ထိုင်းအတိုက်အခံ ဆန္ဒပြသူများ အစိုးရရုံးများအား ပစ်မှတ်ထား

ပို့စ်တင်ချိန် - 1/16/2014 01:00:00 AM


ဇန်န၀ါရီ ၁၅။

အင်္ဂါနေ့တွင်လူဦးရေထောင်ကျော်ရှိ ထိုင်းအတိုက်အခံဆန္ဒပြသူများသည် အစိုးရအားဖြုတ်ချရေးနှင့် ရွေးကောက်ပွဲအား လွဲချော်စေရန် ရည်မှန်းပြီး မြို့တော်ရှိ အစိုးရရုံးများဆီ ဗန်ကောက် ပိတ်ဆို့ရေး လှုပ်ရှားမှုအနေဖြင့် ချီတက်ခဲ့ကြသည်။ ဝန်ကြီးချုပ် ယဉ်လတ် ရှင်နာဝပ်ထရာ အား ပိုမိုဖိအားပေးနိုင်ရန် ဆန္ဒပြသူများသည် အဓိကကျသော ဝန်ကြီးဌာနများမှ ရုံးဝန်ထမ်းများအား ရုံးတက်ခြင်းမပြုလုပ်ကြရန် ခြိမ်းခြောက်ခဲ့ကြသည်။

ထောင်ချီသောဆန္ဒပြသူများသည် ထိုင်းအကောက်ခွန်ရုံးရှေ့တွင် အင်္ဂါနေ့အစောပိုင်းက စုဝေးခဲ့ကြပြီး ဝန်ထမ်းများအား ရုံးတက်ခြင်းမှ တားဆီးရန်ကြိုးပမ်းခဲ့ကြသည်။

“ ကျွန်တော်တို့ အကောက်ခွန်ဂိတ်တွေကလွဲပြီး ဌာနတစ်ခုလုံးကို ပိတ်ထားပါတယ်၊ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ ” ဟု အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှုး ရပ်ကော့ စရစ်ဆူပတ်မှ AFP သို့ ပြောကြားသွားခဲ့သည်။

အလုပ်သမားရေးရာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဌာန၊ နည်းပညာဌာနများကိုလည်း ပိတ်ဆို့သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ တင်္နလာနေ့က ဗန်ကောက်ပိတ်ဆို့မှုအား ကြေငြာအပြီး ထိုင်းနိုင်ငံမြို့တော်ရှိ အဓိကကျသော လမ်းဆုံးလမ်းခွများတွင် ထိုးနှက်တိုက်ခိုက်သည့်မိန့်ခွန်းများအား လော်စပီကာများဖြင့် အော်ဟစ်ကာ ပိတ်ဆို့လျက်ရှိသည်။

အတိုက်အခံလွှတ်တော်အမတ်ဟောင်း ဦးဆောင်သောဆန္ဒပြသူများသည် ဘီလျံနာမိသားစု၏ နိုင်ငံရေးအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ပြုပြင်ပြောင်းလဲနိုင်မည့် ရွေးချယ်ခြင်းမပြုလုပ်သော လူထုကောင်စီဖြစ်ပေါ်လာရေးအတွက် ယဉ်လတ်အား နှုတ်ထွက်သွားရန် လိုလားလျက်ရှိသည်။

၎င်းတို့၏ နှစ်လကြာလူထုစည်းဝေးမှုသည် အစိုးရအား ဖော်ဖော်ဝါရီ ၂ရက်နေ့ တွင် ရှောင်တခင် လူထုဆန္ဒကောက်ယူမှုကို ပြုလုပ်စေရန် တွန်းအားပေးခဲ့သည်။ သို့သော် လွန်ခဲ့သော ၇နှစ် က ယဉ်လတ်၏အကိုဖြစ်သူ သက်ဆင်အား စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်း၏ နောက်ဆုံးအလှည့်ပြောင်းအနေဖြင့် ဆန္ဒပြသူများသည် မဲပေးမှုအား ငြင်းဆန်ခဲ့ကြသည်။

အစိုးရအနေဖြင့် ဆန္ဒပြသူများအား ၎င်းတို့လုပ်ရပ်များသည် နိုင်ငံစီးပွားရေးနှင့် ဒေသတွင်းလုပ်ငန်းများတွင် ထိခိုက်စေနိုင်ကြောင်း သတိပေးမှုကလွဲပြီး ရပ်တန့်ရန်ကြိုးပမ်းခဲ့ခြင်းမရှိပေ။

REF: Bangkok (AFP)
ကိုဒူး
The Myanma Age