လစာမရလို့ စာအိတ်ခေါင်းစွပ်ပြီး ဆန္ဒပြ

ပို့စ်တင်ချိန် - 3/19/2014 09:24:00 AM




ပုံမှာမြင်ရတဲ့အတိုင်း ဘောလုံးပွဲ မကစားမီ ခေါင်းစွပ်တွေ စွပ်ထားတာက Slipknot အဖွဲ့ကို အားကျလို့မဟုတ်ပါဘူး။ မက္ကဆီကို ဒုတိယတန်းမှာ ကစားနေတဲ့ ဆီလာယာ အသင်း ကစားသမားတွေဟာ ၂လတိုင်တိုင် လစာမရခဲ့လို့ ဆန္ဒထုတ်ဖော်ကြတာ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မီရိုင်ဒါအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီ ဆီလာယာ ကစားသမားတွေဟာ ဒေါ်လာသင်္ကေတတွေ ရေးသားထားတဲ့ စာအိတ်ညိုတွေကို ခေါင်းစွပ်ပြီး အသင်းဒါရိုက်တာတွေ ထိုင်တဲ့ဘက်လှည့် ဓာတ်ပုံရိုက်ခဲ့တာပါ။ ဆီလီယာ ကစားသမားတွေ ဆန္ဒပြပြီးတဲ့နောက်မှာ သူတို့ကို လစာပေးနိုင်ဖို့ စီစဉ်သွားမယ်လို့ အသင်းတာဝန်ရှိသူတွေက တွစ်တာက တစ်ဆင့် ပြောခဲ့ပါတယ်။

@z (ရိုးရာလေး)