အိမ်မွေး နော်ဝေတောကြောင်

ပို့စ်တင်ချိန် - 3/19/2014 04:39:00 PM



Norwegian Forest Cat လို့ အမည်ရတဲ့ ကြောင်ဟာ ဥရောပဖွား ကြောင် မျိုး ဖြစ်ပြီး ကမ္ဘာ့ လူမွေးအများဆုံး ကြောင် မျိုးနွယ် ထဲမှာ တစ်မျိုး အပါအဝင် ဖြစ်ပါတယ်။ နော်ဝေတောကြောင်လို့ တိုက်ရိုက် ဘာသာ ပြန်နိုင် ပါတယ်။

နော်ဝေမှာတင် မဟုတ်ပဲ အအေးပိုတဲ့ ဥရောပ တိုက်အတွင်းက နိုင်ငံ တိုင်းမှာ ရှင်သန် ပေါက်ဖွားပြီး သူက သာမန်ကြောင်များထက် အရွယ်ကြီး ပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အထိ အသက်ရှင်နိုင် ပါ တယ်။ ခြင်္သေ့ လို့ ထူထဲ့ အမွေးအမျှင် များကို ပိုင်ဆိုင် ထားပါတယ်။ သာမန် ကြောင်များထက်လည်း ပိုအားသန်ပေမယ့် လူသားတွေကို ရန်မမူ တတ် ပါဘူး။ အိမ်မွေး ကြောင် တစ်မျိုးပဲ ဖြစ်ပါတယ်။

ဥရောပမှာ အိမ်မွေး အများဆုံး ကြောင် အဖြစ် စံချိန်တင်ထား ပါတယ်။ ဈေးလည်း ကြီးပါတယ်။ သူတို့ဆီမှာ တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၅၅၀ နဲ့ ၈၀၀ ကြား ရရှိ နိုင်ပေမယ့် အခြား နေရာ ဒေ သမှာ ကန်ဒေါ်လာ တစ်ထောင် ကျော်ပါတယ်။ အရောင် အသွေး မျိုးစုံ ရှင်သန် ပေါက်ဖွားတဲ့ နော်ဝေ တောကြောင် များကို အလှဆုံး အိမ်မွေး တိရစ္ဆာန် များထဲက မျိုးစိတ် တစ်မျိုး အဖြစ် သတ်မှတ် ထားပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)