ပါရာဂိမ်းပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေတံဆိပ် ၁၁ ခု ဖြင့် ဦးဆောင်နေ

ပို့စ်တင်ချိန် - 1/16/2014 03:15:00 PM


နေပြည်တော်မှာ ကျင်းပတဲ့ မသန်စွမ်းသူတွေရဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲတွင် ဇန်န၀ါရီ ၁၅ ရက်နေ့ ဆုရစာရင်းအရ အင်ဒိုနီးရှား ရွှေ ၁၁ ခု၊ ငွေ ၁၀ ခုနဲ့ ကြေး ၈ ခုဖြင့် ဦးဆောင်နေပါတယ်။

Para Schedule 3ဗီယက်နမ်က ရွှေ ၁၀ ခု၊ ငွေ ၁၁ ခုနဲ့ ကြေး ၁၃ ခုဖြင့် ဒုတိယနေရာတွင် ရှိပြီး ထိုင်းက ရွှေ ၈ ခု ငွေ ၁၃ ခုနဲ့ ကြေး ၁၀ ခုဖြင့် တတိယနေရာလိုက်နေပြီး အိမ်ရှင်မြန်မာက ရွှေ ၈ ခု၊ ငွေ ၄ ခုနဲ့ ကြေး ၆ ခုဖြင့် စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

၅ ယောက် ၁ ဖက် ဘောလုံးအားကစားနည်းနဲ့ အလေးမ အားကစားနည်းကို ဇန်န၀ါရီ ၁၆ ရက် ဒီနေ့မှာ စတင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီနေ့ မနက် ၉ နာရီအထိ ရရှိထားသော သတင်းများအရ မြန်မာ မသန်စွမ်း အားကစားသမားများက ရေကူးအားကစားနည်းမှာ ရွှေ ၆ ခု၊ ငွေ ၃ ခုနဲ့ ကြေး ၂၊ ပြေးခုန်ပစ်အားကစားနည်းတွင် ရွှေ ၂ ခု၊ ငွေ ၁ ခုနဲ့ ကြေး ၄ ခုကို ရရှိသွားပါတယ်။

ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။
DVB