အီရတ် ဆက်တိုက် ဗုံးခွဲမှု ၄၀ ကျော် သေဆုံး

ပို့စ်တင်ချိန် - 1/16/2014 08:20:00 AM


ဘဂ္ဂဒက် မြောက်ပိုင်းက ကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခု။
အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တော် မြောက်ပိုင်းမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်ပွားခဲ့တဲ့ အပြင် မြို့တော်တဝိုက်မှာ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် လူ ၄၀ ကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရသွား တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘဂ္ဂဒက် မြို့တော် မြောက်ပိုင်း ရှူလာ ရပ်ကွက်က လေဟာပြင် ဈေးတခုမှာ ဗုံးထောင်ထားတဲ့ ကားတစင်း ပေါက်ကွဲခဲ့သလို ကာရာဒါ ရပ်ကွက်မှာလည်း နောက်ထပ် ကားတစင်း ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဘဂ္ဂဒက်မြို့ရဲ့ မြောက်ဘက်က ဘရူဇ် မြို့မှာလည်း ဈာပန ကျင်းပနေတဲ့ ရွက်ဖျင်တဲ တခုကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတခု ဖြစ်ခဲ့ရာမှာ အသုဘ လာသူ အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူအတော်များများ ဒဏ်ရာ ရသွားပါတယ်။

အီရတ်နိုင်ငံမှာ အမေရိကန် ပြောက်ကျား တပ်ဖွဲ့ဝင်တွေ ထွက်ခွာသွား အပြီး နှစ်နှစ်အကြာမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပွားလာခဲ့ပါတယ်။

BBC