လူသားဆန်မှု မချိုးဖောက်မိအောင်

ပို့စ်တင်ချိန် - 6/22/2014 02:59:00 PM



ယနေ့မျက်မှောက် ကာလ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှ ပြည်သူများ အတောင့်တဆုံးနှင့် အလိုအပ်ဆုံး အရာကား လူသားဆန်စွာ၊ လူပီသစွာ အသက်ရှင်နေထိုင်ရေးသာဖြစ်ပါတယ်။ သို့သော်လည်း လူအများစုကြီး၏ ဆန္ဒကားမပြည့်ဝသေး။ လူသားဆန်စွာနေနိုင်ဖို့ နေရာများစွာမှာ ငြင်းဆန်ခံနေရဆဲဖြစ်ပါတယ်။ ကမ္ဘာ့ သမိုင်းကိုပြန်ကြည့်ပါက တချို့နေရာများမှာ လူမျိုးတစ်မျိုးအား နောက်ထပ်လူမျိုးတစ်မျိုးကမျိုးတုံးအောင် အထိသတ်ဖြတ်ခဲ့တာကို အထင်အရှားတွေ့မြင်ခဲ့ရပါတယ်။ ကနေ့ကာလမှာလည်း တချို့နေရာများမှာလူမျိုးတစ်မျိုးက နောက်လူမျိုးတစ်မျိုးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခွင့်ရအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာတွေလည်း မြင်တွေ့နေရပါတယ်။

အိရှီဆိုတဲ့ ဂျပန်လူငယ်လေး ဟာ တိုကျိုမြို့အရှေ့ဘက်အရပ် ဒေသက ချမ်းသာတဲ့မြေပိုင်ရှင် တစ် ဦးရဲ့ သားဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက စာတော်တဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး အထက်တန်းအဆင့်ကို အောင်မြင်ပြီးနောက် တိုကျိုဆေးတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဆရာဝန်ဖြစ်ပြီးတာနဲ့ လူသားတို့ရဲ့ အသက်ကို ကယ်တင်ဖို့ ရည်မှန်းထားပါတယ်။ ဆေးကျောင်းသားလေး အိရှီအထူးဝါသနာထုံတဲ့ ဘာသာရပ်ကတော့ ဇီဝပိုးမွှားများကို လေ့လာခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်းရင်းက ဘယ်လိုများ သူ့ကိုစေ့ဆော်လိုက်သည်မသိ၊ ဆရာဝန် ဖြစ်လာပြီးတဲ့နောက် ဂျပန်တပ်မတော်မှာ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။

 အဲဒီနောက်ပိုင်းမှာတော့ ဂျပန်တပ်မတော်က သူ့ကို ၁၉၂၈ ခုနှစ်တွင် ဂျာမနီနိုင်ငံမှာ ဇီဝပိုး မွှားဆိုင်ရာ ဘာသာရပ်များလေ့ လာရန်အတွက် စေလွှတ်ခဲ့ပါ တယ်။ စစ်ဗိုလ်ဆရာဝန်လေး အိရှီဟာ ပထမကမ္ဘာစစ်အတွင်း က ဂျာမန်တပ်မတော်မှာ အသုံး ပြုခဲ့တဲ့ အဆိပ်ငွေ့ဓာတုလက် နက်များအကြောင်း အထူးပြုလေ့ လာခဲ့ပါတယ်။ နောင်မှာတော့ သူဟာ ဂျပန်တပ်မတော်အတွင်း မှာ ဗိုလ်ချုပ်အဆင့်အထိ ရာထူး တိုးလာခဲ့ပါတယ်။ ဂျပန်အစိုးရက သူ့ကို ထိုအချိန်က ဂျပန်တို့ သိမ်း ပိုက်ထားတဲ့ တရုတ်ပြည် မန်ချူး ကိုးဒေသအတွင်းရှိ ဟာဘင်ဆို တဲ့ အရပ်မှာ ပိုးမွှားလက်နက် များ တီထွင်စမ်းသပ်ဖို့အတွက် ဌာနတစ်ခုဖွင့်လှစ်လုပ်ကိုင်စေခဲ့ ပါတယ်။

၁၉၄၁ ဒီဇင်ဘာလဆန်းမှာ ဂျပန်တို့ ပုလဲဆိပ်ကမ်းကို အငိုက် ဖမ်းဗုံးကြဲတိုက်ခိုက်တာရဲ့ အကျိုး ဆက်ကြောင့် အမေရိကန်တို့ ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်လာခဲ့ပါတော့တယ်။ ဂျပန်တို့ကို လက်တုံ့ပြန်တဲ့အနေနဲ့ ၁၉၄၂ ခုနှစ် ဧပြီလထဲမှာ အမေရိကန်လေတပ်က ဂျပန်ကုန်းမြေကို ပထမဆုံးအကြိမ် စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ဗုံးကြဲပြီးတဲ့ အမေရိကန်လေယာဉ်တွေဟာ သူတို့ မူလထွက်ခွာလာတဲ့မိခင်လေယာဉ်တင် သင်္ဘောဆီကို ပြန်လာဖို့အတွက် လေယာဉ်ဆီမလုံလောက်တာကြောင့် အဲဒီအချိန်က အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ ချန်ကေရှိတ် တရုတ်တပ်မတော်က စိုးမိုးထားတဲ့တရုတ်ပြည်အတွင်း တချို့နေရာများမှာ ဆင်းသက်ခဲ့ရပါတယ်။ ဂျပန်ပြည် ဗုံးအကြဲခံရတဲ့အတွက် ဂျပန်အစိုးရယမ်းပုံမီးကျ ဖြစ်ပါတော့တယ်။ အမေရိကန်တို့ကို လက်တုံ့ပြန်ဖို့ချက်ချင်း ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက အမေရိကန်ကုန်းမြေအထိ ဂျပန်ကနေသွားပြီး ဗုံးကြဲရမယ့်ခရီးကအသွားအပြန် မိုင်ပေါင်းတစ်သောင်းကျော်ရှိတာကြောင့် အဲဒီခေတ်က ဂျပန်လေယာဉ်များအတွက် ဝေးလွန်းလှပါတယ်။ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။

အဲဒါကြောင့် အမေရိကန် ဗုံးကြဲလေယာဉ်တွေကို ဆင်းသက် ခွင့်ပေးတဲ့ချန်ကေရှိတ်အစိုးရကို လက်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ရိုးရိုးလက်တုံ့ပြန်ခြင်း မဟုတ်ပါ။ တစ်ချက်ခုတ် နှစ်ချက် ပြတ်ဆိုသလို ဗိုလ်ချုပ်အိရှီတီထွင်ထားတဲ့ ပိုးမွှားဗုံးတွေကို လည်း စမ်းသပ်တဲ့အနေနဲ့ မန် ချူးကိုးဒေသတစ်နေရာမှာ ကြဲချ လိုက်ပါတယ်။ အဆိုပါ ဓာတု လက်နက်ဗုံးကြဲလေယာဉ်အုပ်စု ဟာ ဗိုလ်ချုပ်အိရှီရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာရှိပါတယ်။ အဆိုပါပိုးမွှားဗုံးများမှ ကာလဝမ်း၊ အသည်းရောင်အသားဝါ၊ ပလိပ် ရောဂါ၊ တိုက်ဖွိုက်ရောဂါအစရှိ တဲ့ ပိုးမွှားများကြောင့် တရုတ်ပြည် သူ နှစ်သိန်းငါးသောင်းကျော် သေဆုံးခဲ့ရပါတယ်။ အဲဒီပိုးမွှား လက်နက်များကြောင့် သေဆုံးခဲ့ ရတဲ့ တရုတ်ပြည်သူတို့ရဲ့ သား မြေးများက ဂျပန်အစိုးရအနေနဲ့ လျော်ကြေးပေးဖို့ ကနေ့အထိ တောင်းဆိုတိုက်ပွဲဝင်နေဆဲဖြစ်ပါ တယ်။ ဒါ့အပြင် ဂျပန်ဖက်ဆစ် စစ်ဝါဒီတို့ ကလေးများနဲ့ အမျိုး သမီးများအပါအဝင် တရုတ်ပြည် သူများကို သိန်းနဲ့ချီပြီးသတ်ဖြတ် ခဲ့တဲ့ ၁၉၃၇ ဒီဇင်ဘာလအတွင်း က နန်ကင်းလူသတ်ပွဲဟာ တရုတ်တို့အဖို့ လတ်တလောဖြစ်ရပ်သဖွယ်မမေ့ကြသေးပါ။

ဂျပန်ဖက်ဆစ်စစ်ဝါဒီတို့ လက်ချက်နဲ့ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကာလနဲ့ စစ်ကြီးအတွင်း သေဆုံးခဲ့ရတဲ့ တရုတ်ပြည်သူများ ရဲ့ အရေအတွက်ဟာ သန်းပေါင်း ၂၀ ကျော်ရှိခဲ့ပါတယ်။ စစ်ကြီး မတိုင်ခင်ကာလကတည်းက ဂျပန်စစ်ဝါဒီတို့ တရုတ်ပြည်မှာ ထင်တိုင်းကြဲနေတာကို ထိုအချိန်က ယဉ်ကျေးပါသည်ဆိုသော အနောက်တိုင်းအစိုးရများက ဒီ အတိုင်း လက်ပိုက်ကြည့်နေခဲ့ကြ ပါတယ်။ ဘာကြောင့်ပါလဲ။ ထို နိုင်ငံကြီးများအားလုံးက သူတို့ ကိုယ်တိုင် တရုတ်ပြည်မြေကြီး ပေါ်မှာ ကိုယ်ထိလက်ရောက်စစ် မခင်းကြပေမယ့် တရုတ်ပြည်က သယံဇာတပစ္စည်းများကို ဈေးပေါပေါနဲ့လိုချင်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်ဖြစ်တယ်လို့ သမိုင်းဆရာများကဆိုပါတယ်။

စစ်ကြီးအပြီးမှာ ဂျပန်စစ် အစိုးရအတွင်းက တာဝန်ရှိသူ တွေကို စစ်ကြီးအတွင်း နေရာ များစွာမှာ လူသားမျိုးနွယ်တို့ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု များအတွက် မဟာမိတ်ခုံရုံးမှ သေဒဏ်နဲ့ထောင်ဒဏ်များအသီး သီးချမှတ်ခဲ့ပါတယ်။ သို့သော် ထို သေဒဏ်နဲ့ ထောင်ဒဏ်အပေး ခံရတဲ့အထဲမှာ ဗိုလ်ချုပ်အိရှီ မပါ ဝင်ခဲ့ပါ။ မပါတဲ့အပြင် သူ့ကို စစ် ပြီးကာလ အမေရိကန်ပိုးမွှားလက် နက် သုတေသနလုပ်ငန်းမှာ အ ထူးအကြံပေးအရာရှိအဖြစ် ခန့် ထားခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဗိုလ်ချုပ်အိရှီကွယ်လွန်ပါတယ်။ အကျိုးစီးပွားနဲ့ပတ်သက်လာတဲ့ အခါ လူသားဆန်မှုကို ချိုးဖောက် ခဲ့တဲ့၊ လူသားတို့အပေါ် ရာဇဝတ် မှုကြီးများကျူးလွန်ခဲ့တဲ့ တချို့ ရာဇဝတ်ကောင်များဟာ အပြစ် ပေးမခံရတဲ့အပြင် အကာအကွယ် ပေးခြင်းတောင် ခံခဲ့ရပါတယ်။

နိုင်ငံတကာ သတင်းမီဒီယာ များက စစ်ကြီးအပြီး နှစ်ပေါင်း များစွာအကြာမှာ ဂျပန်စစ်ပြန် ကြီးများနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို မေး မြန်းတဲ့အခါမှာ ဘာအကြောင်း ကြောင့် ဂျပန်တို့စစ်ရှုံးခဲ့ရသလဲဆို တာလည်း ပါပါတယ်။ ဂျပန်စစ် ပြန်ကြီးတို့ရဲ့ အဖြေများမှာ ဂျပန် နိုင်ငံစစ်ရှုံးရခြင်း အကြောင်းဟာ အချက်အလက်ပေါင်းများစွာပေါ် မှာ တည်မှီတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ အရေးကြီး ဆုံးအချက်ကတော့ ထိုအချိန်က ဂျပန်အစိုးရဟာ ဖက်ဆစ်အစိုးရ ဖြစ်တာကြောင့် လူသားဆန်မှု ကင်းမဲ့ခဲ့ကြတယ်လို့ ဖြေဆိုခဲ့ကြ ပါတယ်။ လူသားဆန်မှု ကင်းမဲ့ခဲ့ တာကြောင့် ဂျပန်တို့စစ်ရှုံးခဲ့ရတာ လို့ စစ်ပြန်အများစုက ထောက်ပြ ပါတယ်။ လူသားဆန်မှုကင်းမဲ့တဲ့ စိတ်ဟာ ဖက်ဆစ်စနစ်နဲ့ စစ်ဝါ ဒီလုပ်ရပ်တို့ကြောင့် ပေါ်ပေါက် ကြီးထွားလာခဲ့ရတယ်လို့လည်း ထိုစစ်ပြန်ကြီးတွေက ဖြေကြားခဲ့ ကြပါတယ်။

လူသားဆန်မှုကင်းမဲ့တဲ့ လုပ်ရပ်တွေကို လူ့ယဉ်ကျေးမှု စတင်ပေါ်ပေါက်လာတဲ့နှစ် ထောင်ပေါင်းများစွာကတည်းကတောက်လျှောက်တွေ့လာခဲ့ရတယ်လို့ဆိုရင် မမှားပါဘူး။ မိမိအနိုင်ရလိုမှု၊ ပိုင်စိုးလိုမှု၊ ကြီးကျယ်မြင့်မြတ်လိုမှုနဲ့ ကြွယ်ဝ ချမ်းသာမှုတို့အတွက် အင်အားနည်းသူတွေ နှိပ်ကွပ်ခံလာခဲ့ကြရတာဟာလည်း ကနေ့အထိ ဖြစ်ပါတယ်။ ရပ်တန့်မသွားသေးပါဘူး။

  အင်အားကြီး နိုင်ငံတွေ ကြောင့် တရုတ်ပြည်က ပြည်သူ တွေဟာ တစ်ချိန်က လူသားဆန် မှုကို ချိုးဖောက်ခံခဲ့ရပါတယ်။ အခုကာလမှ တရုတ်နိုင်ငံအင် အားကြီးမားပြီး ချမ်းသာလာတဲ့ အချိန်မှာ တရုတ်အစိုးရဟာ အင် အားသေးငယ်တဲ့ တိုင်းပြည်တွေ၊ ဒေသတွေပေါ်မှာ ကိုယ်ချင်းစာမှု ရှိရဲ့လားဆိုတာ မေးရမယ့်မေး ခွန်းဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ တိဗက်ဒေသအပေါ်မှာထားတဲ့ သဘောထားဟာ စိုးရိမ်ဖွယ် ကောင်းပါတယ်။ လူသတ်ပြီး ဖိနှိပ်တာမျိုးမဟုတ်ပေမယ့် တိဗက်ဒေသအတွင်းမှာ ဟန်တရုတ်တွေကို လှိမ့်သွင်းလာပါတယ်။

တိဗက်ဒေသဟာ ရာသီဥတုပြင်းထန်တာကြောင့် တစ်ချိန်တုန်းက သာမန်တရုတ်ပြည်သူတွေ အခြေချနေလိုတဲ့အရပ်မျိုး မဟုတ်ပါဘူး။ တရုတ်အစိုးရက စီးပွားရေးလုပ်ဖို့ကိုင်ဖို့ ထောက်ပံ့ကြေးတွေပေးလာတော့ ဆင်းရဲတဲ့တရုတ်တွေ တိဗက်ဒေသကို အလုံးအရင်းနဲ့ ဝင်လာပါတော့တယ်။ အခုဆိုရင် တိဗက်လူမျိုး တွေဟာ သူတို့ဒေသအတွင်းမှာ လူနည်းစုလူမျိုးတွေ သဖွယ်ဖြစ် လာပါတယ်။ နောက်တစ်ခုက တော့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ပင်လယ်ရေပိုင်နက်အငြင်းပွား တဲ့အပေါ်မှာလည်း တရုတ်အစိုးရ ဟာ ဗိုလ်ကျအနိုင်ကျင့်လိုတဲ့ အပြုအမူကို ထုတ်ပြလာတာတွေ့ ရပြန်ပါတယ်။

အာရှတိုက်က နိုင်ငံတွေဟာ တစ်ချိန်တုန်းက စက်မှုထွန်းကား တဲ့ အနောက်နိုင်ငံတွေရဲ့ ကိုလိုနီ နယ်ချဲ့မှုအောက်မှာ နေခဲ့ရပါ တယ်။ အခုအချိန်မှာတော့ အရှေ့ အာရှနဲ့ အရှေ့တောင်အာရှဒေသ အတွင်းက နိုင်ငံတွေကို တရုတ် အစိုးရဟာ နည်းမျိုးစုံနဲ့ အမြတ် ထုတ်နေပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း တရုတ်စီးပွား ရေးကုမ္ပဏီတွေဟာ ကျင့်ဝတ်ကို မစောင့်ထိန်းဘဲ ရသလောက် အမြတ်ထုတ်ပါတယ်။ အဲဒါအပြင် တရားမဝင် ဝင်ရောက်နေ ထိုင်တဲ့ တရုတ်လူဦးရေဟာများ လာပါတယ်။ ဒေသခံတွေကို အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံတာမျိုးလည်းမတွေ့ရပါ။

ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာတို့ရဲ့ ယဉ်ကျေးမှုမြို့တော် ဖြစ်တဲ့ မန္တလေးဟာ နောက်ဝင် လာတဲ့ တရုတ်တွေလက်ထဲကို ကျသွားပြီလို့ ပြောနိုင်ပါတယ်။ တရုတ်နဲ့ဖြစ်တဲ့ ပြဿနာတိုင်းကို ကိုင်တွယ်တဲ့နေရာမှာ အာဏာ ပိုင်တွေဟာ တရုတ်တွေကို မျက် နှာသာပေးလွန်းတယ်လို့ ဒေသခံ တွေဘက်ကပြောလာတာ မနည်း တော့ပါ။ ဒီဆောင်းပါးဟာ တရုတ်ဆန့်ကျင်ရေး၊ မုန်းတီးရေးအတွက် ရေးသားတာမဟုတ်ပါ။ အမှန်တကယ်ဖြစ်ပျက်နေတာတွေကို ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ဖို့အတွက် ထောက်ပြလိုရင်းဖြစ်ပါတယ်။ ဘယ်လူမျိုးကို မုန်းတီးပါ၊ ဘယ် ဘာသာဝင်တွေကို ဆန့်ကျင်ပါ အစရှိသဖြင့် အမုန်းတရားကြီး ထွားလာအောင် ဖြန့်ဖြူးတာဟာ အဖြေမှန်မဟုတ်ဘူးလို့ ခံယူပါ တယ်။

တစ်ချိန်တုန်းက လူသား ဆန်မှုကို ချိုးဖောက်တဲ့နေရာမှာ စစ်အင်အားကို တိုက်ရိုက်သုံးခဲ့ ကြပါတယ်။ လူမျိုးတစ်မျိုးက အမျိုးမတူတဲ့ နောက်လူမျိုးအုပ်စု တစ်စုကို လူအုပ်အားကိုးနဲ့ သတ် ဖြတ်တာမျိုးတွေရှိခဲ့ပါတယ်။ ကနေ့ခေတ်မှာတော့ တရားမဝင် လူအုပ်စုကြီးတွေ ဒေသတစ်ခုက နေ နောက်ဒေသတစ်ခု၊ နိုင်ငံ တစ်ခုကနေ နောက်ထပ်နိုင်ငံတစ် ခုကို ရွှေ့ပြောင်းအခြေချတာမျိုး၊ စီးပွားရေးသာမက လူမှုရေးအရ ပါ အုပ်စီးလာတာမျိုးဟာ နောင် မှာ လူသားဆန်မှုကို ချိုးဖောက် မယ့် ရှေ့ပြေးအရိပ်အယောင်တွေ ဖြစ်ပါတယ်။ ဒါတွေကို အကြောင်း ပြပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေဖြစ်လာအောင် တလွဲမျိုးချစ်စိတ်ကို နှိုးဆွမယ့်၊ မီးမွှေးမယ့် လူတွေ၊ အုပ်စုတွေက လည်း ရှိပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်လာပြီ ဆိုတာနဲ့ လူလူချင်းသတ်ဖြတ်တာ တွေဖြစ်လာနိုင်ပါတယ်။ အုပ်စု ကြီးတဲ့သူက အုပ်စုသေးတဲ့သူကို နှိပ်ကွပ်တော့မှာပါ။ အဲဒီလို နှိပ် ကွပ်တာနဲ့ လူသားဆန်မှုကို တစ် ချိန်တည်းမှာ ချိုးဖောက်ကြပါ လိမ့်မယ်။

ဒီလိုပြဿနာတွေ နောင်မှာ ပေါ်ပေါက်မလာအောင် အုပ်ချုပ် တဲ့ အစိုးရများမှာ တာဝန်ရှိပါ တယ်။ အာဏာပိုင်အဆင့်ဆင့် မှာ တာဝန်ရှိပါတယ်။ လိမ္မာပါး နပ်ဖို့လိုပါတယ်။ မြန်မာအစိုးရ မှာ တာဝန်ရှိသလို တရုတ်အစိုးရ မှာလည်း တာဝန်ရှိပါတယ်။ အာရှဒေသအတွင်းမှာ အခုဆိုရင် တရုတ်ဆန့်ကျင်ရေးကိစ္စတွေက တဖြည်းဖြည်းမြင့်တက်လာနေ တာ တွေ့ရတဲ့အတွက် စိုးရိမ်မိပါ တယ်။ နိုင်ငံတချို့မှာ လူသားဆန် မှုကို ချိုးဖောက်ခြင်းဟာ အစိုးရ များကိုယ်တိုင် တိုက်ရိုက်ဖြစ်စေ တစ်ဖက်လှည့်နဲ့ဖြစ်စေ ဖန်တီး တာမျိုးတွေကလည်းရှိခဲ့သလို ဘာသာရေး ခေါင်းဆောင်တွေ ကြောင့် ဖြစ်ရတာမျိုးလည်း တွေ့ ခဲ့ဖူးပါတယ်။ အမျိုးမတူတဲ့ လူ အုပ်စုတွေ ဝင်ရောက်အခြေချရာ ကနေ စီးပွားရေး၊ လူမှုရေး ကွာ ဟမှုအပေါ် အခြေခံပြီးဖြစ်တာမျိုး တွေလည်း ရှိပါတယ်။ ဘယ်လို အချက်ကြောင့်ပဲဖြစ်ဖြစ် လူသား ဆန်မှုကို ချိုးဖောက်မယ့်၊ ကျိုး ပေါက်စေမယ့် ကိစ္စမှန်သမျှကို သတိရှိရှိ၊ အမြော်အမြင်ရှိရှိ ကြို တင်ဟန့်တားကာကွယ်ဖို့ လိုအပ် ပါကြောင်း။။

7day daily