မြန်မာနိုင်ငံ အပူပိုင်းဇုန်ရှိဆင်းရဲနွမ်းပါးမှုအကြောင်းအရာများအား ရှင်းလင်းပွဲပြုလုပ်မည်

ပို့စ်တင်ချိန် - 1/16/2014 10:00:00 AM


ရန်ကုန် ဇန်နဝါရီ ၁၅။

မြန်မာနိုင်ငံ အပူပိုင်းဇုန်များရှိ ဆင်းရဲနွပ်းပါးမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရချို့တဲ့ခြင်း အကြောင်းများအား စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရအခြေအနေလေ့လာဆန်းစစ် ပညာရှင်များက သတင်းသတင်းစာရှင်းလင်း ပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့တွင် နယ်စပ်စည်ပင်ဧည့်ရိပ်သ၌  ပြုလုပ်သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါရှင်းလင်းပွဲတွင် ကမ္ဘာကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ကလေးသူငယ်များ စောင့်ရှောက်ရေး အဖွဲ့ (Save The Children) မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန သုံးခုမှ ၎င်းတို့တွေ့ရှိချက်များအား ရှင်းလင်းသွားမည်ဖြစ်သည်။

၎င်းတို့၏ လေ့လာတွေ့ရှိချက်တွင် မြန်မာနိုင်ငံအပူပိုင်းဇုန်များရှိ ဆင်းရဲနွပ်းပါးမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ စစ်တမ်း ကောက်ယူခဲ့သော အိမ်ထောင်စု လေးပုံတစ်ပုံ (၂၆. ၁ %) နှုန်းသည် ဆင်းရဲနွပ်းပါးမှု မျဉ်းအောက်သို့ ရောက်ရှိ နေပြီး ငါးပုံတစ်ပုံသည် (၁၈.၅%) နှုန်းသည် စားနပ်ရိက္ခာမဖူလုံမှု ပြဿနာများအား ခံစားနေရကြောင်း၊ ကလေးသူငယ်များ အာဟာရအခြေအနေအား စစ်တမ်းကောက်ယူရာတွင်လည်း စစ်တမ်းကောက်ယူခဲ့သော အသက် ၅ နှစ်အောက် ကလေးများတွင် ကာလရှည်ကြာ အာဟာရချို့တဲ့မှု နှင့် လက်တလော အာဟာရချို့တဲ့မှုများအား တွေ့ရှိခဲ့ကြောင်းနှင့် လက်တလော အာဟာရချို့တဲ့မှု ကလေးသည် (၂၇.၅% ) နှုန်းရှိ နေပြီး ကာလရှည်ကြာ အာဟာရချို့တဲ့မှု ကလေးငယ် (၂၇.၂%)နှုန်းရှိကြောင်းကို အဆိုပါ ရှင်းလင်းပွဲတွင် ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age