အမြဲတမ်းနေထိုင်ခွင့်(PR)စနစ် လွှတ်တော်တွင် ဆွေးနွေး


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (PR) စနစ်နှင့် ပတ်သက်၍ ယမန်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် န၀မပုံမှန် အစည်းအဝေး တတိယနေ့ တွင် ရှင်းလင်း တင်ပြ သည်။ ၎င်း၏ တင်ပြချက်အရ – မူဆယ်-ရွှေလလီ ၀င်/ထွက်ပေါက်ကို နိုင်ငံတကာ ၀င်/ထွက်ပေါက် အဖြစ် အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်အတွင်း အွန်လိုင်းဗီဆာ သို့မဟုတ် e-Visa စနစ် အကောင်အထည် ဖော်မည့်အပြင် Permanent Residence (PR) ခေါ် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် စနစ်ကိုလည်း အကောင်အထည် ဖော်မည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံ အချင်းချင်း ဗီဇာကင်းလွတ်ခွင့် (Visa Free) ကိစ္စရပ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ

လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်ပွားမှု အများဆုံး ၅ နိုင်ငံတွင် မြန်မာပါဝင်


လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်ပွားမှု ထိပ်ဆုံး ၅ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း The Pew Charitable Trusts အဖွဲ့၏ သုတေသနပြု ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ၆ နှစ်တာ ကာလအတွင်း ၂၀၁၂ သည် ကမ္ဘာပေါ်တွင် လူမျိုးရေး ဘာသာ ရေး ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၁၉၈ နိုင်ငံ၏ ၃ ပုံ ၁ ပုံ၌ ဖြစ်ပွားခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားမှု ထိပ်ဆုံး ၅ နိုင်ငံမှာ အီဂျစ်၊ အင်ဒိုနီးရှား၊ ရုရှား၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့ ဖြစ်ကြောင်း ယင်းသုတေသန အဖွဲ့က ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယား အခြေစိုက် The Pew Charitable Trusts အဖွဲ့ကို ၁၉၄၈ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ် သည်။
ဧရာဝတီ

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲအား မန္တလေးမြို့ရှိ မဟာအတုလဝေယန် ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်




အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲအား မန္တလေးမြို့ရှိ မဟာအတုလဝေယန် ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော် အပါးသုံးသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဇန်န၀ါရီ ၁၅ ရက်က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်မြို့ရှိ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်မှ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ၊ နိုင်ငံတော် သြ၀ါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အရှင်တိလောကဘိဝံသ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ မဟာနာယကချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ၊ မန္တလေးမြို့မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံအတွင်းရှိ ဆရာတော်၊ သံဃာတော်များ စုစုပေါင်း သံဃာတော်ဦးရေ သုံးသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား မွန်းလွဲ ၁ နာရီခန့်မှ စတင်ခဲ့ပြီး အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဆရာတော်များက ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ကျဆုံးသွားခဲ့သည့် သံဃာတော်များ၊ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်အရေးအခင်းတွင် ကျဆုံးသွားခဲ့ရသည့် ရဟန်းပြည်သူများနှင့် ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းများတွင် အသက်စွန့်ခဲ့ ကြရသည့်သူများအတွက် စက္ကန့် ၃၀ ခန့် ငြိမ်သက်ကာ တရားနှလုံးသွင်းခဲ့ကြသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲတွင် တက်ရောက်လာခဲ့သည့် သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက “ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ ဗမာလူမျိုးတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြတာ အခြားဘာသာတွေထက် စောပါတယ်။ ဒါကြောင့် အိမ်ရှင်ဖြစ်သူကို ရိုသေလေးစားကြဖို့ လိုအပ်တယ်။ ဥပမာပြောရရင် ဧရာဝတီမြစ်ကို ပြောရမယ်။ ဧရာဝတီဟာ မေခ၊ မေလိခကနေ မြစ်ဖျားခံ စီးဆင်းခဲ့တယ်။ ဧရာဝတီမြစ်ထဲမှာ မေခ၊ မေလိခ၊ ရွှေလီ၊ ဒုဋ္ဌ၀တီ၊ ချင်းတွင်း စတဲ့မြစ်တွေဟာ ဧရာဝတီမြစ်ထဲမှာပဲ ပေါင်းဆုံစီးဆင်း သွားကြတယ်။ ဧရာဝတီမြစ်ထဲကို ပေါင်းစုံစီးဆင်းသွားတဲ့ အချိန်မှာ အားလုံးရဲ့ မြစ်တွေနာမည် မရှိတော့ဘူး။ တူညီတာတစ်ခုကတော့ အားလုံးရေအဖြစ်နဲ့ ပေါင်းစုံစီးဆင်းသွားကြတယ်။ စုပေါင်းညီညာမှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှာပါ။ ဒါကြောင့် ဧရာဝတီစိတ်ဓာတ် ထားကြပါလို့ ပြောချင်ပါတယ်” ဟု မိန့်ကြားသည်။

အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်တိလောကဘိဝံသက “အမျိုးဘာသာ သာသနာအတွက် အမျိုးစောင့် ဥပဒေကို လွှတ်တော်ကနေတစ်ဆင့် ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ ရန်ကုန်မှာလုပ်ခဲ့တဲ့ အမျိုးဘာသာသာသနာအတွက် မျိုးစောင့်ဥပဒေမှာ ပါဝင်တဲ့ အချက်ကိုးချက်ကိုလည်း ထောက်ခံပေးဖို့ လိုအပ်ပါတယ်” ဟုလည်း မိန့်ကြားသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဆရာတော်ကြီးများနှင့် သံဃာတော်များက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး၊ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးတို့ကို သဘောတူညီခဲ့ကြပြီး ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးပွဲမှ သဘောထားများအား ထောက်ခံသဘောတူညီခဲ့ကြပြီးနောက် အတုမရှိ သံဃာ့ညီလာခံကြီး၏ သဘောထားကြေညာချက် ၁၀ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။
 ပြည်သူ့ အာဏာ

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု EU က တရုတ်ထက် ပိုများ


ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုန် အတွင်းရှိ ကိုရီးယား-မြန်မာ အထည်ချူပ် လုပ်ငန်းခွင် တခု (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဥရောပ သမဂ္ဂ (EU) နိုင်ငံများ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံထက် ပိုမို များပြားကြောင်း သိရသည်။

တရုတ်နိုင်ငံက ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၈.၂၄ သန်း ဖြင့် လုပ်ငန်းပေါင်း ၁၁ ခုတွင် လုပ်ကိုင်နေပြီး EU ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၅၉.၄၀၉ ဘီလီယံ ဖြင့် လုပ်ငန်း ၁၀ ခု တွင် ၀င်ရောက် လုပ်ကိုင်နေကြောင်း၊ EU သည် တရုတ်ထက် ဒေါ်လာ သန်း ၁၄၀ ကျော် ပိုမို မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၏ တရားဝင် စာရင်းများတွင် တွေ့ရသည်။

တရုတ်က၀င်ရောက်လုပ်ကိုင်သည့် လုပ်ငန်းများသည် အထည်ချုပ် လုပ်ငန်းများကြောင်း၊ EU က အထည်ချုပ် လုပ်ငန်းနှင့် လက်ခ စား စနစ် CMP လုပ်ငန်းများ၌ လုပ်ကိုင်မှု များပြားပြီး အပျော်စီး သင်္ဘောလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းလည်းပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

EU နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခုတွင် ၉ ခုမှာ ဗြိတိန်နိုင်ငံမှ ဖြစ်ပြီး ပြင်သစ် နိုင်ငံမှ လုပ်ငန်း ၁ ခု ၀င်ရောက် မြှုပ်နှံထား သည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် အတွင်း၌လည်း EU နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သဘောတူလက်မှတ်ထိုးရန် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြော သည်။

“နှစ်ဘက် လက်မှတ်ထိုးဖို့ ညှိနှိုင်းမယ်ဆိုတဲ့ အပိုင်းကတော့ သဘောတူပြီးပါပြီ၊၂၀၁၄ ထဲမှာ စပြီး လုပ်ကြဖို့ပါ၊ ဘယ်အချိန် ဆိုတာ တော့ ရက် မသတ်မှတ် ရသေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှုများကြောင့် EU အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ် သိမ်း ခဲ့ပြီး လက်ရှိအချိန်တွင် EU ၏ ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံများအပေါ်ပေးသည့် သွင်းကုန်အပေါ် အထူး အခွန်သက်သာ ခွင့် (GSP) အခွင့်အရေးကို မြန်မာနိုင်ငံမှ ရရှိနေပြီ ဖြစ်သည်။

GSP မှာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ရရှိခြင်း မဟုတ်ဘဲ EU နိုင်ငံများ၏ လုပ်ငန်းရှင်များဘက်မှ ၄င်းတို့ နိုင်ငံသို့ ကုန်ပစ္စည်း ပြန် လည် တင်သွင်းရာတွင် အခွန်သက်သာခွင့် ရရှိခြင်း ဖြစ်သည်။

ယင်းအစီအစဉ်ကြောင့် ပြည်ပနိုင်ငံများက ၀ယ်ယူ တင်သွင်းသူများ အနေဖြင့် မြန်မာ့ကုန်ပစ္စည်းများ အပေါ်တွင် ၀ယ်လိုအား ပိုမို ကောင်းလာနိုင်ခြင်းနှင့် ဈေးနှုန်းပိုမို ပေးလာနိုင်ခြင်း စသည့် အကျိုးသက်ရောက်မှုများ ခံစားခွင့် ရလာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့မှာ ထိပ်ဆုံးတွင် ရှိနေဆဲ ဖြစ်သော် လည်း လက်ရှိကာလတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍလည်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

“အခုဟာ CMP လက်ခစားစနစ် လုပ်ငန်းတွေဝင်တာ များလာတယ်၊ CMP ဆိုတာထက် ကုန်ထုတ်လုပ်မှု ကဏ္ဍ တခုလုံး တက် လာတာ တွေ့ရတယ်”ဟု ၄င်းက ပြောပြသည်။

ပြည်ပနိုင်ငံများက ပြည်တွင်းသို့ လက်ခစားစနစ် လုပ်ငန်းများ ၀င်ရောက် ရင်းနှီးမြှုပ်နှံကြရာတွင် လျှပ်စစ်ပစ္စည်း လုပ်ငန်း၊ ဖိနပ် လုပ်ငန်း၊ အိတ် လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း စသည့် အပိုင်းများတွင် မြှုပ်နှံ လုပ်ကိုင်ကြပြီး အထည်ချုပ် လုပ်ငန်းများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်း သစ်အခြေခံ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ပိုမို ရင်းနှီးလိုမှု များလာသည်ဟုလည်း ဒေါ်ခိုင်ခိုင်နွယ်က ပြော သည်။

EU နှင့် တရုတ်နိုင်ငံများက အဆိုပါ လုပ်ငန်းများတွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသော်လည်း၊ လက်ရှိတွင် အထည်ချုပ် လုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည်မှာ ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

တရုတ် အနေဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် EU နိုင်ငံများအောက် လျော့နည်းလျက် ရှိသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိစုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ အမျာဆုံး ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် နိုင်ငံ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၏ စာရင်းများတွင် တွေ့ရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းနိုင်ငံတခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဟောင်ကောင်တို့မှာ နောက်မှကပ်လိုက်နေသည့် နိုင်ငံများ ဖြစ်သည်ကို သိရသည်။
ဧရာဝတီ

အီဂျစ် ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးစီး


အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်း လူထုဆန္ဒခံယူပွဲ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့ကို ဇန်န၀ါရီ ၁၅ ရက်နေ့က ကျင်းပ ပြီးစီးခဲ့ပါတယ်။

ဆန္ဒခံယူပွဲ ပထမနေ့မှာ လူ ၉ ဦး အသတ်ခံခဲ့ရပေမယ့် ဒုတိယနေ့ကတော့ အေးအေး ဆေးဆေးပဲ ပြီးဆုံခဲ့ပါတယ်။

သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသူ ၇၉ ဦး ဖမ်းဆီးခံခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဆန္ဒမဲတွေကို စတင် ရေတွက်နေပြီ ဖြစ်ပြီး ရလဒ်တွေ မကြာခင် ထွက်ပေါ်လာပါတော့မည်။

မွတ်စလင်ညီအကိုတော်များပါတီကို အစိုးရက အပြင်းအထန် ဖိနှိပ်ထားတာကြောင့် အခြေခံဥပဒေကို ကန့်ကွက်မဲပေးဖို့ မဲဆွယ်စည်းရုံးမှုလည်း မရှိသလို မဲဆွယ်စည်းရုံးခွင့်ကိုလည်း အစိုးရက ခွင့်မပြုဘူးလို့ လူအခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

ဒီ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဟာ အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်အသက်သွင်းဖို့ အရေးကြီးတဲ့ နိုင်ငံရေး အကူးအပြောင်းလို့ စစ်တပ်နောက်ခံတဲ့အစိုးရက ဆိုနေပေမယ့် တဖက်မှာတော့ အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ ညီအကိုတော်များပါတီကို အပြင်းထန်ဆုံး နှိပ်ကွပ်နေပါတယ်။

ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံကို အတည်ပြုပြီးရင် သမ္မတရွေးကောက်ပွဲကို ဧပြီလမှာ အစောဆုံး ကျင်းပနိုင်ဖို့ စီစဉ်ထားပါတယ်။

စစ်တပ်အကြီးအကဲ အက်ဒယ်ဖတား အယ်စီစီကလည်း  လူထုက ထောက်ခံရင် သမ္မတနေရာ ၀င်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
DVB

7Day News ဂျာနယ် အတွဲ(၁၂) အမှတ်(၄၅)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကမ္ဘာလှည့်ခရီးသည် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရမှုအတွက် လူ(၂)ဦးကို အိန္ဒိယရဲ ဖမ်းဆီး


အိန္ဒိယနိုင်ငံ၊ ဒေလီရဲတပ်ဖွဲ့သည် ဒိန်းမတ်နိုင်ငံသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မ ကျင့်ကြံခံရသည့် ကိစ္စနှင့် ပတ်သက်၍ မသင်္ကာသူ (၂)ဦးကို စတင်ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။ အသက်(၅၁)နှစ် အရွယ်ရှိ ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးသည် နယူးဒေလီ ဘူတာကြီးအနီး လမ်းပျောက်နေစဉ် ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်သူ တစ်အုပ်နှင့် တိုးခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့က ဖြစ်စဉ်တွင် အမျိုးသမီးသည် (၅)နာရီကြာမျှ ဆိုးရွားသည့် ငရဲခန်းနှင့် တွေ့ကြုံခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အုပ်စုဖွဲ့ မုဒိမ်းမှုများနှင့် ပတ်သက်၍ နာမည်ဆိုး ထွက်နေသည့် အိန္ဒိယ နိုင်ငံ အနေဖြင့် နောက်ထပ်တစ်ကြိမ် အပုပ်သတင်း ပေါ်လာခြင်း ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ မာဟန်ဒါနှင့် ၎င်း၏အဖော် မိုဟာမက်တာဟာတို့ကို ဗုဒ္ဓဟူးနေ့ညတွင် ရဲများက ဖမ်းဆီးရမိခဲ့သည်။

ရဲတပ်ဖွဲ့သည် ၎င်းတို့ထံမှ အမျိုးသမီးကြီး အသုံးပြုခဲ့သည့် iPod၊ Nokiaဖုန်းနှင့် ရူပီးငွေ (၁၂၀၀)တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မိုဟာမက်တာဟာထံတွင် နောက်ထပ် ရူပီးငွေ (၁၀၀၀)ကိုလည်း တွေ့ရှိခဲ့သည်။

 "အဖမ်းခံရတဲ့ နှစ်ယောက်လုံးက အိမ်ခြေရာမဲ့တွေပါ။ ပြီးတော့ ဒေသတွင်း ဓားပြဂိုဏ်း တစ်ခုက အဖွဲ့ဝင်တွေလည်း ဖြစ်တယ်။ အရင်တုန်းက မူးယစ်ဆေးဝါးမှု၊ ခါးပိုက်နှိုက်မှု၊ ခိုးမှုတွေနဲ့လည်း အဖမ်းခံရဖူးတယ်။ လက်ရှိမှာတော့ သူတို့နဲ့ ဆက်နွယ်ပြီး ဒီအမှုမှာ ပါဝင်နေသူတွေကို စုံစမ်းနေဆဲပါ"ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားသည်။

Planet Myanmar Network

လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ်အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဆိုပါ ခရီးသည်တင်ကားဟာ သင်္ကန်းကြီးကနေ လပွတ္တာမြို့ကို အလာ ၁၀ မိုင် ၅ ဖာလုံအရာက်မှာ ဆိုင်ကယ်ကိုရှောင်ရင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ လပွတ္တာ ယာဉ်ထိန်းရဲ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိသူ ၁၆ ဦးထဲက အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ဒဏ်ရာရရှိ သူတွေကို လပွတ္တာမြို့နယ် ၃ မိုင် ကုတင် ၂၀၀ ဆေးရုံမှာ ပို့ဆောင်ကုသနေတယ်လို့ လူနာတွေကို သွားရောက် တင်ဆောင်ခဲ့တဲ့ လပွတ္တာ နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ဦးမင်မင်းအောင်က ပြောပါတယ်။

တိမ်းမှောက်မှုဖြစ်တဲ့ ကားဟာ ဒိုင်နာအမျိုးအစား ခရီးသည်တင်ကားဖြစ်တယ်လို့ ဆိုပါတယ်။ လပွတ္တာနဲ့ သင်္ကန်းကြီးရွာဟာ မိုင် ၂၀ လောက်ကွာဝေးပါတယ်။

By webteam (ဒီဗွီဘီ)

Auto World Journal ( Vol-3, Issue-4 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရွှေပေါ်မြတင် ဘ၀ပုံစံ နေထိုင်သည့် တရုတ်ဗိုလ်ချုပ် ဖမ်းဆီးခံရပြီ


ပေကျင်း ဇန်န၀ါရီ ၁၆

အဂတိတရား နဲ့ ညစ်ထေးလက်တွေအားလုံး ဖမ်းဆီးခံရမှာဖြစ်ပြီး ဥပဒေစည်းကမ်းတွေကို စက္ကူ ကျားတွေ စာခြောက်ရုပ်တွေ အဖြစ်မခံ နိုင်ကြောင်း သည့်အပြင် အဂတိလိုက်စားမှုတွေက ကွန်မြူနစ်ပါတီကို အမြစ်က ဖြိုချပစ်လိုက်နိုင်ကြောင်း တို့ကို တရုတ်သမ္မတ ရှီကျင့်ဖင်က နိုင်ငံပိုင် သတင်းဌာန မှ ယမန်နေ့က ပြောကြားပြီးနောက် ယနေ့ တရုတ် ဗိုလ်ချုပ်တစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

တရုတ်စစ်ဘက် ထိပ်တန်းခေါင်းဆောင် တစ်ဦးအား ရွှေလှေ ၊ ရွှေလက်ဆေးဇလုံ ၊ ရွှေပိန်းချ မော်စီတုန်းရုပ်တု ၊ အိမ်ကြီးရခိုင် ဒါဇင်ပေါင်းများစွာ ၀ယ်ယူထားမှု နှင့် လာဘ်စားမှု တို့ကြောင့် တရုတ် တွင် ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ ၄င်းမှာ ပြည်သူလွတ်မြောက်ရေး တပ်မတော် အပေါ်သြဇာညောင်းသော ထောက်ပံ့ရေး ဒုအကြီးအကဲ ဗိုလ်ချုပ် ကူကျွန်းရှန် ဆိုသူဖြစ်ပြီး ရှန်ဟိုင်းမြို့တွင် ကန်ဒေါ်လာ သန်း ၃၃၀ တန် စစ်တပ်ပိုင် မြေကွက်တစ်ကွက်အား ၆ ရာခိုင်နှုန်း လာဘ်ယူ၍ ရောင်းချခဲ့သည် ဟု ဆိုသည် ။

သူနေထိုင်ရာ ဖုယန်မြို့တွင်လည်း ၄င်း၏ မိသားစုဝင်များသည် မြေယာများ သိမ်းပိုက်ရာတွင် နာမည်ကြီးကာ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းများ လုပ်သည်ဟု စိုက်ရှင်း Caixin သတင်းစာက ဆိုသည်။

ပေကျင်းမြို့မှ "တားမြစ်န်းမြို့" The Forbidden City ပုံစံအတိုင်း ၄င်း၏ ကိုယ်ပိုင်အိမ်ကို ဆောက်လုပ်ထားသည်ဟုလည်း Caixin သတင်းစာက ဖော်ပြကာ ၂၀၀၆ ခုနှစ်ကလည်း သူ့ရှေ့တွင် ယင်းရာထူးမျိုးကို တာဝန်ထမ်းဆောင်သွားခဲ့ဖူးသူ ၀မ်ရှို့ယဲ့ လည်း ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားမှုဖြင့် စစ်ခုံရုံးမှ ဆိုင်းငံ့သေဒဏ် ကျခံခဲ့ရသည်။

တာဝန်ထမ်းဆောင်ပြီးနောက် ၁ နှစ်ကျော် ကာလတွင် သမ္မတ ရှီကျင့်ဖင်သည် အဂတိလိုက်စားမှု များကို တိုက်ဖျက်ရာတွင် လူသိရှင်ကြား ပြတ်သားတင်းမာလာခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

Ref : Chinese General Arrested For Gilded Lifestyle

LYT

Popular Myanmar News Journal

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကဘော်ချိုင့်ဝှမ်း ဒေသတွင် လက်နက်မှောင်ခိုမှုများ အများဆုံးဖမ်းမိနေ


ရန်ကုန် ။   ။ မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ တမူးမြို့ ကဘော်ချိုင့်ဝှမ်းဒေသသည် လက်နက်မှောင်ခိုမှု အများဆုံးဖမ်းဆီးရမိသော နေရာတစ်ခုဖြစ်ကြောင်း နေပြည်တော်လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာနမှ ဒုရဲမှူးကြီး တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။ အဆိုပါနေရာဒေသသည် အိန္ဒိယနိုင်ငံနှင့်နီးစပ်ပြီး ပြည်ပနိုင်ငံများမှ လက်နက်များကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာပြည်တွင်းသို့ သယ်ဆောင် လာကာ ယင်းလက်နက်များနှင့် အကြမ်းဖက် မသမာသူတချို့ကို စစ်ကိုင်း တမူးအနီးတစ်ဝိုက်ရှိမြို့များတွင် မကြာခဏ ဖမ်းဆီးရမိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ဒုရဲမှူးကြီးက ““စာရင်းအတိအကျတော့ လချုပ်စာရင်းတွေလုပ်မှ သိ မယ်။ လက်နက်မှောင်ခိုမှု အဖြစ်အများဆုံးကတော့ အဲဒီအိန္ဒိယနယ်စပ် ကလေး၊ တမူးဘက်ပဲ””ဟု ပြောသည်။ အဆိုပါနေရာဒေသမှတစ်ဆင့် မသမာသူများက အဆင့်ဆင့် လက်နက် မှောင်ခိုမှုများ ထပ်မံပြုလုပ်လျက်ရှိကြောင်း၊ မူးယစ်ရောင်းဝယ်ရေး လုပ်ဆောင် နေသူများအနေဖြင့်လည်း ယခုအခါ လက်နက်မှောင်ခိုမှုများကိုပါ ပူးတွဲလုပ် ကိုင်လာကြကြောင်း သိရသည်။

ကလေးမြို့ခံ တစ်ဦးက ““လောင်ချာတွေ၊ သေနတ်တွေက တမူးမှာ မကြာ ခဏဖမ်းမိတယ်။ အရင်က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တဲ့ လူတချို့ က လက်နက်ရောင်းဝယ်ရေးလုပ်ငန်းတွေကိုပါ တွဲလုပ်လာတယ်။ အဲဒီလို အမှုမျိုးတွေ အများ ကြီးပဲ””ဟု ပြောသည်။

အဆိုပါ ကလေး၊ တမူးဒေသ ရဲစခန်းများမှ တာဝန်ရှိရဲအရာရှိ တချို့ကို လည်း လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှုများနှင့် တခြားမသမာမှုများတွင် အရေးယူမှု အားနည်းခြင်းများကြောင့် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက အဆိုပါရဲ အရာရှိများ ကို စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ

Yangon Media Group

မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ သွေး စွန်းနေသည့် အသုံးအဆောင်တချို့ တွေ့ရှိ


ရခိုင်ပြည်နယ်မောင်တော မြို့နယ်တွင် ဇန်နဝါရီ ၁၃ရက်ည ကပျောက်ဆုံး သွားသည့် ရဲတပ် ကြပ်ကြီး၏ သွေးစွန်းနေသောအ သုံးအဆောင်တချို့အား ရှာဖွေ တွေ့ရှိထားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ရက် ည ၁၀ နာရီခန့်က ဘင်္ဂါလီကျေးရွာအနီး ကင်းလှည့်နေစဉ် ပျောက်ဆုံးသွားခဲ့သည့်ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား ဇန်နဝါရီ ၁၅ရက် အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေး ဘဲ ယင်းနှင့် အတူပါရှိ သွား သည့် သေနတ် ကျည်ပေါက် အခွံတစ်ခု၊ ခါးပတ်အတိုအပိုင်း အစတစ် ခုနှင့် သွေးစွန်းနေသော အတွင်းခံအင်္ကျီ အပိုင်းအစတစ်ခုတို့ကို အခင်းဖြစ် ပွားရာကျေးရွာအတွင်းမှ ဇန်န ၀ါရီ ၁၄ရက်က ရှာဖွေတွေ့ရှိ ခဲ့ ခြင်းဖြစ်ကြောင်း မောင်တောမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က အတည်ပြုပြောသည်။

““တပ်ကြပ်ကြီးကို အခင်းဖြစ် တဲ့ညကနေရှာဖွေနေတာ ဒီနေ့အ ထိရှာမတွေ့သေးဘူး။ ဒါပေမဲ့ အခင်းဖြစ်တဲ့ရွာထဲမှာတော့ တပ် ကြပ်ကြီးရဲ့အသုံးအဆောင်တ ချို့ကိုရှာတွေ့ခဲ့ပါတယ်””ဟု ယင်းက ပြောသည်။ ပျောက်ဆုံးနေသည့် ရဲတပ် ကြပ်ကြီး အောင်ကျော်သိန်းနှင့် အတူ ရဲတပ်ဖွဲ့ဝင်လေးဦးပါဝင် သည့် လှည့်ကင်းအဖွဲ့သည် ဇန်န ဝါရီ ၁၃ရက် ည ၁ဝနာရီခန့်က ဘင်္ဂါလီများနေထိုင်သည့် မောင် တောမြို့နယ် ဒုချီးရားတန်းကျေး ရွာကို ကင်းလှည့်စဉ် ဘင်္ဂါလီများ ဝိုင်းဝန်း တိုက်ခိုက် ခဲ့မှုကြောင့် ထွက်ပြေးခဲ့ကြရာမှ ရဲတပ်ကြပ် ကြီးပျောက်ဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း မောင်တောမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးပြော ပြချက်အရ သိရသည်။

အခင်းဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာထဲမှ ဘင်္ဂါလီ ယောကျာ်းများအားလုံးမှာ ရွာမှ ထွက်ပြေးသွားကြပြီး ရွာထဲတွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိကြကြောင်းရဲတပ်ကြပ်ကြီးအား ရှာဖွေရာတွင်ပါဝင် သည့် ဌာန ဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောသည်။

မာန်ယုကျော် ၊ ညိုသဏ်း
Yangon Media Group

The Trade Times ( Vol-2, No-92 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အစိုးရပိုင်သတင်းစာ ထုတ်ဝေရန် ကျပ်သန်းသုံးထောင်ကျော် တောင်းခံ


နေပြည်တော်၊ ဇန်နဝါရီ ၁၅

ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီး ထုတ်ဝေလျက်ရှိသော အစိုးရပိုင် သတင်းစာများအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အသုံးပြုရန် ငွေကျပ် ၃၃၃၇ သန်းကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ တောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးစဉ် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယင်းသို့ တင်ပြ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက အသုံးပြုမည့် အစိုးရပိုင် သတင်းစာများ ထုတ်ဝေရေးအတွက် ငွေကျပ်သန်းပေါင်း ၃၃၃၇ သန်းနှင့် အခြားသော လုပ်ငန်းများအတွက် ကျပ် ၃၆၅၆၆ ဒသမ ၉၉၀ သန်းကို လွှတ်တော်က အတည်ပြုပေးရန် အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ ဝန်ကြီးဌာနက လာမည့် ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ရုံးသုံးငွေ ကျပ် ၂၃ ဒသမ ၃၇၅ သန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် ကျပ် ၃၀,၉၆၂ ဒသမ ၉၁၅ သန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအတွက် ကျပ် ၆၃၇ ဒသမ ၈၆၉ သန်း၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းအတွက် ကျပ် ၁၄၁၃ ဒသမ ၅၆၈ သန်း၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအတွက် ကျပ် ၃၃၃၇ ဒသမ ၀၉၀ သန်းနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းအတွက် ကျပ် ၁၉၂ ဒသမ ၁၇၃ သန်းအသုံးပြုရန် လျာထားကြောင်း ဦးအောင်ကြည်က ဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ ရုပ်ရှင်လောကကို နိုင်ငံတကာ စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် ရုပ်ရှင်ဥပဒေ ရေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က ကျပ် ၄၁၆၈၆ ဒသမ ၅၄၃ သန်း သုံးစွဲရန်ခွင့် ပြုပေးခဲ့ပြီး ဖြစ်သည်။

The Voice Weekly

မြ၀တီနေ့စဉ်သတင်းစာ (၁၆-၁-၂၀၁၄) ကြာသပတေးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





သူနာပြုတက္ကသိုလ် ကျောင်းသူအား ဓားဖြင့်ထိုးသူကို ကွင်းဆက်များဖြင့် စုံစမ်းဖော်ထုတ်မည်


ရန်ကုန်၊ ဇန်နဝါရီ ၁၅

လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်း လှေကားတွင် ချစ်သူနှင့် ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသူကို ၎င်း၏ချစ်သူက ဓားဖြင့် ထိုးကာထွက်ပြေး တိမ်းရှောင်နေသဖြင့် ဓားဖြင့်ထိုးသူကို ဖမ်းမိနိုင်ရေးအတွက် ၎င်းနှင့် ပတ်သက်သော အမှုကွင်းဆက်များကို လိုက်လံ စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က သူနာပြု တက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ ချစ်သူနှင့် အဆောင်အောက်လှေကား၌ စကားပြောနေရာမှ ၎င်း၏ချစ်သူ Heavy Machine ကုမ္ပဏီမှ အင်ဂျင်နီယာ ကိုမင်းဆန်းက လေးလက်မခန့်ရှိ ဓားမြှောင်ဖြင့်ထိုးကာ ထွက်ပြေးခဲ့မှုကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကွင်းဆက်များနောက် ခြေရာခံပြီး လိုက်လံ စုံစမ်းနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဓားထိုးမှု ဖြစ်ဖြစ်ချင်း မြို့နယ်ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ရင် ဒီလူကို ချက်ချင်းဖမ်းမိမှာ။ သူ့နေအိမ်နဲ့ လှိုင်သာယာက သူ့အလုပ်လုပ်တဲ့ ကုမ္ပဏီကို သွားစုံစမ်းပြီးပြီ။ သူကိုင်တဲ့ လက်ကိုင် ဖုန်းကလည်း စက်ပိတ်ထားတယ်။ တရားခံကို အမြန်ဆုံး ဖမ်းမိဖို့ကို တပ်ဖွဲ့ဝင်တွေက ဒီလူနဲ့ ပတ်သက်တဲ့ ကွင်းဆက်မှန်သမျှကို စုံစမ်းဆောင်ရွက်ဆဲပါ” ဟု လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသားမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက်၊ မင်းတပ်လမ်းတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုမင်းဆန်းဆိုသူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဓားထိုးခံရသူသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရာမည ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊ ဓားထိုးခံရစဉ် အချိန်က အဆိုပါ ကျောင်းသူ၏ အော်သံကြားသောကြောင့် ၎င်း၏ မိခင်က အခန်းအပြင် ထွက်ကြည့်ရာမှ တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ကာ လက်ရှိအချိန်တွင် အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ ကိုမင်းဆန်းကို (ပ) ၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး အမှုကွင်းဆက်များဖြင့် လိုက်လံ စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော် မြို့မရဲစခန်းမှ သိရှိရသည်။

The Voice Weekly

ရတနာပုံနေ့စဉ်သတင်းစာ (၁၆-၁-၂၀၁၄) ကြာသပတေးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကုမုဒြာဂျာနယ် အတွဲ(၃) အမှတ်(၄၁)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရန်ကုန်အသင်း၏ Mobile Application ဖေဖော်ဝါရီလတွင် စတင်သုံးနိုင်မည်


မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကို စတင်ကျင်းပမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်ယူနိုက်တက် အသင်း၏ Mobile Application ကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ယင်းအသင်းကို နည်းပညာ ထောက်ပံ့ပေးသည့် Bagan Innovation Technology က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းလှိုင်ဦးက ပြောကြားသည်။ ယင်း Mobil Application တွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားများ၏ မှတ်တမ်းများ၊ ပွဲစဉ်အချိန်ဇယားများနှင့် အမှတ်ပေးဇယား ရပ်တည်မှုတို့အပြင် MNL ပြိုင်ပွဲဝင် အသင်းများ၏ သတင်းများနှင့် ဗီဒီယိုဖိုင်များလည်း ပါဝင်မည်ဟု ၄င်းက ဆိုသည်။ မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြည့်ရှုနိုင်မည့် ယင်း Application ကို iOS နှင့် Andriod စနစ်တို့ဖြင့် ထုတ်လုပ်မည်ဖြစ်ရာ iOS စနစ်ကို I Tunes စတိုးတွင် ရယူနိုင်မည်ဖြစ်ပြီး Andriod စနစ်ကိုမူ Google Play နှင့် Win Mobile Market တို့တွင် ရယူနိုင်မည်ဖြစ်ကာ မိုဘိုင်းလ်ဖုန်းဆိုင်များတွင်လည်း ရယူနိုင်မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ ယင်းကဲ့သို့ အသုံးပြုနိုင်ခြင်းကြောင့် အသင်း၏ ရလဒ်များကို ပရိသတ်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ပွဲစဉ်များ၏ အသေးစိတ် အချက်အလက်များကိုလည်း ဖော်ပြပေးမည်ဖြစ်ရာ ပြိုင်ပွဲကို လာရောက်ကြည့်ရှုနိုင် ခြင်း မရှိသည့် ပရိသတ်များအတွက်လည်း ပွဲရလဒ်များကို လက်ကိုင်ဖုန်းများမှတစ်ဆင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ပြောကြားသည်။ “MNL ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ကျွန်တော်တို့အသင်း Mobile Application စနစ်ကို ပထမဦးဆုံး အသုံးပြုနိုင်တာပါ” ဟု ၄င်းက ဆိုသည်။ လက်ရှိအချိန်တွင် ၂၀၁၄ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) က ငွေကျပ်သိန်းသုံးထောင်ဖြင့် အဓိကထောက်ပံ့ပေးထားပြီး Elite Tech က ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးထားသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ၂၀၁၄ ဘောလုံးရာသီအတွက် နည်းပြဟောင်း အဲရစ်ဝီလျံကို ပြန်လည်ခန့်အပ်ခဲ့ပြီး မက်ဆီဒိုးနီးယားနိုင်ငံသား အလက်ဇန္ဒား၊ ဘရာဇီးနိုင်ငံသား အီမာဆင်၊ ဂျပန်နိုင်ငံသား ကာဇူကီတို့အပြင် ဧရာဝတီအသင်း ဂိုးသမား ပြည့်ဖြိုးဦး၊ ဟံသာဝတီ ယူနိုက်တက်အသင်း၏ နောက်တန်းကစားသမား အောင်ဇော်တို့ကို ခေါ်ယူအားဖြည့်ခဲ့သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

မလေးရှားတွင် ဇန်နဝါရီ ၂၁ ရက်မှစ၍ တိုင်တန်းခြင်းခံရသော" နိုင်ငံခြားသား နေအိမ်များကို စစ်ဆေးမည်


မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများအား ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ လူဝင်မှု ကြီးကြပ်ရေးဌာန၏ Ops 6p Sepadu စီမံချက်ဖြင့် လူနေအိမ်များ၊ လုပ်ငန်းခွင်များတွင် ပိုက်စိပ်တိုက် စစ်ဆေးတော့မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက် မလေးရှားနိုင်ငံ နေ့စဉ်ထုတ်သတင်းတွင် ဖော်ပြပါရှိကြောင်း၊ မလေးရှားရောက် ကိုတွောင်ပူစီယင်း၏ ပေးပို့ချက်အရ သိရသည်။ လူဝင်မှုကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Datuk Alias Ahmad က ပထမအကြိမ် အနေဖြင့် လွန်ခဲ့သော စက်တင်ဘာနှင့် ဒီဇင်ဘာလအတွင်း လူနေအိမ်များနှင့် လူစည်ကားရာ ဒေသများတွင် စစ်ဆေးရေး ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။ ''ဒုတိယအကြိမ်အနေနဲ့ ဇန်နဝါရီ ၂၁ ရက်မှစပြီး လုပ်ငန်းခွင်များ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ စိုက်ခင်းတွေနဲ့ တရားမဝင် အိမ်ဖော်များကြောင့် နေအိမ်များကို စစ်ဆေးမှာဖြစ်တယ်'' ဟု Alias က ပြောကြားခဲ့ပြီး တရားမဝင် လုပ်သားများ ရှိနေကြသည့် ထောက်လှမ်းရရှိ သတင်းများနှင့် တိုင်တန်းချက်များ အပေါ် မူတည်ပြီး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် Alias က ဆက်လက် ပြောကြားရာတွင် ''သူတို့ရဲ့ နေ့စဉ်ပုံမှန် လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်အောင်တော့ စိတ်ထင်တဲ့ နေရာတွေမှာ စိစစ်မှာ မဟုတ်ဘူးခင်ဗျ'' ဟု  ပြောကြားခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ပထမအကြိမ်၌ နိုင်ငံခြားသား ၅၄ဝဝဝ အား စစ်ဆေးပြီး ၂၂၇၈ ဦးကို ဖမ်းဆီးကြောင်း၊ အထောက်အထား စာရွက်စာတမ်းမရှိသူ ၁၆၈ဝဝ နှင့် ၄င်းတို့၏ အလုပ်ရှင် ၂၁၉ ဦးကို အရေးယူထားကြောင်း ပြောကြားသည်။ ''ကျွန်တော်တို့အနေနဲ့ တရားမဝင်တွေကို တရားဝင်ဖြစ်အောင် လုပ်ငန်းရှင်တွေကို လုံလောက်တဲ့အချိန် ပေးခဲ့ပါတယ်။ ကျွန်တော်တို့ စစ်ဆေးတော့မှ ငှားရမ်းထားတဲ့ ဒီတရားမဝင်တွေကို ဖမ်းမိရင် မကျေမနပ် မဖြစ်စေချင်ဘူး။ တရားမဝင်တွေ ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ပြီး ရာဇဝတ်မှုနဲ့ တရားမဝင် လှုပ်ရှားမှုတွေ လုပ်လာတဲ့အခါ လွယ်တာ မဟုတ်ဘူး'' ဟု The Sun သတင်းသို့ ၄င်းက ပြောကြားသည်။ စစ်ဆေးရေးအတွင်း ရဲ၊ စစ်တပ်၊ မြို့ပြလုံခြုံရေးတပ်၊ လဝက၊ လုပ်အားပေးတပ်ဖွဲ့ အားလုံးပေါင်း ၁ဝဝဝဝ ခန့် ပါဝင်မည်ဖြစ်ကြောင်း၊ Alias က ဆက်လက် ပြောကြားကြောင်း သိရပြီး ၄င်း၏ခန့်မှန်းချက်အရ နိုင်ငံတစ်ဝန်းတွင် နိုင်ငံခြားသား ခရီးသွား အထောက်အထား မရှိသူနှင့် ပါမစ်မရှိသူ ၂၈ဝဝဝဝ ခန့်ရှိကြောင်း၊ အများစုမှာ အင်ဒိုနီးရှားမှဖြစ်ပြီး ကျန်ရှိသူများမှာ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

ကျူးကျော်တဲများ ဆောက်လုပ်မှုမှာ ရပ်တန့်မှုမရှိဘဲ ဆက်လက် ဆောင်ရွက်လာ


ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပန်းလှိုင်တံတား အောက်ဝန်းကျင် ပန်းလှိုင်မြစ်ကမ်းဘေး လှိုင်သာယာ-တွံတေး ကားလမ်းဘေး ဝဲယာများတွင် အခြားဒေသမှ လာရောက်ပြီး လူအင်အားအစုအဖွဲ့များဖြင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှစ၍ တရားမဝင် ကျူးကျော်တဲ အဆောက်အအုံများ ဆောက်လုပ်လျက်ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့အထိ ပန်းလှိုင်တံတားအောက် ဝန်းကျင် ပန်းလှိုင်မြစ်ကမ်းဘေးနှင့် ကားလမ်းဘေး ဝဲယာတို့တွင် ဆောက်လုပ်ပြီး တဲ ၈၂ လုံး၊ ဆောက်လုပ်ဆဲ တဲ ၄၉၃ လုံး၊ တိုင်စိုက်ထူပြီး ဆောက်လုပ်ဆဲ တဲ အလုံး ၁၄၉ဝ စုစုပေါင်း ၂၈ဝ၄ လုံးထိရှိခဲ့ပြီး အချို့မှာ နေရာဦးထားကာ တစ်ဆင့်ထပ်မံ ရောင်းချမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ လူစုလူဝေးဖြင့် တရားမဝင် လာရောက်၍ ကျူးကျော်တဲ ဆောက်လုပ်နေမှုများအား သက်ဆိုင်ရာ မြို့နယ်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပြည်သူများက ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်း ကိုးကြိမ်၊ ဇန်နဝါရီလအတွင်း တစ်ကြိမ် ဖယ်ရှားရှင်းလင်းခြင်း၊ ကျူးကျော်ဆောက်လုပ်မှုများအား ဖယ်ရှားရေး၊ ဆက်လက်ကျူးကျော်ခြင်း မပြုရေးတို့အတွက် အသိပေးတားမြစ်ခြင်းကို နေ့စဉ် အသံချဲ့စက်ဖြင့် ဆော်သြခြင်း၊ နို့တစ်စာကပ်ခြင်း၊ လမ်းမကြီးများ၊ နယ်မြေမကျူးကျော်ရ ဆိုင်းဘုတ်များ စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်ကျူးကျော် ဆောက်လုပ်ခဲ့ကြသည်။ ထိုကဲ့သို့ တွံတေးမြို့နယ် အတွင်းရှိ အစိုးရပိုင်မြေ၊ လမ်းနယ်၊ ခလောက်ချိုင်ကျေးရွာ၊ ပဒါန်ရေကျော်ကျေးရွာနှင့် တမာတကော ကျေးရွာများတွင် အခြားဒေသမှ လာရောက်ကျူးကျော် ဆောက်လုပ်မှုများကို ဒေသခံများက ကျေနပ်မှုမရှိသဖြင့် ဒေသခံပြည်သူလူထု လုံခြုံရေး၊ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ရေးနှင့် ဥပဒေမဲ့ ကျူးကျော်သူများ ဖယ်ရှားပေးရေးအတွက် တမာတကော ကျေးရွာနေ ဦးကျော်စိုး (အဖ) ဦးကျော်လှက အင်အား ၁ဝဝ ဖြင့် ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီမှ ၈ နာရီအထိ ပန်းလှိုင်တံတား အနီးတွင် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ စုဝေးဆန္ဒ ဖော်ထုတ်ခဲ့သည်။ လူစုလူဝေးဖြင့် ကျူးကျော်တဲများ ဆောက်လုပ်မှုမှာ ရပ်တန့်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်လာသဖြင့် ဒေသခံပြည်သူများနှင့် ပဋိပက္ခအသွင် ရန်စောင်မှုများ ဖြစ်ပေါ်လာခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဒေသခံများအနေဖြင့် ညအချိန်တွင် ပြင်ပသို့ သွားလာရာ တွင် လုံခြုံမှုမရှိခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေမဲ့ ဆက်လက် ဆောင်ရွက်ခြင်းမျိုး ဆက်လက် မဖြစ်ပေါ်စေရေး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ ပူးပေါင်းအဖွဲ့သည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက် နံနက်စောစောတွင် ကျူးကျော်တဲများအား စတင်ဖယ်ရှားရာ ကျူးကျော်တဲ ၂၃၇၈ လုံး ဖျက်သိမ်းပြီးစီးခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ကျန်ရှိနေသည့် ကျူးကျော်တဲ ၄၂၆ လုံးအား ဆက်လက်ရှင်းလင်း ဖျက်သိမ်းလျက် ရှိသည်။ တရားမဝင် ကျူးကျော်တဲများအား ဖယ်ရှားရှင်းလင်းစဉ် တာဝန်ရှိအဖွဲ့အစည်းများနှင့် ဒေသခံများအား ခဲများ၊ လေးခွများနှင့် ပစ်ပေါက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးကျော်နေထိုင်သူ ၁၆ ဦးအား လှိုင်သာယာမြို့နယ် ရဲစခန်းနှင့် အင်းစိန်မြို့မ ရဲခစန်းများသို့ ခေါ်ဆောင်ပြီး တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

နိုင်ငံခြားသား သီးသန့် ရထားခရီးစဉ်များ ငှားရမ်းပြေးဆွဲပေးမည်


မန္တလေးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအတွက် ခရီးသွား ကုမ္ပဏီများမှ တစ်ဆင့် သီးသန့် မီးရထားတွဲဖြင့် ခရီးစဉ်များ ငှားရမ်းပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့မီးရထား၊ တိုင်း(၃)မှ သွားလာရေး/တိုင်း မန်နေဂျာ ဦးကျော်စိုးလင်းထံမှ သိရသည်။ ယင်းကဲ့သို့ နိုင်ငံခြားသားများအတွက် သီးသန့်ခရီးစဉ်များ ပြေးဆွဲရေးအတွက် နိုင်ငံခြားခရီးသွား ကုမ္ပဏီများကို ငှားရမ်းသွားမည်ဖြစ်ရာ ခရီးသွားကုမ္ပဏီများက တောင်းဆိုသည့် ခရီးစဉ်အလိုက် လက်မှတ်ခကို ဒေါ်လာဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “နိုင်ငံခြားသား ခရီးသည်တွေအတွက် သီးသန့်ခရီးစဉ်တွေ ပြေးဆွဲပေးမယ့် ရထားတွဲကလည်း မရှိသေးဘူး။ နိုင်ငံခြားသားတွေဘက်ကနေ ခရီးသွား ကုမ္ပဏီတွေကို ဘယ်မြို့တွေတော့ သွားချင်တယ်ဆိုပြီး တောင်းဆိုထားတာတွေ ရှိတယ်။ ပြီးတော့ နိုင်ငံခြား ဝင်ငွေရရှိဖို့ အတွက်လည်း ပါတာပေါ့” ဟု ဦးကျော်စိုးလင်းက ဆိုသည်။ နိုင်ငံခြားသားခရီးသည် အများစုသည် မီးရထား ခရီးစဉ်တွင် နဘား-ကသာ နှင့် ရွှေညောင်-ဟဲဟိုး ခရီးစဉ်များကို နှစ်သက်လေ့ ရှိသည့်အတွက် ယင်းခရီးစဉ်များကို အဓိက ပြေးဆွဲပေးသွားမည် ဖြစ်သည့်အပြင် မန္တလေး-ပုဂံ ခရီးစဉ်များကိုလည်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “နိုင်ငံခြားသား ခရီးသည်တွေကတော့ လေယာဉ်နဲ့ သွားကြတာ များတယ်။ ရထားနဲ့ သွားတာက ကားနဲ့သွားတာထက် မြန်တယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ခရီးစဉ် ဈေးနှုန်းလေးတွေ သိရရင် ပိုကောင်းတာပေါ့” ဟု Wai Thar Li Travels မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ ပြေးဆွဲပေးမည့် အထူးရထားတွဲဆိုင်းကို ဂျပန်နိုင်ငံမှ မှာယူတင်သွင်းထားခြင်း ဖြစ်ပြီး မြစ်ငယ်စက်ရုံ၌ ပြုပြင်ထားသည့် လေအေးပေးစက်ပါ အထူးတွဲဆိုင်း (အိပ်စင်+စားသောက်တွဲ+အထက်တန်း(ထိုင်ခုံ)တွဲ+အစည်းအဝေးသုံးတွဲ) ဖြစ်ကာ ခရီးသွားကုမ္ပဏီများက စတင်ကမ်းလှမ်းလာသည့် အချိန်မှစကာ ခရီးစဉ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "
khit lu nge

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပ


သတ္တမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲကော်မရှင်အစည်းအဝေးကို နေပြည်တော်၌ ဇန်နဝါရီ ၁၄ နှင့် ၁၅ ရက် များ တွင် ကျင်းပခဲ့ပြီး အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် နှစ်နိုင်ငံကြား လေကြောင်းပျံသန်းရေး၊ အာရှငွေကြေးရှင်းလင်းရေး စနစ် Asean Clearing Unit (ACU) ကို အသုံးပြုနိုင်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ သတင်း အချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ခဲ့ခြင်း အပါအ၀င် ကြားကုန်သွယ်မှုများ တိုးမြင့်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မရှင်ကို ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွဲ့ စည်း၍ အစည်းအဝေးများအား ၂ဝဝ၄ ခုနှစ်မှစ၍ ကျင်းပပြီး ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးများကို နှစ်စဉ် အပြန်အလှန် တလှည့်စီ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။
ဧရာဝတီ

တောင်တရုတ်ပင်လယ် အရေးသည် အာဆီယံ ဥက္ကဋ္ဌ မြန်မာ အတွက် စိန်ခေါ်မှုဖြစ်


တောင်တရုတ်ပင်လယ် အရေးသည် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရသည့် မြန်မာနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ပုဂံမြို့၌ ဇန်န၀ါရီ ၁၅ မှ ၁၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း၊ ဆွေးနွေးမည့် အကြောင်းအရာများကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (ASEAN Economy Community) ထူထောင်ရေး၊ အာဆီယံ ပဋိဉာဉ်၊ အရှေ့တီမောနိုင်ငံ အာဆီယံ အဖွဲ့ဝင် ဖြစ်ရေး၊ မြန်မာ့ ပြည်တွင်းရေး ပဋိက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဟု ခန့်မှန်းရကြောင်းနှင့် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံကြား နည်းပညာဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။
ဧရာဝတီ

Fujifilm Instax Mini 90 Neo Classic


အတွဲ (၁၅)၊ အမှတ် (၃)

ခုရိုက်ခုထွက် အိတ်ဆောင် အမျိုးအစား Fujifilm Instant Cam ကင်မရာလေးပဲ ဖြစ်ပါတယ်။ Shooting modes တွေနဲ့ Double exposure စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။



Price : £130
Internet Journal

ရန်ကုန်-ဒလ လူကူး ခုံးကျော်တံတား တည်ဆောက်မည်


ကမ်းနားလမ်းနှင့် ကွန်တိန်နာသွားလမ်းများကို ကျော်ဖြတ် တည်ဆောက်မည့် ခေတ်မီ စက်လှေကား တပ်ဆင်ထားသည့် ပန်းဆိုးတန်းနှင့် နန်းသီတာဆိပ်ကမ်း ပေါင်းကူး လူကူးခုံးကျော် တံတားသစ်ကို မကြာမီ တည်ဆောက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment Co., Ltd. – FMI တို့ ပူးပေါင်းတည်ဆောက်မည် ဖြစ်ကြောင်း နှင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက် နေ့က တည်ဆောက်မည့် မြေမြင်အနေအထားနှင့် ခရီးသွားလာမှုများကို မြို့တော် စည်ပင်နှင့် FMI ကုမ္ပဏီမှ တာဝန်ရှိသူများ က လေ့လာခဲ့ကြောင်း သိရသည်။
ဧရာဝတီ

ရန်ကုန်မြို့က မှတ်တမ်းရုပ်ရှင်တို့စုဝေးရာ



မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Documentary Film Library အား Human Dignity Film Institute ရုံးခန်း၌ ယနေ့စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

နိုင်ငံတကာမှ မှတ်တမ်းရုပ်ရှင်ကားအရေအတွက် ၃၀၀ ခန့်အား ကွန်ပျူတာများထဲ၌ သိုလှောင်ထားရှိပြီး ယင်းရုပ်ရှင်များကို ရုံးချိန်အတွင်း မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု့နိုင်မည်ဖြစ်သည်။

ကွန်ပျူတာများထဲရှိ မှတ်တမ်းရုပ်ရှင်အချို့ကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှု့နိုင်မည်ဖြစ်ပြီး ကျန်ရှိနေသော ရုပ်ရှင်ကားများကိုလည်း မြန်မာစာတန်းထိုးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Human Dignity Film Institute ရုံးခန်း၏ Documentary Film Library ထဲမှ မှတ်တမ်းရုပ်ရှင်များသည် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ အဖွဲ့အစည်းများနှင့် မှတ်တမ်းရုပ်ရှင်ဖန်တီးသူများထံမှ ဤ Library တွင် အသုံးပြုရန် တရားဝင်ရယူထားသော ရုပ်ရှင်များဖြစ်သည်။
မှတ်တမ်းရုပ်ရှင်အသစ်များ ထပ်မံဖြည့်စွက်နိုင်ရန်လည်း ဆက်လက်ကြိုးစားသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသား အဖွဲ့အစည်းတစ်ခုဖြစ်သော Human Dignity Film Institute အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ကျင်းပနိုင်ခဲ့သည်။

ယင်းရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခုအဖြစ် နိုင်ငံတကာမှတ်တမ်းရုပ်ရှင် အသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့၏။ ယခုနှစ် ၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ် လူ့အခွင့်ရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဆက်လက်ကျင်းပရန်အတွက် ပြည်တွင်းပြည်ပ ရုပ်ရှင်ကားများ စတင်ဖိတ်ခေါ်နေပြီ ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ခရီးသွားရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် မြို့ကြီးများတွင် ကျင်းပလျက်ရှိရာ မြို့ကြီး (၉) မြို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နောက်ထပ်မြို့ကြီး (၅) မြို့တွင် ဆက်လက်ကျင်းပရန် စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံသား အဖွဲ့အစည်းတစ်ခုဖြစ်သည့် Human Dignity Film Institute က ဦးစီးစီစဉ်သည့် ပထမဦးဆုံးသော မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုသင်တန်းကို စီစဉ်ပို့ချလျက်ရှိရာ ယခုအခါ သင်တန်းသား (၁၂) ယောက်သည် လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင်များ စတင်ရိုက်ကူးနေကြပြီ ဖြစ်သည်။

ယခုတစ်ဖန် မြန်မာနိုင်ငံ မှတ်တမ်းရုပ်ရှင်လောက၏ လိုအပ်ချက်အရ ဤ မှတ်တမ်းရုပ်ရှင် Library တစ်ခုကို စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

Human Dignity Film Institute
16th January 2014

(Human Dignity Film Institute အဖွဲ့အစည်းက ထုတ်ပြန်တဲ့ Documentary Film Library စတင် ဖွင့်လှစ်ခြင်း ဆိုတဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပါတယ်။
အပေါ်ပုံကတော့ ၂၀၁၃ ဇွန်လမှာ ဒီအဖွဲ့အစည်းက စီစဉ်တဲ့ အခမ်းအနားတခုရဲ့မြင်ကွင်း ဖြစ်ပါတယ်)
The Irrawaddy

မူဆယ်- ရွှေလီ ၀င်ပေါက်ကို နိုင်ငံတကာဝင်ပေါက်အဖြစ် အဆင့်မြှင့်မည်


လာမယ့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာ-တရုတ် နယ်စပ်၊ မူဆယ် – ရွှေလီ ၀င်ထွက်ပေါက်ကို နယ်စပ် ၀င်ထွက်ဂိတ်ပေါက်အဆင့်ကနေ နိုင်ငံတကာ ၀င်ထွက် ဂိတ်ပေါက်အဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

China Border 2ဇန်န၀ါရီ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂၀၁၄ -၁၅ အမျိုးသားဘဏ္ဍာရေး ဥပဒေကြမ်းကိစ္စ ဆွေးနွေးတဲ့အခါ သူက ခုလို ပြောသွားတာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာဂိတ်ပေါက်အဖြစ် ပြင်ဆင် သတ်မှတ်ပြီးရင် သက်ဆိုင်ရာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ တရုတ်နဲ့ နိုင်ငံခြားသားတွေဟာ မြန်မာဗီဇာ ရယူပြီး ၀င်ထွက်မှု လုပ်နိုင်မှာ ဖြစ်သလို မြန်မာပြည်အနှံ့အပြားကို သွားလာနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်ထဲက ဘယ်ထွက်ပေါက်ကနေ မဆို ပြန်လည် ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။

လ၀က ၀န်ကြီးဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၃ သြဂုတ် ၂၆ ရက်နေ့ကစပြီး မြန်မာ-ထိုင်း နယ်စပ် တာချီလိတ် – မဲဆိုင်၊ မြ၀တီ – မဲဆောက်၊ ကော့သောင်း – ရနောင်း၊ ထီးခီး- ဖူနာရွန် နယ်စပ်ဂိတ်တွေကို နိုင်ငံတကာဝင်ထွက်ပေါက်တွေအဖြစ် ခွင့်ပြုပေးခဲ့ပြီး ၄ လအတွင်း ခရီးသည် ၅၅၀၀ ကျော် ၀င်ထွက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရှင်းပြခဲ့ပါတယ်။
DVB

ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ


ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဇန်န၀ါရီ ၁၆ ရက်မှာ ဆက်ပြီး စခန်းချ နေကြဆဲပါ။

အရင်နေ့ကတော့ ဘန်ကောက်တမြို့လုံး ရပ်ဆိုင်းလုနီးပါး ဆန္ဒပြရင်း ဖိအားပေး နေတဲ့ကြားက ထိုင်းအစိုးရက ဖေဖော်ဝါရီရွေးကောက်ပွဲကို ဆက်ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတယောက်ကတော့ ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုဘန်ရဲ့ နောက်မှာ ဆက် ရပ်တည်ပြီး အစိုးရ နုတ်ထွက်အောင် ဖိအားပေးမယ်လို့ ပြောပါတယ်။

လက်ရှိ အစိုးရဟာ ဖေဖော်ဝါရီ ၂ ရက် မတိုင်မီထိ ဆက်မနေနိုင်ဘူးလို့ ဆန္ဒပြခေါင်းဆောင် ထိုင်းဒုဝန်ကြီးချုပ်ဟောင်း ဆူထေ့ပ်က မိန့်ခွန်းအတွင်း အခိုင်အမာပြောကြောင်း  ဆန္ဒပြသူတွေက ပြောပါတယ်။

တချို့ သဘောထားတင်းမာတဲ့ ဆန္ဒပြသူတွေကတော့ နောက်ဆုံးသတ်မှတ်ရက်အတွင်း ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးက ဆင်းမပေးရင် စတော့အိတ်ချိန်းနဲ့ လေကြောင်း ထိန်းချုပ်ရေးစခန်းတွေကို ပိတ်ဆို့မယ်လို့ ခြိမ်းခြောက်ခဲ့ကြကြောင်း မီဒီယာတွေက အစီရင်ခံပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအစောပိုင်းက စတင်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရှိန်မြင့်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေဟာ ထိုင်းနိုင်ငံရဲ့ ၈ နှစ်ကြာ နိုင်ငံရေးအကျပ်အတည်းရဲ့ နောက်ဆုံး အခန်းကဏ္ဍလည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်က ဆန္ဒပြခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းရေး အဆိုပြုချက်ကို ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်နဲ့ အတိုက်အခံတွေကတော့ အချိန်ဆွဲမှုသက်သက်အဖြစ် ရှုမြင်ပြီး သူဖိတ်ခေါ်ချက်ကို လက်မခံခဲ့ကြပါဘူး။

ဆွေးနွေးပွဲအပြီးမှာတော့ ထိုင်းအစိုးရက နဂို စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ဆက်လုပ်မယ်လို့ ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ လက်ရှိ အစိုးရကို ပြည်သူ့ကောင်စီနဲ့ အစားထိုး မပြီးမချင်း ဘန်ကောက်ရဲ့ အဓိကလမ်းမကြီးတွေကို ဆက်သိမ်းပိုက်ထားမယ်လို့ ပြောဆိုလိုက်ပါတယ်။
DVB

ပုပ္ပား တောင်သူတွေကို ခြောက်လှန့်နေတဲ့ ပိုဇိုလန် ကျိန်စာ

ချော်ပြာတူးဖော်ရေးစီမံကိန်းဟာ ပုပ္ပားတောင်ရဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်တယ်လို့ ပညာရှင်တွေကပြောပါတယ် (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

ချော်ပြာတူးယူထားမှုကြောင့် ပျက်စီးကုန်တဲ့ ဒေသခံတွေရဲ့ ယာမြေများ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ) 
ပုပ္ပားတောင်ခြေမှာမြင်တွေ့ရတဲ့ ပိုဇိုလန်စက်ရုံ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

 ချော်ပြာတွေ တူးဖော်ထားတဲ့ လုပ်ကွက်နဲ့အတူတွဲမြင်နေရတဲ့ ပိုဇိုလန် စက်ရုံ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

 ပိုဇိုလန် စက်ရုံအနီးရှိ တူးဖော်ပြီးသားချော်ပြာကုန်ကြမ်းတွကို သိုလှောင်တဲ့ ဂိုဒေါင်များ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရာသီမရွေး စိမ်းလန်းနေပြီး အသက်ဝင်နေတဲ့ ပန်ချီကားကြီး တချပ်လို ထည်ဝါနေတာကတော့ ပုပ္ပားတောင်ကြီးပါ။ ဒီပုပ္ပားတောင်ကြီးဟာ ဒေသခံအညာသူ၊ အညာသားတွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ပန်းချီးကားတချပ် ဖြစ်သလို မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ မီးတောင်ဟောင်းကြီး တခုလည်းဖြစ်ပါတယ်။

တောထူထပ်လှတဲ့ ပုပ္ပားတောင်ကြီးက ရာသီမရွေး အအေးဓာတ်ရှိပြီး သားရိုင်း တိရစ္ဆာန်မျိုးစုံနဲ့ ကျေးငှက်မျိုးစုံအတွက် လွတ်လပ်စွာ မှီခို ကျက်စားနိုင်သလို အနီးမှာရှိတဲ့ ကျေးရွာတွေနဲ့ ကျောက်ပန်းတောင်း မြို့တို့ သောက်သုံးရေ အတွက်လည်း ဒီတောင်ကြီးက ယိုစိမ့်လာတဲ့ စိမ့်စမ်းရေတွေက အကျိုးပြုပါတယ်။

ပုပ္ပားတောင်ကြီးက သူ့ကိုမှီခိုနေကြတဲ့ လူတွေနဲ့ သားရိုင်း တိရစ္ဆာန်တွေကို အကျိုးပြုမှုတွေရှိသလို လွန်ခဲ့တဲ့ နှစ် ၂ သိန်းခွဲ ခန့်တုန်းက မီးတောင်ပေါက်ကွဲရာမှ လွင့်စင်လာတဲ့ သဘာဝ ချော်ပြာ (Pozzolan) တွေကြောင့် တောင်ရဲ့ အနောက်ဘက် အခြမ်းမှာ နေထိုင်ကြတဲ့ ဒေသခံ အညာသူ၊ အညာသားတွေဟာ စိတ်ခြောက်ခြားမှုတွေ ခါးစည်းခံနေရတာမျိုးတွေလည်း ရှိပါတယ်။

“ချော်ပြာတွေ ကျနော်တို့ မြေတွေအောက်မှာ ရှိနေတာကိုက ကျနော်တို့ရွာတွေ ကျိန်စာမိနေသလိုပါပဲဗျာ” လို့ အသက် ၅၀ ခန့် အရွယ်ရှိပြီး ငါးရံ့ကုန်းရွာခံတဦးဖြစ်တဲ့ ဦးတင်ဝင်းက သူတို့ရွာသားတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မချိတင်ကဲ မျက်နှာထားနဲ့ ရင်ဖွင့်ပါတယ်။

ပုပ္ပားတောင်က ထွက်တဲ့ ချော်ပြာတွေဟာ ဘိလပ်မြေအဖြစ် အသုံးပြုရာမှာ အရည်အသွေး ပြည့်မီတယ်ဆိုတာကို စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာ စမ်းသပ် သိရှိသွားပြီးတဲ့နောက် ဒေသခံ ကျေးရွာတွေ ကံကြမ္မာဆိုးနဲ့ စတင်ကြုံတွေ့ရတော့မယ့် အကြောင်းတွေ ဖန်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ အမှတ် (၂) တည်ဆောက်ရေးရုံး၊ ရေအားလျှပ်စစ် ဦးစီးဌာန အနေနဲ့ ချော်ပြာတွေ ထုတ်ယူနိုင်ဖို့အတွက် ၂၀၀၂ ခုနှစ်ထဲမှာ ဒေသခံတွေရဲ့  စိုက်ပျိုးမြေတွေကို လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ ခွင့်ပြုချက် ချထားပေးလိုက်ပြီး မူလယာပိုင်ရှင်တွေ အနေနဲ့ ကျူးကျော်ခြင်း မလုပ်ဖို့ မန္တလေးတိုင်း၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂၀၀၂ ရက် ၇ လ ၁၅ ရက်နေ့မှာ အမိန့်ထုတ်ပြန်ပြီး အလွယ်တကူ သိမ်းယူလိုက်ပါတယ်။

ချော်ပြာတွေကို တူးဖော်ဖို့အတွက် စီမံကိန်းမြေဧရိယာထဲမှာ ကျရောက်နေတဲ့ ငါးရံ့ကုန်း၊ ကျောက်တံခါး၊ တောင်ပေါ်တောင်ပိုင်း၊ တောင်ပေါ်မြောက်ပိုင်း၊ ချိုင်းရွာ၊ မြောက်တောနဲ့ ကန်စပ်ကုန်း ကျေးရွာတွေ စိုက်ပျိုး လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးမြေဧက စုစုပေါင်း ၂၄၆.၂၀ ဧက ကို နိုင်ငံပိုင်မြေအဖြစ် သိမ်းယူလိုက်ပါတယ်။ ဒီစီမံကိန်း လုပ်ဆောင်ဖို့အတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်စာတွေထဲမှာလည်း ဒီမှတ်တမ်းတွေကို တွေ့ရှိရပါတယ်။

ဦးတင်ဝင်း ကတော့ မြေအသိမ်းခံလိုက်ရတဲ့ အထဲမှာ သူ့ဘိုးဘွားပိုင်မြေ ၆ ဧက ပါသွားတယ်လို့ ဆိုပါတယ်။ အသိမ်းခံရစဉ် ကာလတုန်းက အာဏာပိုင်တွေဘက်က ၃ နှစ်စာ သီးနှံလျော်ကြေး တဧက ၆ သောင်း ပေးမယ်လို့ မူလက နှုတ်ကတိ ပေးခဲ့ပေမယ့် လက်တွေ့မှာ တနှစ်စာပဲ ပေးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒါကလည်း ရရှိတဲ့လူက အနည်းငယ်သာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၀၃ ခုနှစ်ထဲမှာတော့ ငါးရံ့ကုန်းရွာအနီးမှာ Natural Pozzolan Stock Pile စက်ရုံကြီး တည်ဆောက်ခဲ့ပြီး စတင်လည်ပတ်ခဲ့ပါတယ်။

ချက်ချင်း မတူးဖော်ဖြစ်သေတဲ့ သိမ်းဆည်းပြီး လယ်ယာမြေတွေကိုတော့ စက်ရုံက မတူးဖော် ဖြစ်သေးမီကာလထိ တဧကကို ၇၀၀၀ ကျပ်နှုန်းနဲ့ သီးစားခယူပြီး လုပ်ကိုင်ခွင့် ပြန်ချပေးတယ်လို့ ဆိုပါတယ်။ ဒါကို ဒေသခံတွေက လုံးဝ မကြိုက်ကြပါဘူး၊ ဒါပေမယ့် လုပ်ကိုင် စားသောက်စရာ မရှိတဲ့အတွက် ဒေသခံတွေက လက်ခံခဲ့ကြရတယ်လို့ ပြောဆိုကြပါတယ်။

မြေ ၅ ဧက အသိမ်းခံရတဲ့ တောင်ပေါ်တောင်ရွာမှ ဦးမြသောင်းက “ကျနော်တို့ မြေတွေကို လျှော်ကြေးမရဘဲ အဓမ္မသိမ်းတဲ့သူဟာ တခြားနိုင်ငံကလာတဲ့ စက်ရုံတွေ မဟုတ်ဘူး၊ ကျနော်တို့ အစိုးရဗျ။ အဲဒီတုန်းက အာဏာရှင်ခေတ်ဆိုတော့ ကျနော်တို့ အနေနဲ့ အသိမ်းခံလိုက်ရပေမယ့် ဘာမှ ပြောခွင့်မရှိဘူး၊ ခံရတာပဲ” လို့ ဆိုပါတယ်။

သူတို့ယာမြေတွေရဲ့ အောက် ၄ ပေလောက်မှာရှိတဲ့ ချော်ပြာတွေကို မြေတူးစက်တွေနဲ့ ထိုးယူဖို့အတွက် လယ်ယာမြေ အပေါ်ယံ မြေဆီလွှာတွေကို အရင်ဆုံး တူးဖော် ဖယ်ထုတ်ပစ်ရပါတယ်။ ဖယ်ထုတ်ခံရတဲ့ မြေဇာတွေ အပုံခံရတဲ့ ယာတွေကလည်း လုပ်ကိုင် စားသောက်လို့ မရကြပြန်ပါဘူး။

ချော်ပြာတွေဟာ ဘိလပ်မြေအဖြစ် အသုံးပြုရာမှာ ဘိလပ်မြေထက် ၃ ဆ မာကျောတယ်လို့ သိရပြီး ချော်ပြာနဲ့ ပြုလုပ်ထားတဲ့ အင်္ဂတေတွေဟာ ရေစိမ့်ယိုမှု၊ အက်ကြောင်းများမဖြစ်စေမှု စတဲ့ အရည်အသွေးသတ္တိတွေ ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ပုပ္ပားတောင်ခြေက ရရှိတဲ့ ချော်ပြာတွေကို အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက မြန်မာနိုင်ငံမှာ ဆောက်လုပ်နေတဲ့ ရေကာတာတွေမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

ဒေသခံတွေက သူတို့ပိုင်တဲ့ ယာမြေတွေကို မူလက ပဲစင်းငုံ၊ မြေပဲနဲ့ ခရမ်းချဉ်တွေကို တနှစ်ကို သီးနှံ ၂ မျိုး စိုက်ပျိုးကြပြီး တနှစ်ကို တဧက ကျပ် သိန်း ၂၀ နှုန်း ဝင်ငွေရှိတယ်လို့ ဆိုပါတယ်။ အစိုးရက မြေတွေသိမ်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ လယ်ယာမြေတွေ အသိမ်းခံလိုက်ရတဲ့ ရွာတွေမှာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ အဖက်ဖက်က ကျဆင်း သွားတယ်လို့ သိရပါတယ်။

ဘိုးဘွားပိုင် ယာ ၂ ဧက အသိမ်းခံထားရတဲ့ ငါးရံ့ကုန်း ရွာသား ကိုကျော်မိုးလွင်က “ကျုပ်တို့ရွာက ရွာသာ ငယ်ပေမယ့် ချမ်းသာခဲ့တယ်ဗျ။ ယာတွေ အသိမ်းမခံခင်ကဆိုရင် ဘေးရွာတွေမှာ လူငှားထွက်လုပ်ရတယ်ဆိုတာ မရှိဘူး။ အခုဆို သူများ အလုပ်တွေ ထွက်လုပ်နေကြရတယ်။ လူငယ်တွေဆို မလေးရှား ထွက်ကုန်တယ်။ ရွာက သာရေး နာရေး ကိစ္စက အစ အရင်ကလို မလုပ်နိုင်တော့ဘူး။ အခုနောက်ပိုင်း သားရှင်ပြုပွဲတွေဆို ဆိုင်းတောင် မပါတော့ဘူးဗျာ” လို့ အရင်တုန်းက အခြေအနေတွေနဲ့ နိုင်းယှဉ်ပြီး ပြန်ပြောပြပါတယ်။

Natural Pozzolan Stock Pile စက်ရုံကြီး တည်ဆောက်ထားတဲ့ မြေဟာ ကိုကျော်မိုးလွင် မိဘတွေ ပိုင်ဆိုင်ခဲ့တဲ့ မြေဖြစ်ပြီး စက်ရုံက ကုန်ကြမ်းသိုလှောင်ရုံနဲ့ သူ့အိမ်ဟာ ပေ ၂၀ သာ ဝေးကွာတဲ့အတွက် စက်ရုံလည်ပတ်တဲ့နေ့တွေဆိုရင် ချော်ပြာ အမှုန့်တွေ အတားအဆီးမဲ့ ဝင်ရောက်လာလို့ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ စက်ရုံဘက်ကလည်း ဒီကိစ္စကို လုံးဝ ဂရုမစိုက်ဘဲ လုပ်နေတာဟာ ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့  ယာမြေတွေဟာဆိုရင်လည်း ချော်ပြာတွေ တူးဖော်တဲ့အတွက် ချိုင့်ခွက်၊ ချောက်ကမ်းပါးတွေဖြစ်ပေါ်နေပြီး သစ်ပင်၊ သစ်တောတွေလည်း ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ချော်ပြာမှုန့်၊ ဖုန်မှုန့်တွေ ပျံ့လွင့်မှုကြောင့် လေအောက်မှာရှိတဲ့ စိုက်ခင်းအချို့ က သီးနှံတွေလည်း ပျက်စီးခဲ့ရပါတယ်။

ပုပ္ပားတောင်ကြီးက ယိုစိမ့်လာတဲ့ စိမ့်စမ်းရေတွေထဲကို ချော်ပြာမှုန့်တွေ ကျရောက်မှုနဲ့ စီမံကိန်းက အညစ်အကြေးတွေကြောင့် တောင်အနောက်ဘက် အခြမ်းက ရေထွက်တွေကို သုံးနေကြတဲ့ ကျေးရွာတွေအတွက် အန္တရယ်များနေတယ်လို့ ရေတွေကို ယူပြီး ဓာတ်ခွဲစမ်းသပ်ခဲ့တဲ့ ပုပ္ပားတောင် ချစ်သူများအဖွဲ့မှ ကိုမင်းစံက ပြောပြပါတယ်။

“ဒီဘက်အခြမ်းက ရေထွက်က ရေတွေကို သုံးနေတဲ့ ရွာတွေအတွက်တော့ ရင်လေးစရာပါ။ ကျနော်တို့ ရေတွေကို ရန်ကုန် ယူသွားပြီး ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့ အခါမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေပါနေတယ်” လို့ ကိုမင်းစံက ရှင်းပြပါတယ်။

ဒေသခံ တွေကြုံတွေ့နေရတဲ့ အခြေနေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ ဇော်မြင့်မောင်က လွှတ်တော်မှာထဲမှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ လက်ရှိ ခံစားနေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

တင်ပြတဲ့ အချက်တွေထဲမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး ပိုဇိုလန် စက်ရုံကြောင့် ပတ်ဝန်းကျင် ကျေးရွာများအပေါ် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု (HIA)၊ လူမှုရေးဆိုင်ရာ သက်ရောက်မှု (SIA)၊ ပတ်ဝန်းကျင် ထိခိုက်ဆိုင်ရာ သက်ရောက်မှု (EIA) စတဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်ထားခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ပေမယ့် လွှတ်တော်က ဆွေးနွေးဆုံးဖြတ်မှုတွေ မပြုလုပ်ပေးပါဘူးလို့ သိရပါတယ်။

ပုပ္ပားတောင် စိမ်းလန်းစိုပြေရေးအတွက် ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း အစိုးရလက်အောက်မှာ လုပ်ကိုင်ခဲ့ပြီး အခုလက်ရှိ သစ်တောသယံ ဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှာ ဥက္ကဌ အဖြစ်နဲ့ ဆောင်ရွက်နေတဲ့ ဦးအုန်း ကတော့ ဒေသခံလူထု၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို မျက်ကွယ်ပြု လုပ်ဆောင်နေတယ်ဆိုပြီး အစိုးရရဲ့ ပိုဇိုလန် စီမံကိန်းအပေါ် ပြစ်တင်ရှုံ့ချပါတယ်။

“ဒီပိုဇိုလန် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ယာတွေ ချောက်တွေဖြစ်ပြီး ပျက်စီးကုန်တယ်။ အစိုးရအနေနဲ့ တခုခုလုပ်မယ်ဆိုရင် ကြိုတင်ပြီး Study လုပ်ရမယ်။ ဒါကြောင့် ပတ်ဝတ်ဝန်းကျင် ထိခိုက်မှု ဘယ်လောက်ရှိတယ်၊ လူတွေကို ဘယ်လောက် အန္တရာယ် ဖြစ်တယ်၊ ဒါတွေ ဘာမှ မစဉ်စားဘဲ လုပ်ချင်ရာလုပ်လို့ အဲဒီဒုက္ခတွေက အခုလို ဒေသခံတွေက ခါးစည်းခံနေရတာ။ တာဝန်မဲ့ အစိုးရလို့ ကျနော်စွပ်စွဲရတော့မလို ဖြစ်နေပြီ။ စီးပွားရေးတခုတည်း ဇောင်းပေးပြီး လုပ်နေမယ်ဆိုရင် တိုင်းပြည်စုတ်ပြတ်သွားမယ်” လို့ ဦးအုန်းက ပြောဆိုပါတယ်။

အစိုးရလုပ်ထားတဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းတွေထဲမှာ အခု ပိုဇိုလန် စီမံကိန်း အပါအဝင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ မြန်မာနိုင်ငံအတွင်းက ရေကာတာ စီမံကိန်းတွေဟာ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု (HIA)၊ လူမှုရေးဆိုင်ရာ သက်ရောက်မှု (SIA)၊ ပတ်ဝန်းကျင် ထိခိုက်ဆိုင်ရာ သက်ရောက်မှု (EIA) စတဲ့ နိုင်ငံ တကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာကျင့်သုံးမှုမရှိဘူးလို့လည်း ဆိုပါတယ်။

“အစိုးရလုပ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီမံကိန်းတွေ အကုန်လုံးက စီးပွားရေးတခုတည်းကိုပဲ ကြည့်ပြီးလုပ်တာ၊ လူတွေဘာဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင် ပျက်ချင်ပျက်၊ ဘာမှမစဉ်းစားဘူး။ ကျနော် စိတ်မကောင်းဘူး။ အပြစ်ပြောတာမဟုတ်ဘူး၊ တိုင်းပြည် ကောင်းအောင် လုပ်တယ်ဆိုရင် စီးပွားရေးတခုတည်း မဟုတ်ဘူး၊ လူမှုရေးရော၊ ပတ်ဝန်းကျင်ရော အားလုံး ခြုံစဉ်းစားရမယ်။ အဲဒီလို မစဉ်းစားလို့ အခုလို ပြည်သူတွေ ဒုက္ခတွေရောက်ကုန်ကြရတာ” လို့ ဦးအုန်းက ဆက်ပြောပါတယ်။

Natural Pozzolan Stock Pile စက်ရုံကြီးကို ငါးရံ့ကုန်းကျေးရွာထဲမှာပဲ တည်ဆောက်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါဟာ ငါးရံ့ကုန်းရွာသားတွေ အတွက်တော့ ကျန်းမာရေးအရ စိုးရိမ်စရာဖြစ်ပါတယ်။ စက်ရုံကထွက်တဲ့ ဖုန်မှုန့်တွေဟာ ရွာထဲကအိမ်တွေနဲ့ အနီးတဝိုက်မှာရှိတဲ့ စိုက်ခင်းတွေပေါ်ကို ကျရောက်နေတာလည်း မြင်ခဲ့ရပါတယ်။

မူလပိုင်ရှင်တွေကတော့ အစိုးရအနေနဲ့ သူတို့ရဲ့  လယ်ယာမြေတွေကို အာဏာအသုံးပြုပြီး သိမ်းယူသွားတာ ဖြစ်ပေမယ့် စီမံကိန်းကို လုံးဝ ဖျက်သိမ်းပေးရမယ်ဆိုတဲ့ သဘောမျိုး ပြောဆိုတာမျိုးတွေတော့ မတွေ့ခဲ့ရပါဘူး။ သူတို့ လိုချင်တာက ကာလ ပေါက်ဈေး အတိုင်း တန်ရာတန်ကြေး လျော်ပေးဖို့နဲ့ သိမ်းထားပြီး မတူးဖြစ်သေးတဲ့ မြေယာတွေကို ပြန်ပေးဖို့ ကိုပဲ မျှော်လင့်နေကြပါတယ်။

“အစိုးရက နိုင်ငံတော်အတွက် လိုအပ်လို့ ကျနော်တို့ ယာမြေတွေကို သိမ်းတယ်ဆိုရင်လည်း ကျနော်တို့က နိုင်ငံ ကောင်းစားဖို့ အတွက်ဆိုရင် လက်ခံရမှာပါ။ ဒါပေမယ့် တန်ရာတန်ကြေးတော့ ပေးရမှာပဲ၊ မပေးပေးတဲ့အထိ တောင်းဖို့ ကျနော်တို့ မြေသိမ်းခံ တောင်သူတွေ စုပေါင်းပြီး သဘောတူပြီးပြီလည်း ဖြစ်ပါတယ်” လို့ အသက် ၆၀ အရွယ် တောင်ပေါ်တောင်ပိုင်း ရွာခံတဦးက သူတို့ ဆုံးဖြတ်ထားမှုကို ရှင်းပြပါတယ်။

မြေယာတွေ အသိမ်းခံထားရတဲ့ ငါးရံ့ကုန်း၊ ကျောက်တံခါး၊ တောင်ပေါ်တောင်ပိုင်း၊ တောင်ပေါ် မြောက်ပိုင်း၊ ချိုင်းရွာ၊ မြောက်တောနဲ့ ကန်စပ်ကုန်း ကျေးရွာခံတွေက ပိုဇိုလန် စီမံကိန်းကြီး ရောက်လာကတည်းက ကြမ္မာဆိုးတခုလို သူတို့ကို ဒုက္ခပေါင်းစုံ ကြုံတွေ့ နေကြရတဲ့အကြောင်း လက်ရှိ အစိုးရသစ်လက်ထက်မှာလည်း သက်ဆိုင်ရာအဆင့်ဆင့်ကို နိုင်ငံတော်အထိ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေဘက်က အလေးထားဆောင်ရွက်မှု တခုမှ လုပ်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။ အခုတော့ လယ်သိမ်းခံရွာသားတွေက သူတို့ ရပိုင်ခွင့်တွေကို ရအောင်တောင်းဖို့ ညီညွှတ်နေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ သူတို့ တောင်းဆိုချက်တွေကို အစိုးရဘက်က ကြိုတင် မညှိနှိုင်းနိုင်ရင်တော့ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းလို ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေက သူတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့ မြေတွေအောက်ကနေ အဖိုးတန် သဘာဝ ချော်ပြာတွေ ရှိနေတာကို အစိုးရ သိသွားပြီးတဲ့နောက် ဒေသခံတွေအနေနဲ့ ဘာအကျိုး အမြတ်မှ မခံစားရဘဲ မြေတွေ အဓမ္မ အသိမ်းခံလိုက်ရတဲ့ အပြင် ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး၊ လူမှုရေးတွေ ချွတ်ခြုံကျခဲ့ရတဲ့ အခြေအနေတွေကို ထွက်ပေါက်ရှာနေကြပါတယ်။ ကျိန်စာ သင့်သလို ခံနေရတဲ့ အဖြစ်အပျက်ထဲကနေ သူတို့ ရုန်းထွက်လိုနေကြတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေတင် မကဘူး။ အခုကျနော်တို့ ငါးရံ့ကုန်းရွာ ပတ်လည်ကိုလည်း ထိုးထားတာ၊ ကျနော်တို့ရဲ့  နောင်လာနောင်သား အိမ်ထောင်ကျလို့ အိမ်ထောင်ခွဲနေမယ် ဆိုရင်တောင် မြေမရှိတော့ဘူးဗျာ၊ ရက်စက်လွန်းတယ်။ အခုလို လုပ်နေတာဟာ ကျနော်တို့အတွက် လည်ပင်းကို တိုက်ရိုက် နင်းသတ်တာကမှ သက်သာဦးမယ်ဗျာ” လို့ ငါးရံ့ကုန်းရွာသား ဦးတင်ဝင်းက ပြောပါတယ်။
ဧရာဝတီ

ပေါက်တော ဆင်​တက်​​မော်​ မွတ်ဆလင် ဒုက္ခသည်​စခန်း မီး​လောင်


(နိရဉ္စရာ- ၁၆ ဇန်န၀ါရီ ၂၀၁၄) / လင်းမြတ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင် ဒုက္ခသည် စခန်းတွင် ယနေ့နံနက်က မီးလောင်းမူ ဖြစ်ပွားရာ အနည်းဆုံး အဆောင် ၃၀ ကျော်မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ မီးလောင်မူ ဖြစ်ပွားခဲ့ခြင်းကို ၎င်းမီးလောင်ရာသို့ စစ်ဆေးရန် ရောက်နေသူ ရဲအရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ မီးစလောင်တာက နံနက် တစ်နာရီခန့်မှာ အဆောင်အမှတ် ၈၇ က စလောင်တယ်။ အဲဒီအဆောင်က ဘင်္ဂလီလူမျိုး ဟန်​နီဘာ အသက်​ ၅၀ နှစ်​ နေတဲ့ အဆောင်ဖြစ်တယ်။ မီးက ၁ နာရီ မိနစ် ၅၀ မှာမီးက ငြိမ်းသွားတယ်” ဟု ၎င်းရဲအရာရှိက ပြောသည်။

မီးလောင်မူကြောင့် ရှစ်​ခန်းတွဲ ​အ​ဆောင်​ ၃၁ လုံး၊ မီးဖိုဆောင် ၆  ခု၊ စာသင်​​ကျောင်းဆောင် ၂ ခု အပါအ၀င် စုစု​ပေါင်း အဆောက်အဦး ၃၉ လုံး မီး​လောက်ပျက်စီးသွားခဲ့သည်ဟု သူက ဆိုသည်။

မီးလောင်ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းကို စတင်စစ်ဆေးနေကြောင်း သိရသည်။

ယခုအခါ မီးလောင်မူ ဖြစ်ပွားရာ ဆင်တက်မော် ဒုက္ခသည်​စခန်းသို့  ရခိုင်​ပြည်​နယ်​ အစိုးရ အဖွဲ့ဝင်​၀န်​ကြီးနှစ်​ဦး အပါအ၀င်​ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ စစ်​တပ်​နှင့်​ ရဲတာဝန်ရှိသူ အများအပြား ​ရောက်​ရှိ​နေ​ကြောင်း ဆက်တက်မော် ဒေသခံများက ပြောသည်။

ပေါက်တောမြို့နယ် အတွင်းရှိ မွတ်ဆလင် ဒုက္ခသည် စခန်းမီးလောင်မူမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ဘဲ လွန်ခဲ့သောနှစ်ကလည်း ငှက်ချောင်း မွတ်ဆလင် စခန်းမီးလောင်မူကြောင့် အဆောင် (၃၅) ဆောင်မီးထဲပါသွားခဲ့သည်။
Narinjara

လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက်


ဒဏ်ရာရ လူနားအချို့

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ်အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဆိုပါ ခရီးသည်တင်ကားဟာ သင်္ကန်းကြီးကနေ လပွတ္တာမြို့ကို အလာ ၁၀ မိုင် ၅ ဖာလုံအရာက်မှာ ဆိုင်ကယ်ကိုရှောင်ရင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ လပွတ္တာ ယာဉ်ထိန်းရဲ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိသူ ၁၆ ဦးထဲက အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ဒဏ်ရာရရှိ သူတွေကို လပွတ္တာမြို့နယ် ၃ မိုင် ကုတင် ၂၀၀ ဆေးရုံမှာ ပို့ဆောင်ကုသနေတယ်လို့ လူနာတွေကို သွားရောက် တင်ဆောင်ခဲ့တဲ့ လပွတ္တာ နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ဦးမင်မင်းအောင်က ပြောပါတယ်။

တိမ်းမှောက်မှုဖြစ်တဲ့ ကားဟာ ဒိုင်နာအမျိုးအစား ခရီးသည်တင်ကားဖြစ်တယ်လို့ ဆိုပါတယ်။ လပွတ္တာနဲ့ သင်္ကန်းကြီးရွာဟာ မိုင် ၂၀ လောက်ကွာဝေးပါတယ်။
DVB

စည်းကမ်းမဲ့ရပ်ထားသည့် ဆိုင်ကယ်အားစစ်ဆေးစဉ် ဆိုင်ကယ်စီးနင်းသူများမှ ကတ်ကြေးဖြင့်ထိုး၊ လေထိုးပိုက်ဖြင့်ရိုက်၍ ဖမ်းဆီးရေးအဖွဲ့ဝင်(၂)ဦးဒဏ်ရာရရှိခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူများ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အဖမ်းခံခဲ့


ရန်ကုန်၊ ဇန်န၀ါရီ ၁၅

၂၉.၁၂.၂၀၁၃ရက်နေ့ ၀၈၀၀အချိန်မှစ၍ အင်းစိန်မြို့နယ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊
အောင်ဆန်းရပ်ကွက်၊ ဒညင်းကုန်းရပ်ကွက်၊ စဉ့်ငူရပ်ကွက်တို့မှ
ရာအိမ်မှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ဆိုင်ကယ်များအား လှည့်လည်ဖမ်းဆီးရေးတာဝန်
ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်စဉ် ၁၀၁၅အချိန်ခန့်တွင် ဒညင်းကုန်းလမ်းဆုံအနီး
ပြင်စည်မင်းသားကြီးလမ်းမပေါ်၌ စည်းကမ်းမဲ့ရပ်ထားသည့် JLM-125 အနီရောင်ဆိုင်ကယ် (၁)စီးအားတွေ့ရှိသဖြင့် စစ်ဆေးနေစဉ် စစ်ဆေးရေးအဖွဲ့၌ပါရှိသောအင်းစိန်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ကျော်ကျော်လှိုင်နှင့် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးအဆင့်(၁)ဦးအာကာတို့အား ဆိုင်ကယ်စီးနင်းသူ ဗျားကြီး(ခ)ခင်အေးမှ ကတ်ကြေးဖြင့်ထိုးပြီး ထော်ကြီး(ခ)မျိုးမင်းအောင်မှ အနီးရှိလေထိုးဆိုင်ရှိ လေထိုးပိုက်ဖြင့်ဝင်ရောက်ရိုက်နှက်ကာ ဆိုင်ကယ်အားမောင်းနှင်ထွက်ပြေးသွားခဲ့ကြပါသည်။

အဆိုပါဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် ကျော်ကျော်လှိုင်၌ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်ခုံပြတ်ရှဒဏ်ရာ(၁)ချက်၊ စာရေးဦးအာကာ၌ကျောပြင်ယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊
ဝဲလက်မ၊ ယာလက်မောင်း၊၀ဲတံတောင်တို့တွင်ပြတ်ရှဒဏ်ရာများ
ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာများအဖြစ် တက်ရောက် ကုသခဲ့ရသောကြောင့် ဗျားကြီး(ခ)ခင်အေးနှင့်ထော်ကြီး(ခ)မျိုးမင်းအောင် တို့(၂)ဦးအား အင်းစိန်မြို့မရဲစခန်း(ပ)၁၃၄၅/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၃၃/၁၁၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၃.၁.၂၀၁၄ရက်နေ့ ၁၅၀၀အချိန်တွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့်
ရွှေပြည်သာမြို့နယ်၊ မိချောင်းအိုင်ရွာသစ်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ
များဖြစ်သော ဗျားကြီး(ခ)ခင်အေး (ဘ)ဦးကျော်ဆင့်နှင့် ထော်ကြီး (ခ)မျိုးမင်းအောင် (ဘ)ဦးနေ၀င်းတို့(၂)ဦးမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနသို့ ဆက်သွယ်လာကာ အဖမ်းခံခဲ့ကြပြီး ပြစ်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့
ကြသည့်သက်သေခံကတ်ကြေးနှင့် လေထိုးပိုက်တိုအား
အပ်နှံပေးခဲ့သဖြင့် သိမ်းဆည်းကာ အမှုဖြင့်ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

တစ်ချို့လူတွေက စိတ်ဓာတ်ကို ယုတ်ညံ့ကြတာပါဗျာ


အထက်ပါပုံက ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင် မြို့တော်ခန်းမကြီးရှေ့မှာ ကားပါကင်လုပ်ပြီးတော့ အရိပ်ရအောင် စိုက်ထားတဲ့ အပင်လေးပါ။ လူတွေရဲ့ထုံးစံအတိုင်း အပင်ရှိရင် ကွမ်းတံတွေးထွေးကြလွန်းလို့ ထင်ပါတယ် အပင်ပေါ်မှာ စာတစ်ခုကပ်ထားပါတယ်။

ဈေးမရောင်းရ
အမှိုက်မပြစ်ရ
ကွမ်းတံတွေးမထွေးရ

ဆိုတဲ့စာလေးပါ။ ဒီလိုစာတွေကတော့ နေရာတကာ နိုင်ငံတကာမှာ တွေ့ရတဲ့ သတိပေးစာအမျိုးအစား တစ်ခုသာဖြစ်ပါတယ်။ ဒီအထိက ဘာမှပြဿနာမရှိသေးပါဘူး။ ဒါပေမယ့် ပုံကို ကလစ်နှိပ်ကြည့်ရင် အဲဒီသတိပေးစာအပေါ် တည့်တည့်မှာ ကွမ်းတံတွေး ထွေးထားတာကို တွေ့ရပါလိမ့်မယ်။ 

ကဲ ... ဘယ်လောက်အထိ မိုက်ရိုင်းသလဲဗျာ?


ကိုယ့်တိုင်းပြည်ရဲ့ သိက္ခာကို လူတကာအမြင်မှာ မကျ ကျအောင် လုပ်နေတာနဲ့အတူတူပဲ။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ဆိုတာ နိုင်ငံတကာက ဧည့်သည်တွေ ခြေချင်းလိမ်နေတဲ့နေရာ။ ဒီလိုနေရာမှာ ဒီလိုမျိုးလုပ်တော့ ကိုယ့်နိုင်ငံသိက္ခာ ဘယ်ရောက်သွားမလဲ?

ဒီလောက်ကတော့ကွာ နိုင်ငံခြားသားတွေလည်း မြန်မာစာမဖတ်တတ်ပါဘူး။ ကွမ်းတံတွေးထွေးထားတယ်ဆိုတာလည်း ကပ်ကြည့်မှ မြင်ရတာပါကွာ။ ထွေးစရာနေရာလည်း မရှိလို့နေမှာပါ လို့ ဆိုချင်ဆိုကြပါလိမ့်မယ်။

ထွေးစရာ အဲဒီနားမှာ သုံးသိန်းတန် အစိမ်းရောင် အမှိုက်ပုံးတစ်ခုရှိပါတယ်။ အမှိုက်ပုံးကိုတော့ ဓာတ်ပုံရိုက်ခဲ့ဖို့ မေ့သွားပါတယ်။ မမြင်ဖူးသူများ ကြည့်ဖို့အတွက်တော့ အောက်မှာ တင်ပေးလိုက်ပါတယ်။


နိုင်ငံခြားသားတွေ မြန်မာစာ မဖတ်တတ်ပါဘူး။ ကပ်ကြည့်မှမြင်ရတာပါဆိုသူများအတွက် အောက်ကပုံကိုကြည့်ပါ။ စာတတ်စရာမလိုပဲ စိတ်ဓာတ်ယုတ်ညံ့မှုကို ပေါ်လွင်စေပါတယ်။ သေချာမမြင်ရရင် ပုံကိုနှိပ်ကြည့်ပါ။ အပြင်မှာတော့ မြင်လို့တောင်မကောင်းပါ။



အဲတော့ ... လုပ်တဲ့သူက စာရိတ္တမကောင်းတာ ပြဿနာမဟုတ်ဘူး။ အရင်ကလို နိုင်ငံဆိုလည်းပြဿနာမရှိဘူး။ အခုက အဘက်ဘက်က ပြုပြင်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံပါလားဆိုပြီး မကူညီတဲ့အပြင် သတိပေးထားတဲ့နေရာမှာပါ ဆန့်ကျင်တဲ့အလုပ်ကို လုပ်တယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိလို့ ခင်ဗျားတို့ပဲ comment ရေးခဲ့ကြတော့ဗျာ။ (တာဝန်ရှိသူတွေကရော မမြင်မိတာလား စဉ်းစားစရာပါပဲ)

Myanmar CNN မှ တင်ဆက်သည်။



အထက်မြန်မာပြည်မှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဖွဲ့


အထက်မြန်မာပြည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (သာသန ဝံသပါလ) ကို မန္တလေးမြို့မှာ ဖွဲ့ စည်းလိုက်ပါတယ်။  ဖွဲ့ စည်းခြင်း အခမ်းအနားကို မနေ့က မန္တလေးမြို့၊ မဟာအတုလဝေယန် (အတုမရှိ)  ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ကြပါတယ်။

အဲဒီအခမ်းအနားမှာ အနယ်နယ် အရပ်ရပ်မှ သံဃာ တော် အပါး ၁၀၀၀၀ခန့်  တက်ရောက်ခဲ့ကြပြီး သီတဂူ ဆရာတော် အရှင်ဥာဏိသရလည်း တက်ရောက်သြဝါဒစကားချီးမြှင့် ခဲ့ကြောင်းသိရှိရပါတယ်။  အခမ်းအနားမြင်ကွင်းများကို ဖော်ပြပေးလိုက်ပါတယ်။











The Irrawaddy
ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ

မတရားကျင့်တယ်လို့စွပ်စွဲခံနေရတဲ့စစ်သားကို အရပ်ဘက်မှာ စစ်ဆေးရေး


ပြီးခဲ့တဲ့လအတွင်း ရေးမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးကို မတရားပြုကျင့်တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ တပ်မတော်သားကို အာဏာပိုင်တို့က
ထိုက်သင့်သလို  စစ်ဆေး စီရင်မှာလားလို့ မွန်အမျိုးသမီးအရုံး (MWO) က မေးခွန်းထုတ်လိုက်ပါတယ်။

ရေးမြို့နယ်တောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ဒီအမှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူကတော့  အမှတ် ၃၁ ခြေလျင်တပ်ရင်းက ရဲဘော်တဦးဖြစ်ပါတယ်။

အဲဒီစစ်သားကို တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရကြောင်း MWO အဖွဲ့က ပြောပါတယ်။

MWO အဖွဲ့က မတရားပြုခံရတယ်ဆိုတဲ့ အမျိုးသမီးငယ်ရဲ့အိမ်ကိုလည်း သွားရောက် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားဒေသမှာ မြန်မာ့တပ်မတော်က မုဒိမ်းကျင့်တာကို လက်နက်သဖွယ်အသုံးချနေတယ်လို့ စွပ်စွဲထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာထွက်လာချိန်မှာ MWO အဖွဲ့က ဒီစစ်သား အမှုက လွတ်သွားမှာ စိုးရိမ်တယ်လို့ အဲဒီလို ပြောလိုက်တာပါ။

ဒီအမှုကို ဘယ်လိုဘယ်ပုံ စစ်ဆေး အရေးယူနေတယ်ဆိုတာကို စစ်အာဏာပိုင်တွေက ဒေသခံတွေကို အသိပေးသင့်တယ်၊ တကယ်ဆိုရင် အမှုအကြောင်း အများသိရှိအောင် ကြေညာချက် ထုတ်သင့်တယ်လို့ MWO အဖွဲ့က ပြောပါတယ်။

MWO အဖွဲ့ကတော့ အမျိုးသမီးငယ်နဲ့ သူ့မိသားစုကို ဥပဒေကြောင်းအရ အကူအညီပေးဖို့ ကြိုးပမ်းနေတယ်၊ ဒီအမှု အရပ်ဘက်တရားရုံးမှာ စစ်ဆေးစေလိုတယ်လို့ ပြောပါတယ်။
အမျိုးသမီးငယ်နဲ့ သူ့မိသားစုကတော့ စစ်တပ်ကိုတရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ စိုးရွံ့နေတာပါ။
The Irrawaddy

နှစ်ပေါင်း ၂၆၀၀ ကျော် မြတ်စွာဘုရားရှင်လက်ထက် ကျောက်သပိတ်ကြီး


အိန္ဒိယနိုင်ငံဟာ သူတို့ရဲ့ ရှေ့ဟောင်းဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ
ပညာရှင် နှစ်ယောက်ကို အာဖဂန်နစ္စတန် နိုင်ငံမြို့တော် ကဘူး ဆီလွှတ်လိုက်ပါတယ်။
ဒီပညာရှင်နှစ်ယောက်ရဲ့ တာဝန်က ကဘူးမြို့မှာရှိတဲ့ အာဖဂန်နစ္စတန်
အမျိုးသားယဉ်ကျေးမှု ပြတိုက်မှာ ပြသထားတဲ့ ရှေးဟောင်း ကျောက်သပိတ်ကြီးကို
လေ့လာစစ်ဆေးဖို့ ဖြစ်ပါတယ်။

နှမ်းဖက်ကျောက်နဲ့ ထုဆစ်ထားတဲ့ ညို့စိမ်းစိမ်းရောင် ဒီကျောက်သပိတ်ကြီးဟာ
သက်တမ်းအားဖြင့် နှစ်ပေါင်း နှစ်ထောက်ခြောက်ရာလောက် ရှိပြီလို့
ပညာရှင်တွေက ယူဆနေကြပါတယ်။ သူတို့က ဒါဟာ ဗုဒ္ဓခေတ်က ထွင်းထုထားတဲ့ ကျောက်သပိတ်ဖြစ်တယ်၊ ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တောင်
ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဗုဒ္ဓစာပေထဲမှာ ဗုဒ္ဓမြတ်စွာဟာ ဗြဟ္မာကြီးတစ်ပါး ဆပ်ကပ်လှူဒါန်းတဲ့ မြသပိတ်
(သပိတ်လေးလုံးကို လက်မတော်နဲ့ ဖိနှိပ်ထည့်ထားလို့ တစ်လုံးတည်းဖြစ်နေတဲ့သပိတ်) ကို
ဆွမ်းခံရာမှာ အသုံးပြုတယ်လို့ ပါရှိတယ်မဟုတ်လား။

ဒါပေမဲ့ ပြဿနာက လက်ရှိ ကဘူးအမျိုးသားပြတိုက်က သပိတ်ဟာ အချင်း တလံလောက်
(၁.၇၅ မီတာ) ရှိပြီး အမြင့် နှစ်တောင်လောက် ( ၇၅ စင်တီမီတာ) ရှိတဲ့အပြင်
သပိတ်နှုတ်ခမ်းအထူက တစ်ထွာလောက် (၁၈ စင်တီမီတာ) ရှိနေတယ်၊
ပြီးတော့ အလေးချိန်ကလည်း ပိသာ ခွက်၂၀သားကျော် (ပေါင် ၈၈၀) လောက်ရှိမို့ သာမန်လူတစ်ယောက် လက်နှစ်ဖက်နဲ့ ပိုက်ပြီး ဆွမ်းခံဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဖြစ်နေတယ်။
အဲ ..ဒီနေရာ သီရိလင်္ကာဘက်ကနေလာတဲ့ အချို့သော ရှေးဟောင်းဗုဒ္ဓစာပေတွေမှာ
ဗုဒ္ဓမြတ်စွာရဲ့ အရပ်တော်ဟာ ၁၈ တောင် ရှိတယ်လို့ ရေးသားခဲ့တာမျိုးရှိတာလည်း
ပညာရှင်တွေက သွားပြီးသတိပြုကြပါတယ်။
၁၈ တောင် အယူအဆနဲ့ဆိုရင် အခုသပိတ်အရွယ်အစားဟာ ကွက်တိနီးပါးဖြစ်နေပါတယ်။

ဒါပေမဲ့လည်း ရှေးဟောင်းပညာရှင်တွေ တူးဖေါ်တွေ့ရှိခဲ့ရသမျှ
ဗုဒ္ဓခေတ် (ဘီစီ ၆၀၀) က လူသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ
အဆောက်အဦးတွေ စတာတွေကို လေ့လာကြည့်တဲ့အခါမှာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က လူသားတွေနဲ့ ဒီကနေ့ခေတ်
လူသားတွေရဲ့ အရွယ်စားဟာ သိပ်ပြီးကွာခြားတာမရှိဘူးဆိုတာတွေ့ရပြန်တယ်။

ဒီတော့ တကယ်လို့သာ ဗုဒ္ဓဟာ အရပ် ၁၈ တောင်ရှိခဲ့မယ်ဆိုရင်
သာမန်တခြားသူတွေနဲ့ သိသိသာသာကြီးကို ကွဲပြားနေပါလိမ့်မယ်။
ဒီလိုသိသိသာသာကြီး ကွဲပြားနေတဲ့ လူသားတစ်ယောက်ကို
လူတွေအနေနဲ့ ကြည်ညိုစိတ်ထက် ကြောက်ရွံ့စိတ် ပိုများနေကြမှာ အသေအချာပဲ။
ဒါနဲ့ပတ်သက်ပြီး ကျေးဇူးရှင် ကျမ်းပြုကျော် တောင်မြို့ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) ကလည်း ဗုဒ္ဓရဲ့ အရပ်တော်ဟာ သာမန်လူသားတစ်ယောက်ရဲ့ အရပ်အမောင်းသာ ရှိတဲ့အကြောင်း ကျမ်းအကိုးအကားခိုင်လုံစွာနဲ့ အသေအချာ ရှင်းပြခဲ့ဖူးပါတယ်။

ကဘူးအမျိုးသားပြတိုက်မှာရောက်နေတဲ့ ဒီသပိတ်ဟာ ဗုဒ္ဓသပိတ်မဟုတ်ဘူးဆိုရင်
ဘာကြောင့် ဗုဒ္ဓဘာသာဝင်တွေက ဒီလောက် အထွဋ်အမြတ်ထားကြသလဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀ လောက် ( အေဒီ ၄ရာစု) က ဒီဒေသကို ရောက်လာခဲ့ဖူးတဲ့
ဘုရားဖူး တရုတ်ရဟန်းတော်တွေကတော့ သူတို့ရဲ့ မှတ်တမ်းတွေထဲမှာ ဒီသပိတ်ကြီးဟာ
ဗုဒ္ဓက ပရိနိဗာန်ပြုရန် ကုဿိနာရုံကိုအသွားမှာ ဝေသာလီပြည် (ယခုအိန္ဒိယအရှေ့မြောက်ပိုင်းက ဘီဟာပြည်နယ်) က ဒါယကာ ဒါယိကာမတွေကို စွန့်ခဲ့တဲ့ သပိတ်တော်ဖြစ်ပြီး ဝေသာလီပြည်သူပြည်သားတွေက အမြတ်တနိုးနဲ့ ပူဇော်ထားရာမှ အေဒီ ၂ရာစုမှာ
ဒီဒေသကို အောင်နိုင်တဲ့ အာရှငအလယ်ပိုင်းသား မွန်ဂိုဖြူ ကုရှန်မင်းဆက်
ဘုရင်တစ်ပါးဖြစ်တဲ့ ကနိသျှမင်းက ဝေသာလီပြည်ကနေ အဲဒီခေတ်က ပွတ်ရှပူရလို့ခေါ်တဲ့
အခု ပွတ်ဆ၀ါမြို့ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသတဲ့။

ဒါပေမဲ့ နောက်ပိုင်းပညာရှင်တွေကတော့ကတော့ ဗုဒ္ဓသပိတ်တော်အစစ်ဆိုတဲ့ အယူအဆထက်
ဗုဒ္ဓရဲ့ သပိတ်တော်ကို တုပပြီး ထုဆစ်ကာ ကျောင်းတော်မှာ ဒါယကာတွေ လူဘွယ်ဝတ္တုအစုစုကို ကပ်လှူပူဇော်ဖို့ ထားထားတဲ့ သပိတ်တော် ဖြစ်နိုင်တယ်။ ကျောင်းတွေ ဘုရားတွေမှာ ဒီလို သပိတ်ကြီးတွေ ထားတဲ့ အလေ့အထမျိုး သီရိလင်္ကာ-မြန်မာ-ထိုင်း-လော နဲ့ ကမ္ဘောဒီယား တို့မှာ တွေ့ရကြောင်း သူတို့ကဆိုပါတယ်။ (ရွှေတိဂုံ ဘုရားမှာတောင် ကျောက်သပိတ်ကြီးရှိပါတယ်၊
“သင်ပုတ်” လို့ မြန်မာတွေက ခေါ်ကြတယ်ထင်တာပဲ)။

ဝေသာလီကနေ ပက်ရှဝါကိုရောက်လာရတဲ့ ဒီသပိတ်တော်ကြီးဟာ
အစ္စလာမ်ဘာသာဝင် အာဖဂန်မင်းတွေလက်ထက်ကိုရောက်တော့ ဟိုဗလီမှ ဒီဗလီ
ဒီဗလီမှ ဟိုပလီ ဆီ ပြောင်းရွေ့စံစားရပါသတဲ့။ ဒီသပိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို
၁၉ ရာစု ဗြိတိသျှ ကိုလိုနီအရာရှိတွေက မှတ်တမ်းတွေ တင်ခဲ့ကြပါသတဲ့။
နောက်ဆုံး သပိတ်တော်ကြီး အရွေ့ခံရတာတဲ့ နေရာက ကန်ဒါဟာ မြို့စွန်က ဘာဘာဗလီကြီးပါ။

ဒါပေမဲ့လည်း ၁၉၈၀ နှစ်များက ဆိုဗီယက် ကျောထောက်နောက်ခံပြုထားတဲ့
နဂျီဘူလာရဲ့ ဆိုရှယ်လစ်အစိုးရလက်ထက်မှာတော့ အာဖဂန်ရဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ကဘူးအမျိုးသားယဉ်ကျေးမှုပြတိုက်ဆီ ရွေ့ပြောင်းလာရပါတယ်။

ထူးထူးဆန်းဆန်းပဲ အာဂဖန်မှာ ဘာသာရေးအစွန်းရောက် တာလီဘန်တွေအာဏာရချိန်
နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတွေ
ရုပ်ပွားတော်တွေ ဆင်းတုတွေ ကျမ်းစာတွေ ပစ္စည်းတွေ ဖျက်ဆီးခံရချိန်မှာ
ပြတိုက်ထဲက ဒီသပိတ်တော်ကြီးကို တာလီဘန်တွေက လက်ဖျားနဲ့ မတို့ခဲ့ကြဘူး၊
အကြောင်းက သပိတ်တော်ရဲ့ ပတ်ပတ်လည်မှာ ရွှေဆေးရေးနဲ့ ကိုရမ်ကျမ်းထဲက
အာရဗီစာသားတွေ ရေးထိုးထားလို့ပဲတဲ့။ ဒီလို ကိုရမ်ကျမ်းထဲက အာရဗီစာသားတွေ ရေးထိုးပြီး သပိတ်တော်ကြီးကို ကာကွယ်ပေးခဲ့တဲ့ အမည်မသိသူကို နောက်ပိုင်းပညာရှင်တွေက ချီးကျူးဂုဏ်ပြုကြပါတယ် သူသာ မကယ်ရင် ဒီသပိတ်ကြီး တာလီဘန်တွေလက်ထဲမှာ ထုချေဖျက်ဆီးခံရမှာ အသေအချာပါပဲ။

အခု အိန္ဒိယက လွှတ်လိုက်တဲ့ ပညာရှင်တွေဟာ သပိတ်ကြီးကို စစ်ဆေးကြမယ်၊
တကယ်လို့သာ သပိတ်ကြီးကို ထုဆစ်ထားတဲ့ လိပ်သဲကျောက်အမျိုးအစား
အာဖဂန်မှာမရှိဘူးဆိုရင် အိန္ဒိယကနေ အလုယူခံသွားရတဲ့ အမျိုးသာအမွေအနှစ်တစ်ရပ်အဖြစ် အာဇဂန်အစိုးရဆီမှာ ပြန်တောင်းပါမယ်တဲ့၊ သူတို့အကြောင်းပြချက်က ၂၀၀၁ ခုနှစ်က
တာလီဘန်တွေ ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးလိုက်တဲ့ ဘာမီယန်သဲကျောက်တောင်တွေဆီက ကျောက်ထွင်းရုပ်ပွားတော်တွေလို တချိန်မှာ ဒီသပိတ်တော်ကြီးကို မဖျက်ဆီးပါဘူးလို့ ဘယ်သူအာမခံနိုင်ပါ့မလဲတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော် ဗုဒ္ဓခေတ်က ကျောက်သပိတ်ကြီးကို
အခုအချိန်အထိ နှောင်းလူတွေ တွေ့မြင်နိုင်အောင် ထိန်းသိမ်းပေးခဲ့ကြတဲ့ ဘာသာအသီးသီးက သူတော်ကောင်းကြီးများကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။

https://www.facebook.com/photo.php?fbid=10202146474001910&set=a.3774810967389.2154200.1190266391&type=1

မြန်မာ့အလင်း သတင်းစာ (၁၆-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





New Light of Myanmar သတင်းစာ (၁၆-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်