Dual SIM/Dual Standby သုံးနိုင်တဲ့ GMG ဟန်းဆက်

ပို့စ်တင်ချိန် - 1/16/2014 08:40:00 AM


အတွဲ (၁၅)၊ အမှတ် (၃)
နေပြည်တော်ဖုန်းလို့ လူသိများတဲ့ CDMA 450 MHZ အတွက် ဖုန်းဝယ်ရတာ တော်တော် မလွယ်ကူ ဖြစ်နေပါတယ်။ ဒီတစ်ပတ် တာမွေအဝိုင်းထိပ် Mobile King ဖုန်းဆိုင်မှာ CDMA 450 နဲ့ GSM လိုင်းကတ်နှစ်ကတ် တပြိုင်တည်း ထည့်သုံးနိုင်တဲ့ GMG အမျိုးအစားမော်ဒယ် N-7100 ဟန်းဆက်အသစ် ဝင်ရောက်လာပါတယ်။ ကတ်နှစ်ကတ် တပြိုင်တည်း ထည့်ပြီး ဖုန်းနှစ်မျိုးလုံး တပြိုင်တည်း သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။ Smart phone အမျိုးအစားဖြစ်ပြီး Multi touch စနစ်ပါဝင်တဲ့ ၄.၅” အရွယ် မျက်နှာပြင်အကျယ်နဲ့ ဖြစ်ပါတယ်။ Android 4.0 ကို သုံးထားပြီး Dual Core 1 GHZ နဲ့ ဖြစ်လို့ အဆင့်မြင့်ဂိမ်းနဲ့ Application တွေ ထည့်သုံးနိုင်ပါတယ်။ Internal memory 4 GB ပါဝင်သလို လိုအပ်ရင် Micro SD ကတ် ထပ်စိုက်ပြီး သုံးနိုင်ပါတယ်။ ကင်မရာနှစ်လုံး ပါဝင်ပြီး Main ကင်မရာက 5 Mega pixel ရှိပါတယ်။ GPS, Wi-Fi, Bluetooth စနစ်တွေကိုလည်း ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ ကြာရှည်ခံ 1900 mAh ရှိတဲ့ ဓာတ်ခဲနဲ့ ဖြစ်ပါတယ်။ တန်ဖိုးကျပ်နှစ်သိန်းကျော်နဲ့ ဖုန်း ၅၄၂၀၂၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ်။


အောင်အောင်
Internet Journal