သဘာဝအတိုင်း သွေးတိုးလျှော့ချနည်းများ

ပို့စ်တင်ချိန် - 6/22/2014 07:57:00 AM



ဆေးဝါးများကို မရွေးချယ်မီ သွေးတိုးခြင်းကို လျှော့ချရန် ဘေး ကင်းလုံခြုံသော နည်းလမ်းအချို့ ဖော်ပြပေးလိုက်ပါသည်။
သင်၏ သွေးပေါင်အတက်အကျကို အမြဲသိရှိစေရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး အောက်ပါသဘာဝနည်းလမ်းအချို့ဖြင့် သွေးတိုးခြင်းကို လျှော့ချစေနိုင်ပါသည်။


ကိုယ်အလေးချိန်လျှော့ချပါ
သွေးပေါင်မှာ ကိုယ်ခန္ဓာအလေးချိန်နှင့်အတူ မြင့်တက်လာတတ်သည်။ ထို့ကြောင့် သွေးတိုးရောဂါမှ သင့်ကိုယ်သင် ကာကွယ်ရန် အကောင်းဆုံးနည်းမှာ ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းပင်ဖြစ်သည်။ ကိုယ်အလေးချိန်လျှော့ချခြင်းမှာ သွေးတိုးခြင်းကျသွားစေသည့်အပြင် နှလုံးထိခိုက်မှုကို လျော့နည်းစေသည်။

(မှတ်ချက် ။ ။ အမျိုးသားများ ခါးအတိုင်းအတာ ၄၀ လက်မကျော်ပါက သွေးတိုးရောဂါရနိုင်ရန် အန္တရာယ်ရှိသည်။ အမျိုးသမီးများ ခါးအ တိုင်းအတာ ၃၅ လက်မကျော်ပါက ယင်းအန္တရာယ်ရှိသည်။)

ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးပါ

သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ကြွယ်ဝစွာ ပါဝင်သော ဓာတ်စာစားသုံးခြင်းမှာ သွေးပေါင်ကိုထိန်းထားရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ၊ ဆန်၊ ဂျုံ၊ ပဲစေ့များ

နှင့် အခွံမာသီးများ သံလွင်ဆီတို့ကဲ့သို့ ကျန်းမာရေးနှင့်ညီသော အဆီများ စားသုံးခြင်းက နှလုံးကို ကာကွယ်ပေးနိုင်သည်။ စက်ရုံထုတ် ဓာတုဗေဒနည်းသုံးထားသော အစားအသောက်များကို တတ်နိုင်သမျှ ရှောင်ရှားရန် လိုအပ်သည်။

လေ့ကျင့်ခန်းလုပ်ပါ

ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို သွေးတိုးရောဂါမှ ကာကွယ်ပေးနိုင်သည်။ အနည်းဆုံးနာရီဝက်မှ တစ်နာရီအထိ သီတင်းတစ်ပတ်လျှင် ငါးရက်ခန့် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးခြင်းကို လျော့ကျစေနိုင်သည်။ လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းမျိုးလုပ်ခြင်းက သင်၏ နှလုံးကျန်းမာရေးကို ကောင်းစေနိုင်သည်။

ကဖိန်းဓာတ်ကိုလျှော့ချပစ်ပါ

သင့်တွင် သွေးတိုးရောဂါမရှိလျှင်ပင် ကဖိန်းဓာတ်ကြောင့် နှလုံး ခုန်နှုန်းမြန်စေပြီး သွေးတိုးလာနိုင်သည်။ အချို့သော လူများမှာ အခြား လူများထက် ကဖိန်းဓာတ်၏ အကျိုးသက်ရောက်မှုကို များစွာ မခံနိုင်သဖြင့် ကဖိန်းဓာတ်ပါဝင်သော အစားအသောက်စားသုံးမှုကို သတိထားပါ။ တစ်နေ့လျှင် အများဆုံးကော်ဖီလေးခွက်အထိသာ သောက်သင့်သည်ဟု ကျန်းမာရေးဌာနအများစုက အကြံပေးထားသည်။     —Ref: Internet
7day daily