ငမွဲအဖြစ်အား ရပ်တန့်ခြင်း (၁)


THA

သင်ရဲ့ လစာနဲ့ ပိုက်ဆံတွေ သင့်လက်ချောင်းတွေ ကြားထဲက ထိန်းလို့မရအောင် ကြပ်ပျောက် ငှက်ပျောက် ပျောက်နေပါလား. ? သင့်အနေနဲ့ နေ့ရော ညရော ကြိုးစားပမ်းစားနဲ့ လူနဲ့ မတူအောင် အလုပ်တွေ လုပ်နေရ သလိုမျိုး ခံစားနေရတာတောင် သင်လက်ထဲမှာ ပြစရာ ချူးတစ်ပြားမှ မရှိပါဘူးလား?

ဒီလိုဆိုရင် သင့်မှာ ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်တဲ့ အလေ့အကျင့် မရှိတာ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအစား တစ်လွဲ အသုံးပြုနေလို့ ဖြစ်ပါလိမ့်မယ်။ လစာငွေကြေးကို မိမိစီမံမှုအောက်မှာ အကန့်အသတ်နဲ့ထိန်းထားနိုင်တာဟာ ငွေကို ထိန်းသိမ်း ကိုင်တွယ်နိုင်တာထက် သင့်ကိုယ်သင် လေးစား တန်ဖိုးထားတာ ဖြစ်ပြီး၊ ဘ၀ရဲ့ မျှခြေတစ်ခုကို ရှာဖွေနိုင်တာ၊ ဘ၀မှာ သက်တောင့် သက်သာ ရှိအောင် နေနိုင်တာလဲ ဖြစ်ပါလိမ့်မယ်။

ငမွဲဖြစ်ခြင်း ငွေပျက်ခြင်းကို ရပ်တန့်ဖို့ အတွက် သင့်ရဲ့ ဘာအရေးကြီးသလဲဆိုတာတွေကို သင့်တင့်မျှတအောင် ချိန်ညှိဖို့ လိုအပ်သလို သင့်ကိုယ်သင် ဂရုတစိုက်နဲ့ စောင့်လျှောက်ဖို့လည်း လိုအပ်ပါတယ်။

ဒါကိုဘယ်လိုလုပ်မလဲဆိုတဲ့ အချက်တွေကတော့

၁။ သင်ကိုယ်တိုင်မှ စတင်ပါ

အချိန်ရှိတိုင်း ဘိုင်ပျက်ပြီး ငမွဲဖြစ်နေတာဟာ သင့်ကိုယ်သင် တက်နိုင်သလောက် သင်ကိုယ်တိုင် ဂရုတစိုက် မစောင့်ရှောက်လို့ပဲ ဖြစ်ပါတယ်။ သင့်ကိုယ်သင် တန်ဖိုးမထားဘူး ဆိုရင် သင့်ရဲ့ လစာငွေနဲ့ ပိုက်ဆံကိုလည်း ဘယ်လိုနည်းနဲ့မှ တန်ဖိုးထားဖြစ်မှာ မဟုတ်ပါဘူး။ ရတာနဲ့ အလွယ်သုံးပစ် မိပါလိမ့်မယ်။ ငွေသုံးတာ၊ ငွေစုတာ၊ ငွေချေးယူတဲ့ နေရာတွေမှာ သင့်ရဲ့ ဆုံးဖြတ်ချက်တွေဟာ သင့်ရဲ့ ဘ၀မှာ ဘယ်လို အရည်အချင်းမျိုးနဲ့ နေထိုင်သွားမလဲဆိုတာကို သက်ရောက်မှု ရှိပါလိမ့်မယ်။ အောက်မှာ ဖော်ပြမဲ့ အချက်တွေက သင့်ကို ငွေကြေးအရ တည်ငြိမ်မှုရှိတဲ့ အခြေအနေတစ်ခု ရောက်အောင် လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ပေး နိုင်ပါလိမ့်မယ်။

- ပိုက်ဆံ သို့မဟုတ် ငွေ အသုံးနိုင်ခြင်း
ပိုက်ဆံ သုံးနိုင်တယ်ဆိုတာ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ ထပ်တူ မကြပါဘူး။ပိုက်ဆံဟာ သင်ဘာဖြစ်တယ်ဆိုတာကို မဖော်ပြနိုင်သလို သင့်မှာ Power ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြနေခြင်းလည်း မဟုတ်ပါဘူး။ တကယ့် Power ဆိုတာက ကိုယ်ပိုင်စွမ်းရည်နဲ့ မိမိ အတွင်းပိုင်းမှာ ရှိတဲ့ အရည် အချင်းပဲ ဖြစ်ပါတယ်။ ပိုက်ဆံကို အသုံးပြုပြီး ငါ့မှာ Powerful ဖြစ်တယ်လို့ ခံစားနေရတာဟာ မိမိအတွင်းမှာ ပိုင်ဆိုင်တဲ့ အရည်အချင်းတွေကို လက်ခံတန်ဖိုးထားခြင်း မပြုဘဲ၊ တစိမ်းပြင်ပြကလူတွေ အသိအမှတ်ပြု လက်ခံတာကို ရရှိအောင် ကြိုးစားယူချင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

- Suze Orman ကပြောပါတယ်။ ကျွန်တော်တို့ သိမ်ငယ်နေတဲ့ အချိန်မှာ ငွေကို ပိုသုံးမိကြပါတယ်တဲ့ "spend more than when we feel less than. သင်ဘယ်လောက် အဖိုးတန်တာကို သင်ကိုယ်တိုင် မခံစားမိတဲ့အချိန်မျိုးမှာ သင့်ရဲ့ ငွေအသုံးပြုမှုတွေကို ထိန်းချုပ်လို့ မရတော့အောင်ကို ဖြုန်းတီးမိတက်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ် ခံစားရပြီး သင့်အနားမှာ ရှိတဲ့ ပိုငွေသုံးနိုင်တဲ့သူတွေနဲ့ အပြိုင် ငါလည်း သုံးနိုင်တယ်ဆိုတာကို ဖော်ပြချင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မိမိရဲ့ အတွင်းပိုင်း အရည်အချင်းတွေကို မကြည့်မိတော့ပဲ ပြင်ပခံစားချက်တွေကိုပဲ ပိုကြည့်မိပြီး ဒါဟာ ကျွန်တော်တို့ကို အဓိက အန္တရာယ်ပေးမဲ့ အချက်ပဲ ဖြစ်ပါတယ်။

- သင့်ကိုယ်သင် မလေးစားနိုင်တဲ့အချက်က သင်မ၀ယ်နိုင်တဲ့ အရာတစ်ခုကိုယ် ၀ယ်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်မျိုးမှာ သင့်အတွင်းစိတ်မှာ နာကျဉ်ခံခက်ဖြစ်ပြီး၊ ငါလိုချင်တာကို ၀ယ်ဖို့ လုံလောက်အောင် ပိုက်ဆံမပေးနိုင်ခြင်း၊ စားချင်တာကို စားဖို့ ပိုက်ဆံမရှိလေခြင်းဆိုတာမျိုး ဖြစ်ပြီး ဘယ်တော့မှ မကြေနိုင်တော့မဲ့ အကြွေးတွေ ထားမိတာ အကြွေးသံသယာကို စတင်မိစေပါလိမ့်မယ်။ အဲ့ဒီအပြင် အခြားသူတွေကိုလည်း ဒါကိုဖြင့် မလုပ်ပေးနိုင်လေးခြင်းဆိုပြီး အပြစ်ရှာကာ မျက်စောင်းတခဲခဲ ဖြစ်နေပါလိမ့်မယ်။

-နောက်မှားတက်တဲ့ အချက်ဟာ ကိုယ့်လက်ထဲမှာ ငွေ အလုံအလောက် ရှိနေတဲ့ အချိန်မျိုးမှာ အသေးအဖွဲ ငွေပမာဏတွေကို ဂရုမပြုတော့ဘဲ လက်ဖွာမိတာ ဖြစ်ပါတယ်။

- သဘောကောင်းတဲ့ လုပ်ငန်းဖော်က ငွေကြေးအရ ကူညီကောင်း ကူညီပါလိမ့်မယ်။ ဒါပေမဲ့ မိမိကိုယ်တိုင်က ချင့်ချင့်ချိန်ချိန်မသုံးဘဲ အကုန်သုံး၊ မရှိမှ ဘိုင်ပျက် ငုတ်တုတ်ထိုင်နေတာမျိုး အမြဲဆိုရင်တော့၊ မိမိ အသုံးစရိတ်ကို မချိန်တွယ်ဘဲ အရမ်းကာရော သုံးနေတာမျိုး ဖြစ်နေရင်တော့ ဒါဟာ မကောင်းတဲ့အချက် ဖြစ်တဲ့အတွက် ကိုယ်ကိုယ် ငွေကြေးအရ ကူနေတဲ့သူတွေကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေပါလိမ့်မယ်။ ငွေကြေးပြဿနာကို အဓိကက မိမိကိုယ်တိုင် မဖြေရှင်းဘဲ သူများမကူလို့ စိတ်အခဲ မကြေဖြစ်နေရင် အလွန်ဟာ မိမိကိုယ်တိုင်ဘဲ ဖြစ်ပါလိမ့်မယ်။

Ref: How to Stop Being Broke by Lisa

TechSpace Journal

အလ္လာဟူသော စကားလုံး အခြားဘာသာဝင်များ မသုံးစွဲရန် မလေးရှား တရားရုံး အမိန့်ချ



မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင်တို့၏ ဘုရားဖြစ်သော ‘အလ္လာ’ ဟူသော စကားလုံးကို မွတ်ဆလင်ဘာသာ မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများက ၎င်းတို့၏ ဘုရားကို မွတ်ဆလင် ဘာသာတို့၏ ဘုရားဆိုသော အသုံးအနှုန်း ဖြစ်သည့် ‘အလ္လာ’ ဟူသော စကားလုံးကို ယူငင်သုံးစွဲပါက ဘာသာဝင်များအကြား ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့် တရားရုံးက ယခုကဲ့သို့အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မွတ်ဆလင် အများစုရှိသော မလေးရှားနိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကက်သလစ် ခရစ်ယာန် သတင်းစာ တစ်စောင်ဖြစ်သော The Harald သတင်းစာတွင် အင်္ဂလိပ်လို ‘God’ ဘုရားသခင်ဟူသော စကားလုံးကို ဒေသခံများ နားလည်နိုင်မည့် ‘Allah’ ‘အလ္လာ’ ဟူသော စကားလုံးကို သုံးစွဲခဲ့ခြင်းကို မလေးရှား အစိုးရက ယင်းစကားလုံးကို သုံးစွဲ၍ မရကြောင်း ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ ကက်သလစ် ခရစ်ယာန်သတင်းစာက မလေးရှားအစိုးရကို တရားစွဲဆိုရာ ယင်းအချိန်က မလေးရှား တရားရုံးက ခရစ်ယာန် သတင်းစာကို အနိုင်ပေးခဲ့သည်။

သို့သော် အဆိုပါ တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မလေးရှားအစိုးရက အထက်ရုံးသို့ အယူခံဝင်ခဲ့ရာ ၂၀၀၉ ခုနှစ်က တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ မလေးရှားတွင် မွတ်ဆလင် မဟုတ်သူများ အနေနှင့် ‘အလ္လာ’ ဟူသော စကားလုံးကို သုံးခွင့်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ် လိုက်ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် အငြင်းပွားချိန်တွင် ခရစ်ယာန် ဘုရားကျောင်းနှင့် မွတ်ဆလင်ဗလီများကို တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်ပွားခဲ့သည်။

ယခုတရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း၊ အယူခံဝင်သွားမည် ဖြစ်ကြောင်း ကက်သလစ် ခရစ်ယာန်သတင်းစာ The Harald ၏ အယ်ဒီတာရီဗာရန်လော့ရင့်အင်ဒရူးက ပြောကြားသည်။

The Harald သတင်းစာကို ထောက်ခံသူများ မလေးဘာသာစကားဖြင့် ရေးထားသော ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်ယာန် ဘုရားသခင် God ကို Allah (အလ္လာ) ဟု သုံးနှုန်း ဖော်ပြခဲ့သည်မှာ ၁၉၆၃ ခုနှစ် မလေးရှားနိုင်ငံ မတည်ထောင်မီကပင် ဖြစ်ကြောင်း ထောက်ပြ ပြောကြားကြသည်။

ခရစ်ယာန်တို့က God ဟူသော စကားလုံးကို Allah (အလ္လာ) ဟူ၍ သုံးစွဲခြင်းသည် မွတ်ဆလင် ဘာသာဝင်များကို ခရစ်ယာန် ဘာသာဝင် အဖြစ်သို့ ပြောင်းလဲရန် တွန်းအားပေးနိုင်ကြောင်း အချို့သော မွတ်ဆလင် ဘာသာဝင် အုပ်စုများက ပြောကြားသည်။

လက်ရှိမလေးရှား အာဏာရပါတီဖြစ်သော မလေး-မွတ်ဆလင်ပါတီသည် လူအများအကြား ထောက်ခံမှုရစေရန် ယခုအမှုကို အသုံးချခြင်း ဖြစ်ကြောင်း အချို့သော မလေးလူမျိုးများက ယူဆလျက်ရှိသည်။
မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် အရေအတွက်သည် မလေးရှား လူဦးရေ၏ သုံးပုံတစ်ပုံ ရှိသော်လည်း ဟင်ဒီနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း အများအပြား ရှိသည်။
The Voice Weekly

လုံခြုံရေး စည်းတွေ ကျိုးပေါက်လို့ ဗုံးခွဲခံရတာ


ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စတင်ပြီး ယနေ့အထိ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအ၀င် မြန်မာနိုင်ငံ၌ ယခင်က မဖြစ်ပေါ်ခဲ့ဘူးသည့် နေရာများစွာ ဆက်တိုက်ဆိုသကဲ့သို့ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့မှု၊ ဗုံးလန့်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ အနေဖြင့် ထိတ်လန့် စိုးရိမ်လျက် ရှိပါသည်။

ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို တာဝန်ယူထားသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ)၊ ပြည်ထဲရေး ၀န်ကြီး ဌာန ရဲသတင်း အထူးတပ်ဖွဲ့(SB) စသည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ဝေဖန် ပြောဆိုမှုများလည်း ရှိလာသည်။

ထို့ကြောင့် ယခု ဗုံးပေါက်ကွဲမှုများ၊ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး စစ်အစိုးရ လက်ထက်က ထောက်လှမ်းရေး တာဝန် ယူခဲ့ဖူးသည့် လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်နေသော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင် က ဆက်သွယ် မေးမြန်းထားသည်။

ဦးအောင်လင်းထွဋ်သည် ၁၉၈၃ ခုနှစ်မှ စတင်ကာ ၂၀၀၄ ခုနှစ်အထိ စစ်ထောက်လှမ်းရေး အဖွဲ့တွင် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။

မေး။    ။ ထောက်လှမ်းရေးဟောင်းတဦး အနေနဲ့  ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး ရှုထောင့်ကနေ ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။ အပြင်စည်း၊ အတွင်းစည်း၊ အနီးကပ် ဆိုတဲ့ လုံခြုံရေးစည်း သုံးစည်း အကုန်ကျိုးပေါက် သွားတာကြောင့် အထဲဝင်လာပြီး ဗုံးထောင်တယ်၊ ဗုံးခွဲခံရတယ်လို့ ဆိုရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်ရရင် လက်ရှိ လုံခြုံရေး တာဝန်ယူနေတဲ့ အဖွဲ့တွေ ညံ့လို့ပဲလို့ ပြောရမှာပေါ့။

ဂိတ်တွေဖွင့်ပြီး အပြင်စည်းအနေနဲ့ စစ်တာကတော့ တမျိုးပေါ့၊ အတွင်းစည်းကတော့ သတင်းပဲ၊ သတင်းမရဘဲနဲ့တော့ ဘယ်နေရာ သွားရှာမလဲ၊ အရေးကြီးတာ သတင်းပဲ။

အခုခေတ် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) တို့၊ ရဲသတင်း အထူးတပ်ဖွဲ့(SB)တို့ ကိုင်တွယ်နေတာက ဖြစ်ပြီးခါမှ လိုက်စစ်နေ တယ်။ လုံခြုံရေး လုပ်တယ်ဆိုတာ သေနတ်ကိုင်ပြီး လုပ်လို့မရဘူး၊ ဧည့်စာရင်းစစ်ရုံနဲ့မရဘူး။

မေး။    ။ အခုလက်ရှိ လုံခြုံရေးကို တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေရဲ့ အရည်အသွေး နိမ့်ကျနေတယ်လို့ ဆိုချင်တာလား။

ဖြေ။    ။ ရှင်းရှင်းပြောတာ ထောက်လှမ်းရေးသမားဆိုတာ တော်ဖို့၊ ပါးနပ်ဖို့၊ ပြောရဲဆိုရဲ၊ တင်ပြရဲ ဖို့တော့ လိုတယ်၊ အမိန့်နာခံ တတ်ရုံနဲ့ မရဘူး၊ အစီအစဉ် ဆွဲတတ်ရတယ်၊ လူညံ့တွေထားရင် ဘယ်လိုမှ အလုပ်လုပ်လို့မဖြစ်ဘူး၊ စစ်သား သေနတ်ကိုင် ဂိတ် စောင့်တာမျိုး လုပ်တတ်ရုံနဲ့တော့ တိုင်းပြည်လုံခြုံရေး ဘယ်လိုတာဝန်ယူနိုင်မလဲ။

အခု စရဖချုပ်က ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက လူတော်တယောက်ပါ၊ သူ့ကို ကျနော် ထောက်လှမ်းရေးသင် တန်းပေးဖူးတယ်၊ ဒါပေမယ့် စရဖ အဖွဲ့ကိုလည်း လူရာမသွင်း နှိမ်ထားတော့ ဘာမှလုပ်မရ၊ မလုပ်တတ်တော့ဘူး။

အခုနေရာပေးနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုတို့ ၊ SB တပ်ဖွဲ့မှူး ရဲမှူး တင်စိုးတို့ဆိုတာ ဟိုတုန်းကတည်း ထောက်လှမ်း ရေးဉာဉ် ဗီဇမရှိဘူး၊ သုံးမရဘူးပေါ့ဗျာ။ အပြုသဘောပြောတာပါ၊ သူတို့တွေနဲ့ DSA 20(ဗိုလ်သင်တန်း အပတ်စဉ် ၂၀)မှာ အတူ နေခဲ့ကတည်းက သိတယ်။

စသုံးလုံး ညွန်ချုပ် ကိုအောင်စောဝင်းကတော့ စစ်မြေပြင် ထောက်လှမ်းရေး စာမေးပွဲ မအောင်လို့ တန်ပြန်ထောက်လှမ်းရေးတောင်  မတက်ခဲ့ရတဲ့လူ။

ဒီလိုလူမျိုးတွေ လုံခြုံရေး တာဝန်ယူနေတာဆိုတော့ ဘယ်လိုပြောရမလဲ၊ လိုအပ်ချက်ရှိတယ်ပဲဆိုရမှာပေါ့။

မေး။    ။ ဟိုအရင်လို ထောက်လှမ်းရေး အဖွဲ့သာ ရှိမယ်ဆိုရင် ဒီလိုပြဿနာတွေကို ဘယ်လိုကိုင်တွယ်မလဲ။

ဖြေ။     ။ အခုလို နေရာအနှံ့ ဗုံးတွေ ဆက်တိုက်ပေါက်မှာ မဟုတ်ဘူးဆိုတာ ပြောရဲတယ်၊ ဘာကြောင့်လဲဆိုတော့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို တော်တော်ဂရုစိုက် ကိုင်တွယ်လို့ပဲ၊။

ဖောက်ခွဲရေးနဲ့ ပတ်သက်လာရင် ဌာနတခု သပ်သပ်ထားပြီး သီးသန့် ခွဲခြမ်းစိတ်ဖြာ၊ သတင်းပို့၊ ဒလျှို၊ ဒလံ၊ ဆဲလ်တွေမွေး သတင်း ယူ၊ အချိန်မီ ကာကွယ်တားဆီးရေး လုပ်တယ်၊ ဘယ်လောက်တောင် လုပ်သလဲဆို ထိုင်း နယ်စပ်မှာရှိတဲ့ အစိုးရ ဆန့်ကျင်ဘက် အဖွဲ့ အစည်းတွေ၊ တရုတ်နယ်စပ်က ဗကပ တွေအထိ ဆဲလ်တွေမွေးပြီး သတင်းယူခဲ့တယ်။

သတင်း အရင်းအမြစ်ဆိုတာ လူတွေဆီကပဲ လာတာလေ၊ အဲဒီသတင်းကို ကိုယ့်ဆီရောက်ရင် မှန်သလားမှားသလား ကွင်းဆက်နဲ့  ရေဆုံးမြေဆုံးလိုက်ရတယ်၊ သတင်းပေးကတော့ အတိအကျကြီးမပေးနိုင်ဘူး၊ ဒါပေမယ့် ပေးတဲ့သတင်း အပေါ်မှာ မူတည်ပြီး တည်ဆောက်ယူရတယ်၊ စောင့်ကြည့်ပြီး ဖမ်းတယ်။

ကြိုတင်တားဆီးတဲ့အတွက် လက်ပူးလက်ကြပ် မိချင်မှမိမယ်၊ ဒီလိုနေရာမှာ ကိုင်တွယ်စစ်ဆေးတယ်ဆိုတာကလည်း ရိုက်စစ် နေလို့မရဘူး၊ ရိုက်တိုင်းလည်း ပေါ်တာမဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာပညာနဲ့လည်း စစ်ဆေးရတယ်။

ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တာ မဟုတ်ဘူး၊ ဟိုတုန်းကတော့ ဒီလို အဖျက်အမှောင့် လုပ်တဲ့လူတွေနဲ့ ဘတပြန်ကျားတပြန် အစွမ်းပြ နိုင်ခဲ့တယ်။

မေး။    ။ အခုဖောက်ခွဲမှုတွေကို လေ့လာကြည့်ရင် လူအသေအပျောက်လည်း အရမ်းမများဘူး၊ ခြောက်လှန်တဲ့သဘော ဖြစ်နေ တယ်၊ အဲဒါကိုရော ဘယ်လိုထင်ပါသလဲ။

ဖြေ။    ။ ထောက်လှမ်းရေး အတွေ့အကြုံအရဆိုရင် တချို့ အဖွဲ့တွေက အီရတ်တို့ အရှေ့အလယ်ပိုင်းမှာလို ပြည်သူ လူထုကို အများအပြား သေကြေအောင် ဖြစ်သလိုမျိုးတော့ ရည်ရွယ်ချက်မရှိဘူး။ သူတို့ ဆော်ချင်တာက အကောင်ကြီးကြီးတွေ ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမြေးတို့ ဘာတို့ ဆိုရင်တော့ တမျိုးပေါ့။ အခုလည်း ဖောက်ခွဲနေတဲ့ပုံစံက လူထုကို အထိအခိုက် နည်းအောင် ခြောက် လှန့်တဲ့ သဘောမျိုးပဲ။

ဒါပေမယ့် ၂၀၀၅ ခုနှစ်ကဖြစ်တဲ့ ဒဂုံစင်တာ၊ ရှစ်မိုင် Junction 8 စင်တာတို့ ကုန်သွယ်ရေး ပြပွဲတို့မှာ ပေါက်တာတွေ၊ သင်္ကြန်ဗုံး ကိစ္စတွေမှာတော့  ထောက်လှမ်းရေးဖျက်သိမ်းလို့ အားနည်းသွားချိန်နဲ့ နိုင်ငံရေး တင်းမာမှု ဒီရေကလည်း မြင့်နေချိန်မှာ  ဖောက်ခွဲ တဲ့သူတွေအနေနဲ့ ပေါ်လစီပြောင်းသွားပြီး အမှောင့်လုပ်ငန်းကနေ အဖျက်လုပ်ငန်းကို ကူးသွားတယ်လို့ ထင်တယ်၊ ဒါကြောင့် လူတွေ အရမ်းသေတာ။

မေး။    ။ အရင် ထောက်လှမ်းရေး ခေတ်ကတော့ ဗုံးပေါက်ရင် ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်က အဖွဲ့တွေကို စွပ်စွဲကြတယ်၊ အခုရော ဘယ်လိုထင်ပါသလဲ။

ဖြေ။    ။ ဗုံးခွဲတယ်ဆိုတာကတော့ နောက်ကွယ်က ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတော့ ရှိတာပေါ့၊ ဒါပေမယ့် အစိုးရနဲ့ စစ် တိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေမှာ ဟိုတုန်းကတည်းက ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ပေါ်လစီတော့ မရှိပါဘူး၊ KNU မှာ လည်း မရှိဘူး၊ ဒါပေမယ့် တချို့ ပြည်ပမှာ ရောက်နေတဲ့ လူတွေထဲက ကြိုးကိုင်ပြီး လုပ်ဆောင်နေသူတွေရှိတယ်၊ အခုတော့ သူတို့ လည်း အခုတော့ မြို့ပေါ်ရောက်နေပါပြီ။

မေး။    ။ ဗုံးပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး လူတွေကြားမှာ ဆိုရှယ်မီဒီယာပေါ်မှာ အစိုးရက နိုင်ငံရေးလှည့်ကွက်ကြောင့် နောက်ကွယ်က ကြိုးကိုင်လုပ်နေတယ် ဆိုတဲ့ ထင်မြင်ချက်တွေ ပြောကြတယ်၊ ဒါကရော ဘယ်လောက်မှန်နိုင်လဲ။

ဖြေ။    ။ အဲဒီအမြင်ကိုတော့ လက်မခံပါဘူး၊ အစိုးရတခုအနေနဲ့ အဲဒီလို လုပ်လို့မရပါဘူး၊ အစိုးရအနေနဲံ့ တိုက်ချင်တိုက်မယ်၊ ပစ်ချင်ပစ်မယ်၊ ဗုံးဖောက်တယ်ဆိုတာမျိုးကတော့ မဟုတ်ပါဘူး၊ ကျနော်တို့ ထောက်လှမ်းရေးတွေ ကိုယ်တိုင်လည်း အစွပ်အစွဲခံရဖူးပါတယ်၊ မဟုတ်ပါဘူး။

မေး။    ။ အခုဗုံးပေါက်ကွဲမှုတွေကို ကြည့်ပြီး တိုင်းပြည်ရဲ့ လုံခြုံရေးအတွက် ထောက်လှမ်းရေးအဖွဲ့အစည်း ကောင်းတရပ် လိုနေပြီ လို့ ပြောလို့ရမလား။

ဖြေ။    ။ သေချာတာပေါ့၊  နိုင်ငံတကာမှာကြည့်လေ၊ အမေရိကန်မှာ CIA ၊ ရုရှားမှာ KGB ၊ အစ္စရေးမှာ မော့ဆက်တို့၊ ထိုင်းမှာ တောင် ထိုင်းထောက်လှမ်းရေး အဖွဲ့ဆိုတာ ရှိတယ်၊ အခုအဖြစ်တွေက ကျနော်တို့ နိုင်ငံမှာ ထောက်လှမ်းရေး အဖွဲ့ ကောင်းကောင်း မရှိတာ အထင်အရှားပြနေပြီပဲ။ အခုရှိတဲ့ ထောက်လှမ်းရေးကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်ဖို့လိုတယ်။

မေး။    ။ ထောက်လှမ်းရေးက တိုင်းပြည်အတွက် လိုအပ်တယ်ဆိုပေမယ့် မြန်မာပြည်မှာတော့ နာမည်ပျက်ခဲ့တယ် မဟုတ်လား။

ဖြေ။    ။ ဒါကတော့ ရှင်းပါတယ်၊ တိုင်းပြည်အတွက် အလုပ်လုပ်ရမယ့် ထောက်လှမ်းရေးအဖွဲ့ကို အာဏာရှင်က နိုင်ငံရေးမှာ အသုံးချတော့ ထောက်လှမ်းရေးတွေက ထောင်တက်လာတယ်၊ လူတွင်ကျယ် လုပ်လာတယ်၊ လက်ကိုင်တုတ်အနေနဲ့ အသုံးချခံရတော့ ပြည်သူကြားမှာ နာမည်ပျက်ခဲ့ရတယ်။ မတရားမှုတွေမှာ ပါခဲ့ရတယ်။

နိုင်ငံရေး အားပြိုင်မှုကြောင့် ထောက်လှမ်းရေးတဖွဲ့လုံး ဖြုတ်ပစ်တာ ဘယ်နိုင်ငံမှ မရှိဘူး၊ မြန်မာပြည်မှာပဲ ရှိတယ်၊ အကျိုးဆက် ကတော့ သတင်း ကွင်းဆက်တွေပြတ်၊ ထောက်လှမ်း ရေးလုပ်ငန်း နာလန် မထူနိုင်ဖြစ်ပြီး တိုင်းပြည်မှာ ဒီလိုမျိုးတွေ ဖြစ်လာတာပဲ။

ဗိုလ်ချုပ်ခင်ညွန်ကို မကျေနပ်ရင် ဖြုတ်ပါ၊ ဗိုလ်မှူးချုပ်တွေအထိ ဖြုတ်ပစ်လို့ရပါတယ်၊ ပေါ်လစီအရ လုပ်တယ်လို့ နားလည်ပေးလို့ရတယ်၊ သူတို့နေရာမှာ ပြန်အစားထိုးပါ၊ ဒါပေမယ့် တပ်ကြပ်အဆင့်အထိ(Working Level)တွေပါ ဖြုတ်ပစ်တော့၊ အနှစ် ၂၀ ကျော်တည်ဆောက်ထားတဲ့ ထောက်လှမ်းရေး အဖွဲ့ကြီး ပျက်သွားတော့ အခုလိုမျိုး ဗုံးကွဲတာတွေ ဖြစ်လာတာပဲ။

အရင် ထောက်လှမ်းရေးမှူးချုပ် မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး ပြုတ်တော့တောင်မှ နိုင်ငံခြားရေး ၀န်ကြီး ဦးလေးမောင်က ဆက် တာဝန်ယူတယ်။ ထောက်လှမ်းရေး လူဟောင်းတွေက လူသစ်တွေကို သင်တန်းတွေ ကျကျနနပေးပြီး သတင်း ကွင်းဆက်တွေ၊ သတင်းပေးတွေ အားလုံးကို လက်ပြောင်းလက်လွှဲ အသေးစိတ် လုပ်ပြီး ပေးသွားတယ်။

မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး လက်ထက် မွေးထားတဲ့ သတင်းပေးတွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ က ကျဆုံးသွားတဲ့ ပေါလစ် ဗျူရို ခေါင်းဆောင်ကြီး တဦးရဲ့ သမီးတောင် ပါပါသေးတယ်။ ဗကပ သတင်းမှန်သမျှ သူ့ဆီက လာတာပဲ။

မေး။     ။ တိုင်းပြည်အတွက် လိုအပ်တဲ့ လူထုက လက်သင့်ခံနိုင်မယ့် ထောက်လှမ်းရေး အဖွဲ့မျိုးဖြစ်လာအောင် ဘာတွေလုပ်သင့်သလဲ။

ဖြေ။    ။ ကျနော်တို့ တိုင်းပြည်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေး အတွက် သမ္မတက တိုက်ရိုက်ကိုင်တွယ်တဲ့ အားကောင်း ထောက်လှမ်းရေး လိုတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ မပတ်သက်စေဘဲ တိုင်းပြည် ကာကွယ်ရေး၊ လုံခြုံရေး နဲ့ နိုင်ငံခြား ထောက်လှမ်းရေး ကို ရည်ရွယ်ပြီး ပီပီပြင်ပြင် ပြန်ဖွဲ့ရမယ်၊ ဒါကို လက်ခံရမယ်။

အစိုးရ ပေါ်လစီကို အကောင်အထည် ဖော်တာမဟုတ်ဘဲ တိုင်းပြည်ပေါ်လစီကိုပဲ ဆောင်ရွက်တဲ့ ထောက်လှမ်းရေးအဖွဲ့ လိုတယ်။

တချိန်က စစ်ထောက်လှမ်းရေး၊ သတင်းတပ်ဖွဲ့၊ စသုံးလုံး၊ အကောက်ခွန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ပေါင်းဖွဲ့ထားတဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့(NIB) ဆိုတာ ရှိတာပဲ။

ဒါကြောင့်လည်း ရှိတဲ့ထောက်လှမ်းရေး အဖွဲ့တွေကို အရည်အချင်းမြှင့်ဖို့ မွမ်းမံသင်တန်းတွေ ပေးရမယ်၊ ငွေကြေး၊ ပစ္စည်း၊ ပညာ ထောက်ပံ့ ပေးရမယ်။ ဟိုတုန်းက မြန်မာထောက်လှမ်းရေးဆိုတာ CIA သင်တန်းဆင်းတွေပါ။ ခေတ်နဲ့ညီတဲ့ ထောက်လှမ်းရေး ပညာတွေပေးဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။

ဒါပေမယ့် ဗိုလ်မှူးချုပ် မျက်မှန်ကြီး တင်ဦးလို၊ ဗိုလ်ချုပ် ခင်ညွန့် တို့လို နိုင်ငံရေးမှာ လက်ကိုင်တုတ် အနေနဲ့ အသုံးချ မခံဖို့တော့ လိုပါတယ်။     ။

ဧရာဝတီ

ပေါက်ကွဲမှုများတွင် သံသယရှိသူများအား ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီအတွင်း ဖော်ထုတ်ရရှိ



video


နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးအချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး စော်ပွားကြီးကုန်း၊ အဝေးပြေးကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင် ပေါက်ကွဲမှု၊ သာကေတမြို့နယ် အခွန်လွတ်ဈေး ခြံစည်းရိုးအနီး ပေါက်ကွဲမှု၊ အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံအောက်တွင် ကြွပ်ကြွပ်အိပ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့သည့်ဖြစ်စဉ်နှင့် ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ်၊ အခန်းအမှတ် ၉၂၁ တွင် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ) မောထ ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိပ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့သည့်ဖြစ်စဉ်နှင့် တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းအပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှုဖြစ်စဉ်တို့တွင် ပြစ်မှုကျူးလွန်သူဟုယူဆရသူမှာ စောစောထွန်းဆိုသူဖြစ်ကြောင်း ဖော်ထုတ်ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အလားတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့် စားသောက်ဆိုင်တစ်ဆိုင် မိုင်းတွေ့သည့်ဖြစ်စဉ်၊ ရွှေပြည့်စုံတည်းခိုခန်း စားသောက်ခန်း ပေါက်ကွဲမှုနှင့် ဆွမ်းဦးပုညရှင်စေတီ ယာဉ်ရပ်နားနေရာ ပေါက်ကွဲမှု ဖြစ်စဉ်တို့အတွက် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့များက ပြည်သူလူထုနှင့် ပူးပေါင်းဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


MRTV
Myawady News

အသက် (၇)နှစ်အရွယ် ကလေးငယ်အား အဓမ္မကျင့်သူအဘိုးအိုတစ်ဦးကို အမှုဖွင့်




နေအိမ်တွင် မွေးနေ့ပွဲပြုလုပ်မည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားသည့်အဘိုးအိုက အသက် (၇)နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်အတွင်း နေထိုင်သူ အသက် (၇)နှစ်အရွယ် မိန်းကလေးကို အောက်တိုဘာ ၈ ရက် နံနက် ၇နာ ရီတွင် အိမ်နီးနားချင်းဖြစ်ပြီး ခင်မင်နေသူ အသက် (၆၈) နှစ်အရွယ် ဦးမောင်မောင်စိန်က မွေးနေ့ပြုလုပ်မည်ဟုပြောဆိုကာ မိခင်ထံမှ ၎င်း၏နေအိမ်သို့ တစ်နေကုန်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ကလေးငယ်ခေါ်သွားပြီး နေအိမ်မီးဖိုချောင်အတွင်း သားမယားပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် ၎င်းက ည ၁၀ နာရီတွင် နေအိမ်သို့ ပြန်ပို့ခဲ့သည်ဟုဆိုသည်။

ကလေးငယ်၏ မိခင်ဖြစ်သူမှာ ဈေးရောင်းပြီး နေအိမ်သို့ ည ၁၁နာရီအချိန် ပြန်ရောက်လာသည့်အခါ ကလေးမှာ ခဏခ ခဏငိုနေခဲ့သည်။ အောက်တိုဘာ ၉ရက်တွင် ကလေးငယ်က နာနေကြောင်းပြောပြ၍ ဒဏ်ရာများတွေ့ရှိပြီး ဖြစ်စဉ်ကို မေးမြန်းသိရှိခဲ့ရသည်ဆိုသည်။

““တရားခံကို ရမန်ယူထားပြီး ချုပ်ထားတုန်းပဲရှိသေးတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အရင်ကတည်းက အိမ်နီးချင်းဆိုတော့ ခင်တော့ အ၀င်အထွက်ရှိတယ်။ အဓမ္မပြုကျင့်တဲ့အချိန်မှာတော့ အဲဒီအိမ်မှာ ဘယ်သူမှမရှိပါ ဘူး””ဟု ကမာရွတ်မြို့နယ်၊ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကလေးမိခင်က ကလေးငယ်အားအဓမ္မပြုကျင့်မှုဖြင့် ဦးမောင်မောင်စိန်ကို ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆အရ မုဒိမ်းမှုဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

7Day Daily

မူးယစ်ဆေးနှင့် ပတ်သက်သော အိမ်အား ရှာဖွေရာ ကျောက်အရိုင်းတုံး ၇၂၇ ပိဿာကျော် တွေ့ရှိ


လှိုင်ထွေးအောင်

မန္တလေး ၊ အောက်တိုဘာ ၁၄ ။ ။ မန္တ လေးမြို့ ချမ်းအေးသာ စံမြို့ နယ် ၊ ကန်ကောက်ရပ်ကွက်၊ ယာဉ်ပျံရပ် ၅၉*၆ဝကြား၊ ၃၀*၃၂ကြားရှိ ရတနာတိုင်းပြည်လုံးချင်းအိမ်ရာ နေအိမ်သို့ မူးယစ်ဆေးနှင့်ပတ် သက်၍ ရှာဖွေရာမှ ကျောက်အ ရိုင်းတုံး၉၀ အလေးချိန် ၇၂ရပိဿာ ၆ဝကျပ်သားတွေ့ရှိ သဖြင့် အိမ်ရှင် ဦး... အား (ပ)၄၃၅/၂၀၁၃၊ ကျောက် မျက် ဥပဒေ ပုဒ်မ၄၂(က) ဖြင့် ချမ်းအေးသာစံမြို့နယ် အ မှတ်(၃)နယ်မြေ ရဲစခန်းမှ အောက် တိုဘာ ၁၁ရက်တွင် အမှုဖွင့်အ ရေးယူထားကြောင်း သိရသည်။

ဦး... မှာ အမှတ်(၉) မြို့မရဲစခန်းမှ မယ(ပ)၁၉/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အရေးယူခံထားရပြီး မူးယစ်ဆေး မှုနှင့်ပတ်သက် ၍ အောက်တိုဘာ ၁ဝရက်က မန္တလေးတိုင်းဒေသ ကြီး မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ရဲမြင့်နှင့်အဖွဲ့က သက်သေများဖြစ် သော ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် အကွက်မှူး ဦးမြင့်ထွန်း၊ အရှေ့ရပ်ကွက်အ ကွက်မှူး ဦးမင်းမင်း၊ အောင်မြေ သာစံမြို့နယ် အမရဋ္ဌာနေအရှေ့ ရပ်ကွက် အကွက်မှူး ဦးကိုကိုနိုင်၊ ကျောက်ကျွမ်းကျင်သူ ဦးခင်မောင် ဦးတို့နှင့်အတူ ဦး ....၏နေ အိမ်သို့ သွားရောက်ရှာဖွေခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံး ရဲမှူး(ရေး/ထောက်) ၏ မူးယစ်ဆေးဝင်ရောက်ရှာဖွေ ခွင့် ဝရမ်းအမှတ် ၆/၂၀၁၃ဖြင့် ဝင်ရောက်ရှာဖွေရာ ဦး...၏ နေအိမ်အောက် စတိုခန်းအတွင်း မှ တရားမဝင်ခရမ်းရောင်ကျောက် အရိုင်းတုံး ၇၄တုံး၊ အလေးချိန် ၅၉ပိဿာ၎ဝကျပ်သားခန့်၊ တရား မဝင် အနီရောင်ကျောက်အရိုင်း တုံး ၁၅တုံး၊ အလေးချိန်ရှစ်ပိဿာ နှင့် အိပ်ခန်းအတွင်းရှိ စားပွဲပေါ် မှ အပြာရောင်ကျောက်ရိုင်းတုံး တစ်တုံး အလေးချိန် ၃၅ကျပ်သား စုစုပေါင်း ရောင်စုံကျောက်အရိုင်း တုံး၉၀ အလေးချိန်ရ၂ရပိဿာ ၆၀ ကျပ်သား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Yangon Media Group

ကားပေါ်တွင်ကျန်ရစ်သော ပစ်တိုင်းထောင် အရုပ်တစ်ရပ်မှ တီတီအသံထမြည်သဖြင့် ကားသမား ဆင်းပြေးရာမှ ဗုံးလန့်ခဲ့ခြင်း



ရန်ကုန်မြို့ ဘုန်းကြီးလမ်း စံပြမှတ်တိုင်တွင် ပရိုဘောက်စ်တစ်စီးအတွင်းမှ
ဗုံးဟုမသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် တပ်မတော်မိုင်းရှင်းလင်းရေး တပ်သား
တစ်ဦးနှင့် မိုင်းရှင်းခွေးတစ်ကောင်မှ ရှာဖွေရှင်းလင်းစဉ်။

အဆိုပါဖြစ်စဉ်တွင် ဗုံးဟုယူဆရသည့် ကားပေါ်တွင်ကျန်ရစ်သော ပစ်တိုင်းထောင် အရုပ်တစ်ရပ်မှ တီတီအသံထမြည်သဖြင့် ကားသမား
ဆင်းပြေးရာမှ ဗုံးလန့်ခဲ့ခြင်းဖြစ်ပြီး မစိုးရိမ်ရကြောင်းသိရသည်။
(ဓာတ်ပုံ- ပြည်သူ့အနာဂတ်)
Credit: ပြည်သူ့အနာဂတ်

ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှု တွင်ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူ ကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင်

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု မှ ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်ရှိ ဆေးရုံသို့ ပို့လိုက်ပြီဟု ဟိုတယ် ခရီးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။

"အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ ဗုံးအစအန ဒဏ်ရာရှိတယ် ။ဓာတ်မှန် မှာကြည့်ရတာတော့ ကျောက်ကပ်သွေးခြေဥတယ်လို့ သိရတယ်။ ကျွန်တော်တို့ ဒီနေ့ပဲ သူ့ကို သွားကြည့်ခဲ့ပါတယ် ။ အမေရိကန် သံရုံးကလည်း လာတွေ့တယ် ။ ဒီနေ့ပဲ SOS အေဂျင်စီ ရဲ့ လူနာတင်ယာဉ် နဲ့ လေယာဉ်ပေါ်တင်ပြီး ထွက်သွားပါတယ်" ဟု ၄င်းကပြောသည်။

ကုန်သည်ကြီးများ ဟိုတယ်အခန်းနံပါတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူ Mrs.Tialoris ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

MZ
Popular Myanmar News Journal

အသုံးဝင်သော မြန်မာ unit converter application


ဲမြန်မာ unit converter application တစ်ခုဖြစ်ပါသည်။ မြန်မာ unit များ ပါဝင်ထည့်သွင်းထားပြီး အသုံးပြုရလွယ်ကူစေ၇န် ဖန်တီး ထုတ်လုပ်ထားပါသည်။ အသုံးပြုလိုသူများ free download ရယူသုံးစွဲနိုင်ပါသည်။

Direct Download link
download

Google play download will come later


ကုန်သည်ကြီးများ ဟိုတယ် ဗုံးကွဲမှု သံသယရှိသူ ၁ ဦး ဖမ်းဆီးရမိ


ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ် (Traders) တွင်ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍  သံသယရှိခံရသူ ၁ ဦးကို ဖမ်းဆီး ရမိထားပြီး ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့တွင် ဗုံးတွေ့ရှိမှု၊ တောင်ငူမြို့တွင်  ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ သံသယ ရှိခံရ သူ ၁ ဦးကိုမူ  ဖမ်းဆီးရမိရေး ဆက်လက် ခြေရာခံနေဆဲဖြစ်ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ကုန်ုသည်ကြီးများဟိုတယ်တွင် ဖြစ်ပွားသည့်  ဗုံးခွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး သံသယရှိခံရသူ စောမြင့်လွင် ဆိုသူကို ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်၊  ဗုံးတွေ့ရှိမှုဖြစ်စဉ်နှင့် ဆက်စပ်ပြီး သံသယရှိသူ စောထွန်းထွန်း ဆိုသူ ကို ခြေရာခံမိထားပြီး ဖမ်းဆီး နိုင်ရေး ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း၊ မန္တလေး နှင့် စစ်ကိုင်း ပေါက်ကွဲမှု ဖြစ်စဉ်များ နှင့် ဆက်စပ်သော သံသယ ရှိသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်မြို့ဗုံးပေါက်ကွဲမှုများနှင့်ဆက်စပ်၍ သံသယရှိခံရသူ စောမြင့်လွင်ကို မွန်ပြည်နယ်၊ ဘီးလင်းမြို့ပြင်တွင် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး စောမြင့်လွင်သည် အဖမ်းမခံဘဲ ဆိုင်ကယ်ဖြင့် ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က ကားများဖြင့် လိုက်လံ ဖမ်းဆီး ခဲ့ရကြောင်း ဘီးလင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သန်းဦးက ဧရာဝတီသို့ ပြောကြားသည်။

“ရန်ကုန်က ရဲမှူးသိန်းလွင်နဲ့ အဖွဲ့က မနက် အစောကြီးကတည်းက ဒီကို ရောက်လာပြီး စောင့်နေတာ။ သတင်းအရ ဓာတ်ပုံ တွေလည်း ပါလာတော့ ကျနော်တို့က ၀ိုင်းကူပေးတာ။ စောမြင့်လွင်က  ဆိုင်ကယ် ရပ်မပေးတော့ ကားနဲ့ အတင်း လိုက်ပြီး ဖမ်းလိုက်ရတယ်´´ဟု ဒုရဲအုပ် သန်းဦးက ဆိုသည်။

စောမြင့်လွင်သည် အသက် ၂၆ နှစ်အရွယ် ရှိပြီး ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သူ ဖြစ် ကြောင်း ၊ စောမြင့်လွင် ကို အလုံမြို့နယ် Western Park Ruby စားသောက်ဆိုင်တွင် မိုင်းတွေ့ရှိစဉ်ကတည်းက စတင် ခြေရာခံမိခဲ့ပြီး ၎င်း၏ မှတ်ပုံတင်  တက္ကစီကားပေါ်တွင် မေ့ကျန်ခဲ့ရာမှ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော ကုန်သည်ကြီး များဟိုတယ် CCTV မှတ်တမ်းများတွင်  ရရှိထားသော သံသယရှိခံရသူ၏ ပုံစံ သည် စောမြင့်လွင်၏ ပုံသဏ္ဍန် နှင့် ဆင်တူကြောင်း၊ စောမြင့်လွင်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ  ရဲမှူးသိန်းလွင်နှင့် အဖွဲ့က ရန်ကုန်မြို့သို့ ခေါ် ဆောင် ပြီး စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရှိရကြောင်း  သထုံခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက“ တောင်ငူ ဗုံးကွဲမှု၊ ဖြူးမြို့မှာ ဗုံးတွေ့ရှိမှုနဲ့ပတ်သက်လို့ သံသယရှိခံရတဲ့ စောထွန်းထွန်းကို ဖမ်းဆီးရဖို့ ကြိုးစားနေပါတယ်´´ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ဗုံးပေါက်ကွဲမှု ၆ ကြိမ်၊ ဗုံးတွေ့ရှိရမှု ၃ ကြိမ် ဖြစ်ပွား ခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြား စေရန် ရည်ရွယ်သော ဗုံးဖောက်ခွဲမှုများကို ဖော်ထုတ်ရန် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော် ထားကြောင်း သိရှိရသည်။

ဧရာဝတီ

သွေးနီဥ ကျေပျက်ရောဂါ ခံစားနေရသော ကလေးငယ် ခွဲစိတ်ကုသစရိတ် လိုအပ်




ညောင်လေးပင်၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် အေးရွာတဲစုပိုင်း တွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အချိန်မတိုင်မီ သွေးနီဥ ကျေပျက်ရောဂါ (Thalasammia) ခံစားနေရမှုကြောင့် အဆမတန် ကြီးမားနေသော သရက်ရွက်ကို ခွဲစိတ်ကုသရန်အတွက် ကုသစရိတ် လိုအပ်လျက် ရှိကြောင်း အဆိုပါကလေးကို လိုက်လံကူညီ ဆောင်ရွက်ပေးသူ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးရွှေက ပြောကြားသည်။

အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရောဂါဝေဒနာကြောင့် ဝမ်းဗိုက်မှာ ကြီးထွားလာပြီး ဝမ်းတွင်း၌ အလွန်ပူပြင်းသော ဝေဒနာကြောင့် ဝမ်းဗိုက်ကို မကြာခဏ ရေလောင်းပေးရကာ တစ်လ (သို့မဟုတ်) နှစ်လလျှင် တစ်ကြိမ်ခန့် လိုအပ်သလို သွေးသွင်းကုသမှု ခံယူရကြောင်း ၎င်း၏မိခင် ဒေါ်ဌေးမြင့်က ပြောကြားသည်။

အဆိုပါ ကလေးငယ်သည် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒိုက်ဦးမြို့နယ်မှ မေတ္တာဦး အခမဲ့ကုသိုလ်ဖြစ် ဆေးခန်း၊ စေတနာရှင် သွေးလှူရှင် လူငယ်အဖွဲ့တို့က တတ်စွမ်းသမျှ ကူညီပေးလျက် ရှိကြောင်း၊ ကလေး၏ မိဘများသည် ဆင်းရဲနွမ်းပါးသော တောင်သူလယ်သမားများ ဖြစ်သောကြောင့် ခွဲစိတ်ကုသရန် ငွေကြေး အကူအညီ လိုအပ်လျက် ရှိကြောင်း အဆိုပါ အသင်းများထံမှ သိရှိရသည်။
“ကလေးက သရက်ရွက်ကြီးနေတော့ ဒါကိုခွဲထုတ်လိုက်ရင် အစားလည်း လွတ်လွတ်လပ်လပ် စားလို့ရမယ်။ နေရထိုင်ရတာလည်း ပေါ့ပါးသွားမယ်။ သွေးလိုအပ်ချက် ကတော့ ခွဲပြီးရင်တောင် ရှိနေမှာပဲ” ဟု ဒိုက်ဦးမြို့နယ် မေတ္တာဦး အခမဲ့ ဆေးကုခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

အဆိုပါ ကလေး၏ ဆေးကုသစရိတ် ထောက်ပံ့လိုသူများ အနေနှင့် ဖုန်း ၀၉ ၄၉၄၄၂၄၅၂၊ ၀၉၄၅၈၀၂၅၁၄၁၊ ၀၉ ၄၂၈ ၂၀၄၂၃၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း မေတ္တာဦးအခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

နိုင်ငံသားတိုင်း အခွန်ပေးဆောင်စေရန် အခွန်စံနှုန်း သတ်မှတ်ခြင်းဟုဆို



မြန်မာနိုင်ငံတွင် နေထိုင်သူမှန်လျှင် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ယင်းသို့ အခွန်ပေးဆောင်စေရန် အိမ်၊ခြံ၊မြေ အခွန်စံနှုန်းများ သတ်မှတ်ခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။
“ဒီနိုင်ငံနေပြီး ဒီနိုင်ငံသားဖြစ်လို့ရှိရင် သတ်မှတ်ထားတဲ့ အခွန်ကိုတော့ ပေးဆောင်ရပါမယ်။ အခွန်ရှောင်တယ် ဆိုတာက ဂုဏ်သိက္ခာပိုင်းကိုလည်း ထိခိုက်စေပါတယ်” ဟု ၎င်းကပြောဆိုသည်။

အခွန်ရှိမှ နိုင်ငံတစ်နိုင်ငံ ရပ်တည်နိုင်မည် ဖြစ်သည့်အတွက် အခွန်ဆောင်စေလိုကြောင်း မော်တော်ယာဉ် အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ ခေါင်းဆောင် ဦးဇော်အောင်က ပြောကြားသည်။

အခွန်နှုန်းထားသစ်များမှာ အနည်းငယ် များခြင်းကြောင့် အခွန်ဆောင်ရန် ပြည်သူများ လက်တွန့်သွားနိုင်ကြောင်း Estate Myanmar အိမ်၊ ခြံ၊ မြေ လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။
“ဒီလိုမျိုး အခွန်စံနှုန်းတွေကို သတ်သတ်မှတ်မှတ် လုပ်ဆောင်ပေးလိုက်တာ ပွင့်လင်းမြင်သာမှုရှိတဲ့ သဘောကို ဆောင်ပါတယ်။ ဒီလိုသတ်မှတ်ပြီး ပြည်သူတွေကို တရားဝင် ထုတ်ပြန်ပေးတာ ကောင်းပါ တယ်” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က သုံးသပ်ပြော ဆိုသည်။

ရန်ကုန်မြို့တွင်း မြို့ ပြင် အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်းများနှင့် ယာဉ်အို၊ ယာဉ်ဟောင်း အခွန်စံနှုန်းများသည် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်၊ ခြံ၊ မြေ စံနှုန်းများနှင့် တင်သွင်း မော်တော်ယာဉ် များကိုလည်း မော်ဒယ်လ်နှင့် နှစ်အလိုက် အခွန်စံနှုန်းများ သတ်မှတ်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

မလေးရှားတွင် ဇနီးဖြစ်သူ၏ချစ်သူကို သတ်ခဲ့သည့် စင်ကာပူအမျိုးသားကို ရဲကအလိုရှိ



မလေးရှားတွင် ဇနီးဖြစ်သူ ၏ချစ်သူကို သတ်ဖြတ်ခဲ့သည့် စင်ကာပူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က အလိုရှိနေကြောင်း စထရိတ်တိုင်းမ်သတင်းစာပါ သတင်းတစ်ခုတွင် ဖော်ပြထား သည်။

တနင်္ဂနွေနေ့ နံနက်အစော ပိုင်းက မလေးရှားနိုင်ငံ ပါဟန်း ပြည်နယ်တွင် အဆိုပါစင်ကာပူ အမျိုးသားက ဇနီးဖြစ်သူ၏ချစ် သူကို ဓားဖြင့်ထိုးခဲ့ပြီး ဇနီးဖြစ် သူကိုလည်း တိုက်ခိုက်ကာ ထွက် ပြေးသွားခဲ့သည်ဟု ဆိုသည်။ ဓား ထိုးခံရသူမှာ ယခင်က စင်ကာပူ တွင် အလုပ်လုပ်ခဲ့သော အသက် ၃၂နှစ်အရွယ်ရှိ တရုတ်နိုင်ငံသား တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဒဏ်ရာများကြောင့် သေဆုံးသွား ခဲ့သည်။ ထရီအန်မြို့၏ ရပ်ကွက် ငယ်တစ်ခုရှိ အိမ်တစ်အိမ်တွင် နံနက် ၃နာရီခန့်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိမိ၏ဇနီးဖြစ်သူသည် အ ဆိုပါတရုတ်နိုင်ငံသားနှင့်ကျူး ကျူးလွန်လွန်ချစ်ကြိုက်နေသည် ဟု မသင်္ကာဖြစ်ကာ ထိပ်တိုက် ရင်ဆိုင်ရန် မလေးရှားသို့ ကား မောင်းလာခြင်းဖြစ်သည်။ ပြော ဆိုဆွေးနွေးမှုများ စီစဉ်သည့် အတိုင်း ဖြစ်မလာသည့်နောက် အသက် ၄ဝကျော်ရှိ တက္ကစီယာဉ် မောင်းတစ်ဦးဖြစ်သူ စင်ကာပူ သားသည် ဇနီး၏ချစ်သူကို ဓား ဖြင့် ထိုးခဲ့သည်ဟု Shinmin Daily News သတင်းစာက ဖော်ပြခဲ့ သည်။

သတ်ဖြတ်ခံရသူသည် စင် ကာပူရှိအလုပ်မှ ထွက်ကာ စင် ကာပူသား၏ ဇနီးနှင့်အတူ မလေး ရှားသို့ ထွက်ပြေးခဲ့ကြသည်။ ၎င်း က အမျိုးသမီး၏ လုံခြုံရေး အတွက် စိုးရိမ်ခဲ့သည်ဟု သတင်း စာကဖော်ပြခဲ့သည်။ အမျိုးသမီး ဖြစ်သူမှာလည်း တိုက်ခိုက်ခံရ သဖြင့် ဆေးရုံတစ်ခုသို့ ပို့လိုက် ရသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန် စင်ကာပူစုံတွဲ၏ ကလေးတစ်ဦး သည် အဆိုပါအိမ်တွင် ရှိနေခဲ့ ကြောင်း သိရသည်။
လုံခြုံရေးအခြေအနေကို ထောက်ထား၍ သတ်ဖြတ်သူဟု မသင်္ကာသူ၏အမည်ကို မလေး ရှားမှ ရဲတပ်ဖွဲ့ကထုတ်ဖော် ပြော ကြားခြင်း မပြုခဲ့ပေ။ သို့သော် လည်း စင်ကာပူရဲတပ်ဖွဲ့ကို အ ကြောင်းကြားခဲ့သည်။
Yangon Media Group

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"





အောက်တိုဘာ ၁၅ ရက် ၂၀၁၃

ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။ ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့် တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။ အခု အခါလည်း US မှာတဖြည်းဖြည်း သုံးစွဲမှု ကြီးမားလာပြီး အန္တရာယ် အဆင့်ရှိတဲ့ ဆေးတစ်မျိုး အကြောင်းကို ဖော်ပြသွား မှာပါ။ အရင်က မူးယစ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်းလို့ သိကြတာပါ။ ဆေးပြား တွေလို ပုံစံမျိုး နဲ့ကော၊ အမှုန့်နဲ့ကော သုံးစွဲကြ သလို ဆေးလိပ်လို ဟာ မျိုး မှာလည်း ထည့်လိပ် ပြီးတော့ ရှုကြတာတွေ ရှိပါတယ်။ တချို့ကတော့ ဆေးထိုးအပ်နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေနဲ့ ငြိစွန်းပြီး နိုင်ငံတကာက အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ်တင်တင် ထုတ်လုပ် ရောင်းဝယ်ဖို့ ခက်လာ ပါတယ်။ ဒီလိုနဲ့ ဘိန်းဖြူ လိုမျိုးလည်း ဇယားမရှုပ်၊ တရားဝင်လည်း ၀ယ်လို့ရတဲ့၊ အာနိသင်လည်း တူတူနီးပါး ရတဲ့ဟာမျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရရင် ကော်ရှုကြ တာမျိုးပါ။ နောက်တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ဆေး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။ ယခုအခါ မှာလည်း ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ဆေး တစ်မျိုး ပေါ်လာ ပါတယ်။ မူရင်း ထင် ရှားတဲ့ Russia ကလာတဲ့ ဒီမူးယစ်ဆေးဟာ ရုရှားလို မိကျောင်းလို့ အဓိပ္ပါယ် ရပါတယ်။ US က Chicago ဆင်ဖြေဖုံး ရပ်ကွက် တွေမှာ ၈ဒေါ် လာ လောက်နဲ့ ၀ယ်လို့ရပြီး ၂၅ ကနေ ၃၀ဒေါ်လာ အထိ ပေးရတဲ့ ဘိန်းဖြူနဲ့ စာရင် အများကြီး ဈေးသက်သာ တာကြောင့် လူကြိုက်များ ပါတယ်။ ချောင်းဆိုး ပျောက်ဆေး Codeine ဆေးပြား၊ Iodine နဲ့တခြားသော ပေါပေါရတဲ့ အရည် တချို့ကနေ လွယ်လွယ် ပြုလုပ်ထား တဲ့ဒီ Krokodil ဆေးဟာ Morphine လိုမျိုး အစွမ်း ရှိပါတယ်။ ဒါပေမယ့် ဘယ်မူးယစ်ဆေး မဆို ကောင်းကျိုး မပေးပါဘူး။ အဲဒီဆေးဟာ အ သားတွေကို ပုပ်ပြဲစေ သလို အသား တွေကို အစိမ်းရောင် သဲ့သဲ့ တဖြည်းဖြည်း ပြောင်းစေ ပါတယ်။ အဆိုးဆုံး ကတော့ အသားတွေ ပုပ်ပြဲလာ တာကြောင့် အရေပြား အောက်က အရိုးတွေ၊ ကြွက်သားတွေ အတိုင်းသား မြင်ရပြီး ပြင်ပရောဂါ တွေပါ ကူးစက်လာ တာပါပဲ။ flesh-eating drug လို့တင်စား ခေါ်ဝေါ် နေကြပါတယ် အခုဆိုရင် Krokodile ပျော်စံရာ Chicago ကဆရာဝန် တွေဟာ ဆေးရဲ့ ဘေးဥပါဒ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အသည်းအသန် ကုသနေ ရတဲ့ ဘ၀ ရောက်နေ ပါတယ်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ Arizona နဲ့ Utah ပြည်နယ် တွေကိုလဲ အဲဒီဆေးတွေ ပျံ့နှံ့ နေပါပြီ။ မီဒီယာ တွေရော၊ အစိုးရ ကပါ သတိပြု မိလာ တာကြောင့် မကြာခင်မှာ ထိရောက်တဲ့ စစ်ဆင်ရေး တွေနဲ့ ဖြေရှင်း သွားဖို့ ကိုတော့ မျှော်လင့် ရပါဦးမယ်။ ဘိန်းဖြူမှ မဟုတ်ပါဘူး။ မူးယစ် စေတဲ့ ဆေးမှန်သမျှ အားလုံး ဝေးဝေးက ရှောင်သင့် ပါတယ်။ ရှောင်ကြဉ်ရုံ တင်မကပဲ သူတစ်ပါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ တွေ့ရှိမိရင် သက်ဆိုင်ရာကို အမြန် သတိပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မူးယစ်ဆေး ကင်းစင်တဲ့ သာယာတဲ့ လောကကြီး တစ်ခု ဖြစ်လာ မှာပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ် ခင်ဗျာ။

အလင်းရှင်

နိုင်ငံတ၀န်း ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အမြင်သဘောထား


မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိသလို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ကျင်းပမယ့် ပြည်သူ့ လွှတ်တော်မစတင်မီ သတင်းထောက်တွေက မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
“ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် အမေကတော့ ယုံကြည်တယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ပါတယ်။ ဒါတွေက တမင် လှုပ်လှုပ်ရှားရှားဖြစ်အောင် ဆွတာဆိုတော့ အဲဒီထောင်ချောက်ထဲ မ၀င်သွားဖို့ လိုတယ်။ စိတ်လှုပ်ရှားအောင်၊ တမင်လန့်အောင် ဖျပ်အောင် လုပ်နေတာဆိုတော့ ထောင်ချောက်ထဲမ၀င်သွားအောင် လုပ်ဖို့လိုတယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ ရပါတယ်။”

ဦးဌေးဦး
“ပေါက်ကွဲမှုဖြစ်တယ်ဆိုတဲ့ကိစ္စက မဖြစ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။ ဘယ်သူတွေ လုပ်နေတာလည်းဆိုတာကို တာဝန်ရှိတဲ့သူတွေ စုံစမ်းစစ်ဆေးပါလိမ့်မယ်။ ဒါမဖြစ်သင့်ပါဘူး။ စနစ်ပြောင်းလဲရေးအတွက်လည်း အထောက်အကူမဖြစ်ဘူးလို့ မြင်ပါတယ်။ ဒီဘက်မှာလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးဆိုတာနဲ့လည်း မပတ်သက်ဘူးလို့ မြင်တယ်။ ဘယ်လို ရည်ရွယ်ချက်လည်းဆိုတာ လုပ်တဲ့သူတွေပဲ သိလိမ့်မယ်။ ကျနော်တို့ ဘက်က ဒါမလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ”

ဦးရဲထွဋ်
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ မထိခိုက်ပါဘူး။ နှစ်ဖက်လုံးက ငြိမ်းချမ်းရေးရအောင် တည်ဆောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် သမ္မတကြီး မျှော်မှန်းထားသလို နိုဝင်ဘာလအတွင်းမှာ သဘောတူညီချက်တခုလောက် လက်မှတ်ထိုးနိုင်မယ်လို့ မျှော်မှန်းပြီး ဆောင်ရွက်တာပါ။ သီးခြားစီ ဘာမှ ထိခိုက်စရာမရှိပါဘူး။ ကျနော်တို့ တခု နှောင့်နှေးသွားရင်လည်း အဲလိုမျိုးလုပ်နေတဲ့ လူတွေအတွက် ရည်ရွယ်ချက်အောင်မြင်သွားမှာပေါ့။ အဲလိုမျိုးတော့ ကျနော်တို့ အဖြစ်မခံနိုင်ပါဘူး။”

 by ဒီဗွီဘီ

စိတ်ဖြင့် စမတ်ဖုန်းကို ခိုင်းစေမည့် Headphone




Defense Advanced Research Projects Agency (Darpa) အဖွဲ့အစည်းမှ ဖန်တီးလိုက်တဲ့ Headphone ဖြစ်ပါတယ်။

မပြီးပြည့်စုံသေးပါဘူး။ Under development ပါ။ စိတ်က ခံစားချက်များကို Headphone ကလိုက်မှတ်ပီး ဖုန်းထဲကို Bluetooth နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီမှာ ကြားခံဆက်သွယ်ပေးမယ့် App တစ်ခုသာ Install လုပ်ရမှာ ဖြစ် ပါတယ်။ ဦးနှောက်ကနေ ကိုယ်ပို့ချင်တဲ့ စာကို စဉ်းစား ရေးလိုက်ရုံနဲ့ ဖုန်း Message ထဲမှာ အလိုအလျောက် ရေးသားပြီး ပို့ချင်တဲ့သူကို choice လုပ် ပို့နိုင်မှာ ဖြစ်ပါတယ်။Headphone မှာတပ်ဆင်မယ့် ပစ္စည်းက Brain Recording Device ဖြစ်တဲ့ EEG Reading ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ အကုန်ကျ သက်သာတဲ့ ပစ္စည်း ဖြစ်ခြင်းပါ။ လက်ရှိ Emotive gaming မှာ ပါဝင် အသုံးပြုတဲ့ ပစ္စည်း ဖြစ်ပြီး ဈေးအသက်သာ ဆုံး ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။

Headphone တစ်ခုလုံးရဲ့  ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ၃၀ ထဲပါ။ ကားစီးနေရင်း၊ မောင်းနေရင်း၊ ခရီးသွားနေရင်း၊ ရထားစီးနေရင်း အချိန်တွေ စာပို့ဖို့မအားတဲ့အခါ ပြီးတော့ ဖုန်းကနေ ဂိမ်းဆော့နေရင် စာဝင်လာတာတွေ ကို ပြန်ဖြေကြားဖို့အတွက်နဲ့ အခြားသော Feature အတော်များများကို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Darpa ဟာ ယင်းပစ္စည်းကို နှစ် အနည်းငယ် အတွင်း အပြီးသတ် ထုတ်လုပ်ဖန်တီးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
TechSpace Journal


ကျေးရွာအုပ်ချုပ်ရေးမှူး ဆင်းမ်ကတ် ၁၀ ကျော် ရောင်းစားဟုဆိုကာ တိုင်ကြား



ဒိုက်ဦးမြို့နယ် သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာတွင် အများပြည်သူ သုံးစွဲနိုင်ရန် ရောင်းချခွင့် ပြုထားသော တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်ရေ ၁၀ ကတ် ကျော်ကို ကိုယ်ကျိုးသုံး ရောင်းစားသည်ဟုဆိုကာ ကျေးရွာနေထိုင်သူ အချို့က အောက်တိုဘာလ ၉ ရက်နေ့က တိုင်ကြားထားကြောင်း အဆိုပါကျေးရွာ နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

သရက်တော ကျေးရွာအုပ်စုရှိ အုတ်ဝင်းရွာ၊ သရက်တောရွာ၊ ငှက်သိုက်ပေါက်ကျေးရွာ နေထိုင်သူများအတွက် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ်များကို ဇွန်လတွင် ၃၅ ကတ်၊ ဇူလိုင်လတွင် ကတ် ၂၀၊ သြဂုတ်လတွင် ကတ် ၂၀ အပါအဝင် ဆင်းမ်ကတ်ပေါင်း ၇၅ ကတ်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ချထားပေးခဲ့ရာ ယင်းဝေစုထဲမှ ဆင်းမ်ကတ်ပေါင်း ၆၁ ကတ်ကိုသာ မဲစနစ်ဖြင့် ရောင်းချပေးပြီး ကျန်ဖုန်းဆင်းမ်ကတ် ၁၄ ခုကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ကျိုး သုံးသောကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း တိုင်ကြားသူများထဲတွင် ပါဝင်သည့် သရက်တောကျေးရွာ နေထိုင်သူ ဦးမြင့်သိန်းက ပြောကြားသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးသည် သရက်တောကျေးရွာ နေသူ အမျိုးသားတစ်ဦးကို ကျပ်သုံးသောင်းခွဲဖြင့် ရောင်းချခဲ့ကြောင်း၊ မဲပေါက်သူတစ်ဦး ကိုယ်တိုင်ပင် ကျပ်လေးထောင် ပေးခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

သရက်တောကျေးရွာအုပ်စု တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များကို အများပြည်သူထံ မဲစနစ်ဖြင့် ရောင်းချပေးရာတွင် ရပ်မိရပ်ဖများ၊ ကျေးရွာ အထောက်အကူပြု အဖွဲ့များနှင့် တိုင်ပင်ကာ မဲနှိုက် ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး ယခုတိုင်ကြားမှုမှာ ပုဂ္ဂိုလ်ရေးကြောင့် တိုင်ကြားခြင်း ဖြစ်ကြောင်း သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

ကျေးရွာနေထိုင်သူ အချို့က သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားသည်မှာ မှန်ကန်ပြီး တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဖက်ကို စစ်ဆေးပြီးသောကြောင့် ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြထားကြောင်း စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly


နိုင်ငံရေး ကစားလိုသော တတိယအင်အားစုတစ်ခုက ဖောက်ခွဲမှုများ ပြုလုပ်ခြင်း ဖြစ်နိုင်ဟုဆို

့မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲများနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLAမှ ဗိုလ်ကြီး စောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေးကစားလိုတဲ့ တတိယအဖွဲ့တစ်ခုလိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်နေ တယ်လို့ ထင်ပါ တယ်''ဟု ပြော သည်။

လက်ရှိဖြစ်ပေါ်နေသော ဖောက်ခွဲဖျက်ဆီးရေးဖြစ်စဉ်များ ကို  KNU/KNLA မှလည်း လေ့ လာစောင့်ကြည်မှုများပြုလုပ်နေ ပြီး လိုအပ်ပါက အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်ပေးနိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ဗိုလ် ကြီးစောမိုးဇက်က ပြောသည်။

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဌေးကြွယ်က''အ ခု ကျွန်တော်  တို့နိုင်ငံမှာက  Hard Liner သမား တွေနဲ့ အစွန်းရောက်တဲ့သူတွေ ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံ ရဲ့အပြောင်းအလဲဟာ ကောင်းမွန် တဲ့အရွေ့တစ်ခုကို ဦးတည်နေ ပါပြီ။ အခုဖြစ်နေတဲ့အကြမ်းဖက် မှုတွေ ဖောက်ခွဲမှုတွေနဲ့ အပြောင်း အလဲကို မရနိုင်ပါဘူး။ ဒီအချိန် မှာက နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးရမယ့်အချိန်ဖြစ်နေပါ ပြီ''ဟု ပြောသည်။ မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦးက ''နိုင်ငံရေးက စားလို သူ အုပ်စုတစ်စုကြောင့်လို့ ပြောလို့ရသလို ပြည်ပအကြမ်း ဖက်အဖွဲ့အစည်းတွေကလဲ ဒီလို လုပ်ရပ်တွေလုပ်နိုင်ပါတယ်။ ကျွန် တော်တို့နိုင်ငံမှာ အရင်ကလဲ ဖောက်ခွဲမှုတွေဖြစ်ခဲ့တိုင်း အစိုးရ အနေနဲ့ တရားခံကို ဖော်ထုတ်နိုင် မှုအားနည်းခဲ့ ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေက အရေးကြီးတဲ့အချိန်မျိုး ရောက် နေတဲ့အချိန်မှာ အခုလိုဖြစ်ရပ် တွေကိုအစိုးရအနေနဲ့ ဂရုတစိုက် ဖြေရှင်းဖို့ လိုပါတယ်''ဟု ပြော သည်။

ထို့အပြင် အစိုးရအနေဖြင့် ပြည်တွင်းအင်အားစုများအပြင် ပြည်ပအင်အားစုများနှင့် အကြမ်း ဖက်အဖွဲ့အစည်းများကိုပါ အထူး အာရုံစိုက် လေ့လာစောင့်ကြည့် သွားရန်လိုကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက ပြောဆိုနေ ကြသည်။

ငယ်ထွေး (ကလေး)
yangonmedia

အစာအိမ် အချဉ်ပေါက်သူများ ရှောင်ရမည့် အစားအစာ



ကော်ဖီ - ကဖင်းပါသော အစားအစာများသည် အစာအိမ်အက်ဆစ်ဓါတ်ကို လွန်ကဲစေသည်။

ချိစ်ကိတ် - အဆီပါဝင်မှုများသော အစားအစာများသည် အစာအိမ်အက်ဆစ်ဓါတ် လျှံတက်စေပြီး ရင်ပူစေသည်။

ပန်းဂေါ်ဖီစိမ်း – ပန်းဂေါ်ဖီစိမ်းသည် လေပွစေပြီး အစာအိမ်အက်ဆစ်ဓါတ်ကို လျှံတက်စေသည်။

အချဉ်သစ်သီးများ - အချဉ်ဓါတ်သည် အစာအိမ်အက်ဆစ် လွန်ကဲစေ သည်။

အရက် - ဘီယာ၊ ၀ိုင်နှင့်အရက်များသည် အစာအိမ်ရောင်သည်အထိ ဖြစ်သည်။
အစပ် – ငရုတ်သီး၊ချင်း စသည့် ပူစပ်သည့် အစားအစာများသည် အစာအိမ်အက်ဆစ်ကို ပိုပြင်းစေပြီး ဗိုက်အောင့်စေသည်။

ချောကလက်- ချောကလက်သည် အစာအိမ်အက်ဆစ်ဓါတ်ကို မမြင့်တက်စေသော်လည်း အစာရေမျိုပြွန် (oesopha gus) ကြွက်သားကို ပျော့ပြောင်း စေသည့်အတွက် အစာအိမ်အက်ဆစ်များကို ပြန်အန်ထွက်စေပြီး ရင်ပူစေသည်။

ခရမ်းချဉ်သီး- ခရမ်းချဉ်ကိုယ်၌ပင် အက်ဆစ်ဓါတ်များစွာပါဝင်ပြီး အစာရေမျိုပြွန်ကိုလည်း ပျော့စေသည့်အတွက် ရင်ပူစေသည်။ ခရမ်းချဉ်သီး အချဉ်ရည်များသည်လည်း အစာအိမ် အချဉ်ပေါက်စေသည်။

အစားကြီးခြင်း- ညမအိပ်ခင် နှစ်နာရီ မှသုံးနာရီအတွင်း အစာအမြောက်အမြားစားထားလျှင် အစာရေမျိုပြွန် နှင့် အစာအိမ်တို့ကြားပြွန်ပေါက်ကို ဖိအားသက်ရောက်မှုကြောင့် အစာအိမ်အက်ဆစ်များ အပြင်ထွက် ကာ ရင်ပူတတ်သည်။

သီဟ
Source:health-central

စစ်ကိုင်းတွင်လည်း ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ




ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ၊ ဗုံးဟု မသကာင်္ဖွယ်ရာ တွေ့ရှိမှုများ ဖြစ်ပွားနေပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ မိနစ် ၃၀ အချိန်နှင့် ၅ နာရီ ၄၅ မိနစ် အချိန်ဝန်းကျင်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်တို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီမိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ် အိုးတန်း (၄)လမ်းကြားရှိ ရွှေပြည့်စုံ ဟိုတယ်၏ ၄ ထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက လာပြီးစစ်ဆေး ပြီးသွားပြီ။ ဗုံးနဲ့ ပတ်သက်ပြီး မသကာင်္စရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ်နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ ၄ လုံးကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆွေက အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ၀န်းကျင်က The Daily Eleven သို့ ပြောကြားသည်။
ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၂ နာရီကျော်ခန့်အကြာ နံနက် ၅ နာရီ ၄၅ မိနစ် ၀န်းကျင်တွင်လည်း စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၏၀င်ပေါက် ကားပါကင်ထားရှိရာ အရှေ့ရှိ ပန်းခုံ၌လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ပန်းခုံ၏ အောက်ခြေအနီးတစ်ဝိုက် ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ လူများမှာမူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဗုံးလာထောင်တဲ့သူဆိုပြီး မသကာင်္စရာလူတော့ သတိမထားမိဘူးဗျ။ မနက် အစောပိုင်းကြီး ပေါက်သွားတာဆိုတော့ ညပိုင်းလောက်က လာထောင်သွားတာပဲ ဖြစ်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ဘုရားပေါ်မှာ လူတွေရှိတော့ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ သတိထားမိ မှာပါဘဲ။ တခြားမြို့တွေမှာလည်း ဗုံးတွေပေါက်နေတာ ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို အခြေခံ လူတန်းစား၊ တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ဗုံးအန္တရာယ် ရှိနေပေမယ့်လည်း အလုပ်တော့ လုပ်ရမှာပါပဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာ ဆိုတော့လေ" ဟု ဆွမ်းဦးပုညရှင် စေတီတော် အနီးတွင် ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။

(စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ် စတုတ္ထထပ် စားသောက်ခန်းအတွင်း ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်)

EMG

အများပြည်သူများသို့ လုံခြုံရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း အောက်တိုဘာ ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ကအင်းစိန် မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက် ရန်ကုန်-ပြည်လမ်း စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲ သေးသည့် လက်လုပ် မိုင်းတစ်လုံးကို ရှင်းလင်းနိုင်ခြင်းနှင့် ယင်းနေ့တွင်ပင် ညနေ ၅ နာရီ မိနစ် ၄၀ က သာကေတ မြို့နယ် ၃/ မာန်ပြေရပ်ကွက် ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးရပ်ထားသည့် နောက်တွဲ ယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ် အမည်းဖြင့် ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင် (၁၄ နှစ်) နှင့် ဝင်းမင်းထွေး (၁၄ နှစ်)တို့က ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ် နှစ်ဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိ ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှူး၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့် ချထား ဆောင်ရွက်လျက် ရှိပြီး အများပြည်သူများ အနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြို လမ်းကြား များတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြ ရန်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း မိမိရပ်ကွက်ရှိ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများအား ဆက်လက်သတင်း ပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြား ထားပေးပါရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေတ္တာရပ်ခံ လိုက်သည်။ အများပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ အထိတ် တလန့်ဖြစ်အောင်နှင့် ထိခိုက် ဒဏ်ရာရသေစေအောင် အဖျက်အမှောင့် လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေ သူများအား ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင် ဖော်ထုတ်ပေးကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာ ရပ်ခံအပ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

Yangon Media Group

ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှု သံသယရှိသူအား ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးရမိ



(၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲ အရာရှိတဦးက Myanmar News Now ကို ပြောပါတယ်။

တရားခံဟာ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာ သူ့ရဲ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ တရားခံကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေး ရဲမှူးကိုယ်တိုင်း ဦးစီးပြီး လိုက်လံဖမ်းဆီး ခဲ့ပြီး ယ္ခုအခါ ရဲမှူးကားနဲ့ အတူ တရားခံ စောမြင့်လွင် အား ရန်ကုန်မြို့ ကို ပြန်ခေါ်လာနေကြောင်း သိရပါတယ်။

by Myanmar News Now

ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ပြောကြား




နေပြည်တော်-အောက်တိုဘာ၁၅
အောက်တိုဘာလ ၁၅ ရက်နေ့နံနက်ကကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး
ဒသမနေကို တက်ရောက်လာစဉ် လတ်တလော ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက်၍ မီဒီယာများမေးမြန်းမှုကို
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားရာတွင် ဒါကတော့အုပ်ချုပ်ရေးပိုင်းနှင့်ဆိုင်တဲ့ကိစ္စဘဲ
အမေတို့ကလိုက်ဖမ်းနိုင်တဲ့သူတွေမှ မဟုတ်တာ လုံခြုံရေးအစီအစဉ်အားနည်းတယ်လို့ပြောရအောင်လည်း ဘယ်တွေမှာဗုံးတွေချ
တယ်ဆိုတာလည်းရှိသေးတယ်ပေါ့နော်။အရေးကြီးတာက ဘယ်သူတွေ လုပ်လဲဆိုတာမြန်မြန်ဖေါ်ထုတ်ဖို့ပါဘဲ။
ပြည်သူတွေကဆိုးရိမ်တော့ဆိုးရိမ်တာပေါ့
ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့အမေကတော့ဒါပေမယ့် အမေကတော့ ယုံကြည်တယ် အမေတို့ ပြည်သူတွေက
ခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။ဒါတွေကတ မင်ပေါ့နော်လုပ်လုပ်ရှားရှားဖြစ်အောင်လို့စွတာဆိုတော့အဲ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင်စိတ်လှုပ်ရှားအောင် လန့်အောင်ဖြန့်အောင်
တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတက်ဖို့လိုတယ်။ဒါကို သတိတော့ ထားရမှာပေါ့။
စိုးရိမ်မှု လွန်ကဲနေလို့တော့ ဘယ် ဖြစ်မလဲ ။လူများတဲ့ နေရာသွားရင် အန္တရယ် ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။သတိရှိတာတော့ မမှားပါဘူး။ဒါပေမယ့်
အစိုးရိမ်လွန်နေလို့တော့လည်းမကောင်းဘူးဘာဘဲပြောပြော မဇ္စိမပရိပရာပေါ့ ဥပဒေပြုပြင်ပြောင်းလည်းရေးနှင့်ပတ်သပ်ပြီးမေးမြန်းရာ အဲ့တာလည်းဖြစ်နိုင်တယ်
ပြောလို့တော့မရဘူးပေါ့နော် ဒါက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘယ်သူတွေဟာလုပ်တာလည်းဆိုတာ ဖေါ်ထုတ်ပေးမှဖြစ်မှာပေါ့၊ မှန်းခြေနဲ့သိမ်စဉ်းစားနေရင်
တခါတလေမဖြစ်သင့်တာတွေဖြစ်သွားလိမ့်မယ် တင်းမာမှုတွေဖြစ်သွားနိုင်မယ် စသည်ဖြင့်ဖြေကြားခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ-National League for Democracy
Popular Myanmar News Journal

ထောင်ဝင်စာ လာတွေ့သည့် ဇနီးသည်ထံ ဘိန်းမည်းများ တွေ့ရှိ



၁၅၊၁၀၊၂၀၁၃ ရက်နေ့ နံနက် (၉)နာရီ(၃၀)မိနစ်အချိန်က ကသာမြို့ အကျဉ်းထောင်အတွင်း ထောင်ကျတရားခံအား ထောင်ဝင်စာ လာတွေ့သည့် ဇနီးသည်ထံမှ ဘိန်းမည်းများ ဖမ်းမိခဲ့ကြောင်း သိရပါသည်၊
ဖြစ်စဉ်မှာ ကသာထောင်အတွင်း ဘိန်းမှုဖြင့် ထောင်ကျနေသည့် မောင်အိုက်(ခေါ်)မောင်ထွေး ထံ ထောင်ဝင်လာတွေ့သည့် မဖြူဖြူဝင်း(၂၉နှစ်)နတ်တော်ရွာ ရေကန်သာ အုပ်စု၊ကောလင်းမြို့နယ်၊ယူဆောင်လာသော
ထောင်ဝင်စာငပိကျော် ဗူးအား စစ်ဆေးရှာဖွေရာ ငပိကျော်ဗူးအတွင်း မြုတ်နှံသိုဝှက်လာသည့် ပလပ်စတစ်ဗူးငယ် အတွင်း ဘိန်းမဲထုတ် (၁၅)ထုတ်အး တွေ့ရှိခဲ့ပါသည်၊
မဖြူဖြူဝင်း၏ အစစ်ခံချက်အရ သူသည့် ခင်ပွန်းဖြစ်သူ မောင်အိုက် ကို အလွန်ကြောက်ရပါကြောင်း၊ယခင်အပတ် ထောင်စာ လာတွေ့စဉ်ကလည်း အကြိမ်ကြိမ် မောင်အိုက်က သူမြေကြီးထဲ မြုတ်ထားသည့် ဘိန်းမဲ(၁၅)
ထုတ်ကို ယူ၍ ငပိကျော် ဗူးထဲ မြုတ်ခဲ့ရန် ခိုင်းစေခဲ့ကြောင်း၊ သူမတွင် (၂)နှစ်အရွယ် သားနှင့် (၁၀)နှစ်အရွယ်သမီးတစ်ယောက် ရှိကြောင်း၊မောင်အိုက် ထောင် မကျခင်ကတည်းက အရိုက်အနှက် ရက်စက်သဖြင့်
ငယ်ကြောက်လို ဖြစ်ခဲ့ရကြောင်း၊ မောင်အိုက် ထောင်ကျကတည်းက တစ်ရက်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် မြက်နှုတ် ပေါင်းရှင်း လုပ်စားခဲ့ပြီး ထိုရရှိငွေများကို ကလေး ကျောင်းစားရိတ်နှင့် မောင်အိုက် ထောင်ဝင်စာစားရိတ်
အဖြစ် သုံးခဲ့ပါကြောင်း သိရှိရပါသည်၊
ထိုဖြစ်ရပ်နှင့် ပါတ်သက်၍ ဘိန်းမည်းဟု ယူဆရသော အထုပ်ငယ်(၁၅)ထုတ် (သတ်မှတ်တန်ဘိုး ၇၅၀၀၀တန်ဘိုးရှိ)ဖမ်းဆီးရမိခဲ့သူ မဖြူဖြူဝင်းအား ကသာရဲစခန်းမှ မယ(ပ)၂၃/၁၃အရ တိုင်ချက်ရေးသွင်းပြီးး
မူးယစ်စေတတ်သော စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ) တို့ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး ဒုရဲအုပ် ဌေးဝင်းမှ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

(HERJULE MEDIA)


သတင်းပေါင်းစုံ

မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့် အမှိုက်ပုန်းပေါ်တွင် မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်






ရန်ကုန်-အောက်တိုဘာ၁၅
ယနေ့နံနက်၁၀နာရီက မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့်ရှိ အမှိုက်ပုန်းပေါ်တွင်
မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ
ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်ပြီး အိတ်ထဲတွင် ဘာမှမပါကြောင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှရဲမှူးဦးဝင်းကြည်က ပြောသည်။
စည်ပင်ကတွေ့ပြီးရဲကို အကြောင်းကြားလိုက်တာပါဟု ရဲတပ်ဖွဲ့တစ်ဦးကပြောသည်။
အနီးနားရှိကွမ်းယာဆိုင်မှ ဈေးသည်က ကျွန်တော်သိတောင်မသိပါဘူး .လူတွေအုံလာမှသိတာဟု ပြောသည်။ ၇န်နိင်
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ) — အတာချီကေ့တလုံးတွေ့၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ် (4 photos)

Popular Myanmar News Journal

မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၄၀ ချေးရန် သဘောတူ လက်မှတ်ထိုး



မွန်ပြည်နယ် သထုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးရန် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် ကြေညာသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ချေးငွေများကို သထုံမြို့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ သက်တမ်းလွန် သဘာဝဓာတ်ငွေ့ တာဘိုင်များအသစ် အစားထိုးခြင်းတွင် အသုံးပြုမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Kanthan Shankar က ပြောကြားသည်။

မြန်မာနိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ရန်အတွက် အတိုးမဲ့ချေးငွေ ရခြင်းသည် ကောင်းမွန်ပြီး အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များက ထိရောက်စွာ အကောင်အထည် ဖော်သင့်ကြောင်း စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောကြားသည်။
“ဒီဘက်က အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ရမယ်” ဟု ၎င်းကဆိုသည်။

သဘာဝဓာတ်ငွေ့ တာဘိုင်များ လဲလှယ်ပြီးပါက လျှပ်စစ်ဓာတ်အား ၂၅၀ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်ပြီး လက်ရှိအခြေအနေအရ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသားများမှာ လျှပ်စစ်ဓာတ်အား ရရှိမှုအနည်းဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း မကွေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်း အတိုးမဲ့ချေးမည် ဖြစ်ကြောင်း စက်တင်ဘာလက သတင်းထုတ်ပြန်ထားသည်။

The Voice Weekly

ရန်ကုန်မြို့ဟိုတယ်များ လုံခြုံရေးတိုးမြှင့်ရန် သတိပေးချက် ထုတ်ပြန်မည်ဟုဆို



ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့ တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုတို့ကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်များ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရန် သတိပေး ကြေညာချက် ထုတ်ပြန်မည် ဖြစ်ကြောင်း ဟိုတယ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသီဟအောင်က ပြောကြားသည်။

ဟိုတယ် လုပ်ငန်းရှင်များအသင်း အနေနှင့် လာမည့်ရက်ပိုင်းအတွင်း အစည်းအဝေး ခေါ်ယူ၍ လုံခြုံရေးအတွက် လုပ်ဆောင်ရမည့် မှတ်ပုံတင် စစ်ဆေးမှုများ၊ အထုပ်အပိုးများကို သတိဖြင့် စစ်ဆေးမှုများ စသည်တို့ လုပ်ဆောင်ကြရန် ဟိုတယ်များကို သတိပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဟိုတယ်များတွင် ဧည့်သည်များကို မှတ်ပုံတင် မတင်ပြနိုင်ပါက လက်မခံကြရန်နှင့် မသင်္ကာဖွယ် မျက်နှာစိမ်းများ တွေ့ရှိပါက အကြောင်းကြားရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွန်ကြားထားကြောင်း စမ်းချောင်းမြို့နယ်ရှိ ရွှေမောင်းဟိုတယ်မှ တာဝန်ခံ ဦးစောကားလစ်က ပြောဆိုသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း ဖြူးမြို့နယ် ဆက်သွယ်ရေးစခန်း စာတိုက်ရှေ့တွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က လိုက်ထရပ်ယာဉ်ပေါ် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူ မြို့နယ် (၁၇) ရပ်ကွက်ရှိ ချမ်းမြေ့ ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သောကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။

ယင်းအပြင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် သာကေတမြို့နယ် မာန်ပြေရပ်ကွက်တွင်လည်း ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly


သစ်ထူးလွင် သတင်း ဆိုရင် ဒီမှာဖတ်ပါ - Thit Htoo Lwin News


အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊
ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။
သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန

ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။

ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။

ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။

ဧရာဝတီ

စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့


ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်က စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းဝင်းအောင် က RFA ကို အတည်ပြုပြောဆိုပါတယ်။

ဗုံးကွဲမူကြောင့် အခန်းတွင်းက ပစ္စည်းအနည်းအကျဉ်းသာ ပျက်စီးသွားပြီး၊ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတွေက စတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ညကလည်း ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တည်းခိုနေတဲ့ အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

RFA Burmese


မန္တလေး၊ ရန်ကုန်၊ Traders Hotel ဗုံးတရားခံတွေ အကုန်နီးပါး မိပြီ

Western Park Ruby ဗုံး တရားခံတွေလည်း မိပြီ

Western Park Ruby တွင် ထားရှိခဲ့သော ဗုံးနှင့် သက်ဆိုင်သူ၊ ဆိုင်မှ အကြော်ဆရာ၏ သူငယ်ချင်း သုံးဦးအား ကဝမြို့နယ်တွင် လွန်ခဲ့သော ၂ နာရီခန့်က ဖမ်းဆီးရမိပြီး မည်သည့် အဖွဲ့အစည်း၊ မည်သူက စေခိုင်းကြောင်း စစ်ဆေးလျက်ရှိပါသည်။

သတင်းအစုံကို ဆက်လက် အတည်ပြုတင်ပြပေးပါမည်။

(ပြည်သူ့အနာဂတ် သတင်းစဉ်)


======================================================

မန္တလေးဗုံး တရားခံလည်း ရှာတွေ့ပြီ

မန္တလေးမှာဗုံးထောင်တယ် လို့ယူဆရသောတရားခံကိုခြေရာ ခံမိပါပြီ တည်းတဲ့ဟော်တယ်မှာ CCTV မှတ်တမ်းကျန်ပါတယ် အတိအကျ ပြောရင် သတင်းပေါက် သလိုဖြစ်မှာစိုး လို့ပါ သေချာတာက တော့မလေး ရှားနိုင်ငံ Passport ကိုင်ဆောင်သူတစ်ဦးနှင့်အတူတည်း သွားကြောင်း ပါ ။ မယုံရင်လည်းကိစ္စ မရှိပါ ယုံကြည်သူ များ သက်ဆိုင်ရာကိုပူးပေါင်းသတင်းပေးနိုင်ရန်သာဖြစ်ပါသည်

RFA


==================================================


ဆက်စပ် သတင်း >>> Traders Hotel ဗုံးတရားခံလည်း မိပြီ



မိန်းကလေးများအတွက် သားအိမ်အလုံးအန္တရာယ်



အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံး တွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊ သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည်လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာ ရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။


အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ သားသမီး မရနိုင်တာမျိုး၊ ပုံမှန်အားဖြင့် အမျိုးသမီး ၁ဝဝ မှာ ၉၉ ယောက်က နှစ်နှစ်၊ သုံးနှစ်အတွင်း တဖြည်းဖြည်း ကြီးလာပြီး လက်သီးဆုပ် အရွယ်လောက် အလုံး ဖြစ်လာမယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြီးလာ၊ နာလာရင် အရေးပေါ် ခွဲစိတ် ကုသရတယ်။ အချို့အလုံးက ကိုယ်ဝန်ဆောင်တာနဲ့ ယှဉ်ပြီးဖြစ်ကာ သန္ဓေသားကို ဒုက္ခမပေးဘဲ၊ ကလေးမွေးမှ နံရံမှာ အလုံးရှိမှန်း သိရလို့ တစ်ခါတည်း ခွဲစိတ် ကုသရတတ်တယ်။ အချို့ နံရံထဲ အလုံးကြီးလို့၊မကျုံ့နိုင်ဘဲ မွေးပြီး သွေးသွန်တတ်တယ်။ သို့မဟုတ် မမွေးခင်မှာ အလုံးကြီးက ကြီးလာပြီး ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက်ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။


သားအိမ်ထဲ အလုံးရှိရင် ရောဂါဖြစ်၊ မဖြစ် သေချာအောင် Ultrasond ရိုက်ပြီး အနုအရင့် ခွဲခြားကာ အဆင့် သတ်မှတ်နိုင်မယ်။ ရိုးရိုးအကျိတ်လား သို့မဟုတ် ကင်ဆာအကျိတ်လား သေချာအောင် စမ်းသပ်မှုတွေ လုပ်ရတယ်။ အထူး စမ်းသပ်ချက်တွေ လိုတယ်။ အချို့ ကိုယ်ဝန် ရင့်တော့မှ အလုံးရှိမှန်း သိလို့ ကလေးမွေးရင်း တစ်ခါတည်း ဖယ်ရှား လိုက်တာမျိုး တွေ့ဖူးတယ်။ ခွဲကြောင်း မလိုချင်လျှင် အတွင်းကြည့် မှန်ပြောင်းသုံးပြီး အသားလုံး ထုတ်ယူကာ ခွဲကြောင်းကြီးကြီး မပေးဘဲ တစ်စချင်း ထုတ်ယူတာမျိုး ရှိတယ်။ ခွဲပြီး သိပ်မကြာခင် အနာကျက်တယ်။ မြန်ဆန်တယ်။


နောက်တစ်နည်းက လေဆာနည်းနဲ့ Hystosupic Myomutomy ဆိုတာ ဗိုက်ပေါ် အပေါက်လည်း မလုပ်၊ ခွဲကြောင်းလည်း မလုပ်၊ အောက်ကနေ သားအိမ် လည်တံဖြတ်ပြီး တိုက်ရိုက်ဝင်တာ၊ သားအိမ် လိုဏ်ခေါင်းထဲ အထိ တိုက်ရိုက်ဝင်ပြီး နံရံမှာရှိတဲ့ အလုံးကို အသေးလေးတွေ လုပ်ပြီး ထုတ်တာ။ နောက်တစ်ခုက ခွဲစိတ်စရာ မလိုဘဲ သွေးထောက်ပံ့နေတဲ့ သွေးကြော နှစ်ဖက်ကို ပိတ်ဆို့လိုက်ရင် သွေးကြော ဖြတ်တာနဲ့ တူသွားပြီး ကင်ဆာ အလုံးဟာ မကြီးဘဲ သေးသေးသွားပြီး ရှုံ့သွားလို့ခွဲဖို့ မလိုတော့ဘူး။


နောက်တစ်ခုက ဟော်မုန်းဓာတ် အဲဒီဆေးပေးရင် အလုံးက ကျုံ့ပြီး ဆက်မကြီးဘူး။ ခွဲပြီးလုပ်တာ မဟုတ်ဘဲ မှန်ပြောင်းနဲ့ ခွဲစိတ်တာ ဖြစ်တယ်။ လည်တံကနေ သွင်းပြီး အဲဒီမှန်ပြောင်းက တစ်ဆင့် အတွင်းက အလုံးကို ထုတ်တဲ့အခါ ခုန ဟော်မုန်းဆေး တစ်မျိုးကို မခွဲခင် ခြောက်ပတ် သို့မဟုတ် တစ်လခွဲလောက် ပေးထားတော့ သားအိမ်နံရံက အလုံးကျုံ့ပြီး ဘေးဝန်းကျင်နဲ့ သီးသန့် ဖြစ်သွားတယ်။ ထုတ်တဲ့ အခါ လွယ်ကူသွားတယ်။ ဆေးမပေး မိရင် ကြွက်သားတွေနဲ့ တွဲတာကြောင့် သွေးထွက်တာနဲ့ သွေးတိတ်အောင် လျှပ်စစ်နဲ့ ထိရတယ်။


ကင်ဆာမဖြစ်ခင် ကြိုတင် ကာကွယ်ရေးဟာ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကင်ဆာအဖု၊ အကျိတ် ရှိ၊ မရှိ ကာယကံရှင် အဖို့ ရေချိုးနေ တုန်း စမ်းသပ် ကြည့်နိုင်သလို ကလေး မမွေးဘူးသေးသူများ အနေနဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ အတူ သားအိမ်အတွင်း အလုံးရှိ၊ မရှိ ကို ပုံရိပ်ဖော်စက်နဲ့ ဖတ်ကြည့်ရင်ဖြင့် ကြိုတင်သိနိုင်၊ ကာကွယ် နိုင်ပါတယ်။ ။

Myawady News

ဗုံးဖောက်ခွဲတိုက်ခိုက်မှုများကိုကြိုတင်ကာကွယ်ရန်


မိမိတို့ပတ်ဝန်းကျင်တွင်မသင်္ကာဖွယ်ရာ မျက်နှာစိမ်းများတွေ့ရှိရပါက သတိထားစောင့်ကြည့်ပါ။ မည်သူမဆိုမသင်္ကာဖွယ်ရာ လှုပ်ရှားပြုမူဆောင်ရွက်လာပါက ပတ်ဝန်းကျင်ကိုအချက်ပေးပါ။ သက်ဆိုင်ရာသို့အကြောင်း ကြားပါ။ ရုပ်ဝတ္ထုပစ္စည်းများပို့ဆောင်ပေးရန် မိမိအကျွမ်းမ၀င်သူများကခိုင်းစေလာပါက (အကူအညီတောင်းလာပါက)သတိရှိပါ။ မိမိအကျွမ်းမ၀င်သော (ကိုယ်ပိုင်မဟုတ်သော) ရုပ်ဝတ္ထုပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်စမ်းသပ်ခြင်း၊ဖွင့်လှစ်ခြင်းမပြုရ။ ဆန်းကျယ်သော၊တန်ဖိုးရှိသော၊ စွဲဆောင်မှုရှိသော ရုပ်ဝတ္ထုပစ္စည်းများတွေ့ရှိပါက ကောက်ယူကြည့်ရှုကိုင်တွယ်ခြင်းမပြုသင့်။ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ကြိုတင်သတိပေးမှာကြားထားပါ။ လူသူကင်းမဲ့သောပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာရပ်နားထားခဲ့သော ယာဉ်နှင့်စက်ပစ္စည်းများကို ပြန်လည်အသုံးမပြုမီ သေချာစွာစစ်ဆေးပါ။ လူထူထပ်သောနေရာ (ပွဲတော်၊ရုပ်ရှင်ရုံ၊ ဘူတာ၊ဈေး၊စားသောက်ဆိုင်စသည်) တွင် ပိုင်ရှင်မဲ့ပစ္စည်းများတွေ့ရှိရပါက သက်ဆိုင်ရာသို့ချက်ချင်းအကြောင်းကြားပါ။ ပတ်ဝန်းကျင်ကိုအချက်ပေးပါ။ ဝေးဝေးနေပါ။ မိမိအကျွမ်းမ၀င်သောပတ်ဝန်းကျင်တွင် တစ်ဖက်မြင်(အဆုံးအစမထင်ရှားသော) ကြိုးစ ကြိုးနနှင့်တုတ်ချောင်းသံချောင်း များတွေ့ရှိပါက ဆွဲနှုတ်ခြင်း၊ ဖိနင်းခြင်း၊ ဆောင့်ဆွဲခြင်းမပြုရ။ အခြားသူများလည်း ယင်းသို့ဆောင်ရွက်ခြင်းမပြုရန် အချက်ပေးသင်္ကေတတစ်ခုခုဖြင့် သတိပေးခဲ့ပါ။ မိမိမှာကြားထားခြင်းမရှိသော ရုပ်ဝတ္ထုပစ္စည်းများအလိုအလျောက် ရောက်ရှိလာပါက (ပေးပို့လာပါက) လက်မခံပါနှင့်။ သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားပါ။ ဝေးဝေးနေပါ။ မိမိပတ်ဝန်းကျင်၏အခြေအနေအရပ်ရပ် (လူ၊ယာဉ်၊ရုပ်ဝတ္ထုပစ္စည်း၊ တိရိစ္ဆာန်များ) ကိုအမြဲမပြတ်လေ့လာထားပါ။ ထူးခြားသော မသင်္ကာဖွယ်ရာ ပြောင်းလဲမှုများတွေ့ရှိပါက သက်ဆိုင်ရာသို့အကြောင်းကြားပါ။ ဒီအပေါ်မှာပြထားတဲ့အချက်တွေကတော့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကိုကာကွယ်တားဆီးဖို့ လူတိုင်းလိုက်နာရမယ့်ယေဘူယျ ကျတဲ့ အချက်တွေလို့ဆိုပါတယ်။ အင်တာနက်မှာရှာကြည့်တဲ့အခါ ကာကွယ်တားဆီးရေးနည်းလမ်းအသေးစိတ်ကို အင်္ဂလိပ်လိုရေးထားတဲ့စာမျက်နှာပေါင်း၁၄၀ ကျော်လောက်တွေ့ရပါတယ်။ အင်္ဂလိပ်စာညံ့လွန်းတဲ့ကျနော့်အတွက် မဟာစိန်ခေါ်မှုကြီးဖြစ်တာမို့ အသေးစိတ်တော့ ချမရေးပြနိုင်တော့ပါဘူး။ နောက်ပြီး နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အတွေ့အကြုံအမျိုးမျိုးအပေါ်အခြေခံပြီး ကာကွယ်ရေးနည်းလမ်းအမျိုးမျိုးရှိနေတာမို့ ကိုယ့်နိုင်ငံအခြေအနေနဲ့ကိုက်ညီမယ့် လိုရင်းကိုရောက်မယ့် အခြေခံအချက်တွေကိုပဲ ဖော်ပြပါတယ်။ အောက်မှာ ဆက်ပြီးပြောချင်တာက အဆောက်အဦထဲမှာ ဗုံးထောင်ထားပါတယ်လို့ ဖုန်းနဲ့ဆက်ပြီးသတင်းပေးလာတယ်ဒါမှမဟုတ် ခြိမ်းခြောက် လာတယ်ဆိုရင် လုပ်ဆောင်ရမယ့်အချက်တွေပဲဖြစ်ပါတယ်။ ပုံနဲ့တကွဖော်ပြလိုက်ပါတယ်။ နားလည်သလောက်လည်း ဘာသာပြန်ပေး လိုက်ပါတယ်။ လွဲရင်လည်းထောက်ပြပေးပါ။ ဖြည့်စွက်ဆွေးနွေးပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။

News of Myanmar

အင်းလျား ကန်ဘောင် အနီး မသင်္ကာဖွယ် အထုပ် နှစ်ထုပ် အား စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ ရှင်းလင်း

အောက်တိုဘာ လ ( ၁၄ ) ရက်နေ့ ညနေ ( ၆ ) နာရီခွဲ အချိန် တွင် လှိုင်မြို့ နယ်၊ တံတားဖြူ မှတ်တိုင် အနီး တွင် ဗုံးဟု ယူဆ ရသော မသင်္ကာ ဖွယ် ရာ အထုပ် နှစ်ထုပ် အား တွေ့ရှိ ခဲ့သဖြင့်၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်က ရှင်းလင်း ခဲ့ရ ကြောင်း သိရသည်။ အဆိုပါ မသင်္ကာ ဖွယ်ရာ အထုပ် ( ၂ ) ထုပ် မှာ သတင်းစာ စက္ကူ များ ဖြင့် စနစ် တကျ လေးထောင့် ပုံစံ ထုပ်ပိုး ထားပြီး မှတ်တိုင် ခရီးသည် ထိုင်ခုံ ဘေးတွင် ချထား ခြင်း ဖြစ်ကြောင်း လှိုင် မြို့နယ် ရဲစခန်း မှ တာဝန်ကျ တာဝန်မှူး က ဆိုသည်။

“မသင်္ကာ စရာ အထုပ် ( ၂ ) ထုပ် တွေ့လို့ အမှတ် ( ၉၀၅ )၊ စစ်မြေပြင် အင်ဂျင်နီယာ တပ် ကို အကြောင်းကြား ပြီး ရှင်းလင်း ခဲ့တာ ပါ” ဟု အဆိုပါ တာဝန်မှူး က ပြောသည်။ အဆိုပါ မသင်္ကာ ဖွယ်ရာ အထုပ် နှစ်ထုပ် အား စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ ဗိုလ်မှူး မျိုးဟိန်းစိုး နှင့် အ ဖွဲ့ က ရှင်းလင်း ခဲ့ခြင်း ဖြစ်သည်။

ယင်း ဖြစ်စဉ် ကြောင့် မိနစ် အနည်း ခန့် ယာဉ်ကြော ပိတ်ဆို့မှု များ ဖြစ်ပွား ခဲ့ပြီး သက်ဆိုင်ရာ မှ လာရောက် ရှင်းလင်း ခဲ့ သဖြင့် ယာဉ် သွားလာမှု ပုံမှန် အခြေ အနေ သို့ ပြန်လည် ရောက် ရှိခဲ့ သည် ဟု အင်းယား ကန် အနီး တာဝန် ထမ်းဆောင် နေ သည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

အောက်တိုဘာ ( ၁၄ ) ရက်နေ့ နံနက် ပိုင်း တွင်လည်း အလုံမြို့နယ်၊ စောရန်ပိုင် ရပ်ကွက် ရှိ Western Park II စားသောက် ဆိုင် အတွင်း ဗုံးဟု ယူဆ ရသော အထုပ် တစ်ထုပ် အား စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ သိမ်းဆည်း ခဲ့သည်။

ထို့အပြင် မန္တလေးမြို့ တွင် အောက်တိုဘာ ( ၁၄ ) ရက်နေ့ မွန်းလွဲ ပိုင်း ၌ လည်း အမေရိကန် နိုင်ငံ ထုတ် M67 အမျိုး အစား ဗုံး တစ်လုံး အား ဓါတ်ခဲ များ ဖြင့် ချိတ်ဆက် ထား သည် ကို ရွှေဘဲစားသောက် ဆိုင် အနီး၌ တွေ့ရှိ ခဲ့ပြီး သက်ဆိုင် ရာမှ Water Cannon စနစ်ဖြင့် ဖောက်ခွဲ ရှင်းလင်း ခဲ့ရ သေးသည်။

အောက်တိုဘာ ( ၁၃ ) ရက်နေ့ တွင် လည်း ရန်ကုန် မြို့တွင် ဗုံးကွဲ မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိ သူများ
ရှိခဲ့ သည်။

မြစ်မခ

Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ


ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ်ရရှိထား ကြောင်းသက်ဆိုင်ရာမှသိရသည်

အဆိုပါပုဂ္ဂိုလ်မှာ ပေါက်ကွဲမူမဖြစိပွားမှီ နောက်ဆုံးတည်းခိုခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း မှတ်ပုံတင်နံပါတ် ၃ /ဖမန (နိုင် )၀၂၂၅၇၆ ဖြစ်ကာ အမည်မှာ စောမြင့်လွင်(ဘ)ဦးကိုညွန့် ဖြစ်ကြောင်း သက်ဆိုင်ရာမှ လတ်တလော စုံစမ်းချက်များအရသိရသည်

"သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ Taxi ပေါ်မှာ သူမှတ်ပုံတင်ကျန်နေခဲ့တယ်"ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ဆိုသည်

အဆိုပါ သံသယရှိသူ အနေဖြင့် သာကေတ နှင့် အလုံမြို့နယ်တို့ တွင်တွေ့ရှိသည့် ဖောက်ခွဲ ရေးပစ္စည်းများနှင့်လည်းဆက်ဆပ်နေနိုင်ကြောင်း ရန်ကုန်မြို့ လုံခြုရေးတာဝန်ယူထားသူ တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောကြားသည်

လက်ရှိ အချိန်တွင် အခင်းဖြစ်ပွားရာ ကုန်သည်ကြီးများဟိုတယ်၏ အလွာ ၉ တစ်ထပ်လုံးပြောင်းရွေ့ထားကြောင်း ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီး၏ ကလေးနှစ်ကို အခန်းပြောင်းရွေ့ကာ စောင့်ရှောက်ထားကြောင်း ဟိုတယ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံမှသိရသည်

အဆိုပါ အမေရိကန်ဇနီးမောင်နှံ၏ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များမှာ pp 488927770 နှင့် pp 488932812 ဖြစ်ကာ ယနေ့ နေ့လည် ၁ နာရီ တွင် ယင်းဟိုတယ်တွင် စတင်တည်းခိုခြင်းဖြစ်ကြောင်းဟိုတယ်ရင်းများအရသိရသည်

People power

ကျွန်ုပ်တို့နှလုံးသားများထဲက နတ်ဆိုး


ရေးသားသူ- ရဲမိုး

လူတစ်ဦးက အခြားသူတစ်ဦးကို မညှာမတာရက်စက်စွာပြုမူရက်သည့် စိတ်ဆန္ဒကို ဘယ်လိုအခြေအနေတွေက ပျိုးထောင်ပေးပါသလဲ။

ကရုဏာတရားနှင့် ရက်စက်မှု၊ လူသားဆန်မှုနှင့် တောကြီးဥပဒေတို့အကြားက အကွာအဝေးကို တိုင်းတာကြည့်ကြရအောင်ပါ။

၁၉၇၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ စတန်းဖို့ဒ်တက္ကသိုလ်မှာ စိတ်ပညာရှင် ပါမောက္ခဖီးလ်စ်ဇင်ဘာဒိုက လုပ်ပိုင်ခွင့်အာဏာနှင့် ထူးခြားသည့်အခြေအနေ တစ်စုံတစ်ရာက သာမန်လူတစ်ဦး၏စိတ်ကို ဘယ်လိုပြောင်းလဲစေနိုင်သည်ကို လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ နောင်အခါ သမိုင်းတွင်မည့် ထိုစမ်းသပ်မှုကို “စတန်းဖို့ဒ် အကျဉ်းထောင်စမ်းသပ်မှု”ဟု သူတို့အမည်ပေးခဲ့ကြသည်။

လက်တွေ့စမ်းသပ်မှုမှာ ပါဝင်မည့်သူများကို ပါမောက္ခဇင်ဘာဒိုနှင့်အဖွဲ့က သတင်းစာတွင် ကြော်ငြာထည့်ပြီး ဖိတ်ခေါ်ခဲ့ကြသည်။ ၁၄ ရက် ကြာမြင့်မည့် အကျဉ်းထောင်ပုံစံ လက်တွေ့စမ်းသပ်မှုမှာ ပါဝင်လိုသူ လူငယ်များကို စာရင်းပေးကြဖို့ ကြေညာသည်။

အယောက် ၇၀ ကျော်ရှိသည့် လျှောက်ထားသူများကို စိတ်ရောဂါအခြေအနေ ရှိ၊ မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာမှုကို သေချာအောင် အင်တာဗျူးနှင့် အခြားစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးတော့ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ကောလိပ်ကျောင်းသား ၂၄ ယောက်ကို ဒေါင်ဒေါင်မြည် ရွေးချယ်လိုက်သည်။ အားလုံးက ကျန်းမာပြီး ထက်မြက်သည့် လူလတ်တန်းစား လူငယ်အမျိုးသားများဖြစ်သည်။

ဒုတိယအဆင့်မှာတော့ ဒင်္ဂါးနှင့်ခေါင်းပန်းလှန်ပြီး ၁၂ ယောက်ကို အကျဉ်းသားများ၊ ကျန် ၁၂ ယောက်ကို အကျဉ်းထောင်လုံခြုံရေးအစောင့်များအဖြစ် နှစ်စုခွဲထုတ်လိုက်သည်။ စိတ်ဝင်စားစရာကောင်းသည်က ပါမောက္ခဇင်ဘာဒို၏ ပြင်ဆင်မှုပင်။ လက်တွေ့စမ်းသပ်မှုကို တကယ့်အခြေအနေနှင့် ထပ်တူညီအောင် ဒေသခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည်။ ရဲများက ထောင်သားအဖြစ် ပါဝင်ရမည့်သူများကို အိမ်တိုင်ရာရောက် လိုက်ဖမ်းသည်။ လက်ထိတ်ခတ်သည်။ အိမ်နီးနားချင်းတွေ အုတ်အော်သောင်းတင်း ဖြစ်ကြသည်။ ရဲဥသြသံများ ဆူညံပြီး အဖမ်းခံရသူများကို ရဲစခန်းသို့ခေါ်လာသည်။

စခန်းမှာ လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်ပြီးသည့်အခါမှာတော့ စတန်းဖို့ဒ်တက္ကသိုလ်၊ စိတ်ပညာဌာန၏မြေအောက်ခန်းမှာ ဆောက်လုပ်ထားသည့် အကျဉ်းထောင်အတုထဲသို့ အကျဉ်းသားတွေကို ထည့်လိုက်သည်။ အကျဉ်းသားများကို သုံးယောက်တစ်ခန်းထည့်ထားသည့် ထောင်ကို ထောင်စောင့်များက အလှည့်ကျစောင့်ရသည်။ ပါမောက္ခဇင်ဘာဒို ကိုယ်တိုင်ကတော့ ထောင်မှူးအဖြစ် တာဝန်ယူသည်။

စစချင်း ထောင်မှူးကြီး ပါမောက္ခဇင်ဘာဒိုက ထောင်စောင့်အဖြစ် တာဝန်ယူရမည့် ကောလိပ်ကျောင်းသားများကို လမ်းညွှန်မှာကြားသည်။ အကျဉ်းသားများကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခွင့်မရှိသည့်တိုင် အကျဉ်းသားများအပေါ် အပြည့်အ၀ထိန်းချုပ်ခွင့်နှင့် အခြားလုပ်ပိုင်ခွင့်များကိုတော့ ပေးထားလိုက်သည်။

ထောင်စောင့်များကို ကာကီဝတ်စုံများ ၀တ်ခိုင်းပြီး လိုအပ်သည့် တန်ဆာပလာအားလုံး တပ်ဆင်ပေးသည်။ အကျဉ်းသားများက မျက်လုံးချင်းဆက်သွယ်မှုမပြုလုပ်နိုင်ရန် လုံခြုံရေးအစောင့်များကို နေကာမျက်မှန်ကြီးများတပ်စေသည်။ အကျဉ်းသားများကိုတော့ တကယ့်ထောင်သားများလိုထားပြီး ပထမဆုံးဖမ်းလာသည့်နေ့မှာ မျက်နှာကို အ၀တ်မည်းဖြင့်စွပ်ကာ အခန်းထဲမှာ ပိတ်ထည့်ထားလိုက်သည်။ မျက်နှာကို အ၀တ်မည်းဖြင့် စွပ်ပြီးထားခဲ့သည့်အဖြစ်က အကျဉ်းသားများ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပစ်ကျသွားစေသည်။

ဒုတိယနေ့မှာပင် ပုန်ကန်မှုကစတင်သည်။ အခန်းအမှတ်(၁)ထဲက အကျဉ်းသားများက အခန်းတံခါးကို ခုတင်နှင့်ပိတ်ဆို့ထားပြီး အမိန့်များကို အာခံသည်။ ထောင်စောင့်လုပ်သည့် ကောလိပ်ကျောင်းသားများကလည်း မရရအောင်ဖြိုခွဲသည်။ လက်တွေ့စမ်းသပ်မှုကို ကွပ်ကဲသည့်အဖွဲ့ထံက အမိန့်မတောင်းဘဲ မီးသတ်ဘူးများနှင့် တိုက်ခိုက်သည်။ စိတ်ဓာတ်စစ်ဆင်ရေးလည်း လုပ်သည်။ အာဏာဖီဆန်ရေးတွင် မပါဝင်သည့် အကျဉ်းသားများကို အစားအစာ ပိုကောင်းကောင်းစားရမည်ဟု မက်လုံးပေးသည်။ သို့တိုင် အကျဉ်းသားများက အခွင့်အရေးပိုမယူဘဲ ဘ၀တူတိုက်ပွဲဝင် အကျဉ်းသားများဘက်က ရပ်တည်သည့်အခါ ဗျူဟာကိုပြောင်းသည်။ အကျဉ်းသားတစ်ဦး သပိတ်မှောက်လျှင် အခြားအကျဉ်းသားများ၏ အခွင့်အရေးကိုပါ ရပ်စဲပစ်သည်။ အကျဉ်းသားများကို နာမည်မခေါ်ဘဲ အကျဉ်းသားနံပါတ်ကိုသာခေါ်ခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို လျှော့ကျစေသည်။

စမ်းသပ်မှုစတင်ပြီး ၃၆ နာရီမှာပင် အကျဉ်းသား ၈၆၁၂ က စိတ်ကစဥ့်ကလျားဖြစ်ပြီး အော်ဟစ်ဆူညံနေတော့သည်။ နောက်ဆုံးတော့ သူ့ကိုစစ်ဆေးပြီး ပြန်ထုတ်လိုက်ရသည်။

တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။ အကျဉ်းသားများကို ၀စ်လစ်စားလစ်နေစေသည်။ အိပ်ရာခင်းများသိမ်းပြီး သမံတလင်းပေါ်မှာ အိပ်ခိုင်းသည်။ တိုက်ပိတ်သည်။ တိုက်ပွဲဝင်သည့် အကျဉ်းသားများအကြားမှာ တိုက်ပွဲမ၀င်သူအချို့ကို ရောထားခြင်းဖြင့် အချင်းချင်း မယုံသင်္ကာဖြစ်လာကြသည်။ ယုံကြည်မှုတွေ ပြိုကွဲသည်။

လက်တွေ့စမ်းသပ်မှုအစား တကယ့်ဘ၀ဖြစ်လာသည်။ အကျဉ်းထောင်အစောင့်လုပ်သူများက အကျဉ်းသားများကို “ပြဿနာကောင်တွေ”ဟု မြင်ကြပြီး တညီတညွတ်တည်း ရက်ရက်စက်စက် နှိပ်ကွပ်လာသည်။ နောက်ဆုံး အခန်းအပြင်ထွက်ပြီး အိမ်သာသွားခွင့်ကိုပင် မပေးတော့။ အခန်းထဲက ပုံးထဲမှာ သွားခိုင်းသည်။ မစင်ပုံးကိုလည်း သွန်ခွင့်မပေးတော့။

အကျဉ်းသားအမှတ် ၄၁၆ က အစာငတ်ခံဆန္ဒပြသည်။ သူ့ကို တိုက်ပိတ်လိုက်ကြသည်။ ၄၁၆ ကို တိုက်ထဲက လွှတ်ပေးစေလိုလျှင် ကျန်အကျဉ်းသားအားလုံး သူတို့ညအိပ်ဖို့ စောင်များကို စွန့်လွှတ်ရမည်ဟု ထောင်စောင့်များကပြောသည်။ ရက်စက်မှုအကြားမှာ ယုံကြည်မှုပြိုကွဲသွားသည့် အကျဉ်းသားအများစုက သူတို့စောင်တွေကို အဆုံးရှုံးမခံကြတော့ သူရဲကောင်း ၄၁၆ ဘက်က အများစု မရပ်တည်နိုင်ကြတော့။ ထောင်စောင့်များအဖြစ် တာဝန်ယူရသည့် ကောလိပ်ကျောင်းသားများကိုယ်တိုင် မတန်တဆရသည့် အာဏာကို ချဲ့ထွင်အသုံးချရင်း ရက်စက်သည့် အုပ်ချုပ်သူများ ဖြစ်လာခဲ့ကြတော့သည်။

နောက်ဆုံးတော့ ပါမောက္ခဇင်ဘာဒိုက သူ့တပည့်မ စိတ်ပညာဘွဲ့လွန်ကျောင်းသူ ခရစ္စတီနာမက်စ်လက်ကို လက်တွေ့စမ်းသပ်မှုကို လေ့လာဖို့ခေါ်လာသည်။ တကယ်တော့ ပါမောက္ခဇင်ဘာဒိုနှင့် ခရစ္စတီနာတို့က ချစ်ကျွမ်းဝင်နေသူ ဆရာတပည့်စုံတွဲဖြစ်သည်။ အကျဉ်းထောင်၏အခြေအနေကို ခရစ္စတီနာတွေ့သည့်အခါ ထိတ်လန့်သွားသည်။ စမ်းသပ်မှုကို ချက်ချင်းရပ်ပစ်ဖို့ အပြင်းအထန်ဝေဖန်သည်။ ပါမောက္ခဇင်ဘာဒိုကိုယ်တိုင်လည်း စမ်းသပ်မှုအခြေအနေထဲက အာဏာ၏ဖမ်းစားမှုကို ခံနေရပြီဟု စွပ်စွဲသည်။ နောက်ဆုံးတော့ ၁၄ ရက်ကြာ ပြုလုပ်မည်ဟု ရည်ရွယ်ထားသည့် စတန်းဖို့ဒ်အကျဉ်းထောင် လက်တွေ့စမ်းသပ်မှုကို ၆ ရက်ဖြင့် သူတို့ချောက်ချားစွာ ရပ်စဲလိုက်ရသည်။ ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများက သူတို့မျှော်လင့်ထားသည်ထက် အများကြီးပိုဆိုးသွားခဲ့သည်။

လက်တွေ့စမ်းသပ်မှုပြီးဆုံးသည့်အခါ ထောင်စောင့်အဖြစ် တာဝန်ယူခဲ့သည့် ကောလိပ်ကျောင်းသားများက သူတို့၏ရက်စက်မှုအပေါ် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းအံ့သြခဲ့ကြရသည်။ တစ်ဦးကတော့ “အဲဒီလိုပြုမူနေမိတုန်းက နောင်တမရခဲ့ဘူး။ အပြစ်ရှိတယ်လို့ မခံစားခဲ့ရဘူး။ ပြီးသွားမှ ကိုယ်လုပ်ခဲ့မိတာကို ပြန်တွေးမိပြီး နောင်တရတယ်”ဟု ပြန်ပြောခဲ့သည်။

“အဲဒီလို အပြုအမူတွေ လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် တကယ်မထင်ခဲ့ပါဘူး”ဟု သူက မှတ်ချက်ချသည်။

ပါမောက္ခဇင်ဘာဒို ကိုယ်တိုင်ပင် လက်တွေ့စမ်းသပ်မှု၏ ဖမ်းစားမှုကို ခံစားရကြောင်း ၀န်ခံသည်။ လက်တွေ့စမ်းသပ်မှုမှာ ထောင်စောင့်များ၏ သုံးပုံတစ်ပုံက နှိပ်စက်မှုကို တဖြည်းဖြည်းယစ်မူးလာသည်ဟု ရလဒ်ထွက်လာသည်။ အံ့သြစရာကောင်းသည့် တွေ့ရှိချက်နောက်တစ်ခုက အလွန်အမင်းမရက်စက်သူ အခြားထောင်စောင့်များကလည်း ၀င်ရောက်ကန့်ကွက်ခြင်း မပြုလုပ်ကြ။ တားမြစ်သူ မည်သူမျှမရှိပါတဲ့။

နောက်ပိုင်းမှာ ပါမောက္ခဇင်ဘာဒိုက “နတ်ဆိုးရဲ့ရိုက်ချက်” The Lucifer Effect ဆိုသည့် စာအုပ်မှာ အခြေအနေတစ်ခုက လူ၏အပြုအမူကို လွှမ်းမိုးသွားနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် လူတစ်ဦး၏အပြုအမူကို ထိုပုဂ္ဂိုလ်၏ ကိုယ်ရည်ကိုယ်သွေးထက် ပတ်ဝန်းကျင်အခြေအနေနှင့် စနစ်က လွှမ်းမိုးသွားနိုင်သည်ဆိုသည့် အယူအဆဖြစ်သည်။ နောက်တွေ့ရှိချက်ကတော့ လူသာမန်တစ်ယောက်သည် သူ မလုပ်ရက်၊ မပြုမူရက်သည့် ကိစ္စတစ်ခုကို အခြေအနေနှစ်မျိုးမှာ ပြုမူနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။ ပထမအခြေအနေကတော့ အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်အဖြစ် လှုပ်ရှားနေချိန်ဖြစ်သည်။ တစ်ဦးတည်းမဟုတ်ဘဲ ရဲဘော်ရောင်းရင်းများနှင့် အစုလိုက်အဖွဲ့လိုက် အချိန်မျိုးဖြစ်သည်။ ဒုတိယအခြေအနေကတော့ တာဝန်တစ်ခုခုကို ယူထားရပြီး တာဝန်၏အနက်အဓိပ္ပာယ်ကို လွဲမှားစွာဖွင့်ဆိုခြင်းဖြစ်သည်။ “တာဝန်ကြောင့် လုပ်ရပါသည်၊ အမိန့်ကို နာခံရပါသည်။ ဒီနေရာမှာ ဒီလိုပဲ ပြုမူရပါသည်”ဆိုသည့် အကြောင်းပြချက်များဖြင့် မှားယွင်းမှုဖြစ်သည်။

အားလုံးကို ပြန်ချုပ်ရလျှင် လွန်ကဲသည့်အာဏာနှင့် မှားယွင်းသည့်စနစ်တို့သည် လူသား၏နှလုံးသားကို အရောင်ပြောင်းစေနိုင်သည်ဆိုသည့် တွေ့ရှိချက်ဖြစ်ပါသည်။ လူဘယ်လောက်ပြောင်းပြောင်း မှားယွင်းသည့်စနစ်ဟောင်းကို မပြောင်းနိုင်လျှင် တောကြီးယဉ်ကျေးမှုက ကျွန်တော်တို့ အလွတ်ရုန်းနိုင်မည်မဟုတ်ပါ။ လူ့အဖွဲ့အစည်းအတွက် “မှန်ကန်သည့်စနစ်” နှင့် “သင့်တင့်မျှတသည့်အထိုင်”ကို အားလုံးကြိုးစားတည်ဆောက်ကြခြင်းကသာ အနာဂတ်အတွက် အာမခံဖြစ်သည်။

ကျွန်တော်တို့ နှလုံးသားတွေထဲက နတ်ဆိုးတွေ ထွက်မလာနိုင်အောင် စနစ်နှင့်ပတ်ဝန်းကျင်ကို ပြုပြင်တည်ဆောက်ဖို့ လိုအပ်ပါသည်။
7Day News Journal

သွေးတိုး ရောဂါကို သက်သာ စေမည့် နေထိုင် သွားလာမှုနှင့် အစားအသောက်






သွေးတိုးအတွက် စိတ်မသက်မသာ ဖြစ်နေတဲ့သူတွေ အတွက် သွေးကို ထိန်းပေးနိုင်မယ့် အစားအသောက် အကြောင်းပြောရရင်-

သွေးတိုးဆိုတာ သွေးဖိအားအပေါ် သွေး ၁၄ဝ မီလီမီတာနဲ့ အောက်သွေး ၉ဝ မီလီမီတာ မာကျူရီထက် မပိုသင့်ဘူး။ သွေးတိုးဖြစ်စေတဲ့ အကြောင်းအရင်း ၁ဝ ရာခိုင်နှုန်းသာရှိပြီး ဆက်နွှယ် စဉ်းစားရတာက ၉ဝ ရာခိုင်နှုန်းသော လူတွေရဲ့ စားသောက်မှုနဲ့ နေထိုင်မှု ပုံစံတွေကြောင့် ဖြစ်တယ်။

လူတွေ အပျင်းကြီးလာတယ်။ ထိုင်ရာကနေ မထနိုင် ဖြစ်လာကြတယ်။ လက်နဲ့ ကိုယ်တိုင်မလုပ်ဘဲ အိမ်အကူ ခေါ်ကြတယ်။ လှေကားအတိုင်း မတက်ဘဲ၊ စက်လှေကား၊ ဓာတ်လှေကားနဲ့ တက်တယ်။ လမ်းမလျှောက်ဘဲ ကားနဲ့ သွားလာကြတယ်။ နေ့စဉ် နာရီဝက် အားကစားလုပ်၊ လမ်းလျှောက်၊ အပြေး၊ စက်ဘီးစီး မလုပ်ဘဲ၊ တီဗွီကြည့်၊ ဂိမ်းထိုင်နှိပ်ကြတယ်။ အသင့် အမြန်စား အစားအစာတွေ များလာတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်နဲ့ အငန်တို့လို အစားအသောက်တွေ စားတော့ သွေးပေါင် တက်လာစေတယ်။

ဆီးချို ဟော်မုန်းထုတ်လုပ် ဂလင်းပုံမှန် မဖြစ်တဲ့ ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆေးဝါးရဲ့ ဘေးထွက် ဆိုးကျိုးတွေကြောင့် သွေး တိုး ဖြစ်လာစေတယ်။ ပဋိသန္ဓေတားဆေး စတီးရွိုက်နဲ့ ဟော်မုန်းစားရင် သွေးတိုးစေတယ်။

သွေးတိုးကို မကုဘဲထားရင် ရေရှည်ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အဖွဲ့အစည်းတွေကို တိုက်ခိုက် ခံရတတ်တယ်။ သွေးကြောတွေ ပျက်စီးစေပြီး အချိန်မတိုင်မီ နှလုံးက သွေးညှစ်အား မကောင်းခြင်း၊ လေသင်တုန်း ဖြတ်ခြင်းဖြစ်စေတယ်။

ဆီးရွှင်ဆေးဟာ အရည်နဲ့ ဆားဓာတ် ဖယ်ထုတ်ပေးပြီး သွေးကြောတွေရဲ့ ခုခံအားကို လျော့စေတယ်။ ဘီတာဘလော့ကာတွေ က နှလုံး ခုန်နှုန်း နှေးစေပြီး နှလုံးကြွက်သား အားလျော့စေတယ်။ ဖေဆိုဒိုင်လေတာက သွေးလွှတ်ကြော ချဲ့ပေးတယ်။ အေစီအီးအင် ဟစ်ဗစ်တာ က သွေးကြောကျယ်တဲ့ ဆေးအနေနဲ့ရော ဆီးချိုအနေနဲ့ပါ အကျိုး သက်ရောက်စေတယ်။

သွေးဖိအား ပုံမှန်ဖြစ်သွားပေမဲ့ ရေရှည်ဆေးဝါး သောက်ရတယ်။ အနားယူခြင်း၊ စိတ်ဖိစီးမှု လျှော့ချရေး၊ ကိုယ်အလေးချိန် လျှော့ချရေး၊ နေ့စဉ် နာရီဝက် အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်တယ်။

သွေးတိုးတာ ကာကွယ်ဖို့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစာ စားသုံးသင့်တယ်။ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ဆီလီနီယမ် သတ္တုဓာတ် ကြွယ်ဝတဲ့ အစာ စားသင့်တယ်။ ဂျုံစေ့အဆန်၊ အခွံမာသီး၊ ဗီတာမင်အီး ကြွယ်ဝတာတွေကို စားသင့်တယ်။ သည်အစာထဲက ငါးမျိုးကို နေ့စဉ်စားသင့်တယ်။ အဆီများတဲ့ ပင်လယ်ငါးစားရင် အိုမီဂါ သုံးနဲ့ အိုမီဂါ ခြောက်၊ ဖက်တီး အက်စစ်ပါနေတာကြောင့် သွေးတိုး သက်သာစေတဲ့ သွေးဖိအား လျော့ပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို သန့်စင်ပေးပြီး သွေးခဲနိုင်မယ့် အလားအလာ လျှော့ပေး တယ်။ အကောင်းဆုံး၊ အသင့်လျော်ဆုံးက အမျှင်ဓာတ်ကြွယ်တဲ့ အစားတွေပဲ။ ကွေကာ၊ ခေါက်ဆွဲကြော်၊ ထမင်းနဲ့ဟင်း၊ ပေါင်မုန့် စားပေးသင့်တယ်။ အဆီများတဲ့ အသား၊ မလိုင်ပါတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွတ်များ၊ မာဂျရင်းတို့ လျှော့စားရမယ်။ ဆားပါဝင်မှုများတဲ့ အစားအစာနဲ့ မုန့်တွေကိုအတတ်နိုင်ဆုံး လျှော့စားပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် မြင့်တဲ့ အားဆေးကို ဆင်ခြင်သောက်ရမယ်။ ပိုတက်စီယမ် ကြွယ်ဝတဲ့အစား (ငှက်ပျောသီး)စားပါ။ ။

မြ၀တီ