Make's Idioms

ပို့စ်တင်ချိန် - 12/08/2013 07:00:00 AM


1. make = ပြုလုပ်သည် ၊ ဖြစ်စေသည်။

2. make after = နောက်ကလိုက်သည် ။

3. make a bed = အိပ်ရာခင်းသည် ။

4. make a deal with = ရောင်းဝယ်သည် ။

5. make a match = အောင်သွယ်ပေးသည် ။

6. make a mistake = မှားသွားသည်။

7. make a noise = ဆူညံသည်။

8. make a stand = အာခံသည် ၊ ခံပြောသည်။

9. make a statement = ထင်ပြသည်။

10. make a believe = ဟန်ဆောင်သည် ။

11. make contact with = ထိတွေ့သည် ၊ ဆက်ဆံသည် ။

12. make fire = မီးမွှေးသည်။

13. make fun of = ဟာသလုပ်သည်၊ လှောင်သည်။

14. make haste of = မြန်မြန်လုပ်သည် ။

15. make into = ပြောင်းလဲသည် ။

16. make matter worse = ပိုဆိုးလာသည်။

17. make merry = ပျော်ရွှင်သည် ။

18. make money = ပိုက်ဆံရှာသည်။

19. make off = လုထွက်ပြေးသည်။

20. make out = နာလည်သည် ၊ သဘောပေါက်သည် ။

21. make profit = အမြတ်ရသည် ။

22. make tea =လဖက်ရည်ဖျော်သည် ။

23. make towards = ချဉ်းကပ်သွားသည်။

24. make trouble = ဒုက္ခပေးသည်။

25. make over = လွှဲပြောင်းပေးသည်။

26. make up a story = လုပ်ကြံပြောသည်။

27. make up (one's )mind = စိတ်ဆုံးဖြတ်သည်။

28. make away with = ၀ှက်ထားသည်။

29. Mother can make a blouse .
အမေ အင်္ကျီ ချုပ်တတ်တယ်။

30. He always makes me angry.
သူ အမြဲတမ်း ကျွန်တော့်ကို စိတ်ဆိုးအောင်လုပ်တယ်။

31. The police made after the thief.
ရဲသား သူခိုးနောက်လိုက်သွားတယ်။

32. As soon as we heard him coming , we made away with our books.
သူလာတဲ့ အသံကို ကြားလို့ ကျွန်တော့်တို့ စာအုပ်တွေကို ၀ှက်ထားလိုက်တယ်။

33. We make our beds before going to sleep.
မအိပ်ခင် ကျွန်တော်တိုပ အိပ်ရာခင်းကြတယ်။

34. We make a deal with China to supply nice .
ကျွန်တော်တို့ တရုတ်ပြည်နဲ့ ဆန်အရောင်းအ၀ယ်လုပ်ကြတယ်။

35. She is always trying to make a match between the two people .
လူနှစ်ယောက်ကြားမှာ အောင်သွယ်ပေးဖို့ သူမ အမြဲကြိုးစားတယ်။

36. Try not to make mistake in the exam.
စာမေးပွဲမှာ မမှားအောင် ကြိုးစားဖြေပါ။

37. Don't make a noise .Mother is sleeping.
မဆူကြနဲ့ ၊ အမေအိပ်နေတယ်။

38. We can make a stand against the enemy if we are united.
ငါတို့ စည်းလုံးညီညွတ်ရင် ရန်သူကို တွန်းလှန်နိုင်တယ်။

39. He will make a statement on this matter at the meeting.
သူ အစည်းအဝေးမှာ ဒီကိစ္စကို တင်ပြလိမ့်မယ်။

40. He made his parents believe that he was attending the class regularly .
သူ ကျောင်းမှန်မှန်တက်နေတဲ့ အကြောင်း မိဘတွေကို အယုံသွင်းထားတယ်။

41. I am trying to make contact with them for 3 days.
ကျွန်တော် သူတို့နဲ့ တွေ့ဖို့ ကြိုးစားနေတာ (၃) ရက်လောက်ရှိသွားပြီ။

42. We made fire to cook something to eat .
ကျွန်တော်တို့ စားစရာ တစ်ခုခုချက်ဖို့ မီးမွှေးကြတယ်။

43. The little boys make fun of his hair cut.
ကောင်လေးတွေက သူ့ဆံပင် ညှပ်ထားပုံကို လှောင်ကြတယ်။

44. Make haste or we will miss the train.
မြန်မြန်လုပ်ကြ ၊ ငါတို့ ရထားမမီဘဲနေလိမ့်မယ်။

45. These old rags will be made into paper.
ဒီအ၀တ်စုတ်တွေကို စက္ကူအဖြစ်ပြောင်းပစ်လိမ့်မယ်။

46. He was poor. He made matters worse when he became ill.
သူ ဆင်းရဲတယ်။ နာမကျန်းဖြစ်လာတော့ ပိုဆိုးတာပေါ့။

47. People make merry during the water festival.
သင်္ကြန်ပွဲတော်မှာ လူတွေ အတော်ပျော်ကြတယ်။

48. He tried to make money after his schooling .
သူ ကျောင်းပြီးသွားတော့ ပိုက်ဆံကို ကြိုးစားရှာခဲ့တယ်။

49. The pickpocket made off with her purse.
ခါးပိုက်နှိုက်က သူ့ပိုက်ဆံအိတ်ကို လုထွက်ပြေးတယ်။

50. They have made a lot of profit in their new business.
သူတို့ လုပ်ငန်းအသစ်က အမြတ်အတော်ရနေပြီ။

51. Mother is making tea for the guests.
အမေ ဧည့်သည်အတွက် လဖက်ရည်ဖျော်နေတယ်။

52. The Shwedagon Pagoda can be seen more clearly when we make towards the . Royal Lake.
ကန်တော်ကြီးနားကို ရောက်သွားတော့ ရွှေတိဂုံဘုရားကြီးကို ပိုပြီးဖူးမြင်ရတယ်။

53. We should not make trouble to our parents.
ငါတို့ မိဘတွေကို ဒုက္ခမပေးသင့်ဘူး။

54. He has made over all his belongings to his only daughter.
သူပိုင် ပစ္စည်းအားလုံးကို တစ်ဦးတည်းသော သမီးလေးအား လွှဲပြောင်းပေးလိုက်တယ်။

55. I cannot make out the meaning of this passage .
ကျွန်တော် ဒီစာပိုဒ်ကို နားမလည်ဘူး။

56. I am sure you have made up a story .
မင်း လုပ်ကြံပြောဆိုတာ သေချာတယ်။

57. They have made up their mind to go abroad .
သူတို့ နိုင်ငံခြားကို သွားဖို့ ဆုံးဖြတ်ပြီးကြပြီ။

"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြနို်င်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ............"

Zaw Myint
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ