ခိုက်ရန်ဖြစ်ပွားခဲ့သူကို သွားရောက်ဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် အရေးယူ

ပို့စ်တင်ချိန် - 4/17/2014 12:56:00 PM


ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်
အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ကြည့်မြင်တိုင်
မြို့နယ်၊ အောက်ရုံရပ်ကွက်၊ ရွှေဝါမြေလမ်း၊ ဇေတ၀န်ဘုန်းကြီးကျောင်း
ထောင့်၌ ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မျိုးဦးအဖွဲ့နှင့် နေမင်းကိုကိုတို့အဖွဲ့
သည် အရက်သေစာများသောက်စားပြီးခိုက်ရန်ဖြစ်ပွားခဲ့ရာ နေမင်းကိုကိုနှင့် ၀င်းသီဟတို့မှ အောင်မျိုးဦးနှင့်အဖွဲ့ကို ၀ါးတုတ်နှင့်ရိုက်ခဲ့သဖြင့် ဒဏ်ရာများ
ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိ
သဖြင့် ပြစ်မှုကျူးလွန်သူ နေမင်းကိုကိုနှင့် ၀င်းသီဟတို့ကို ဖမ်းဆီးရန် အခင်းဖြစ်ရပ်သို့ သွားရောက်ခဲ့ပါသည်။

ထိုသို့သွားရောက်ဖမ်းဆီးခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ အောက်ရုံရပ်ကွက်၊ နတ်သျှင်နောင်လမ်းပေါ်၌ နေမင်းကိုကိုအားတွေ့ရှိသဖြင့် ခေါ်ဆောင်စဉ် ၎င်းမှ အသာတကြည်မလိုက်ဘဲ ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံထိုးကြိတ်
သဖြင့် ရဲတပ်ကြပ် မျိုးမင်းမြတ်တွင် ၀မ်းဗိုက်ဝဲဘက်နာကျင်ဒဏ်ရာ၊ ရဲတပ်သား စိုးသူဝင်းတွင် ယာလက်နာကျင်ဒဏ်ရာ၊ ၀မ်းဗိုက်ဝဲဘက်နာကျင်
ဒဏ်ရာများရရှိခဲ့ပြီး နေမင်းကိုကိုအား လက်ရဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ နေမင်းကိုကိုအား ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း နယ်မြေရဲစခန်း(ပ) ၁၀၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၂ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိပါသည်။

ဖြစ်စဉ်မှ ဇော်မျိုးဦးအဖွဲ့နှင့် နေမင်းကိုကို တို့အဖွဲ့ခိုက်ရန်ဖြစ်ပွားစဉ်က
နေမင်းကိုကိုနှင့် ၀င်းသီဟတို့မှ ၀ါးတုတ်ဖြင့်ရိုက်ခဲ့၍ ဇောင်မျိုးဦးတွင် ၀ဲမျက်ခုံးပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာများနှင့်
နေလင်းတွင် ဦးခေါင်းနောက်စေ့စုတ်ပြဲ၊ ပါးစပ်သွေးထွက်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တက်ရောက်
ကုသခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူ နေမင်းကိုကိုနှင့် ၀င်းသီဟတို့(၂)ဦးကို အရေးယူပေးရန် ဇော်မျိုးဦး၏ဖခင်ဖြစ်သူ ဦးကြည်လွင်မှ တိုင်တန်းချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်း(ပ)၁၀၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၅/၁၁၄ ဖြင့်လည်း အမှုဖွင့်အရေးယူထားရှိပြီး တိမ်းရှောင်နေသည့်
ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ၀င်းသီဟ ကိုဖမ်ဆီးရမိရေး ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police