အိုဒက်စာမြို့ ရဲစခန်းကို ရုရှားလိုလားသူတွေ တိုက်ခိုက်

ပို့စ်တင်ချိန် - 5/05/2014 10:44:00 AM


အကျဉ်းသား အတော် များများကို ပြန်လွှတ်ပေး လိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ
ယူကရိန်း နိုင်ငံ အရှေ့ပိုင်း အိုဒက်စာမြို့ ရဲစခန်းကို ရုရှား လိုလား သူတွေ တိုက်ခိုက် ခဲ့ကြပါတယ်။

ရဲစခန်းရဲ့ ဂိတ်ဝတွေ ပြူတင်းပေါက် တွေကို ရိုက်ချိုးပြီး ရဲစခန်းထဲ ဝင်ရောက်ခဲ့ ကြတာလို့ မျက်မြင်တွေ့ရှိ သူတွေက ပြောပါတယ်။

လူ ၄၀ ကျော် သေဆုံး ခဲ့တဲ့ သောကြာနေ့ မီးလောင်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ ခဲ့ရတဲ့ သူတို့ လူတွေကို ပြန်လွှတ် ပေးဖို့ ရုရှား လိုလားသူ တွေက တောင်းဆိုခဲ့ ပါတယ်။

စေ့စပ် ညှိနှိုင်းမှုတွေ အကြိတ်အနယ် ပြုလုပ်ပြီး နောက် အကျဉ်းသား အတော် များများကို ပြန်လွှတ်ပေး လိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ ပေမယ့်၊ ဆန္ဒပြ သူတွေ ကတော့ ထိန်းသိမ်းထား သူတွေကို ပြန်လွှတ် ပေးဖို့ ဆက်လက် တောင်းဆို နေကြ ပါတယ်။

အစောပိုင်းတုန်း ကတော့ မီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှု စတင်ပြီလို့ ယူကရိန်း ဝန်ကြီးချုပ် အာဆေးနီ ယပ်ဆီညုက ဘီဘီစီကို ပြောကြားပါတယ်။

အစိုးရတပ် ဖွဲ့တွေ အနေနဲ့ အခုလို သေဆုံးမှုတွေ မဖြစ်ရ လေအောင် မကာကွယ် နိုင်ဘူး ဆိုပြီး မစ္စတာ ယပ်ဆီညုက အပြစ်တင် ပြောကြား ပါတယ်။

နိုင်ငံ အရှေ့ပိုင်း စလိုဗီးယန့်စ် မြို့မှာလည်း တိုက်ခိုက် မှုတွေ ဆက်ဖြစ် နေတာကြောင့်၊ အစိုးရ အနေနဲ့ အဲဒီ ဒေသကို အပြည့် အဝ မထိန်းချုပ် နိုင်ဘူး ဆိုတာ ကိုလည်း ဝန်ကြီးချုပ်က ဝန်ခံသွား ပါတယ်။

နိုင်ငံတွင်း တည်ငြိမ်ဖို့နဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်း ထားနိုင်ဖို့ ဖြစ်နိုင် သမျှ အရာရာ အားလုံးကို လုပ်ဆောင် နေတယ် လို့လည်း သူက ထပ်လောင်း ပြောကြားသွား ပါတယ်။

BBC Burmese