မီးနီဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်ကာ (၁)ဦးသေဆုံး၊(၃)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 5/05/2014 10:44:00 AM


ရန်ကုန်၊ မေ ၎

၂.၅.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ရတနာလမ်း
အတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော
5G—တိုရိုတာဟိုင်းလတ်ဘွန်ဂိုအဖြူရောင်ယာဉ်သည် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းဆုံမီးပွိုင့်အရောက် မီးနီအားဖြတ်မောင်းစဉ် ဝေဇယန္တာလမ်း
အတိုင်းမြောက်မှတောင်သို့ယာဉ်မောင်းဦးဂုဏ်တင်မင်း မောင်းနှင်လာသော
၎င/—- နစ်ဆန်းဝက်ဂွန်အဖြူရောင်ယာဉ်ကို ၀င်ရောက်တိုက်မိခဲ့ရာ ၄င/—
ယာဉ်မှာအတိုက်ခံရသည့်အရှိန်ကြောင့်၎င်း၏ရှေ့ရှိကိုဇေယျာထက်မောင်းနှင်
နေသော 6G—ဆူဇူကီးပစ်ကပ်အဖြူရောင်ယာဉ်အား ဆက်လက်တိုက်မိခဲ့ပြီး 5G—ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး
တိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် (၃)စီးပျက်စီးခဲ့သည့်အပြင် ၄င/—-
ယာဉ်ပေါ်ပါ လမ်းမတော်မြို့နယ်နေ ဒေါ်ရွှေအေးတွင် ဦးခေါင်းပေါက်ပြဲ
ဒဏ်ရာရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးသွား
ခဲ့ပြီး လမ်းမတော်မြို့နယ်နေ ဒေါ်နီနီဦး၊ ထန်းတပင်မြို့နယ်နေ ဦးဇော်ဝင်း၊ တာမွေမြို့နယ်နေ မတင်တင်မိုးတို့ တွင်ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာများအဖြစ် တင်ပို့ကုသခဲ့ရ
ပါသည်။
ယင်းကဲ့သို့ မီးနီဖြတ်မောင်း၍ ယာဉ်တိုက်မှုဖြစ်ကာ လူသေဆုံးဒဏ်ရာရရှိ
သဖြင့် 5G— ယာဉ်မောင်း (စုံစမ်းဆဲ) အား တောင်ဥက္ကလာပမြို့မရဲစခန်း
ယာဉ်(ပ)၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က/၂၀၂ ဖြင့်
အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police