ခရီးသည်တင်မှန်လုံယာဉ်တိမ်းမှောက် နှစ်ဦးသေ ၂၂ ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 5/05/2014 04:44:00 PM




မကွေးမီဒီယာ ၊ ပခုက္ကူ၊ မေ ၃

ပခုက္ကူဘက်မှ ကျောက်ထုသို့ လာသည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မေ ၁ရက် နံနက်က ပေ ၂ဝဝ ချောက်ထဲသို့ကျရာမှ ယာဉ်မောင်းအပါ နှစ်ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူ-ကျောက်ထုကားလမ်း မိုင် တိုင်အမှတ် ၆၂/၁ တွင် မေ ၁ရက် နံနက်၁ဝ နာရီ ၄၅ မိနစ်က ပခုက္ကူဘက်မှ ကျောက်ထု ဘက်သို့ တောင်ဆုံရွာ မြိုင်မြို့နယ်နေ ယာဉ် မောင်းဦးကြည်လင်းမောင်းနှင်လာသည့် ကျား မင်းခရီးသည်တင် မှန်လုံယာဉ်သည် ကားလမ်း အတက်တွင် မတက်နိုင်ဘဲ နောက်သို့ပြန်လိမ့် ရာမှ လမ်း၏ယာဘက်ရှိ ပေ ၂ဝဝ ခန့်နက်သော ချောက်ထဲသို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိ ရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်းဦးကြည်လင်းနှင့် လှိုင်မင်းထွေး၊ ကျောက် ထုမြို့နယ်နေသူတို့ အခင်းဖြစ်နေရာတွင် သေ ဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ၂၂ ဦး ဒဏ်ရာများအသီးသီးရရှိခဲ့ရာ အမျိုးသမီးငါးဦး မှာ စိုးရိမ်ရသဖြင့် ပေါက်ပြည်သူ့ဆေးရုံမှ ပခုက္ကူ ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။
ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးကြည်လင်းအား ပေါက်မြို့နယ် မြို့မရဲစခန်း က ယာဉ်(ပ)၈/ ၂ဝ၁၄၊ ပုဒ်မ ၃၃၇/၃၃၈/ ၃ဝ၄-(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

Yangon Media Group