ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်များကို ရှင်းထုတ်နိုင်

ပို့စ်တင်ချိန် - 3/19/2014 05:19:00 PM


ကိုယ်လက်လှုပ်ရှား အားကစားခြင်း

ကိုယ်လက်လှုပ်ရှား အားကစားဟာ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်များကို ရှင်းရာမှာ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်။ နေ့စဉ်နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ခြင်းဟာ ကိုယ်ရည်စစ် စေပြီး ပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေး၊ လှုပ်နှုန်း၊ အကြော အခြင်ပြေလျော့ စေခြင်းနဲ့ စိတ်လန်းဆန်းခြင်း တို့ဖြစ်စေတယ်။ ကျန်းမာ၊ လှပကျော့ရှင်း၊ တောင့်တင်း သန်မာချင်ရင် ကိုယ်လက်လှုပ်ရှား နေ့စဉ်အားကစား နာရီဝက် လုပ်သင့်တယ်။

ချွေးထွက်ခြင်း

ကိုယ်လက်လှုပ်ရှားအားကစား လုပ်ခြင်းကြောင့် ခန္ဓာကိုယ်အကြော အခြင်တွေကို ပွင့်စေတယ်။ ကိုယ်တွင်းမှာရှိတဲ့ ခဲ၊ အလူမီနီယမ်၊ ဘင်ဇင်း၊ ကန့်၊ ဖီနော စတဲ့ အဆိပ်အတောက်နဲ့ ကင်ဆာဖြစ်စေတဲ့ အရာများ ဟာ ချွေးနဲ့ အတူ ခန္ဓာကိုယ်ပြင်ပ စွန့်ထုတ်စေနိုင်တယ်။

ဆီး ဝမ်းမှန်ခြင်း

ကိုယ်လက်လှုပ်ရှား အားကစား ခြင်းကြောင့် အစာချေ အဖွဲ့စွမ်းအား တက်လာတယ်။ အစာအိမ်နဲ့ အူရဲ့ လှုပ်ရှားမှုကို များစေရာမှ အစာချေဖျက်မှုနဲ့ စုပ်ယူမှုကို မြန်စေတယ်။ ဆီးမှန်စေတယ်။ ဆီးနဲ့ဝမ်းမှာ အဆိပ်ပြည့် နေတော့ အချိန်မီစွန့်ထုတ် မပစ်နိုင်ရင် ခန္ဓာကိုယ်က အခါခါပြန်စုပ်ယူ တတ်လို့ သွေးရည်ထဲမှာ ရောသွား စေတယ်။ အကျိုးဆက်က ဗိုက်ကယ်ခြင်း၊ မူးနောက်ခြင်း၊ ခေါင်းခြောက်ခြင်း စတဲ့လက္ခဏာ များ ပေါ်လာကာ ဆီး၊ ဝမ်းမမှန်ဘဲ အဆိပ်များ ပြည့်နေတော့တယ်။

အသက်ရှူမှုစနစ်

အသက်ရှူမှု စနစ်ဟာ အားကစားလုပ်တဲ့ အခါ နှစ်ဆမှ ဆယ်ဆအထိ မြင့်တက်လာကာ ညစ်ညမ်းတဲ့လေနဲ့ အသုံးမဝင်တဲ့ ရေတွေကို စွန့်ထုတ် ပေးနိုင်တယ်။ သာမန်အချိန်ထက် အောက်ဆီဂျင်ဟာ အဆပေါင်းများစွာ ခန္ဓာကိုယ်တွင်း ရောက်ရှိ လာလို့ သွေးနီဥထဲမှာ အောက်ဆီဂျင် ပါဝင်မှု ပိုစေတယ်။ ခန္ဓာ ကိုယ်ကို အာဟာရ ပိုရစေတယ်။ ခန္ဓာကိုယ်က အဆိပ် ကာကွယ်အား (ခုခံမှုအားစနစ်)ကို ပိုမိုမြင့်မား စေတယ်။

သွေးလှည့်ပတ်မှုနှင့် ပြန်ရည် လှည့်ပတ်မှုစနစ် မြန်စေခြင်း

ပြန်ရည်ကြော အဖွဲ့က အားကစား လုပ်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာတဲ့ အညစ် အကြေးများ စွန့်ထုတ်ပေးတယ်။ ပြန်ရည်လှည့်ပတ် စီးဆင်းမှုဟာ သွေးရည်လှည့်ပတ် စီးဆင်းမှုနဲ့ မတူဘူး။ သွေး ရည် လှည့်ပတ်မှုမှာ နှလုံးရဲ့ကျုံ့ဆန့်အားရှိ ပေမယ့် ပြန်ရည် လှည့်ပတ် စီးဆင်းမှုက ကြွက်သားရဲ့ကျုံ့ဆန့်အား ပေါ်မူတည်တယ်။ ဒါကြောင့် အားကစားလုပ်ရင် ကြွက်သားလှုပ် ရှားမှုများပြီး ပြန်ရည်အဖွဲ့ စီးဆင်းမှုမြန်စေ တယ်။ သွေးလှည့်ပတ် မှုလည်း မြန်ဆန်လာလို့ အဆိပ်များ မြန်ဆန်စွာ ဖယ်ရှားနိုင်တယ်။

အသည်း၊ ကျောက်ကပ်

မိရိုးဖလာ နှိပ်နယ်ခြင်း၊ ပြန်ရည်ကြောများ ပွတ်နယ်ပေးခြင်း၊ သိုင်းကစားခြင်း၊ ယောဂ လေ့ကျင့်ခြင်း၊ ကိုယ်တွင်းအင်္ဂါ ကလီစာများ ကျန်းမာ သန်စွမ်းရေးအတွက် လက်တွေ့ရလဒ်ကောင်းများ ရှိတတ်တယ်။ ကျောက်ကပ် က ဆီးကိုပို စွန့်စေသလို အသည်းက အဆီစတဲ့အဆိပ်တွေ ဖယ်ပေးတယ်။ ကိုယ်တွင်း

အင်္ဂါ ကျန်းမာရေးအတွက် အားကစားက လက်တွေ့ရလဒ်ကောင်းများ ရှိကြောင်း တွေ့ရတယ်။

အန်ခြင်း

ခန္ဓာကိုယ်အညစ်အကြေးဖယ်ရှားဖို့ ပုံမမှန် တဲ့နည်းဖြစ်တယ်။ ဥပမာ- အရက်သောက် လွန်လို့ လက်ထိုးအန် ပစ်ခြင်း၊ စက္ကူပြာချ တိုက်ခြင်းဖြင့် အန်စေခြင်းများ ဖြစ်တယ်။

ဝမ်းလျှောခြင်း

အစာအိမ်နဲ့ အူလမ်းကြောင်း အဆိပ်တွေ အလွန်အမင်းစုပုံ နေရင် ရောဂါပိုးမွှားကြောင့် ကမောက်ကမဖြစ်ပြီး ဝမ်းလျှောစေတယ်။

အဖုအပိမ့်များ

စိတ်ပူပင်ရင်၊ အစားအသောက်ပျက်ရင် အဖုအပိမ့်များဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ ပြည်တည်နာခွဲထုတ် သို့မဟုတ် ညှစ်ပစ်ရင် အဆိပ်များ ဖယ်ရှား သွားတယ်။ ကိုယ်လက် လှုပ်ရှား အားကစားက ''မူမှန်'' အဆိပ်ရှင်း ထုတ်ပေး တယ်။

ဒေါက်တာလွင်သန့် (ဆေး-၂)