဆင့် ပြည်သူများအကြား သတင်းထွက်ပေါ်ပျံ့နှံ့လျက်ရှိသည်။

“ ကျွန်မတို့ ဒီးဒိုအချိုရည်နဲ့ ပတ်သက်လို့ လူကိုထိခိုက်စေတဲ့ ဘာဓာတ်၊ ဘာပစ္စည်းမှ မပါဝင်ဘူးဆို တာ လုံးဝပြောရဲပါတယ်။ စက်ရုံကလည်း ကမ္ဘာ့အဆင့်မီ ပြုလုပ်ထားပြီး စစ်ဆေးမှုတွေကိုလည်း မကြာခဏပြုလုပ်ပေးလျက်ရှိပါတယ်။ဒီနိုင်ငံမှာသာ တင်သွင်းဖြန့်ဖြူးတာ မဟုတ်ပါဘူး။ အခြားကမ္ဘာ့နိုင်ငံ အများစုကိုပါ နှစ်ပေါင်း ၂၀ ကျော် ကတည်းက တင်ပို့ဖြန့်ဖြူးရောင်းချပေးနေတဲ့ အချိုရည်ဖြစ်ပါတယ်။

နိုင်ငံတိုင်းက FDA ရဲ့ ခွင့်ပြုချက် ကိုလည်း ရယူထားပြီးသားပါ။ ဒီလို တစ်ခါမှ အသံမကြားခဲ့ဖူးပါဘူး။ ဘာမှတော့ တုံ့ပြန်မပြောချင်ပါဘူး။ အဓိကကတော့ ကျွန်မတို့ဆီက ထုတ် တဲ့အချိုရည်နဲ့ပတ်သက်ပြီး လုံးဝ အာမခံပါတယ်။ လုံးဝတာဝန်ယူပါတယ်” ဟု အဆိုပါကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Miss Chantra Pongsri က ပြောကြားသည်။

ဒီးဒိုအချိုရည် လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် စတင်ရောင်းချ ဖြန့်ဖြူးခဲ့သည်မှာ ငါးနှစ်ကျော်ကြာပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ Foodstar Company မှ ဒီးဒိုအချိုရည်အပါအဝင် အမျိုးအစားပေါင်း ၁၃ မျိုးကျော်ကို ဈေးနှုန်းအမျိုးမျိုးဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိသည်။

“ကျွန်တော်တို့ စားသုံးသူ ကြိုတင်ကာကွယ်ရေးအသင်းအနေနဲ့ ဒီးဒိုအချိုရည်ကို စစ်ဆေးမှုပြုလုပ် ခဲ့တာဟာ စားသုံးသူ ပြည်သူတွေက အနံ့က တစ်မျိုးပဲ၊ တချို့ပုလင်းတွေဆို အလွန်စူးရှတယ်။ ယခင်ကနဲ့ မတူ သလိုပဲ။ ဒါကြောင့် မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းအနေနဲ့ စမ်းသပ်ပေးစေချင် တယ်ဆိုလို့ ကျွန်တော်တို့က စမ်းသပ်ခဲ့တာပါ။ ဒီစမ်းသပ်မှုအပေါ်မှာလည်း လုံးဝတာဝန်ယူပါတယ်။ ကျွန်တော်တို့က သူတို့ဆီကလာတဲ့ အစိမ်းရောင်ပုလင်းကို စမ်းသပ်ခဲ့တာပါ။

ဒီစမ်းသပ်တဲ့ ဓာတ်ခွဲခန်းကလည်း မြန်မာနိုင်ငံမှာ ထွက်ရှိနေတဲ့ စား သောက်ကုန်တွေကို စမ်းသပ်စစ်ဆေး ပေးနေတဲ့ ဓာတ်ခွဲခန်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ဦးစီးပြီးတော့ စစ်ဆေးခဲ့တာပါ။ ပြီးတော့ စားသုံးသူကာကွယ်ရေး ဥပဒေအရ ဒီးဒိုအချိုရည်မှာ မြန်မာလို ထုတ်လုပ်မှုရက်စွဲ၊ ပါဝင်တဲ့ပစ္စည်း၊ ထုတ် လုပ်တဲ့ကုမ္ပဏီ စတဲ့အချက်တွေလည်း ပါဖို့လိုမယ်ထင်တယ်” ဟု မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းဥက္ကဋ္ဌက ဆိုသည်။


MOI Webportal Myanmar