နှင်းလျှောစီးပြိုင်ပွဲတွင် ယုန်ကို လိပ် အနိုင်ယူ

ပို့စ်တင်ချိန် - 1/16/2014 09:40:00 AM


ဇန်နဝါရီ ၁၅။

တရုတ်နိုင်ငံမြောက်ပိုင်း ဟီနန်စီရင်စုတွင် ကျင်းပပြုလုပ်ခဲ့သည့် အိမ်မွေးတိရိစ္ဆာန်များ နှင်းလျှောစီးပြိုင်ပွဲတွင် လိပ်သည်ယုန်ကို အံ့အားသင့်ဖွယ် အနိုင်ယူသွားနိုင်ခဲ့ကြောင်း သိရသည်။

ကြောင်များ၊ ခွေးများအပြင် ကြက်ဖကြီးတစ်ကောင်နှင့် အ၀ါရောင်ဘဲ တစ်ကောင်တို့လည်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ယုန်ကိုလိပ်မှ အနိုင်ယူခဲ့သည့် ဂရိဒဏ္ဍာရီပုံပြင်ကဲ့သို့ပင် လိပ်သည်ယုန်ကို အံ့အားသင့်ဖွယ် ကျော်ဖြတ်အနိုင်ယူနိုင်ခဲ့သည့်အပြင် ပြိုင်ပွဲဝင်အားလုံးထဲတွင် တတိယနေရာအထိ ရရှိအောင်စွမ်းဆောင်သွားနိုင်ခဲ့သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူဦးရေ ၄၀ တို့က ၄င်းတို့၏ အိမ်မွေးတိရိစ္ဆာန်များကို နှင်းလျှောစီးသည့် စကိတ်ပြားများပေါ်တွင် တင်ဆောင်ပြီး နောက်မှလိုက်၍ လမ်းညွှန်ခြင်း၊ ထိန်းကြောင်းခြင်းများ ပြုလုပ်ကာ ပါဝင်ယှဉ်ပြိုင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယုန်သည် ခုန်ပေါက်ပြေးလွှားရခြင်းကို နှစ်သက်သည့် သဘာဝရှိသဖြင့် သခင်၏အမိန့်စကားများကို လိုက်နာနိုင်ခြင်း မရှိခဲ့သည့်အပြင် ထိုအချက်သည်ပင် လိပ်အတွက် အားသာချက်ဖြစ်စေခဲ့ပြီး ဆောင်းရာသီတွင် ငြိမ်သက်စွာခိုအောင်းနေတတ်သည့် အလေ့အထရှိသော လိပ်မှာမူ သခင်တပ်ဆင်ပေးထားသော စကိတ်ပြားပေါ်တွင် ကောင်းစွာစီးနင်းလိုက်ပါသွားနိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၂၂ခုနှစ် ဆောင်းရာသီ အိုလံပစ်အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လျှောက်ထားပြီး ရေခဲပြင်နှင်းလျှောစီးခြင်းသည် တရုတ်နိုင်ငံတွင် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ပိုမိုခေတ်စားလာခဲ့ခြင်းဖြစ်ကာ အအေးပိုင်း ဒေသဖြစ်သည့် တရုတ်နိုင်ငံမြောက်ပိုင်းတွင် နှင်းလျှောစီးသည့် ဆင်ခြေလျှောများကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Ref: AFP
The Myanma Age