ယူနိုက်တက်ကို အနိုင်ယူပြီး တန်းမဆင်းရရေး မျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့သည့် ဆန်းဒါးလန်း

ပို့စ်တင်ချိန် - 5/05/2014 10:44:00 AM


ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) မန်ချက်စတာယူနိုက်တက်နှင့် ဆန်းဒါးလန်း ပွဲစဉ်တွင် ဧည့်သည်အသင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ဂျုံးစ်၊ ဖာဒီနန်၊ ဗီဒစ်၊ အီဗရာ၊ နာနီ၊ ကာရစ်၊ ဖလက်ချာ၊ ယန်း၊ မာတာ၊ ဟာနန်ဒက်ဇ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။

ဆန်းဒါးလန်းတွင် မန်နိုနီ၊ ဗာဂျီနီ၊ အလွန်ဆို၊ ဘရောင်း၊ အိုရှေး၊ ကတ်တာမိုး၊ လာဆန်၊ ကိုးလ်ဘတ်ခ်၊ ဂျွန်ဆန်၊ ဘိုရီနီ၊ ဝစ်ခ်ဟမ်းတို့ ပါဝင်ကစားခဲ့သည်။

၁၄ မိနစ်တွင် အဒမ်ဂျွန်ဆင်၏ ကိုက် ၃၀ မှ ကန်သွင်းချက် ဘေးထွက်ခဲ့သည်။ ၁၆ မိနစ်တွင် ဟာနန်ဒက်ဇ်၊ ကာရစ်၊ ယန်းနှင့် နာနီတို့၏ တွဲဖက် တိုက်စစ်ဆင်မှုကို ဆန်းဒါးလန်း ခံစစ်က ရှင်းထုတ်နိုင်ခဲ့သည်။ ၁၈ မိနစ်တွင် ဆန်းဒါးလန်း၏ ပြစ်ဒဏ်ဘောကို ဗီဒစ် ရှင်းထုတ်မှုမှ တန်ပြန် တိုက်စစ်ဆင်ခဲ့ပြီး မာတာ ပေးပို့သည့် ဘောလုံးကို ကာရစ် ကန်သွင်းရာမှ နာနီ ရရှိသွားပြီး အပြင်းကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ ၂၀ မိနစ်တွင် ယန်း၏ ထောင့်ကန်ဘောမှ တစ်ဆင့် အီဗရာ ခေါင်းတိုက်သွင်းသော်လည်း ဂိုးသမား မန်နိုနီ ကာကွယ်နိုင်ခဲ့သည်။ ၃၀ မိနစ်တွင် ဆန်းဒါးလန်းက အဖွင့်ဂိုးကို ရရှိခဲ့ပြီး အဆိုပါဂိုးကို ဝစ်ခ်ဟမ်း၏ ဖြတ်တင်ဘောမှ တစ်ဆင့် လာဆင်က မြေမကျ ပိတ်သွင်းခဲ့သည်။

ဒုတိယပိုင်းတွင် ယူနိုက်တက်က ဂျနူဇက်၊ ဝဲလ်ဘက်ခ်နှင့် ဗန်ပါစီတို့ ဝင်ရောက် ကစားပြီး ချေပဂိုး ရရှိရန် ကြိုးစားခဲ့သော်လည်း ဆန်းဒါးလန်း၏ ခံစစ်ကို မကျော်နိုင်ခဲ့ပေ။ ၇၂ မိနစ်တွင် ဆန်းဒါးလန်း ကစားသမား ဂျီယာချီရီနီ၏ ကန်သွင်းချက် တိုင်ထိထွက်ခဲ့သည်။ ၇၇ မိနစ်တွင် ဝဲလ်ဘက်ခ်၏ ဂိုးဧရိယာထိပ်မှ ကန်သွင်းချက် ဂိုးဘားပေါ်ကျော်သွားခဲ့သည်။ ၈၁ မိနစ်တွင် ဟာနန်ဒက်ဇ်၏ ကန်သွင်းချက် ဂိုးဘားပေါ် ကျော်ခဲ့သည်။ ၈၄ မိနစ်တွင် ဘိုရီနီ၏ ဘယ်ခြေကန်သွင်းချက် တိုင်ထိထွက်ခဲ့သည်။ ပွဲအပြီးတွင် ဆန်းဒါးလန်းက အိုးထရတ်ဖို့ဒ်တွင် မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အဖိုးတန် အနိုင်သုံးမှတ် ရယူသွားခဲ့သည်။

Soccer Myanmar