၁၀ နှစ်အတွင်း ကျောင်းသားတစ်သန်းအား ဘောလုံးသင်တန်း ပေးမည်

ပို့စ်တင်ချိန် - 6/11/2014 12:49:00 PM


ညီမိုဃ်း

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် FIFA 11 For Health ဒုတိယအဆင့် သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဖြစ်ပြီး (၁၀)အတွင်း ကျောင်းသားဦးရေ တစ်သန်းအား သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားသည်။

ယင်းသင်တန်းသို့ ရန်ကုန်နှင့် မန္တလေးရှိ အခြေခံကျောင်း ၂၄ ကျောင်းမှ ဆရာ၊ ဆရာမ ၄၈ ဦး တက်ရောက် ခွင့် ရရှိမည် ဖြစ်သည်ဟု ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ FIFA 11 For Health အစီအစဉ် ဒုတိယအဆင့်ကို အောက်တိုဘာလမှာ သင်ကြား ပေးဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအစီအ စဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန တို့နဲ့ပူးပေါင်းပြီး ပြုလုပ်ရတာပါ။ ကျွန်တော်တို့ လာမယ့် ၁၀ နှစ် အတွင်းမှာ ကျောင်းသားပေါင်း တစ်သန်း လောက်ကိုFIFA 11 For Health နဲ့ ပတ်သက်ပြီး သင်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

Mizzima Burmese