နွေရာသီတွင် စားသင့်တဲ့ အစားအစာများ

ပို့စ်တင်ချိန် - 3/19/2014 05:17:00 PM


နွေရာသီ ပြန်ရောက်ပြီဆိုတော့ ရာသီစာ အသီးအနှံများကို စားပေးဖို့ လိုလာပြီနော်။ ဒါက ခန္ဓာကိုယ်တွင်း အပူချိန်ကို ရာသီဥတုနှင့်အညီ ထိန်းသိမ်းနိုင်ဖို့အတွက် စားပေးရတာ ဖြစ်ပါတယ်။

ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေက ကြည့်လိုက်တာနဲ့ တကယ်စားချင်စရာတွေပါ။

- ဖရဲသီး

ရေဓါတ်ကြွယ်ဝသည့်အပြင် ဗီတာမင် အေ၊စီပါ ကြွယ်ဝသည့်အတွက် ဒီအသီးအနှံက စားသင့်တဲ့ ရာသီစာ တခုပါပဲ။
ဖရဲသီးကို ဖျော်ရည်ပဲ ဖြစ်ဖြစ်၊ သည်အတိုင်းစားရင်ဖြစ်ဖြစ် မနှစ်သက်တဲ့သူက အတော်ရှားမှာပါ။ ဒါ့အပြင် သင့်ရဲ့ ကယ်လိုရီ ခြေဖျက်မှုကိုလည်း ကူညီပေးနိုင်တဲ့ အသီးအနှံဖြစ်ပါတယ်။

- စတော်ဘယ်ရီ

ဗီတာမင် စီဓါတ် ကြွယ်ဝတဲ့အပြင် အမျှင်ဓါတ်ပါဝင်နှုန်းလဲ မြင့်တဲ့ အသီးအနှံပါ။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း ဆဲလ် အသစ်ဖြစ်ထွန်းခြင်းနှင့် ကင်ဆာရောဂါအချို့ကို
ကာကွယ်ပေးပြန်တယ်လို့ ဆိုပါတယ်။
တခြား ဘယ်ရီ အမျိုးအစားဖြစ်တဲ့ Raspberries နှင့် Blueberries တွေကလဲ အာဟာရပြုဓါတ်အပြင်
အသည်းရောဂါ၊ အယ်ဇိုင်းမားလို ရောဂါတွေကိုပါ သက်သာစေပါသတဲ့။

- ကီဝီ

ကီဝီသီးကလဲ နွေရာသီမှာ စားသင့်တဲ့ အသီးအနှံ တစ်မျိုးပါ။ သူကတော့ ဗီတာမင် စီနှင့် ကေဓါတ်ပေါများပြီး အရိုးအဆစ်အတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ်။

- သေဘာၤသီး
မြန်မာလူမျိုးတိုင်းက သင်္ဘောသီးကို အထူးနှစ်သက်သူတွေလို့ ထင်ပါတယ်။ သဘောင်္သီးအစိမ်းကို သုပ်စား၊ချက်စားနိုင်သလို သင်္ဘောသီးအမှည့်က ကျန်းမာရေးကို အတော်လေး အထောက်ကူပြုစေပါတယ်။

သဘောင်္သီးမှည့်က ၀မ်းချုပ်တတ်သူတွေအတွက် အထူးကောင်းမွန် သလို၊ နေ့တိုင်း စားပေးပါက ၀မ်းမှန်ပြီး အပူကိုပါ ငြိမ်းစေတဲ့ အတွက် နွေရာသီမှာ ပုံမှန်စားသင့်တဲ့ အသီးအနှံ တစ်မျိုးပါပဲ။

----------
AkaRy (mmsocialsky)