၇ ​နှစ်​ရွယ် ​က​လေး​တ​ဦး​အ​ပါ​အ၀င် ​မြန်​မာ​နိုင်​ငံ​သား ၃ ​ဦး​ထံ​မှ ​ရာ​ဘ​ဆေး​ပြား ​စု​စု​ပေါင်း ၆ ​သောင်း​ကျော် ​ဖမ်း​ဆီး​ရ​မိ


ထိုင်း​နိုင်​ငံ​ထဲ​မှာ ၇ ​နှစ်​ရွယ် ​က​လေး​တ​ဦး​ဆီ​က​နေ ​နိုဝင်​ဘာ ၂၂ ​ရက်​နေ့​က ​စိတ်​ကြွ ​ဆေး​ပြား​တွေ ​ဖမ်း​ဆီး​ရ​ရှိ​ခဲ့​ပါ​တယ်။ ​ဒါ​အ​ပြင် ​နိုဝင်​ဘာ ၂၄ ​ရက်​နေ့​က​လည်း ​ယု​ဇ​န ​လက်​ဖက်​ထုပ်​တွေ​ထဲ​က​နေ ​ရာ​ဘ​ဆေး​ပြား​  ​စု​စု​ပေါင်း ​အ​လုံး​ရေ ၆ ​သောင်း​ကျော်​ကို ​မဲ​ဆောက်​မြို့ ​ကမ်း​နား​ဈေး​အ​နီး​မှာ ​ဖမ်း​ဆီး​ရ​မိ​တယ်​လို့ ​ထိုင်း​သ​တင်း​တွေ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

မန်​နေ​ဂျာ​အွန်​လိုင်း​သ​တင်း​မှာ ​ဖော်​ပြ​ချက်​အ​ရ  ​အ​သက် ၇ ​နှစ်​ရွယ် ​မြန်​မာ​က​လေး ​တ​ဦး​ဆီ​က​နေ ​ရာ​ဘ​အ​လုံး​ရေ ၁ ​သောင်း​နီး​ပါး​ကို ​ကန်​ချ​နာ​ဘူ​ရီ​ခ​ရီုင် ​ထောင်း​ဖာ​ဖူး​မြို့ ၀ပ်​ပ​လန်း​ကာ​ဆီ ​ဘုန်း​ကြီး​ကျောင်း​အ​နီး​မှာ  ​ဖမ်း​ဆီး​ရ​မိ​တယ်​လို့ ​ဆို​ပါ​တယ်။

နိုဝင်​ဘာ​လ ၂၂ ​ရက်​နေ့ ​မွန်း​လွဲ ၁ ​နာ​ရီ​လောက်​က  ​လိုင်း​ကား​စောင့် ​ဇ​ရပ်​ထဲ​မှာ ​ယောင်​လည်​လည် ​ဖြစ်​နေ​တဲ့ ​က​လေး​ငယ်​တ​ဦး​ကို ​ဒေ​သ​ခံ​ထိုင်း​လူ​မျိုး​တွေ​က ​တွေ့​ရှိ​ပြီး ​မေး​မြန်း​ကြည့်​ရာ​မှာ ​ထိုင်း​စ​ကား​မ​တတ်​တဲ့​အ​တွက် ​မိ​ဘ​အုပ်​ထိန်း​သူ ​ပျောက်​ဆုံး​နေ​တဲ့ ​က​လေး​ငယ်​လို့ ​ယူ​ဆ​ပြီး ​ရဲ​စ​ခန်း​ကို ​အ​ကြောင်း​ကြား​ခဲ့​တယ်​လို့​  ​ထောင်း​ဖာ​ဖူး​မြို့​နယ်​ရဲ​စ​ခန်း​က ​ဒု​ရဲ​မှူး ​က​မွန်း​ဆန်​တိ ​က​လန့်​ပုဆ်​က ​သ​တင်း​ထောက်​တွေ​ကို   ​ပြော​ပါ​တယ်။

က​လေး​ငယ်​ရဲ့ ​ကျော​ပိုး​အိတ် ​အ​နက်​ရောင်​ထဲ​မှာ ​မိ​ဘ​သက်​သေ ​အ​ထောက်​အ​ထား ​ရှိ​လို​ရှိ​ငြား ​စစ်​ဆေး​ရှာ​ဖွေ​ရာ​မှာ ​မ​သ​င်္ကာ​ဖွယ် ​ပေါင်​ဒါ​ဗူး ၂ ​ဗူး​ကို ​တွေ့​ရှိ​တဲ့​အ​တွက် ​အ​ဖုံး​ကို​ဖွင့်​ပြီး ​စစ်​ကြည့်​ရာ​က ​ရာ​ဘ​ဆေး​ပြား​တွေ​ကို ​အံ့​အား​သင့်​စွာ ​တွေ့​ခဲ့​ရ​ကြောင်း​၊ ၁ ​ဗူး​မှာ ​ရာ​ဘ ၃၉၈၇ ​လုံး​နဲ့ ​အ​ခြား ၁ ​ဗူး​မှာ ၅၉၈၆ ​လုံး ​စု​စု​ပေါင်း ၉၉၅၃ ​လုံး ​ဖမ်း​ဆီး​ရ​မိ​တယ်​လို့ ​ဒု​ရဲ​မှူး​က ​ဆက်​ပြော​ပါ​တယ်။

အ​နီး​နား​မှာ ​အ​လုပ်​လုပ်​နေ​တဲ့ ​မြန်​မာ​အ​လုပ်​သ​မား​တွေ ​အ​ကူ​အ​ညီ​နဲ့ ​က​လေး​ငယ်​ကို ​မေး​မြန်း​ရာ​မှာ ​က​လေး​ဟာ  ​မြန်​မာ​နိုင်​ငံ ​ဘု​ရား​သုံး​ဆူ​ဘက်​က ​ဖြစ်​ပြီး ​ဖ​ခင် ​မ​ရှိ​တော့​ပဲ ​ဦး​လေး​ဖြစ်​သူ​နဲ့ ​ဟိုင်း​လပ်​ကား ​အ​တူ​စီး​လာ​ပြီး ​အ​ဆို​ပါ ​ကား​မှတ်​တိုင်​အ​ရောက်​မှာ ​သူ့​ကို ​ဆင်း​ခိုင်း​တာ​လို့ ​ဆို​ပါ​တယ်။

ဒီ​အ​မှု​မှာ ​က​လေး​ငယ်​ဟာ ​မူး​ယစ်​ဆေး​၀ါး​အ​ကြောင်း ​ဘာ​မှ ​သိ​ပုံ​မ​ရ​ဘဲ ​မူး​ယစ်​ဆေး​၀ါး ​ကုန်​ကူး​သူ​တွေ​ရဲ့ ​အ​သုံး​ချ​ခြင်း​ကို ​ခံ​ရ​တာ ​ဖြစ်​နိုင်​ပြီး ​လော​လော​ဆယ် ​အဲ​ဒီ​က​လေး​ကို ​ထိန်း​သိမ်း ​စောင့်ေ​ရှာက်​ထား​ပါ​တယ်။ ​အဲ​ဒီ​က​လေး​ကို ​အိမ်​ပြန်​ပို့​နိုင်​ဖို့​အ​တွက် ​မြန်​မာ ​အာ​ဏာ​ပိုင်​တွေ​နဲ့ ​ဆက်​သွယ်​ဆောင်​ရွက်​နေ​တယ်​လို့ ​ဒု​ရဲ​မှူး​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​မြ၀​တီ​မြို့​တ​ဘက်​ကမ်း ​တာ့​ခ​ရိုင် ​မဲ​ဆောက်​မြို့​မှာ​လည်း​  ​မြန်​မာ့​အ​စား​အ​စာ ​လက်​ဖက်၊ ​ပဲ​ကြော်​ထုပ်​တွေ​ထဲ​က​နေ ​သိုဝှက်​သည်​ဆောင်​လာ​တဲ့ ​ရာ​ဘ​ဆေး​ပြား ​အ​လုံး​ရေ ၅ ​သောင်း ၃ ​ထောင်​ကို  ​ဖမ်း​ဆီး​ရ​မိ​တယ်​လို့​  ​ပို့​စ်​တူ​ဒေး​သ​တင်း​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

အဲ​ဒီ ​မူး​ယစ်​ဆေး​တွေ​ကို ​မြန်​မာ​နိုင်​ငံ​သား ၂ ​ဦး​ဖြစ်​သူ ​ကို​ကို ၂၁ ​နှစ်​နဲ့ ​အောင်​ထွန်း​လေး ၂၅ ​နှစ်​တို့ ၂ ​ဦး​ဆီ​က​နေ  ​မဲ​ဆောက်​မြို့ ​ထာ့​ဆိုင်​လွတ်​ရပ်​ကွက် ​ကမ်း​နား​ဈေး​အ​နီး​မှာ ​လိုင်း​ကား ​စောင့်​စီး​နေ​တုန်း ​ဖမ်း​မိ​ခဲ့​တာ​လို့ ​တာ့​ခ်​ခ​ရိုင် ​ရဲ​စ​ခန်း​က ​ဒု​ရဲ​မှူး ​ဆုမ်​ဖွန်း ​အ​ခ​ရ​တေ​ချို​ချိုင်း​က ​နိုဝင်​ဘာ ၂၄ ​ရက်​နေ့ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​ကြား​ခဲ့​ပါ​တယ်။

ခု​တ​လော  ​ထိုင်း​မြန်​မာ​နယ်​စပ်​တ​လျှောက်​မှာ ​မူး​ယစ်​ဆေး​၀ါး​တွေ ​မ​ကြာ​ခ​ဏ ​ဖမ်း​မိ​တဲ့​အ​တွက် ​မူး​ယစ်​ကုန်​ကူး​မှု​တွေ​ကို ​အ​ထူး​ကြပ်​မတ် ​စစ်​ဆေး​နေ​တာ​မှာ ၂၄ ​ရက်​နေ့​က ​ကမ်း​နား​ဈေး​နဲ့ ​မဲ​ဆောက်​မြို့​ကို ​ကူး​မယ့် ​လိုင်း​ကား​အ​လာ​ကို ​စောင့်​ဆိုင်း​နေ​တဲ့​  ​မ​င်္သ​ကာ​ဖွယ် ​ခ​ရီး​သည် ၂ ​ဦး​ကို ​တွေ့​ရှိ​ရ​ကြောင်း​၊ ​ပါ​လာ​တဲ့ ​အ​ထုပ်​တွေ​ကို ​စစ်​ကြည့်​ရာ​မှာ  ​မြန်​မာ​အ​စား​အ​စာ (​လက်​ဖက်​ထုပ် ​အ​ထုပ်​ပေါင်း ၅၃ ​ထုပ်​ကို ​တွေ့​ရှိ​ပြီး ​အ​ထဲ​မှာ ​ရာ​ဘ​ဆေး​ပြား​များ ​ထည့်​ထား​ကြောင်း​၊ ၁ ​ထုပ်​ကို ​ရာ​ဘ ​အ​လုံး ၁ ​ထောင်​စီ​နဲ့ ​စု​စု​ပေါင်း ​ရာ​ဘ​အ​လုံး​ရေ ၅ ​သောင်း​နဲ့ ၃ ​ထောင်​ကို ​ဖမ်း​ဆီး​ရ​မိ​ကြောင်း​၊ ​အ​ဆို​ပါ ​အ​ထုပ်​တွေ​ကို ​မြန်​မာ​ဘက်​ခြမ်း​  ​သောင်​ရင်း​မြစ်​က​နေ ​တ​ဆင့် ​သယ်​ဆောင်​လာ​တာ ​ဖြစ်​ပြီး ​မဲ​ဆောက်​အဝေး​ပြေး​ကား​ဂိတ်​က​နေ​တ​ဆင့် ​ဘန်​ကောက်​ကို ​သွား​ဖို့ ​ဖြစ်​ကြောင်း​  ​ခ​ရီး​သည် ၂ ​ဦး​က ၀န်​ခံ​ခဲ့​တယ်​လို့​  ​ရဲ​အ​ရာ​ရှိ​က ​ရှင်း​ပြ​ပါ​တယ်။

သူ​တို့ ၂ ​ဦး​ကို  ​မူး​ယစ်​ဆေး​အ​ပြင်း​စား​အ​ဆင့်​  ၁  ​လက်ဝယ်​တွေ့​ရှိ​မှု​နဲ့ ​ဆက်​လက်​အ​ရေး​ယူ ​ဆောင်​ရွက်​သွား​မယ်​လို့​လည်း ​ဒု​ရဲ​မှူး​  ​ဆုမ်​ဖွန်း ​အ​ခ​ရ​တေ​ချို​ချိုင်း​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​သွား​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်တွင် မူးယစ်ဆေးဝါး ကာလတန်ဖိုးငွေကျပ် ၆၂၂၇၅ သိန်းဖိုးနှင့် လက်နက်ခဲယမ်းဖမ်းဆီးရမိ


ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများပပျောက်ရေးအတွက် စီမံချက်ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် နေ့စဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလျက်ရှိရာ ၂၃.၁၁.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ခမရ(၁၂၅)မှ တပ်ရင်းမှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန်းနီမြို့နယ်၊ စယ်အူရွာအနီး သိန်းနီ-ကွမ်းလုံသွားကားလမ်းတွင် သတင်းအရ ပိတ်ဆို့ရှာဖွေနေစဉ် ကိုအောင်(ခ) လောက်အယ် မောင်းနှင်လာသော အစိမ်းရောင်လင်ခရူဇာအား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၄ထုပ်၊ အလေးချိန် ၁၁.၉ ကီလိုခန့်(ကာလတန်ဖိုးငွေကျပ် ၂၂၆၁ သိန်း)၊ ဘိန်းညို ၃၀ ထုပ်၊ အလေးချိန် ၃၃.၄ ကီလိုခန့်၊ (ကာလတန်ဖိုးငွေကျပ် ၃၀၀၆ သိန်း)၊ ဘိန်းစိမ်း ၀.၅ ကီလို(ကာလတန်ဖိုးငွေကျပ် ၄ သိန်း) ဘိန်းဆီခဲ ၀.၉ ကီလို(ကာလတန်ဖိုးငွေကျပ် ၁၃.၅ သိန်း)၊ စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ၅၂၈၄.၅ သိန်းဖိုးနှင့် AK-47 သေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ပွိုင့် 22 သေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများအား ကွတ်ခိုင်မြို့နယ်နေ မာနော် ထံပို့ပေးရမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လားရှိုးမြို့မရဲစခန်း မယ(ပ)၁၈၁/၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ၂၃၀၀ အချိန် သိန်းနီမြို့နယ်၊ နားနွဲ့ကျေးရွာ၊ စယ်အူ-နမ့်ခိုက်ရွာ သွားကားလမ်းတွင် သတင်းအရ ပိတ်ဆို့ရှာဖွေနေစဉ် ယာဉ်မောင်း ရော်ဆင်း၊ ၃၄နှစ်မောင်းနှင်ပြီး ကျန်းကွမ်းလင်၊ အားဖာ(ခ)ကျော်ထွန်းနှင့် နော်ဂျာတို့ လိုက်ပါလာသည့် ၅ဂ/၉၀၃၃ တိုယိုတာ ဖိုးဝှီးအနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏နောက်ခန်းအတွင်းမှ Coldifed စာတမ်းပါ ၁ ကတ်  လျှင် ၁၀ ပြားစီပါ ၂၅ကတ်ထည့်ထားသော စက္ကူဗူးငယ် ၁၃၀ ဗူး၊ ဆေးပြားပေါင်း ၃၂၅၀၀ ပြား၊ အဖြူရောင်ဆာလာအိတ်အတွင်းထည့်လျက် ၁ အိတ်လျှင် ဆူဒိုအက်ဖီဒရင်းဟု ယူဆရသောဆေးပြား ၄၅၁၅၀၀ ပြား(ကာလတန်ဖိုးငွေကျပ် ၉၀၃ သိန်း)၊ ဆူဒိုအက်ဖီဒရင်း ဆေးပြားအကြေမှုန့် ၂ ကီလိုခန့်(ကာလတန်ဖိုးငွေကျပ် ၄၀ သိန်း)၊ ပွိုင့် 20 ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၁၄ တောင့်၊ M 22 သေနတ် ၂လက်၊ ၎င်းကျည် ၅၆ တောင့် တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် လားရှိုးမြို့မရဲစခန်း မယ(ပ)၁၈၂/၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ)/၂၁ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

yapaya media
by Thit Htoo Lwin

အင်​ဒို​နီး​ရှား​နိုင်​ငံ ​စီ​နာ​ဘန်​မီး​တောင် ​လှုပ်​မှု​ဖြစ်


အင်​ဒို​နီး​ရှား​နိုင်​ငံ​မှာ ၂၄၆၀ ​မီ​တာ ​အ​မြင့်​ရှိ​တဲ့ ​စီ​နာ​ဘန်​မီး​တောင်​ဟာ ​ဒီ​မ​နက်​မှာ ​ပေါက်​ကွဲ​တာ​ကြောင့် ​မီး​တောင်​နဲ့ ​င​လျင်​အ​န္တ​ရာယ် ​ကြို​တင်​ကာ​ကွယ်​ရေး​စင်​တာ​က ​အ​န္တ​ရာယ်​ရှိ ​အ​ဆင့်​အ​ဖြစ် ​အ​မြင့်​ဆုံး​အ​ဆင့် ​သတ်​မှတ်​လိုက်​ပါ​တယ်။
စီ​နာ​ဘန်​မီး​တောင် ​စောင့်​ကြည့်​လေ့​လာ​ရေး​စ​ခန်း​ရဲ့ ​တာဝန်​ခံ ​အာရ်​မန် ​ပူ​ထ​ရာ (Armen Putra ​က “​ဒီ​မ​နက် ၇ ​နာ​ရီ ၃၈ ​မိ​နစ်​က ​စ​ပြီး ​ပေါက်​ကွဲ​တာ​ပါ။ ​မီ​တာ ၂၀၀၀ ​အ​ကျယ်​ရှိ​တဲ့ ​ပြာ​တိုက်​ကြီး​ဟာ ​အေ​ရှ့​တောင်​ဘက်​မှာ ​ရှိ​တဲ့ ​ဘ​ရ​စ​တာ​ဂျီ​မြို့​ကိုေ​ရွ့​လျား​နေ​ပါ​တယ်။” ​လို့ ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ပါ​တယ်။

အ​စိုး​ရ​က​တော့ေ​ရွှ့​ပြောင်း​လာ​တဲ့​ရွာ​သား​တွေ​အ​တွက် ​ယာ​ယီ​တဲ​တွေ ​ဆောက်​လုပ်​ထား​ပေး​ပါ​တယ်။

“​မီး​တောင်​ရဲ့ ၅ ​ကီ​လို​မီ​တာ​အ​တွင်း​မှာ ​နေ​ထိုင်​တဲ့ ​ဒေ​သ​ခံ​တွေ​ကို​တော့ ​သ​တိ​နဲ့ ​နေ​ထိုင်​ဖို့ ​ပြော​ထား​ပါ​တယ်။ ​မီး​တောင်​ပေါက်​ကွဲ​တဲ့ ​အေ​ရှ့​ဖက်​ခြမ်း​က ​လူ​တွေ​က​တော့ေ​ရွှ့​ကိုေ​ရွှ့​ရ​ပါ​မယ်။ ​ဒီ ​မီး​တောင်​ပေါက်​ကွဲ​မှု​ကို ​ဒေ​သ​ခံ​တွေ ​မ​စိုး​ရိမ်​ကြ​ဖို့​လည်း ​ပြော​ထား​ပါ​တယ်”​လို့ ​တာဝန်​ခံ ​အာရ်​မန် ​ပူ​ထ​ရာ​က ​ဆက်​ပြော​ပါ​တယ်။

အင်​ဒို​နီး​ရှား​နိုင်​ငံ​ဟာ ​င​လျင်​နဲ့ ​မီး​တောင်​လှုပ်​ရှား​မှု​တွေ​အ​ဖြစ် ​များ​တဲ့ “​ပ​စိ​ဖိတ်​င​လျင်​ကြော”​ပေါ်​မှာ ​ရှိ​ပါ​တယ်။ ​အင်​ဒို​နီး​ရှား​နိုင်​ငံ​မှာ ​မီး​တောင်​ပေါင်း ၁၃၀ ​ရှိ​တာ​ကြောင့် ​က​မ္ဘာ​ပေါ်​မှာ ​မီး​တောင် ​အ​များ​ဆုံး​ရှိ​တဲ့​နိုင်​ငံ ​ဖြစ်​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

မန္တလေး ဘောလုံး လောင်းကစားလုပ်သည့် နေအိမ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်


မန္တလေး၊ နိုဝင်ဘာ ၂၄

မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ၃၈ လမ်း၊ ၈၃ x ၈၄ လမ်း ကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟု ဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ အိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သိရ၍ ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်ကို ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း ၅၀ နှစ်သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။

“ကောင်လေးကတော့ သွေးကွက်တွေနဲ့ လဲနေတာကို တွေ့တယ်။ အဲဒါနဲ့ လူမှုကူညီရေးအသင်းက ကားနဲ့ ဆေးရုံကို ပို့တဲ့အချိန် လမ်းမှာပဲ သေသွားတယ်။ ဘောလုံးဒိုင် လုပ်တယ် ဆိုတာတော့ သိတယ်။ အဲဒီအိမ်က အမြဲတမ်း တံခါးပိတ်ထားတယ်” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ အချိန်တွင် သက်သေခံ ပစ္စည်းများနှင့် မသင်္ကာဖွယ်ရာများကို စုံစမ်း စစ်ဆေးလျက် ရှိပြီး ဘေးပတ်ဝန်းကျင်က မျက်မြင် သက်သေ အဖြစ် ထွက်ဆိုခြင်း မရှိသဖြင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ CID အရာရှိများ ကိုယ်တိုင် လာရောက် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၇) ရဲစခန်းမှ ဒုရဲအုပ်ဝင်းသိန်းက The Voice သို့ ပြောကြားသည်။

“ကျွန်တော့်သားက အဲဒီမှာ အလုပ်လုပ်တာ တစ်လလောက်ပဲ ရှိသေးတယ်။ အဲဒီအလုပ်ကို လုပ်တာ သဘောမကျဘူး” ဟု သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေအိမ်ကို ဦးလှမြင့် ဆိုသူက ငှားရမ်းထားခြင်း ဖြစ်ပြီး သေဆုံးသူ နှစ်ဦးသည် ၎င်း၏ အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အမှတ် (၇) ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းတွင် (ပ) ၇၈၁။ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ထားရှိပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် စစ်ဆေး စုံစမ်းလျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သြဂုတ်လဆန်းပိုင်းက ပြည်ကြီးတံခွန် မြို့နယ်ရှိ တိုက်ခန်းတစ်ခန်းနှင့် စက်တင်ဘာလ ပထမပတ်ခန့်က ချမ်းအေးသာစံ မြို့နယ်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတို့တွင် ပစ္စည်းယူ လူသတ်မှုများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီ လမ်းထောင့်ရှိ Rainbow Bridge Distribution Co., Ltd. (Panasonic Battery ) မန္တလေးရုံးခွဲတွင် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းက သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံများကို တစ်ပတ်အတွင်း ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့သည်။


စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းခန့်ကို ဆေးဝါး အပြည့်အစုံပါ ယာဉ်များဖြင့် လှည့်လည် ကုသမည်


မန္တလေး၊ နိုဝင်ဘာ၂၄

ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းနီးပါးခန့်ကို ဆေးဝါး အပြည့်အစုံပါသည့် ယာဉ်ကြီးများဖြင့် လှည့်လည် ဆေးဝါး ကုသပေးမည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်ရန် ရှိကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

အဆိုပါ အစီအစဉ်ကို အလုပ်သမားများ၏ နောင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်နှင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများ လျော့နည်းသွားအောင် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း ဆေးသွားရောက် ကုသပေးမည့် ယာဉ်ကြီးများကို ပြည်ပမှ မှာယူထားပြီး အဆိုပါယာဉ်များ ရောက်ရှိလာမည့် ဒီဇင်ဘာ လလယ်မှ စတင်၍ ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးများ အပြည့်အစုံ ထည့်သွင်းပြီးလျှင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား အများအပြား ရှိသည့် ရန်ကုန်မြို့တော်တွင် စတင် လှည့်လည် ဆေးကုသပေးမည် ဖြစ်ပြီး ကုသနိုင်မှု အခြေအနေကို လေ့လာ ဆန်းစစ်ကာ ထွက်ပေါ်လာသည့် ရလဒ်ပေါ် မူတည်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ စက်ရုံ၊ အလုပ်ရုံ ရှိသည့် နေရာများသို့ လှည့်ပတ် ကုသပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီလှည့်လည် ကုသမှု အစီအစဉ်က အလုပ်သမားတွေကို သီးသန့် ဝန်ဆောင်မှု ပေးကိုပေးရမယ့် အခြေအနေ ဖြစ်နေပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

လက်ရှိ စက်မှုဇုန် အများအပြား တည်ရှိသည့် ရန်ကုန်မြို့တော် အလုပ်သမားများ အတွက် လူမှုဖူလုံရေး ဆေးခန်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်ပေးထားသည့် အစီအစဉ် ကျင့်သုံးနေကြောင်း ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များတွင် အလုပ်လုပ်နေသော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများက ပြောကြားသည်။

မန္တလေးမြို့တော် စက်မှုဇုန်ရှိ စက်ရုံ ပိုင်ရှင်များ၊ အလုပ်သမားများကိုလည်း လူမှုဖူလုံရေး ကတ်များ လုပ်ပေးထားပြီး ကျန်းမာရေး စောင့်ရှောက်ရေး အတွက် လူမှုဖူလုံရေး ရန်ပုံငွေများ ထည့်ဝင်ပေးထားကြောင်း၊ ဖွင့်ထားသည့် လူမှုဖူလုံရေး ဆေးခန်းများသည် စက်မှုဇုန်နှင့် ဝေးကွာသောကြောင့် သာမန် ဖျားနာမှုကိုသာ သွားရောက် ပြသမှု ရှိပြီး နာတာရှည် ရောဂါများ အတွက် မန္တလေး နန်းရှေ့ရှိ အလုပ်သမား ဆေးရုံကြီးသို့ သွားရောက် ပြသ ကုသကြကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးရဲဝင်းအောင်က ဆိုသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ဖွဲ့စည်းထားသည့် အလုပ်သမား အစည်းအရုံးများ ဦးဆောင်ပြီး လူမှုဖူလုံရေး ကတ်များကို ထုတ်ပေးသဖြင့် ယင်းကတ်ကြောင့် ဆေးဝါးကုသမှု များမှာ အလုပ်သမားများ အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အလုပ်သမား အစည်းအရုံးတွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စက်ရုံ၊ အလုပ်ရုံရှိရာ ဒေသများ၌ လူမှုဖူလုံရေး ဆေးခန်းပေါင်း ၉၂ ခန်း ရှိပြီး ရန်ကုန် မြို့တော်ရှိ အလုပ်သမား ဆေးရုံကြီးကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

MRTV Digital စနစ်ဖြင့် ဖမ်းယူနိုင်မည့် စက်များ အခမဲ့ ပေးမည်


ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာ့ရုပ်မြင်သံကြား (MRTV) က စမ်းသပ် ထုတ်လွှင့်နေသည့် Digital ရုပ်သံ ထုတ်လွှင့်မှု စနစ် Digital Video Broadcasting Terrestrial-2 (DVB-T2) ကို ဖမ်းယူ ကြည့်ရှုနိုင်မည့် စက်များကို SEA Games ပြိုင်ပွဲ မတိုင်မီ ဝင်ငွေနည်း မိသားစုများအား အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။

အဆိုပါစက်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပေးအပ်နိုင်ရန် စီစဉ်ထားပြီး စက်အလုံးရေ ၃၃၅,၀၀၀ ဝယ်ယူရန် မှာကြားပြီး ဖြစ်ကာ စက်အလုံးရေ ၃၀၄,၉၄၄ လုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ အစီအမံဖြင့် ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်လမိသားစု ပျမ်းမျှဝင်ငွေ ကျပ် တစ်သိန်းခွဲအောက် ရရှိပြီး သစ်သားကာ၊ သက်ကယ်နှင့် ဓနိမိုးနေအိမ်ဖြင့် နေထိုင်သည့် ရုပ်မြင်သံကြားစက်တစ်လုံး ပိုင်ဆိုင်သော မိသားစုများနှင့် ကျောင်း၊ အများနှင့် သက်ဆိုင်သော နေရာများနှင့် သာသနာရေး အဖွဲ့အစည်းများကို ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုအခါ Digital Video Broadcasting Terrestrial-2 (DVB-T2) စနစ်ဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စမ်းသပ် ထုတ်လွှင့်နေပြီး လက်ရှိ ထုတ်လွှင့်နေသည့် MRTV၊ MITV လွှတ်တော် ရုပ်သံလိုင်း၊ တိုင်းရင်းသား ရုပ်သံလိုင်းနှင့် လယ်သမား ရုပ်သံလိုင်း တို့ကို ပြသနေကာ SEA Games ပွဲစဉ် အချို့ကို ထုတ်လွှင့်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက ပြောကြားသည်။

“တခြားနိုင်ငံတွေမှာ ဒီလို ပြောင်းတဲ့အခါ အစိုးရက သင့်တော်သလို ကျခံပေးတာ ရှိတယ်။ တစ်နိုင်ငံလုံး အခမဲ့ ဖြန့်တာတော့ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သူ တစ်ဦးကမူ ရပ်ကွက် အုပ်ချုပ်ရေးရုံးက ရပ်ကွက် အတွင်းရှိ နေအိမ်များကို စာရင်း လိုက်ကောက်သည်ကို တွေ့ရသော်လည်း မည်သည့်အတွက်မှန်း မသိကြောင်း ပြောဆိုသည်။

The Voice Weekly

ကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့်ဆရာမအား စစ်ဆေးနေ


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း အခြေခံပညာအထက်တန်းကျောင်းမှ အဌမတန်းကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့် ဆရာမအား ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇွန်လ ၁ ၁ရက် က အင်္ဂလိပ်စာသင်ချိန်တွင် ကျောင်းသားက စကားပြော၍ဆိုကာ အင်္ဂလိပ်စာပြဆရာမက ဖိနပ်ဖြင့်ပေါက်လိုက်ခြင်းကို ကျောင်းသားမိဘများက မကျေနပ်၍ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ တိုင်ကြားထားခြင်းဖြစ်သည်။
““ဒီနေ့(နိုဝင်ဘာ ၂၄)ပဲ လာစစ်ဆေးတယ်။ ဆရာမကိုရော၊ ကျောင်းသားမိဘတွေကိုရောပဲ။ သူတို့က စစ်ချက်တွေယူပြီး အထက်ကိုတင်ပြမယ်ပြောတယ်။ ဆရာမကတော့ ငိုနေတယ်””ဟု ၎င်းဒေသခံတစ်ဦးကပြောသည်။
ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားများကို စိတ်ကြိုက်ဆုံးမခွင့်ရှိသော်လည်း ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ အနိမ့်ကျဆုံးဖြစ်သော ဖိနပ်ဖြင့် ပစ်ပေါက်ဆုံးမ၍ မကျေနပ်သောကြောင့် ပညာရေးဝန်ကြီးဌာနမှ ထိရောက်စွာ အပြစ်ပေးအရေးယူစေလိုကြောင်း ကျောင်းသားမိဘများက တိုင်ကြားထားသည်။

ပညာရေးဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ တတိယတန်းကျောင်းသူလေးများ၏ လက်ကို ကျောင်းသားများအား နမ်းစေ၍ ဂုဏ်သိက္ခာထိခိုက်စေမည့် ပြစ်ဒဏ်ပေးသော ကျောင်းဆရာအား ရာထူးတစ်ဆင့်ချထားလိုက်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိသည်။

7day Daily

တရုတ်သို့ အမျိုးသမီးနှစ်ဦး ပို့ဆောင်မည့်သူကို လက်ရဖမ်းမိ


မိတ္ထီလာ၊ နိုဝင်ဘာ ၂၄

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီး (ဟောင်း) ပေါ်ရှိ သပြေဝ မြို့ဝင်ကြေး ကောက်ခံစခန်းတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိတ္ထီလာမြို့ခံ အမျိုးသမီး နှစ်ဦးကို စည်းရုံး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပို့ဆောင်မည့် လူကုန်ကူးသူ အမျိုးသမီး တစ်ဦးကို လက်ရ ဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော မိတ္ထီလာခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် ဇင်ကိုကိုက The Voice သို့ အတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက် မြောက်ပိုင်းနေ မိဖြိုး (ခ) ပိုပိုကြိုင်သည် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံမှ မိတ္ထီလာသို့ ပြန်လည် ရောက်ရှိလာကာ ရပ်ကွက် အတွင်းရှိ အမျိုးသမီးများကို တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန်နှင့် တရုတ် အမျိုးသားများကို လက်ထပ်ယူရန် စည်းရုံးလျက်ရှိပြီး အမျိုးသမီး နှစ်ဦးနှင့်အတူ မန္တလေးဘက်မှ ကြယ်ဂေါင်သို့ ထွက်ခွာမည်ဆိုသည့် သတင်းအရ မိတ္ထီလာမြို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး မျိုးလွင်နှင့် အဖွဲ့၊ မိတ္ထီလာခရိုင် မှု/ကူ အဖွဲ့မှ ဒုရဲအုပ် ဇင်ကိုကိုနှင့် သက်သေအဖြစ် ရာအိမ်မှူး ဦးဇော်မင်းနှင့် အဖွဲ့သည် မန္တလေးလမ်းဘက် အထွက်ရှိ သပြေဝဂိတ်တွင် စောင့်ဆိုင်းနေစဉ် နဝရတ် မှန်လုံယာဉ် အမှတ် ၁ခ/၉၁၁၄ ကို ရပ်တန့် ရှာဖွေရာမှ ယင်းလူကုန်ကူးမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ လူကုန်ကူးမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ မိဖြိုး (ခ) ပိုပိုကြိုင် (၃၄) နှစ်သည် မိတ္ထီလာမြို့ ပြည်သာယာ မြောက်ပိုင်းရှိ အသက် (၃၃) နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ကလေးထိန်းရန်နှင့် တရုတ်အမျိုးသား ကို လက်ထပ်ယူရန် စည်းရုံး၍ ကြိုတင်ငွေ ကျပ်တစ်သိန်း ပေးခဲ့ကြောင်း၊ အလားတူပင် ရတနာမာရ်အောင် ရပ်ကွက်ရှိ အသက် (၃၉) နှစ်အရွယ် အမျိုးသမီး တစ်ဦးကိုလည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက စရိတ်ငြိမ်း ကျပ် ၇၀,၀၀၀ ခန့်ရမည် ဖြစ်ပြီး တရုတ် အမျိုးသားကို ယူပါက ငွေပိုရမည်ဟု စည်းရုံး၍ ကြိုတင်ငွေ ကျပ်သုံးသိန်း ပေးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသို့ ပို့ဆောင်ခံရမည့် အမျိုးသမီး နှစ်ဦးအနက်မှ တစ်ဦး၏ သမီးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံ၌ အလုပ်ရမည်ဟု စည်းရုံးပြောဆိုကာ တစ်နှစ်စာ ကြိုတင်ငွေ ကျပ်ဆယ်သိန်းပေး၍ အမျိုးသားတစ်ဦးနှင့် အဓမ္မ ထိမ်းမြားပေးခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းလူကုန်ကူးမှုများနှင့် ပတ်သက်၍ မိဖြိုး (ခ) ပိုပိုကြိုင်ကို မိတ္ထီလာမြို့ နယ်မြေပိုင် အမှတ် (၃) ရဲစခန်းက လူကုန်ကူးမှုပုဒ်မ -၂၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

မျက်ဝန်း တစ်ဝိုက် အရေပြား ကျန်းမာစေရန်


၁။ နေရောင်ခြည် ဒဏ် ကင်းဝေးပါစေ

မျက်လုံး တစ်ဝိုက်နေရာမှာ နေရောင်ခြည် ထိတွေ့မှု ကင်းစေဖို့ နေပူထဲ ထွက်ချိန်မှာ နေကာ မျက်မှန်ကို ပုံမှန်တပ် ဆင်သင့် ပါတယ်။ အထူးသဖြင့် ကမ်းခြေ လိုနေရာမျိုးနဲ့ ဈေးဝယ် ထွက်ချိန်မျိုးမှာပါ။

၂။ သင့်အရေပြား ပုံစံကို နားလည်ပါ

ဒါဟာ အရေးကြီးတဲ့ အချက်ပါ။ သင့်အရေပြား ဟာ အဆီပြန် တဲ့ အရေ ပြားပိုင်ရှင် မျိုးဆိုရင် အရေပြား ကို တစ် ပတ်မှာ နှစ်ကြိမ် လောက် တိုနာနဲ့ ဂွမ်း ဖတ်ကိုသုံးပြီး သန့်စင်ပေး သင့်ပါတယ်။ အိပ်ရာ မဝင်ခင် အချိန်မျိုးမှာ ပုံမှန် မျက်နှာ သန့်စင် ပေးပါ။ သင့် အရေပြား က ပုံမှန်နဲ့ ခြောက်သွေ့သူ ဆိုရင်တော့ တစ်နေ့နှစ် ကြိမ်လောက် ရေဓာတ် ပါဝင်တဲ့ ခရင်မ် ကို လိမ်းပေးပါ။

၃။ အိုင်းခရင်မ်လိမ်းပါ

ကော်လာဂျင် ပါဝင်တဲ့ မျက်လုံး တစ် ဝိုက်အလိမ်းရတဲ့ ခရင်မ်တစ်မျိုး ကို မျက် နှာသန့်စင်ပြီး တိုင်း ပုံမှန် လိမ်း ပေးပါ။ မျက်လုံး တစ်ဝိုက် အရေပြား တွန့်တာနဲ့ အ ရေးကြောင်း တွေကို ကာကွယ် နိုင်ပါ တယ်။

၎။ ဗီတာမင်အချို့မှီဝဲပါ

ဗီတာမင်အေနဲ့ ဗီတာမင်စီ ကြွယ်ဝ တဲ့အစားအစာတွေကို ဖြည့်စွက်စားသုံး ပေးပါ။ ဖော်ပြပါ ဗီတာမင် နှစ်မျိုး က သင့် မျက်လုံး တစ်ဝိုက် အရေပြား ကို အကောင်း ဆုံးအထောက် အကူပြု ပါတယ်။ နေ ရောင်ခြည် ဒဏ်ကြောင့် အရေပြား တစ် သျှူးတွေ ပျက်စီးမှု ကိုလည်း တိုက်ထုတ် ပေးနိုင်ပါတယ်။

၅။ မျက်လုံးကို အတင်း မပွတ်ပါနှင့်

မျက်လုံး တစ်ဝိုက် ကို လက်နဲ့ အတင်း ပွတ်တာမျိုး ဖြစ်စေ၊ တဘက်နဲ့ ပွတ်တိုက် တာမျိုးဖြစ်စေ မပြုလုပ် ပါနဲ့။ မျက်လုံး တစ် ဝိုက်က တစ်သျှူးတွေ ကို ပျက်စီး စေပြီး သွေး လည်ပတ်မှု လျော့နည်း စေကာ မျက် ဝန်းတစ်ဝိုက် ညိုမည်း နေစေလို့ပါ။

၆။ ရေခဏခဏ မဆေးပါနှင့်

မျက်လုံးကို ရေအပြည့် ထည့်ထား တဲ့ခွက်ထဲမှာ ဖွင့်လိုက် ပိတ်လိုက် ပြုလုပ် တာက မနက်မိုးလင်း လို့ မျက်နှာ သန့်စင် ချိန် တစ်ချိန်မှာ သာ ပြုလုပ် ပေးသင့် ပါ တယ်။ အချိန် တိုင်း မျက်လုံး ကို ရေထဲမှာ ပိတ်လိုက် ဖွင့်လိုက် မပြုလုပ် ပါနဲ့။ မျက်လုံး တစ်ဝိုက် အရေပြား ခြောက် စေနိုင် ပါတယ်။

၇။ ဆရာဝန် ညွှန်ကြားသော မျက်စဉ်း ဆေးရည် ကိုသာ အသုံးပြုပါ

နေ့စဉ် မျက်ကပ်မှန်ကို အသုံးပြုနေ ရသူတွေ အနေနဲ့ မျက်ကပ်မှန် ဆေးရည် ကို ပုံမှန်သန့်စင်ပြီး အသစ်ပြန်စိမ်ပေး သင့်ပါတယ်။ ဆရာဝန်က ညွှန်ကြား ထား တဲ့ မျက်စဉ်း ဆေးက လွဲရင် အသုံးမပြု ဖို့ အထူး သတိထား ဆင်ခြင်ပါ။

၈။ ဓာတုပစ္စည်း ပါဝင်သော မျက်နှာသန့်စင် ပစ္စည်းများကို ရှောင်ပါ

ဓာတုပစ္စည်းတွေပါဝင်တဲ့ မိတ်ကပ် သန့်စင်ပစ္စည်းတွေကိုအကြောင်းကြောင်း ကြောင့် အသုံးပြုရတယ်ဆိုရင်တောင် သင့်မျက်လုံးတစ်ဝိုက်က အရေပြားကို မ ထိမိစေဖို့ ဂရုစိုက် အသုံးပြုပေးပါ။ မျက် လုံးတစ်ဝိုက်ကအရေပြားက မျက်နှာပေါ် က တခြားအရေပြားတွေ ထက်ပိုပြီး နူးညံ့ ကာ ပိုမိုပျက်စီး လွယ်တတ် တာကြောင့်ပါ။

၉။ ရေများများသောက်ပါ

တစ်နေ့တာအတွက်လိုအပ်တဲ့ ရေ ဓာတ်မလုံလောက်ဘူး ဆိုရင်လည်း အရေ ပြားခြောက်သွေ့ကာ အစက်အပြောက် တွေ ဖြစေ် စနငို တ်ာကြောင့် ရေသောကပ်ါ။

၁၀။ သင့်မျက်လုံးကို ကြင်နာပါ

သင်ဟာ နေ့စဉ် ကွန်ပျူတာ အသုံး ပြုနေရသူ၊ မျက်လုံး ကို အားစိုက် အသုံးပြု နေရသူ ဆိုရင် သင့်မျက်လုံး ကို အနားပေး ဖို့လို ပါတယ်။ ကွန်ပျူတာ ကြည့်ပြီး လို့ တစ်နာရီ လောက်ကြာ တိုင်း ၁၅ မိနစ် လောက် မျက်လုံး ကို အနားပေး သင့်ပါ တယ်။ အလုပ်လုပ် နေစဉ်တွင် မှာလည်း ကွန်ပျူတာ မှ အလင်းပြန် မှုကို ကာကွယ် နိုင် စေမယ့် မျက်မှန် တပ်ထားပေး သင့် ပါ တယ်။

လမင်းလေး
Good Health

မန်းကျုံးရေပြင် အမျိုးသမီးအလောင်းတစ်လောင်းပေါ်



နိုဝင်ဘာ ၂၅ ရက် ၂၀၁၃

မန်းကျုံးရေပြင် လမ်း ၈၀၊ ၁၇-၁၈လမ်းကြားတွင် နိဝင်ဘာ၂၃ရက်နေ့ ညနေပိုင်း က အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ သေဆုံးသူ မရွှေဇင်ဖြိုး၂၁နှစ်မှာ ယခုလ ၂၁ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် နေအိမ်မှ ဖုန်းဆက်ရန် ထွက်ခွာသွားခဲ့ပြီး
ပြန်ရောက်လာခြင်းမရှိကြောင်း ၄င်းမိခင်၏ ထွက်ဆိုချက်အရသိရှိရသည်။

ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိသောကြောင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး သေမှုသေခင်းအမှတ် ၆၃/၂၀၁၃ရအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal


အာဆင်နယ်အနေဖြင့် နောက်ထပ် တိုက်စစ်မှူးဝယ်ရန်မလိုဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု အာစင်ဝင်းဂါး ကြုံးဝါး


အောင်သုတ

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် အတွက် အာဆင်နယ်အသင်းအနေဖြင့် နောက်ထပ်တိုက်စစ်မှူး ၀ယ်ယူရန်မလိုအပ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

ဒဏ်ရာကြောင့် အနားယူနေရသော အသင်း၏ တိုက်စစ်ကစားသမားနှစ်ဦးဖြစ် သော ပိုဒေါစကီးနှင့် ၀ဲလ်ကော့တို့ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ခြင်းကြောင့် အာစင်ဝင်းဂါးက နောက်ထပ်တိုက်စစ်မှူးဝယ်ယူရန်မလိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယခုနှစ်ရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေနိုင်သော်လည်း တိုက်စစ်မှူးစစ်စစ်အဖြစ် ဂီရော့ဒ်တစ်ဦးတည်းကိုသာ အားကိုးနေရပြီး ဂီရော့ဒ်အနေဖြင့်လည်း နောက် ပိုင်းပွဲစဉ်များတွင် ပွဲပန်းမှုဒဏ်များကြောင့် ခြေစွမ်းကျဆင်းလာခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ငါးပွဲ တွင် နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ၀ယ်ယူရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်မှုများရှိလာခဲ့ခြင်း အပေါ် အာစင်ဝင်းဂါးက တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အာစင်ဝင်းဂါးသည် ဆောင်းရာသီပွဲကျပ်ကာလတွင် အသင်း၏တိုက်စစ်ပြဿနာကို တိုက်စစ်မှူးဟောင်း အွန်နရီကို ခေါ်ယူ၍ ဖြေရှင်းလေ့ရှိပြီး ယခုနှစ်ရာသီတွင်မူ အွန်နရီလာရောက်ကစားတော့မည် မဟုတ် ကြောင်း ၎င်းကဆိုခဲ့သည်။ အာဆင်နယ်သည် လာမည့်အပြောင်းအရွှေ့တွင် မန်စီးတီးတိုက်စစ်မှူး ဒီဇီကို၊ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာတို့ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သတင်းထွက်ပေါ်နေသည်။\
Mizzima - News in Burmese

မန်းနေအိမ်တစ်အိမ်တွင် ဓားခုတ်မှုဖြင့် လူနှစ်ယောက်သေဆုံး



မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နေအိမ်တစ်အိမ်တွင် လူသေအလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၂-၈၃လမ်းကြား၊ ၃၈-၃၉လမ်းကြားရှိ နေအိမ်တစ်အိမ်တွင်နေ့လယ် တစ်နာရီခန့်က ဓားခုတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သက်ဆိုင်ရာနယ်မြေရဲ့စခန်းမှ သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေအိမ်တွင်ကို မြင့်သိန်း ၄၀နှစ် ဦးခေါင်းနောက်စေ့ လည်ပင်းပြက်ရှ ဒဏ်ရာများဖြင့် လည်းကောင်း၊

နေအိမ်ရှေ့လမ်းပေါ်တွင်ကို ဇော်လတ် ၂၅နှစ်၊မှာ
ဝဲရင်အုံ၊ လည်ပင်း၊ ၀ဲလက်မောင်းစုတ်ပြဲ ပြက်ရှဒဏ်ရာများဖြင့်
သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းများတွင်
ဖော်ပြထားသည်။

သေဆုံးသူ ကို ဇော်လတ်၏ ဖခင် ဦးစိုးမြင့်မှ တရားလိုပြုလုပ်တိုင်
တန်းသဖြင့် နမစ(အမှတ်-၇)(ပ)၇၈၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂အရအမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရမိရေးအတွင် တိုင်းရဲအကူ တပ်ဖွဲ့ခွဲ (မှု/ကူ)၊ ခရရ(မှု/ကူ)၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal

မိန်းမကိုယ် သန့်ရှင်းရေး အတွက် ဒါတွေ လုပ်မိရဲ့လား


မိန်းကလေး တစ်ယောက် အတွက် မိန်းမကိုယ်သန့်ရှင်းရေး ကလည်း အရေး ကြီးပါတယ်။ မျက်နှာကို လှပအောင် ဘယ်လိုပဲ ပြင်ဆင်ခြယ်သ ထားပါစေ၊ သင့်ကိုယ်သင် လုံခြုံမှု မရှိနိုင်ပါဘူး။ ခန္ဓာ ကိုယ်တစ် ကိုယ်လုံး သန့်ရှင်းပြီး တစ်ကိုယ် ရေကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်ဆို ပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ မျိုးပွားအင်္ဂါ ဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းနေ ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သင်ရဲ့ တစ် ကိုယ်ရေ သန့်ရှင်းရေးမှာ အရေးပါတဲ့ မိန်းမကိုယ် သန့်ရှင်းရေး အတွက် ဒါတွေ လုပ်မိပါရဲ့လား။
- ကြမ်းတမ်း တဲ့ ဆပ်ပြာတွေ၊ အမွှေးရနံ့လွန်ကဲတဲ့ ဆပ်ပြာတွေ မသုံးသင့်ပါဘူး။
- ရနံ့ပြင်းလွန်းတဲ့ မိန်းမကိုယ် သန့်စင် ဆေးရည်တွေကို အလွန်အမင်း အသုံးပြု တာက မိန်းမကိုယ်ခြောက်သွေ့စေနိုင် တာကြောင့် အလွန်အမင်း အသုံးပြုတာ ကို ရှောင်ပါ။
- မိန်းမကိုယ် အတွင်းပိုင်း ထဲကို သန့်စင် ဆေးရည်တွေနဲ့ ဆေးကြာတာ၊ ရေနဲ့ဆေး ကြောတာမျိုးတွေကို ရှောင်သင့်ပါတယ်။ မိန်းမကိုယ်အတွင်းမှာ သဘာဝအရ ပိုး မွှားတွေကို မဝင်ရောက်နိုင်အောင် ကာ ကွယ်နိုင်စွမ်းရှိပါတယ်။ သန့်စင်ပေးဖို့ မလို ပါဘူး။
- အထူးသဖြင့် မိန်းကလေးတွေဟာ ရာသီလာနေချိန်တွေမှာ သန့်ရှင်းရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ ရာသီလာတဲ့ ရက်တွေမှာ မျိုးပွားအင်္ဂါတွေကို သန့်ရှင်း ရေးလုပ်တဲ့ အခါ ရေနွေးနွေးလေးနဲ့ သန့် စင်ပေးတာ အကောင်း ဆုံးပါ။
- အမျိုးသမီး လစဉ်သုံးပစ္စည်းကို မလဲဘဲ တစ်နေကုန် ဝတ်ဆင်ထား တာမျိုးကို ရှောင်ရှားပါ။ အထူးသဖြင့် ညအိပ်ရာဝင် ခါနီးမှာ မိန်းမကိုယ်သန့်ရှင်းရေးကို သေ ချာစွာပြုလုပ်ပြီး လစဉ်သုံးပစ္စည်းအသစ် ကို လဲလှယ်ဝတ်ဆင်ကာ အိပ်စက်ပါ။
- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်း ဘီ၊ ထူလွန်း၊ ပူလွန်းတဲ့ အတွင်းခံဘောင်း ဘီတွေအစား လေဝင်လေထွက်ကောင်း တဲ့ ချည်သား အတွင်း ခံဘောင်းဘီကို ဝတ် ဆင်ပါ။
- ပိုးမွှားကူးစက် လွယ်စေနိုင်တဲ့ လိင် အင်္ဂါတစ်ဝိုက်မှာရှိ အရေပြားတွေ သန့် ရှင်းနေဖို့ အလွန်အရေးကြီး ပါတယ်။
- ဆီးသွားချင် တာကို မသွားဘဲ ဆီး အောင့်ထားတာမျိုးကို ရှောင်ရှားပါ။
- မျိုးပွားအင်္ဂါ တစ်ဝိုက်မှာ နာကျင်မှုဖြစ် တာ၊ နီရဲနေတတ်တာ၊ ယားယံတာ၊ အိမ် ထောင်သည်တွေ အမျိုးသားနဲ့ အတူနေ တဲ့အခါ နာကျင်မှု ခံစားရတာ၊ သွေးဆင်း တာ စတာတွေဖြစ်ပေါ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

good health

ကလေးငယ်တိုင်း အကြမ်းဖက်မူ မှန်သမျှ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့် ရှိရမည်ဟု ယူနီဆက် ဌာန ကိုယ်စားလှယ်ပြောဆို


ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ် အခန်း၁၉ ပါ ပြဌာန်းချက်အရ ကလေးတိုင်း အကြမ်းဖက်မူ မှန်သမျွှကနေ ကာကွယ်စောင့်ရှောင့် ခံပိုင်ခွင့်ရှီ ရမည်ဖြစ်ကြောင်း ယူနီဆက်(ဖ်) မြန်မာဌာနေ ကိုယ်စားလှယ် မစ္စတာ ဗိန်းလဲ(လ်) ကပြောဆိုခဲ့သည်။
ကလေး သူငယ်များ အပေါ် အကြမ်းဖက်ခြင်းဆိုသည်မှာ ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ များသည် မြန်မာနိုင်ငံတွင်း အိမ်တွင်း အကြမ်းဖက်ခြင်း၊ ရိုက်နှက်ပြစ်ဏ်ပေးခြင်း၊ စာသင်ကျောင်း များတွင် ဖြစ်ပွားနေသလို မြန်မာ့ လူ့ အလွာ အသီးသီးတွင် ဖြစ်ပေါ်နေကြောင်း ယင်းကပြော ဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အပေါ် အကြမ်းဖက်ခြင်းများ အဆုံးသတ်ရန် ကလေးများအား ဆုံးမရာတွင် မိဘများနှင့် ဆရာ၊ဆရာမများက အကြမ်းမဖက်သည့် နည်းလမ်းများ အသုံးပြုခြင်းအပေါ် အားပေးကူညီ ရမည်ဖြစ်ကြောင်း မစ္စတာ ဗိန်းလဲ(လ်) ကပြောဆိုခဲ့သည်။
" အသက်အရွယ်နဲ့ မျှတတဲ့ စည်းကမ်းထိန်းသိမ်း ဆိုဆုံးမခြင်း ပြစ်ဒဏ်ပေး ခငြ်းဆိုင်ရာ တရားဝင် လမ်းညွန် ချက်တွေနဲ့ အသိပညာမြင့်တင်ခြင်း ဆိုင်ရာ တရားဝင်လမ်း ညွန်ချက်တွေ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ လိုအပ်နေ ပါတယ်" ဟုယူနီဆက်(ဖ်) မြန်မာဌာနေ ကိုယ်စားလှယ် မစ္စတာ ဗိန်းလဲ(လ်) ကဆိုသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ တစ်ခုဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ်ကို ၁၉၉၁ ခုနစ်က လတ်မှတ်ရေးထိုး ထားခဲ့ကြောင်း စာချုပ်ပါ အခန်း ကဏ္ဍများကိုလဲ အသက်ဝင်အောင်ဆောင်၇ွက် ရမည်ဖြစ်ပြိး အကြမ်းဖက်ခြင်းထက်ငြိမ်းချမ်းရေးကို ပိုမို လိုလားသည့် မြန်မာ့လူဘောင် အဖွဲ့ အစည်းဖြစ်စေရန် ယူနီဆက်(ဖ်) အနေဖြင့်လက်တွဲကူညီ သွားမည်ဖြစ်ကြောင်း မစ္စတာ ဗိန်းလဲ(လ်) ကဆက်လက်ပြောကြား ခဲ့သည်။

ရိုးရာလေး

နှစ်နှစ်အတွင်း ပရိသတ် အသိအမှတ် ပြုတဲ့သူ ဖြစ်အောင် ကြိုးစားမယ် Russell


Q. Russell ခု အနုပညာအ လုပ်တွေပဲဇောက်ချ လုပ်သွားတော့ မှာလား။
A. ဟုတ်ကဲ့ ကျွန်တော် သရုပ် ဆောင်အလုပ်တွေကို စိတ်နှစ်ပြီး လုပ်ဖို့ရည်ရွယ်ထားပါတယ်။
Q. အိပ်မက်ဆုံရာနဲ့ ပတ်သက် တဲ့ဝေဖန်မှုတွေပေါ်မှာ ဘယ်လိုမြင် လဲ။
A. အိပ်မက် ဆုံရာမှာ ကိုယ့်ကို ကောင်းစေချင်လို့၊ ပြင်စေချင်လို့ ပြောကြတာတွေ ရှိပါတယ်။ အမျိုးစုံ ပါပဲ။ ကျွန်တော် ကတော့ အားလုံး ကို Positive အမြင်နဲ့ပဲ ကြည့်ပြီး ဆက်ကြိုးစားသွားမှာပါ။
Q. သင်္ဘော ဆက်မတက်တော့ ဘူးလား။
A. ကျွန်တော် ရေကြောင်းသိပ္ပံ မှာ နှစ်နှစ်သင်ယူ ခဲ့တယ်။ ဒါကို မနှ မျောဘူးလား ဆိုရင် ကျွန်တော် မနှ မျောပါဘူး။ ဆုံးဖြတ်ချက်ပြတ်ပြတ် သားသားချပြီးပြီ။ ကျွန်တော်ခုလို အနုပညာ အလုပ်ကို ငယ်ငယ်က တည်းကလုပ်ချင်တာ လုပ်ခွင့်မရလို့ သာကျောင်းတက်နေခဲ့တာ။ ခုလို အခွင့်အရေး ရလာတဲ့ အချိန်မှာတော့ ကြိုးစားကြည့်ချင် ပါတယ်။
Q. ခုလုပ်ကိုင် လာရတဲ့ အခါ တွေ့ကြုံရတာတွေက
A. ဒီလောကမှာက ဖြတ်သန်း ရတဲ့ပုံစံတွေ မတူပါဘူး။ ကျွန်တော့် ထက်ပိုပြီးရုန်းကန်ကြိုးစား ခဲ့ရတဲ့သူတွေ လည်းရှိမယ်။ ကျွန်တော့် အတွက်က တော့ တွေ့ကြုံလာတာကို အခက် အခဲလို့လည်းမယူဆပါဘူး။
Q. Show တွေလျှောက်လာ တာတွေ့ရတယ်နော်။ သရုပ်ဆောင်၊ အဆိုတော် ဘာကိုအဓိကလုပ်ဖြစ်မ လဲ။
A. ကျွန်တော် နှစ်ခုစလုံးကို တကယ်အရည်အချင်းရှိတဲ့အနုပညာ ရှင်ဖြစ်ချင်တယ်။
Q. အမေကတော့ သုံးနှစ်အ တွင်းဖြစ်မလာခဲ့ရင်ဆိုတဲ့အချိန် ကန့် သတ်ချက်ကြီးကိုရော
A. အမေကတော့ အိပ်မက်ဆုံ ရာ Final ကနေ နောက်ဆုံးနှစ် အတွင်း Russell တစ်ခုခုဖြစ်မလာ ခဲ့ရင် သင်္ဘောပြန်တက်ရင်တက် မတက်ရင် ဂျပန်မှာကျောင်းသွား တက်ရမယ်တဲ့။ ကျွန်တော် ဒီနှစ်နှစ် အတွင်းမှာ ပရိသတ်အသိအမှတ်ပြု တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုး စားမယ်လို့ သန္နိ|ာန်ချထားပါတယ်။
Q. အိပ်မက်ဆုံရာက သူငယ် ချင်းတွေနဲ့ရော ဘာတွေလုပ်ဖို့ အစီ အစဉ်ရှိလဲ။
A. အိပ်မက်ဆုံရာ Season 6 က သူငယ်ချင်းတွေနဲ့ သင်္ကြန်မတိုင် ခင် အခွေထွက်ဖို့ အစီအစဉ်ရှိပါ တယ်။ တစ်ယောက်စီတိုင်းကို အား ပေးစေချင်တယ်။ MTV တွေ ရိုက် ဖို့ရှိသလို့ ကျွန်တော်သရုပ်ဆောင် လုပ်မှာမို့ သရုပ်ဆောင်တာကိုလည်း အားပေးဝေဖန်စေချင်ပါတယ်။

8days

အင်တာနက်နှင့် အထီးကျန်ရောဂါ


အမေရိကန်ပြည်ထောင်စု၊ Carnegie Mellon University မှ နှစ်နှစ်ကြာ စော့င်ကြည့်လေ့လာထားမှုမှ သိရှိရသော တွေ့ရှိချက် ဖြစ် ပါတယ်။ အင်တာနက် ပုံမှန် အသုံးပြုနေသူများဟာ သာမန်လူများထက် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုများ ပိုမို ဖြစ်ပေါ်နိုင်ကြောင်း ဖြစ်ပါတယ်။
 အီးမေးလ်၊ ဖေ့်ဘွတ်၊ တွစ်တာ၊ ဂျီတော့ အစရှိတဲ့ Social Network တို့ကို ဘယ်လောက်ပဲ အသုံးပြုပါစေ အပြင်လောကက လူမူဆက်ဆံရေးလောက် နီးစပ်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အင်တာနက်နဲ့ ဆက်စပ် အလုပ် များ လုပ်ကိုင်နေရသူတွေကို အပြင်လောက်နဲ့ အဆက်အသွယ် မပြတ်စေဖို့ အကြံပေးထားပါတယ်။ အားလပ်ရက်သီးသန့်ထားပြီး အပြင်က မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုး မိတ်သင်္ဂဟများနဲ့ နွေးထွေးစွာ ပြောဆို ဆက်ဆံ၊ သွားလာစေဖို့ ဖြစ်ပါတယ်။
ယနေ့ စိတ်ကျရောဂါနဲ့ ဆက်စပ်ရောဂါဝေဒနာ ခံစားရမှုထဲမှာ အင်တာနက် ပုံမှန်အသုံးပြုသူ ဦးရေ ပိုမိုပါဝင်လာကြောင်း သိရပါတယ်။
--
Ref: medic-fact

ဖက်ရှင် အတွက် ကိုယ့် ကိုကိုယ် ယုံကြည်မှု ပိုစေရန်

ပြည်မြန်မာ

ရခိုင်ပြည်နယ် မှ ရိုဟင်ဂျာန ဆိုသူများကို ဒုက္ခ သည် အဖြစ် OIC ၅၇ နိုင်ငံ က နှစ်စဉ် ခေါ်ယူသွားသင့် ဟု ဆို

ပြည်မြန်မာ

ပုဂံရှေးဟောင်း နယ်မြေတွင် နိုင်ငံခြားသား တိုးရစ်များကို စည်းကမ်းတင်းကျပ်ရန်လို


အယ်ဒီတာခင်ဗျာ

ကျွန်တော်တို့ ပုဂံရှေးဟောင်း နယ်မြေတွင် နေရာဒေသ ကျယ်ပြန့်မှုနှင့် လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူပြီး FIT ခေါ် ခရီးစရိတ် ချွေတာသည့် နိုင်ငံခြားသား တိုးရစ်များ၏ အကြံအဖန် လုပ်ပုံများကို ဓာတ်ပုံနှင့်တကွ သက်သေပြလိုပါသည်။

တိုးရစ်အချို့သည် စရိတ်ချွေတာသည့် အနေနှင့် ပုံတွင် မြင်တွေ့ရသည့်အတိုင်း ဂူဘုရားများပေါ်တွင် ညအိပ်ခြင်း၊ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားသည့် ဘုရားများပေါ်တွင် ဖိနပ်စီးခြင်း များကို ပြုလုပ်နေကြကြောင်း တွေ့မြင်နေရပါသည်။

ပုံတွင် တွေ့မြင်ရသည်မှာ ဂျာမန် အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်တို့သည် ပုဂံ ရွှေဆံတော် ဘုရားပေါ်တွင် Sleeping Bag များ ယူလာပြီး အိပ်စက်နေခြင်း၊ အမျိုးသမီးက ဖိနပ် စီးထားခြင်း တို့ကို ၂၂.၁၁.၂၀၁၃ နေ့၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က နေထွက် ကြည့်ရန် ရောက်ရှိလာစဉ် အမှတ်တမဲ့ တွေ့ရှိပြီး ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ လုပ်၍ရမှန်း သိလျှင် နောင်တစ်ချိန် ပြဿနာပေါင်း များစွာ ပုဂံတွင် ကြုံတွေ့လာရမည့် အရေး ရင်လေးပြီး ဤစာကို ပေးရခြင်း ဖြစ်ပါသည်။ ထိရောက်စွာ စိစစ်အရေးယူရန် သင့်ပါပြီ။

(ဘုရားဖူး ခရီးသွားတစ်ဦး)
The Voice Weekly

ဗိုက်အဆီချလိုသူများအတွက် အိပ် ထ မ တင် လုပ်နည်း


ဗိုက်အဆီချလိုသူများအတွက် အိပ် ထ မ တင် ။ ခြေထောက် မြှောက်တင် အပြင် နောက်ထပ်လေ့ကျင့်ခန်းတခုကို ထပ်တင်ပေးလိုက်ပါတယ် Bicycle လို့ခေါ်ပါတယ် ၀မ်းဗိုက်ကို ပေါင်းစုံလှုံဆော်ပေးတဲ့ exercise တခုဖြစ်ပါတယ်။ Builder သမားတွေပါ အထူးလုပ်သင့်တာပါ။ ၀မ်းချုပ်ခြင်းကိုလဲ လျော့နည်းစေပါတယ်။ ဗိုက်ချသူတွေကို ပြောချင်တာကတောု့ကိမ်ရေများများနဲ့ မြန်မြန်လုပ်ဖို့ပါပဲ။ အိပ် ထ မ တင် ။ ခြေ ထောက်မြှောက်တင် နဲ့ ဒီ ဘိုင်စကယ်နည်းတွေ ကိုကိမ်ရေများများနဲ့ မြန်မြန် လုပ်စေလိုပါတယ် ။ အစပိုင်းလေ့ကျင့်သူတွေအနေနဲ့တော့ အနည်းငယ်ခတ်ခဲနိုင်ပါတယ် လေ့ကျင့်ဖော် တယောက်ရဲ့အကူအညီကို ယူစေလိုပါတယ် တကယ်ထိရောက်ပါတယ်...ဘိုင်စကယ်နည်းကို ပုံမှာပြထားပါတယ် ခြေထောက်နှစ်ဖက်ကို စက်ဘီးနင်းသလို ဘယ်ညာ အမြန် ၂-၃ မိနစ်ထိ မြန်မြန် လေ့ကျင့်ပေးရမှပါ... No Pain No Gain And Everyday is good day for workout...

Body Beauty ဖြစ်အောင် အိမ်မှာပဲကစားကြမယ်

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဂျပန်နိုင်ငံသားများ သံလျင်မြို့နယ်တွင် အိမ်ငှားလိုမှု များလာ


သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် သန်လျင်မြို့နယ် အတွင်း၌ ဂျပန်နိုင်ငံသားများ အိမ်ငှားရမ်းရန် ကြည့်ရှုသူ များပြားလာကြောင်း သန်လျင်မြို့နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးအား အကောင်အထည် ဖော်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်ကို လွန်ခဲ့သည့် လပိုင်းကပင် နှစ်ဖက်နိုင်ငံအကြား လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ သန်လျင်မြို့နယ် အတွင်းရှိ ကြယ်စင်မြို့တော် အဆင့်မြင့် အိမ်ရာတွင်လည်း ဂျပန်နိုင်ငံရှိ လူမျိုးအများစု အိမ်ငှားရမ်းရန်အတွက် ကြည့်ရှုသူ များပြားလာပြီး စုံစမ်းမှုများလည်း များပြားနေကြောင်း သန်လျင်မြို့နယ် ကြယ်စင်မြို့တော်အိမ်ရာ (starcity) မှ Sails & Marketing Manager ကိုစိုင်းခွန်နော်က ပြောကြားသည်။

"အခုဆိုရင် ဂျပန်နိုင်ငံက လူမျိုးတွေ နေ့တိုင်းနီးပါးကို အိမ်ငှားရမ်းဖို့ လာရောက်ကြည့်ရှုတာ များတယ်။ အချို့ကျတော့လည်း တကယ်နေမဲ့သူတွေ ရှိသလို စိတ်ဝင်စားလို့ လာကြည့်ကြတာလည်း များပါတယ်။ သီလ၀ါ စီးပွားရေးဇုန်က ဒီဇင်ဘာမှာ စမှာဆိုတော့ ကြည့်တဲ့သူ များနေတာပါ။ နောက်ပိုင်းဆိုရင် ဒီထက်ပိုများ လာမယ်လို့ ထင်ပါတယ်" ဟု ယင်းကဆိုသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ မေလအတွင်း လာရောက်ခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း သီလ၀ါ ဆိပ်ကမ်းအနီးရှိ စက်မှုဇုန် မြေနေရာ ဈေးကွက်များမှာ ဈေးပိုမို မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ စတင်ကာ ဈေးစတင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။ ယခုလက်ရှိ ပေါက်ဈေးမှာ လမ်းမတန်းရှိ စက်မှုဇုန် မြေနေရာသည် တစ်ဧကလျှင် ကျပ်သိန်းသုံးထောင်ဝန်းကျင် ပေါက်ဈေးရှိကာ အတွင်းဘက်ခြမ်းတွင်မူ ကျပ်သိန်း နှစ်ထောင့်ငါးရာ ပေါက်ဈေးရှိနေကြောင်း ယခင်ကမူ လမ်းမတန်းရှိ စက်မှုဇုန် မြေနေရာသည် ကျပ်သိန်း နှစ်ထောင့်ငါးရာ၊ အတွင်းဘက် အခြမ်းတွင် ပေါက်ဈေး သိန်း ၁၈၀၀ ခန့်သာ ရှိခဲ့ကြောင်းကိုလည်း သိရသည်။
Eleven Media Group

ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရေး နည်းဥပဒေ ၂၀၁၄ ခုနှစ်ဆန်းမှသာ ထုတ်ပြန်တော့မည်


ရန်ကုန်၊ နိုဝင်ဘာ ၂၄

စတော့အိတ်ချိန်းကို အဓိက ထိန်းကျောင်းမည့် ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှသာ ထုတ်ပြန်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရေး နည်းဥပဒေကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်နိုင်ရန် တာဝန်ရှိသူများက ပြောဆို ထားသော်လည်း ယင်းနည်းဥပဒေသည် အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲပြီး မြန်မာဘာသာ ပြန်ဆိုရဦးမည် ဖြစ်သည့်အတွက် ထုတ်ပြန်မည့်ရက် နောက်ဆုတ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရေး နည်းဥပဒေ ထွက်ရှိပြီး နောက်တွင် စတော့အိတ်ချိန်းကို ကြီးကြပ် ကွပ်ကဲမည့် ငွေချေးသက်သေခံ လက်မှတ်များ ကြီးကြပ်ရေး ကော်မရှင် (SEC) ကို ဖွဲ့စည်းသွားမည် ဖြစ်ပြီး SEC က စတော့အိတ်ချိန်းတွင် သက်ဆိုင်ရာ လုပ်ငန်းအလိုက် ပါဝင်မည့် ကုမ္ပဏီများကို စိစစ်ကာ လိုင်စင်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန် စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပြီး စတော့အိတ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ကိုင်ခွင့်တို့ကို မြန်မာ့စီးပွားရေး ဘဏ်နှင့် ငွေကြေး အဖွဲ့အစည်း မဟုတ်သော အဖွဲ့အစည်း တစ်ခုတို့ ဖက်စပ် လုပ်ကိုင်ခွင့် ပြုနိုင်ကြောင်း ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အရင်းအနှီးဈေးကွက် ပေါ်ပေါက်ရေးအတွက် ၁၉၉၆ ခုနှစ်တွင် မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) ကို ဒိုင်ဝါ လုပ်ငန်းစုနှင့် မြန်မာ့စီးပွားရေး ဘဏ်တို့သည် မတည် အရင်းအနှီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ သန်းကို ၅၀ ရာခိုင်နှုန်းစီ အကျိုးတူ ပူးပေါင်းကာ တည်ထောင်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တိုကျို စတော့အိတ်ချိန်းနှင့် ဒိုင်ဝါ လုပ်ငန်းစုတို့သည် နားလည်မှု သဘောတူစာချုပ် ချုပ်ဆိုထားပြီး အိုင်တီ နည်းပညာပိုင်းနှင့် စတော့ရှယ်ယာ ရောင်းဝယ်ရေး လုပ်ထုံးလုပ်နည်း နည်းဥပဒေများကို တိုကျို စတော့အိတ်ချိန်းက ကူညီ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဒိုင်ဝါ လုပ်ငန်းစု (Daiwa Group) ၏ ဒါရိုက်တာ မစ္စတာရှင်စုကဲဂိုတို (Shinsuke GOTO) က ပြောကြားထားသည်။
The Voice Weekly

ရေထဲရော ကုန်းပေါ်ရော မောင်းလို့ရတဲ့ကား Fiat ကားကုမ္ပဏီ ထုတ်လုပ်


ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်သည့် ကုန်းရေနှစ်သွယ်မောင်း ကားတစ်မျိုးကို ကမ္ဘာ ကျော် Fiat ကားကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်သည် ရေပေါ်တွင်ပါ စီးနင်းအသုံးပြုနိုင်ပြီး ကားပါကင်ထိုးခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ မလိုသည့်အပြင် ယာဉ်အချက်ပြ စနစ်များကိုလည်း စောင့်ဆိုင်းရန် မလိုအပ် တော့ကြောင်း သိရသည်။ Fiat 500 Personal Water- craft အမည်ရှိ ယင်းကားသည် ၁၉၉၁ခုနှစ်က အီတလီ ကားကုမ္ပဏီ တစ်ခုက ထုတ်လုပ်ခဲ့သည့် Cinquecento ကားကို အဆင့်မြှင့်တင် ထားခြင်းဖြစ်ပြီး ကိုယ်ထည် အပေါ်ပိုင်းတွင် ဂျက်စကီးတစ်ခုကို တပ်ဆင်ထားကြောင်း သိရသည်။ Fiat 500 ကားသည် အီတလီနိုင်ငံ ဗင်းနစ်မြို့မှ အန္တလန္တိတ် သမုဒ္ဒရာတစ်ဝန်း ၁၈ ညကြာ မောင်းနှင်လာခဲ့သော အပျော်စီးသင်္ဘော MSC Divina ကို ကြိုဆိုသောအားဖြင့် အမေရိကန် ပြည်ထောင်စု မီယာမီမြို့ရှိ ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၉ ရက်က မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်။

Fiat 500 ကားကိုယ်ထည်ကို ရေပေါ်သွားယာဉ်များဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပြီး ကုန်းမြေတွင် သွားလာနိုင်ရန် အတွက်လည်း လိုအပ်သော စက်ပစ္စည်းများကို တပ်ဆင်ထားကြောင်း သိရသည်။ Fiat 500 ကားတွင် တပ်ဆင်ထားသော ဖန်ထည်မျှင် ဘောများသည် ယာဉ်ရပ်တည်နိုင်ရန်အတွက် အကူအညီပေးပြီး ရေယက်သည် ရေတွင်ပေါ့ပါး ဖျတ်လတ်စွာ မောင်းနှင်နိုင်စေရန် အကူအညီပေးကြောင်းနှင့် Fiat ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်လက အမေရိကန် ပြည်ထောင်စု တောင်ပိုင်း ကာလီဖိုးနီးယားပြည်နယ် Huntingto ကမ်းခြေတွင် ပြုလုပ်သော ပင်လယ်လှိုင်းစီး ပြိုင်ပွဲတွင် ယင်းကားကို စတင်မိတ်ဆက်ခဲ့ ကြောင်း သိရသည်။


မန္တလေးမြို့တွင် ၀က်နားရွက်ပြာရောဂါ လက္ခဏာနှင့် မွေးမြူရေးဝက်များ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိ

မန္တလေးမြို့ရှိ ၀က်မွေးမြူရေးခြံတစ်ခြံအား တွေ့ရစဉ်

မန္တလေးမြို့တောင်ပိုင်း ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မွေးမြူရေးဝက်များ ၀က်နားရွက်ပြာရောဂါ လက္ခဏာနှင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း တိရစ္ဆာန်မွေးကု ဆရာဝန်များထံမှ သိရသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ အောင်သာယာ၊ မြရည်နန္ဒာနှင့် သင်ပန်းကုန်းရပ်ကွက်များ၌ ၀က်များဖျားနာမှုဖြစ်ကာ ဖျားနာသည့် ၀က် ၅၀ ရာခိုင်နှုန်းခန့် သေဆုံးနေကြောင်း သိရသည်။

"အခုရက်ပိုင်း မွေးမြူရေးဝက်တွေဖျားပြီး အသေအပျောက် များတယ်။ ရောဂါလက္ခာတွေအရ ၀က်နားရွက်ပြာ ဖြစ်ပွားသလိုမျိုးနဲ့ သေဆုံးပြီး ၀က် ၁၀ ကောင်ဖျားရင် ၅ ကောင် သေတယ်။ လေးလသား၊ ငါးလသားအောက် ၀က်တွေအသေများတယ်။ မျိုးနဲ့ဝက်မကြီးတွေဆိုရင် ဖျားပြီးသားလျှောမှုတွေ အဖြစ်များတယ်။ ဖြစ်ခါစ နှစ်တွေတုန်းက ၁၀ ကောင်ဖျားရင် ၉ ကောင် သေတယ်။ အခုလောလောဆယ် အဲ့လောက်ထိ အသေအပျောက် မများသေးပေမယ့် သေဆုံးမှုတွေ ဖြစ်ပေါ်နေတာကိုတော့ သက်ဆိုင်ရာ ဌာနတွေကနေ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီး ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးသင့် ပါတယ်" ဟု ချမ်းမြသာစည် ရပ်ကွက်မှ တိရစ္ဆာန်ဆေးကု ဆရာဝန် တစ်ဦးက ပြောကြားသည်။

ဝက်နားရွက်ပြာ ရောဂါသည် ဆောင်းရာသီ ကာလတွင် ဖြစ်ပွားမှုများပြီး ကာကွယ်ရေး လုပ်ငန်းများ အနေဖြင့် ၀က်ခြံအနီးတစ်ဝိုက် ပိုးသတ်ဆေး ဖျန်းခြင်းများ ပြုလုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဖျားနာသည့်ဝက်များ ဆေးကုသပေးရာတွင် ဖြစ်ပွားသည့် ရောဂါလက္ခဏာ အခြေအနေပေါ် မူတည်ကာ ကုသပေးနေရကြောင်း၊ သေဆုံးသည့် ၀က်အများစုမှာ အဖျားဝင်ကာ မျက်နှာရောင်ရမ်းခြင်း၊ နားရွက်ပြာလာခြင်းများ ဖြစ်ပေါ်ကာ သေဆုံးလျက်ရှိပြီး အချို့ဝက်များမှာ နားရွက်ပြာခြင်း မရှိဘဲ တစ်ကိုယ်လုံး၌ အပြာကွက်များ ဖြစ်ပေါ်ကာ သေဆုံးကြောင်း သိရသည်။

"တောင်မြို့ဘက်မှာလည်း ၀က်တွေသေတယ်လို့ ကြားတယ်။ ကျွန်တော့ ခြံမှာတော့ မဖြစ်သေးပါဘူး။ အရင်တစ်ခါ ဖြစ်တုန်းကလည်း သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ စစ်ဆေးပြီး လာရောက်ကုသမှု ပေးတာတွေ မရှိပါဘူး။ ဖြစ်ရင်ကိုယ်တိုင်ပဲ နီးစပ်ရာ တိရစ္ဆာန် ဆေးကုဆရာဝန်ကိုပင့်ပြီး ကုသရတယ်" ဟု သင်ပန်းကုန်းရပ်မှ ၀က်မွေးမြူသူ ဦးစိုးမိုးအောင်က ပြောကြားသည်။

Eleven Media Group

မြန်မာနိုင်ငံ၌ ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေ လူတစ်သိန်းတွင် ရောဂါဖြစ်ပွားသူ ၁၅၀ ခန့်ရှိ

ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းရှိ ကျန်းမာရေး ၀န်ထမ်းများမှ ဝေဒနာရှင်များအား ဆေးတိုက်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေ လူတစ်သိန်းတွင် ရောဂါဖြစ်ပွားသူ ဦးရေ ၁၅၀ ခန့်ရှိကြောင်း ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်၏ ပြောကြားချက်များအရ သိရသည်။

မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူ ဦးရေမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက် မှုများအရ လူဦးရေ သုံးသန်းအထက်တွင် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လာမည့် နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေဆုံးမှုနှုန်း နှစ်ဆတိုးမြှင့် လာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက် မှုများအရ လာမည့်နှစ်များတွင် တစ်ကမ္ဘာလုံး၌ လူလေးဦးတွင် တစ်ဦးနှုန်း ကင်ဆာဖြစ်ပွား လာနိုင်သည်ဟု ထုတ်ပြန်ထားကြောင်းနှင့် လူတစ်ဦးချင်း အနေဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေမှာ ပုံမှန်အားဖြင့် ၂၅ ရာခိုင်နှုန်းခန့်သာ ရှိနေသော်လည်း ပြောင်းလဲလာသည့် လူနေမှု ပုံစံများကြောင့် ကင်ဆာဖြစ်နှုန်းများမှာ နိုင်ငံတိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများအနက် အစားအသောက်ကြောင့် ဖြစ်ပွားမှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး နေရာတွင် ရှိနေပြီး ယင်းနောက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ၃၀ ရာခိုင်နှုန်း၊ ဗိုင်းရပ်စ်ပိုးများကြောင့် ၁၀ ရာခိုင်နှုန်းနှင့် လိင်ဆက်ဆံမှုများကြောင့် ခုနစ်ရာခိုင်နှုန်း အသီးသီး ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမှာ ရောဂါအဖြစ်အများဆုံး နေရာတွင် ရှိနေပြီး သုတေသန ပြုလုပ်ချက်များအရ ကင်ဆာဖြစ်ပွားသူ အချိုးတွင် အမျိုးသမီး အချိုးမှာ အမျိုးသားများထက် ပိုမိုများပြားနေကြောင်း ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

အဆုတ်ကင်ဆာသည် အမျိုးသားများ သာမက အမျိုးသမီးများတွင်ပါ ဖြစ်ပွားမှုနှုန်း များပြားလာကြောင်းနှင့် ကျန်ဖြစ်ပွားမှု အများဆုံး ကင်ဆာနှစ်မျိုးလုံးမှာ အမျိုးသမီးများတွင်သာ ဖြစ်ပွားတတ်သည့် ကင်ဆာများ ဖြစ်နေသည့်အတွက် အမျိုးသမီး အချိုးမှာ ပိုမိုများပြား နေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များကို ကုသပေးနေသည့် ကင်ဆာဌာနကြီး သုံးခုဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပျမ်းမျှလူနာသစ် ၇၀၀၀ ကျော် ရှိနေပြီး ကုသမှု အပိုင်းနှင့် လူနာဦးရေမှာ ကွာဟချက် များစွာရှိနေကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းတွက်ချက် မှုများအရ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါများ အပါအ၀င် ကူးစက်မဟုတ်သော ရောဂါဖြစ်ပွားမှုနှုန်းမှာ လာမည့်ခုနစ်နှစ်အတွင်း ယခုထက် သုံးဆကျော်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ကူးစက်မဟုတ်သော ရောဂါများဖြစ်သည့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါများ၊ ဆီးချိုသွေးချို၊ နာတာရှည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ထိခိုက်ဒဏ်ရာနှင့် အခြားကူးစက် မဟုတ်သော ရောဂါ၏ ဖြစ်ပွားနှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။

Eleven Media Group

ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွာ ခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်မည်

ရန်ကုန် ပြည်တွင်းဆိုက်ရောက်ထွက်ခွာ လေဆိပ်ဝင်းအား တွေ့ရစဉ်

ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးဝင်းကို၏ ပြောကြားချက်အရ သိရသည်။

"ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို အပြီးဖြိုချပြီး အသစ်တည်ဆောက်တာကို ၂၀၁၄ ဇန်န၀ါရီမှာ စတင်လုပ်ဆောင် သွားမှာပါ။ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်ကို ဖြိုချပြီး အသစ်တည်ဆောက်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကို ပြည်တွင်းခရီးသည် ထွက်ခွာဆောင်အဖြစ် အသုံးပြုသွားမှာပါ" ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောပါသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်ပြီး တည်ဆောက်ရေးကာလ ၁၈ လ (တစ်နှစ်ခွဲ)အတွင်း အပြီးတည်ဆောက် ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက်အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် နိုင်သော်လည်း လူနေအိမ်ခြေများ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် စသည့် လေဆိပ်ဧရိယာ တိုးချဲ့ရာတွင် အသုံးပြုမရသည့် မြေဧရိယာများကြောင့် တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လက်ရှိခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည်ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Services ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီး၊ အဆိုပါ ကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သစ် အဆောက်အုံ တည်ဆောက်နေစဉ် ကာလအတွင်း ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုမည့် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်အား ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၈၊ ၁၈၈ ပေ ကျယ်ဝန်းကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လေဆိပ်အဆောက်အုံသစ်အား တည်ဆောက်ရာတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်ကိုသာ ဖြိုချ၍ အသစ်တည်ဆောက် သွားမည်ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက်ထွက်ခွာ ဆောင်ကိုမူ လက်ရှိအတိုင်း ထားရှိသွားမည်ဟု သိရသည်။

Eleven Media Group

မောင်တော စည်ပင်ဈေးဆိုင်ခန်း နှစ်ခန်းနှင့် ဗလီမီးလောင်


ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့မ စည်ပင်သာယာဈေးနှင့် မောင်တော-ဘူးသီးတောင် ကားလမ်းဘေးရှိ ဗလီဟောင်းတစ်လုံး နိုဝင်ဘာလ ၂၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ် သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။

မောင်တောမြို့၊ မြို့မ အနောက်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာဈေးတွင် ဘင်္ဂါလီ အမျိုးသား ဦးအဘူဘော်ကော် ပိုင်ဆိုင်သည့် အလှကုန်နှင့် ဖိနပ်ဆိုင်ခန်းအမှတ် 2B ၁၁/၁၂ တို့မှ ည ၇ နာရီ ဝန်းကျင်တွင် မီးစတင် လောင်ကျွမ်းခဲ့သဖြင့် ဆိုင်ခန်းနှစ်ခန်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးလောင်မှုကြောင့် ကျပ် ၁၀ သိန်းဝန်းကျင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုမှာ ၁၀ မိနစ် ဝန်းကျင်ခန့်သာ ကြာမြင့်ခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ် တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
“ခြင်းဆေးခွေကနေ လောင်တာ။ အဲဒီခြင်ဆေးခွေကို ပိုင်ရှင်ရဲ့သမက်က ထားခဲ့တာ” ဟု ၎င်းက ဆိုသည်။

အလားတူ ညရှစ်နာရီ ကျော်တွင်လည်း မောင်တော- ဘူးသီးတောင် ကားလမ်းဘေးတွင် တည်ရှိသည့် ဗလီဟောင်းတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ သို့သော်လည်း ယင်းမီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မောင်တောမြို့နယ်ရှိ ဘင်္ဂါလီ အများစု နေထိုင်သည့် ကြိမ်ချောင်း ကျေးရွာတွင်လည်း အောက်တိုဘာလ ၂၉ ရက်နေ့က ဖယောင်းတိုင်မီးမှတစ်ဆင့် ဈေးမီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၈၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

3D အာရုံခံစနစ် ကုမ္ပဏီ PrimeSense ကို ဝယ်ယူခဲ့ကြောင်း Apple အတည်ပြု


Apple သည် 3D အာရုံခံစနစ် ထုတ်လုပ်သော အစ္စရေးနိုင်ငံ အခြေစိုက် PrimeSense ကုမ္ပဏီအား ဝယ်ယူ လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသွားသည်။

PrimeSense သည် Microsoft ၏ Xbox 360 ဂိမ်းစက်တွင် ကိုယ်အမှုအရာဖြင့် ထိန်းချုပ် ကစားနိုင်သည့် Kinect sensor အတွက် ပံ့ပိုးပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။

Apple ၏ ပြောရေးဆိုခွင့်ရှိသူ Kristin Huguet က Apple အနေဖြင့် PrimeSense အား ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း AllThingsD သို့ အတည်ပြုသွားခဲ့သည်။ သို့သော် ဝယ်ယူသည့် တန်ဖိုးအား ထုတ်ပြန်ရန် ၎င်းက ငြင်းဆိုခဲ့သည်။ Huguet က Apple အနေဖြင့် နည်းပညာ ကုမ္ပဏငယ်များကို ရံဖန်ရံခါ ဆိုသလို ဝယ်ယူနေပြီး မိမိတို့၏ အစီအစဉ်များ နှင့် ရည်ရွယ်ချက်များကို ဆွေးနွေးလေ့ မရှိကြောင်း ပြောကြား သွားခဲ့သည်။

PrimeSense ကုမ္ပဏီ၏ နည်းပညာများကို 3D scanner, iRobot ၏ Ava, Asus ၏ Xtion တို့တွင်လည်း အသုံးပြုခဲ့သည်။ PrimeSense ကုမ္ပဏီကို အစ္စရေးနှင့် အမေရိကန် စီးပွားရေး ကုမ္ပဏီများ ဖြစ်သော Canaan Partners Global, Gemini Israel နှင့် Genesis Partners တို့က ဒေါ်လာ ၈၅ သန်းဖြင့် စတင် တည်ထောင်ခဲ့သည်။

Ref: CNET
Internet Journal

အီဂျစ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးကို အီဂျစ်နိုင်ငံမှနှင်ထုတ်


AFP|ကိုင်ရို၊ နိုဝင်ဘာ ၂၄

အီဂျစ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးအား အီဂျစ်နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း အီဂျစ်နိုင်ငံက စနေ နေ့ကပြောကြားခဲ့ပြီး အီဂျစ်နိုင်ငံမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသည့်အဖွဲ့အစည်းများကို တူရကီနိုင်ငံ ကအားပေးအားမြှောက်ပြုနေသည်ဟု စွပ်စွဲကာနှင်ထုတ်လိုက်ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၄ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ၏ဖြုတ်ချခံထားရသော သမ္မတမိုဟာမက်မော်စီ၏ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့အား ကျောထောက်နောက်ခံပေးနေကြောင်း ရည်ညွန်းလိုက်ခြင်း ဖြစ်သည်။

ဖြုတ်ချခံထားရသော အီဂျစ်သမ္မတမော်စီလက်ထက်က အီဂျစ်နှင့် ဆက်ဆံရေးအထူးကောင်းမွန်ခဲ့သည့် တူရကီနိုင်ငံကလည်း တုံ့ပြန်သည့်အနေဖြင့် တူရကီနိုင်ငံဆိုင်ရာအီဂျစ်သံအမတ်ကြီးအား တူရကီနိုင်ငံ တွင်ဆက်လက်ထားရှိတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

“ဒီလိုအခြေအနေကြောင့် ကျွန်တော်တို့ ၀မ်းနည်းရပါတယ်” ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ကြေညာ ချက်တစ်စောင်ထဲတွင် ဆိုခဲ့သည်။

အီဂျစ်တွင်မော်စီအားအာဏာမှဖြုတ်ချကာ အာဏာသိမ်းခဲ့သည့်အဖြစ်အပျက်အား အပြင်းထန်ဆုံး ဝေဖန်ခဲ့ကြသည့် နိုင်ငံများထဲတွင် တူရကီလည်းပါဝင်ခဲ့ကာ ထိုအဖြစ်အား “လက်ခံဖွယ်ရာမရှိသော အာဏာသိမ်းမှု” ဟု တူရကီက ဝေဖန်ခဲ့သည်။ မော်စီအားအာဏာပြန်လည် အပ်နှင်းရေးအတွက် အီဂျစ်တွင် ဆန္ဒပြမှုများပြုလုပ်နေကြသည့် မွတ်စလင်ညီအစ်ကိုများအဖွဲ့မှာ တူရကီဝန်ကြီးချုပ် အာဒိုဂန်၏ AK ပါတီနှင့် ရင်း နှီးနီးစပ်သော ဆက်ဆံရေးရှိသည်။

“တူရကီဟာ အီဂျစ်နိုင်ငံထဲမှာ မတည်မငြိမ်ဖြစ်အောင်ဖန်တီးဖို့ ကြိုးစားနေတဲ့အဖွဲ့အစည်းတွေရဲ့ အစည်း အဝေးတွေကို ကူညီခဲ့ပြီးတော့အီဂျစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုဆန့်ကျင်တဲ့သဘောထားတွေ ဖြစ်လာ အောင်လွှမ်းမိုးလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်”ဟု တူရကီသံအမတ်ကြီးအား အီဂျစ်မှနှင်ထုတ်ခဲ့ရ သည့်အကြောင်းရင်းကို အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Badr Abdelatty က ရှင်းပြ ခဲ့သည်။

သံအမတ်ကြီးများအား အပြန်အလှန်နှင်ထုတ်ခဲ့ကြသည့်ကိစ္စနှင့် ပတ်သက်၍ တူရကီသမ္မတ အက်ဘ်ဒူ လာဂူလ် (Abdullah Gul) က “နှစ်နိုင်ငံ ဆက်ဆံရေးဟာလမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လိမ့်မယ် လို့ကျွန်တော် မျှော်လင့်ပါတယ်” ဟု တူရကီအစိုးရပိုင်TRT ရုပ်မြင်သံကြားသတင်းဌာနမှတစ်ဆင့် ပြောကြားခဲ့သည်။
Mizzima - News in Burmese

တက္ကသိုလ် အဆောင်သစ်များ လာမည့် ဘဏ္ဍာနှစ်တွင်မှ စဆောက်မည်


ရန်ကုန်၊ နိုဝင်ဘာ ၂၄

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တိုင်းတွင် ယခုပညာသင်နှစ်၌ စတင်တော့မည့် အဆောင်ပြန်ထားရေး အစီအစဉ်အတွက် ထပ်မံဆောက်လုပ်ရမည့် အဆောင်သစ်များကို လာမည့် ဘဏ္ဍာနှစ်မှသာ ဆောက်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

ယခင်ရှိခဲ့ပြီးသော တက္ကသိုလ် အဆောင်များနှင့် ဝန်ထမ်းအိမ်ရာ များကို အဆောင်အဖြစ် လတ်တလော ကာလတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။
“ကျောင်းဝင်းထဲက စာသင်ခန်း အလွတ်တွေမှာ ကျောင်းသူတွေကို စထားမယ်။ နောက်နှစ်ကျမှ အဆောင် ဘတ်ဂျက် တင်မယ်” ဟု မိတ္ထီလာ စီးပွားရေး တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ ပြောဆိုသည်။

တက္ကသိုလ်ဝင်းအတွင်း သီးသန့် အဆောင်မရှိ၍ ယခုပညာသင်နှစ်တွင် ကျောင်းသူ ၇၂ ဦး စတင်လက်ခံသွားမည် ဖြစ်ပြီး လာမည့် နှစ်များတွင် အဆောင်သစ် ဆောက်လုပ်ရန် ပညာရေး ဝန်ကြီးဌာနကို အသုံးစရိတ် တင်မည် ဖြစ်ကြောင်း၊ BOT စနစ်နဲ့ ဆောက်ပါက အမြတ်နည်း ပါးသည့်အတွက် စိတ်ဝင်စားသော လုပ်ငန်းရှင်လည်း မရှိသေးကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းအပြင် ထပ်မံလိုအပ်သည့် ကျောင်းသားဆောင်များအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက BOT စနစ်ဖြင့် ဆောင်ရွက်ခြင်းအပြင် ပညာရေးဝန်ကြီးဌာန အသုံးစရိတ်ထဲက ဆောက်လုပ်ပေးခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ နေ့တွင် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် တက္ကသိုလ် အဆောင်များ၏ လစဉ် နှုန်းထားမှာ ကျပ် ခုနစ်ထောင်မှ ကျပ်နှစ်သောင်းထိ ရှိပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ရန်ကုန် တက္ကသိုလ်၏ အဆောင် နှုန်းထားမှာ ကျပ်တစ်သောင်းခွဲ ဖြစ်ကြောင်း၊ အထက်ပါ နှုန်းထားများတွင် စားသောက်စရိတ်များ မပါဝင်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

မင်္ဂလာဒုံ နှစ်လောင်းပြိုင် လူသတ်မှု သံသယရှိသူကို မမိသေးဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၄

မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ၂ လမ်းတွင် လွန်ခဲ့သော ခြောက်ရက် (နိုဝင်ဘာလ ၁၈ ရက်နေ့) (သူခိုးကြီးည) က ဖြစ်ပွားခဲ့သော သားအမိနှစ်ဦး အသတ်ခံရသည့် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို စုံစမ်းရှာဖွေလျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖမ်းမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၉ရက် နံနက် ၁ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ၂ လမ်းဘေး ဂျိုးဖြူပိုက်လုံး မြောင်းအစပ်တွင် အသက် ၃၆ နှစ်အရွယ် မမြတ်မြတ်သန်း (ခ) မချောစု၏ ဘယ်ဘက် လည်ပင်းတွင် ဓားဒဏ်ရာ နှစ်ချက်ဖြင့် သွေးအိုင်တွင်း သေဆုံးနေပြီး၊ ၎င်း၏ အိမ်ခန်းတွင်း ခြင်ထောင်ထဲတွင် အသက်ကိုးနှစ်အရွယ် ၎င်း၏ သမီးဖြစ်သူ မနှင်းအေးဝေ၏ လည်ပင်းတွင် ကန့်လန့်ဖြတ် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

သေဆုံးသူ သားအမိမှာ မသေမီ ရပ်ကွက်အတွင်း ပစ္စည်းများ ဝှက်တမ်း ဆော့ကစားပြီးနောက် နေအိမ်သို့ ပြန်လာကာ အိပ်စက်နေရာမှ အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ အမျိုးသမီးနှင့် မသေမီ ရပ်ကွက်တွင်း အတူသွားလာခဲ့သူ အိမ်နီးချင်း အမျိုးသမီး နှစ်ဦး၊ အလောင်းကို စတင်တွေ့ရှိသူ လူငယ်ခြောက်ဦးနှင့် သေဆုံးသူ၏ နေအိမ် တွင် အရက်သောက်ခဲ့သည့် ၎င်း၏ အသက် ၁၈ နှစ်အရွယ် သားအပါအဝင် လူငယ်ငါးဦးကို စစ်ဆေးခဲ့ရာ သားဖြစ်သူနှင့်အတူ တစ်ဝိုင်း တည်း အရက်သောက်သူ ၎င်း၏ သူငယ်ချင်းတစ်ဦးမှာ လူသတ်မှု ဖြစ်ပွားရာ ညပိုင်းမှစ၍ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ပျောက်ဆုံးနေကြောင်း ဘောဂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်မင်းက ပြောကြားသည်။

ပျောက်ဆုံးနေသူနှင့် ပတ်သက်၍ ယင်းလူငယ်သည် လူသတ်မှု ဖြစ်ပွားပြီး ယင်းနေ့ နံနက် ၃ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်နေသူ အမျိုးသမီးတစ်ဦးထံ သွားရောက်၍ ငွေကြေး အကူအညီ တောင်းခံခဲ့ပြီး ၎င်းသည် လူသတ်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါ လူငယ် အမျိုးသား၏ ခြေထောက်တွင် ဒဏ်ရာများကိုလည်း တွေ့ကြောင်း လိုက်လံ စုံစမ်းစစ်ဆေးသည့် ရဲအရာရှိတစ်ဦးက အမျိုးသမီး၏ ပြောကြားချက်ကို ကိုးကား၍ ဖြေကြားသည်။
“သူ့ (ပျောက်နေသူ) ကို ဒီအမှုရဲ့ မသင်္ကာဖွယ် အဓိကလူအဖြစ် သတ်မှတ်ပြီး ဖမ်းမိဖို့ ရှာဖွေနေပါတယ်” ဟု မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိက ဆိုသည်။

ထွက်ပြေး တိမ်းရှောင်နေသူ လူငယ်သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နေထိုင်ပြီး သေဆုံးခဲ့သူ၏သား ကိုမင်းဇော်ဦးနှင့်အတူ ၂၀၁၂ ခုနှစ်က သမိုင်းလမ်းဆုံ အနီးရှိ ဆိုင်တစ်ဆိုင်တွင် တစ်နှစ်ကျော်ခန့် အလုပ်လုပ်ကိုင်ခဲ့ရာမှ ခင်မင်ခဲ့ကြောင်း၊ ၎င်းသည် ဘောဂ ရပ်ကွက်သို့ အလည် လာတတ်ပြီး ယခုနှစ် ဝါတွင်းကာလတွင် ဘောဂမင်္ဂလာ ရွာဦးကျောင်း၌ ကိုရင်ကြီးအဖြစ် တစ်ဝါဆို ခဲ့ကြောင်း၊ သီတင်းကျွတ်တွင် လူထွက်ခဲ့သော်လည်း ကထိန်ကာလတွင် ကူညီပေးနိုင်ရန် ဘုန်းကြီးကျောင်းတွင် တည်းခိုနေခြင်း ဖြစ်ကြောင်း သေဆုံးသူ အမျိုးသမီး၏ ယောက္ခမ ရပ်ကွက် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းမြက ရှင်းပြသည်။

မိခင် မသေဆုံးမီက အိမ်တွင် သားဖြစ်သူ ကိုမင်းဇော်ဦးက သူငယ်ချင်းများနှင့်အတူ ချက်ပြုတ် စားသောက်နေစဉ် မိခင်ရောက်လာပြီး အရက်မသောက်ရန် ပြောဆိုကာ ညီမဖြစ်သူနှင့်အတူ အိပ်ရာဝင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က အိုးခွက်များ သိမ်းဆည်းခဲ့ပြီး ည ၁၁ နာရီခွဲတွင် လက်ရှိ ပျောက်ဆုံးနေသော အသက် ၂၀ အရွယ် လူငယ်ကို ကိုယ်တိုင် ဆိုင်ကယ်ဖြင့် ၎င်းနေထိုင်ရာ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သေဆုံးသူ အမျိုးသမီး၏ သားဖြစ်သူ ကိုမင်းဇော်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၁၉ ရက် နံနက် နှစ်နာရီခန့်က ၎င်းတည်းခိုနေသော ဘုန်းကြီးကျောင်းသို့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက သွားရောက် မေးမြန်းခဲ့ရာ ဘုန်းကြီးကျောင်းသို့ ပြန်လာသည်ကို မတွေ့ဟု ကျောင်းထိုင် ဆရာတော်က မိန့်ကြားသဖြင့် ၎င်းတည်းခိုရာ အဆောင်တွင် သွားရောက် ရှာဖွေရာ အခန်းတွင်း ၎င်းနှင့် ၎င်း၏ အဝတ်အစားများကို မတွေ့ရှိကြောင်း ဘောဂရပ်ကွက် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းမြက ပြောကြားသည်။

အဆိုပါ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသားသည် နိုဝင်ဘာလ ၁၉ ရက် နံနက် ၄ နာရီခွဲခန့်က သမိုင်းလမ်းဆုံ အနီးရှိ ယခင် ၎င်းလုပ်ကိုင်ခဲ့သော ဆိုင်ရှိ ဆိုင်ဝန်ထမ်း အမျိုးသမီးထံ သွားရောက်ပြီး လမ်းစရိတ် လိုသောကြောင့် ငွေကျပ် တစ်သောင်းပေးရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ရဲစခန်းတွင် ကနဦး စစ်ဆေးချက်မှ ထွက်ဆိုချက်များအရ သိရှိရသည်။

အဆိုပါ နှစ်လောင်းပြိုင် လူသတ်မှုကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ရန်ကုန်တိုင်းတွင်းရှိ ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး (ပ) ၇၂၄/၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက် ရှိကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

ဘုရားဖူးသွားရကျိုးနပ်အောင် ပြုလုပ်ရမည့်အချက်များ


ဗုဒ္ဓဘာသာတွေ ဘုရားဖူး ဘုရားသွားတာတွေ ပြုလုပ်ကြတာ လူတိုင်းနည်းပါးပါပဲ။ဘုရားဖူးတော့ မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေ ပြည်တွင်းမှာလည်း ငွေကုန်ကြေးကျခံပြီး နေရာအနှံ့သွားကြသလိုတချို့ချမ်းသာကြွယ်ဝသူတွေဆို ပြည်ပဘုရားဖူးတွေပါသွားလာနေကြတာ တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ငွေသိန်းချီသာကုန်ပေမဲ့ ကုန်ရကျိုး မနပ်ကြတာ များပါတယ်။ အဲဒီဘုရားဖူးကုန်ကျစရိတ်သာဒါနကောင်းမှုပြုလုပ်လိုက်မယ်ဆိုရင် ကောင်းမှုကုသိုလ်တွေ အများကြီးရရှိကြမှာ အမှန်ပါ။ အဲဒီတော့ ကိုယ်တကယ်ပဲ ဘုရားဖူးသွားချင်ရင်သွားရကျိုးနပ်အောင် အောက်ပါအချက်အလက်တွေ ပြည့်စုံအောင် ကျင့်သုံးလိုက်နာကြပါလေ။

၁။ဘုရားဖူးသွားသောအခါဗုဒ္ဓါနုဿ တိဘုရားဂုဏ်တော်ရွတ်ဆိုပွားများသွားပါ။

၂။ တကယ်လို့ ကုသိုလ်အရနည်းချင်လို့ ဘုရားသွားရင်း စကားပြော ဖုန်းပြောလာတာဆိုဘုရားစောင်းတန်းအစဝင်တာနဲ့စကားပြောတာအဆုံးသတ်ပြီး ဘုရားအာရုံပြုပါ။

၃။ ဆိတ်ငြိမ်စွာ ဘုရားအာရုံပြုပြီး စေတီအထိ သွားပါ။

၎။ ဘုရားစေတီကို လက်ယာရစ် (ညာဘက်လက် စေတီဘက်ထား) သုံးပတ်လှည့် ကြည်ညိုပါ။

၅။ စေတီကြီးဆို အရပ်လေးမျက်နှာ စေတီငယ်ဆို အရပ်ရှစ်မျက်နှာလုံးမှာ ထိုင်ပြီး ထိခြင်းငါးပါးဖြင့် ရှိခိုးကာ ဘုရားဝတ်ပြုပါ။

မူလပဏ္ဏာသအဋ္ဌကထာပထမအုပ်တွင်လာရှိသော ရှေ့ခေတ်ရဟန်းတော်များ ဘုရားဖူးကြပုံကို နည်းမှီ၍ ရေးသားပေးလိုက်ပါသည်။

နှင်းဆီဖူးလေးများ-Love BUDS

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်၏ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် သုံးစွဲရန် လျာထား

ယခုနှစ် မိုးတွင်း၌ ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်၏ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် အသုံးပြုရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အသုံးစရိတ် လျာထားချက်အရ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရငွေစုစုပေါင်း ၂၃၃ ဘီလျံကျော် ရရှိမည်ဟု ရည်မှန်းထားပြီး ယင်းအထဲမှ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် (ကျပ် ၄၇ ဘီလျံကျော်) သုံးစွဲရန် လျာထားခြင်းဖြစ်သည်။

လမ်းတံတားဆိုင်ရာ လုပ်ငန်းများတွင် လမ်းများကတ္တရာခင်းခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ မြို့တော် အဆင့်မြင့် လမ်းတံတား လုပ်ငန်းများ၊ လမ်းသားတိုးမြှင့်ပေးခြင်းနှင့် လမ်းများ ကွန်ကရစ်ခင်းခြင်း၊ စင်္ကြံအသစ်များ တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

လမ်းများ ကတ္တရာခင်းခြင်း လုပ်ငန်းတွင် လုပ်ငန်း ၃၁ ခုအတွက် ငွေကျပ်သန်းပေါင်း ၇၂၆၀ ကျော် အသုံးပြု သွားမည်ဖြစ်ပြီး တံတားများ တည်ဆောက်ခြင်း လုပ်ငန်းတွင် လုပ်ငန်းငါးခုအတွက် ငွေကျပ်သန်းပေါင်း ၅၈၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း၊ မြို့တော်အဆင့်မြင့် လမ်းတံတား လုပ်ငန်းတွင် လုပ်ငန်းပေါင်း ၉၆ ခုအတွက် ငွေကျပ်သန်းပေါင်း ၃၀၅၃၂ ကျော် အသုံးပြုမည်ဖြစ်ပြီး လမ်းသားများ တိုးမြှင့်ခြင်းနှင့် လမ်းများကွန်ကရစ် ခင်းခြင်း လုပ်ငန်းပေါင်း ၂၁၄ ခုအတွက် ငွေကျပ်သန်းပေါင်း ၈၁၀၀ ကျော် အသုံးပြုမည်ဖြစ်ကာ စင်္ကြံအသစ်များ တည်ဆောက်ရေးအတွက် ငွေကျပ်သန်းပေါင်း ၇၆၀ ကျော် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် အသုံးပြုရန် လျာထားသည်။

ထို့ပြင် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံနေမှု ဖြစ်ပွားနေသော ရန်ကုန်မြို့တော်၏ ရေစီးရေလာ ကောင်းမွန်ရေးအတွက် မဖြစ်မနေ ပြုလုပ်ရန် လိုအပ်သည့် ရေမြောင်းများ တည်ဆောက်ရေး လုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၂၀၇၀ ကျော် အသုံးပြုရန်လည်း လျာထားသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့၏ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၃၅,၀၀၀ ကျော် သုံးစွဲရန် လျာထားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန် ထည့်သွင်းတည်ဆောက်သည့် လှည်းတန်းခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများအတွက် ဘဏ္ဍာငွေများလည်း ပါဝင်ခဲ့သည်။

ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး ယင်းအတွက် လမ်းများတိုးချဲ့ခြင်း၊ ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကားရပ်နားရန် နေရာများ မဖြစ်မနေ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း သိရသည်။

Eleven Media Group

ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့သော်လည်း အဖြေထွက် မလာကြောင်း လက်ပံတောင်းတောင် ဒေသခံများဆို


မုံရွာ၊ နိုဝင်ဘာ ၂၄

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ အမှတ် (၆) ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေး ခန်းမ၌ နိုဝင်ဘာလ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်း အပါအဝင် တာဝန်ရှိသူများနှင့် လက်ပံတောင်း ဒေသခံများ ထပ်မံတွေ့ဆုံခဲ့သော်လည်း တိကျ ရေရာသည့် အဖြေတစ်ခု ထွက်ပေါ်လာခြင်း မရှိသေးကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဒေသခံများက ဆိုသည်။

ယင်းတွေ့ဆုံပွဲသို့ အစီရင်ခံစာ ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး အပါအဝင် ပြည်ထောင်စု အဆင့်ရှိ ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
“အရင်လ အောက်တိုဘာလ ၁၅ ရက်နေ့မှာလည်း အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တုန်းကလည်း ဒေသခံတွေရဲ့ လိုအပ်ချက်၊ ဖြစ်စေချင်တာတွေကို တင်ပြ တောင်းဆိုခဲ့ပေမယ့် ထူးခြားတဲ့ အပြောင်း အလဲ ဖြစ်မလာခဲ့ပါဘူး။ ဒီတစ်ခါ ထပ်တွေ့တော့လည်း အရင်က တွေ့ဆုံမှုတွေအတိုင်း သူတို့ဘက်ကဘာတွေ ဆောင်ရွက် ပေးထားပါတယ် ဆိုတာတွေ ကိုပဲ ပြောခဲ့တာပါ။ နောက်တစ်ခါ တွေ့ဆုံပွဲ တွေမှာလည်း ဒီလိုပဲ လုပ်နေမယ်ဆိုရင် တက်ဖို့ အစီအစဉ် မရှိတော့ပါဘူး” ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောကြားသည်။

ယင်းတွေ့ဆုံပွဲတွင် ကျေးရွာတစ်ရွာလျှင် လေးဦးခန့်သာ ဖိတ်ကြားပြီး လက်ပံတောင်းဒေသခံ အများစု ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ ယခုဆွေးနွေးပွဲသို့ လက်ပံတောင်းအရေး ပြင်းထန်စွာ လှုပ်ရှားနေကြသည့် ဆည်တည်း၊ မိုးကြိုးပြင်နှင့် ဝက်မှေး စသည့် မူလရွာဟောင်းများမှ ဒေသခံများလည်း တက်ရောက်ကြောင်း တက်ရောက်ခဲ့သည့် ဝက်မှေးရွာဟောင်းမှ အမျိုးသားတစ်ဦးက ဆိုသည်။

“ဒီနေ့ ဒေသခံတွေဘက်မှာ ပြောင်းသွားတဲ့ ရွာသစ်ကနှစ်ဦး၊ ရွာဟောင်းက ငါးဦး ထပြီး ဆွေးနွေးပါတယ်။ အရင်တစ်ခါ ဆွေးနွေးပွဲ တုန်းက ဒေသခံတွေက မြေယာလျော်ကြေး တိုးမြှင့်ပေးဖို့ အဓိကထား တောင်းဆိုမှုတွေ လုပ်ခဲ့ကြပြီး ဒီတစ်ခါတော့ နှမ်းခင်းတွေထဲမှာ ဘူဒိုဇာနဲ့ ထိုးတာတွေ သွပ်ဆူးကြိုး ကာလို့ နှမ်းခင်း ပျက်စီးတာတွေကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာတွေ တောင်းဆိုမှု ရှိပါတယ်။ ရွာသစ်ကို ပြောင်းရွှေ့သွားသူ တစ်ဦးကလည်း ဘွဲ့ရပြီး ရွာသစ်မှာ နေနေရတဲ့သူတွေ အခုချိန်ထိ အလုပ်အကိုင် မရသေးတဲ့အကြောင်း ထဆွေးနွေးသွားပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဆားလင်းကြီး ချည်မျှင်နှင့် အထည်စက်ရှံ ဂိတ်ပေါက်တွင် နာမည်ပါရှိသည့် ဒေသခံ များကိုသာ ဆွေးနွေးပွဲသို့ တက်ရောက်ခွင့် ပေးပြီး လယ်သိမ်း ခံရသော်လည်း နာမည် မပါရှိပါက ဝင်ခွင့်မပေးကြောင်း တုံတောကျောင်း ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရွာဟောင်းမှ မပြောင်းရွှေ့ဘဲ လက်ရှိ အချိန်ထိ နေထိုင်နေကြသော ဒေသခံ များနှင့် လက်ပံတောင်းတောင် အစီရင်ခံစာအပေါ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင်များ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်နေ့ တွေ့ဆုံမှုတွင် သတင်းမီဒီယာများ သတင်းရယူရန် ခွင့်ပြုခဲ့သော်လည်း ယနေ့ နိုဝင်ဘာလအတွင်း တွေ့ဆုံမှုတွင် သတင်းဝင်ရောက် ရယူခွင့် မပြုခဲ့ပေ။
The Voice Weekly

ပဋိပက္ခဒေသတွင် စားနပ်ရိက္ခာ ထောက်ပံ့ရန်အတွက် ကန်ဒေါ်လာသုံးသန်း EU ကူညီမည်


ရန်ကုန်၊ နိုဝင်ဘာ ၂၄

တိုက်ပွဲများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ဒေသများတွင် စားနပ်ရိက္ခာ ထောက်ပံ့ရန်အတွက် ဥရောပသမဂ္ဂ ကော်မရှင်က အမေရိကန်ဒေါ်လာ ၃ သန်း ထပ်မံ ကူညီသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်သည်။

ပဋိပက္ခများ၊ စစ်ပွဲများကြောင့် ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော ဒေသခံ ပြည်သူများအတွက် စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန်အတွက် ထပ်မံ ထောက်ပံ့လိုက်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ပွဲများ၊ ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေမှုကြောင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရသည့်အပြင် အချို့ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ရန်ပင် အခက်အခဲ ရှိနေသည်ကို တွေ့ရကြောင်း ဥရောပသမဂ္ဂ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးနှင့် အကျပ်အတည်း တုံ့ပြန်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင်၏ ကော်မရှင်နာ Kristalina Georgieva က ဆိုသည်။

ပဋိပက္ခ ဒေသတွင်းရှိ ဒေသခံ ပြည်သူများကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အရ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၆ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင်း အခြေအနေများကို လေ့လာရန်အတွက် ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် အကာအကွယ် ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Mr. Carl Sorensen က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

Mr. Carl Sorensen သည် ၎င်း၏ ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင် အချိန်မရွေး ပဋိပက္ခများ ပြန်လည် ဖြစ်ပွားစေနိုင်သည့် အခြေအနေများ ရှိနေကြောင်း ပြောကြားသွားသည်။

ယင်းပြဿနာများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို ထိခိုက် စေနိုင်သောကြောင့် အချိန်မီဖြေရှင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း Mr. Carl Sorensen က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနှံ့တွင် ပြည်တွင်းစစ်များ၊ သဘာဝ ဘေးအန္တရာယ်များ၊ ပဋိပက္ခ များကြောင့် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရသော ဒုက္ခသည် နှစ်သိန်းကျော် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
The Voice Weekly

လွှတ်တော်မှ ချပေးသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ တစ်မြို့နယ် ကျပ်သိန်း ၁၀၀၀ စီကို လက်ရှိဘဏ္ဍာနှစ်သက်တမ်း ကျန်လေးလအတွင်း သုံးစွဲမှု မကုန်ပါက ပြန်လည်အပ်နှံရမည်

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

လွှတ်တော်က မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲရန် ချပေးသည့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀၀ စီကို လက်ရှိဘဏ္ဍာရေးနှစ် သက်တမ်း ကျန်လေးလအတွင်း သုံးစွဲမှု မကုန်ပါက ပြန်လည်အပ်နှံ သွားရမည်ဟု ပြည်ထောင် စုလွှတ်တော်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

"အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၏ လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေချထားပေးသည့် ရန်ပုံငွေကို ဘဏ္ဍာရေးနှစ် ကျော်လွန်၍ ဆက်လက်သုံးစွဲခွင့် မရှိသဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ပိုလျှံငွေကျန် ရှိပါက သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံရမည်" ဟု အဆိုပါ ကြော်ငြာစာတွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းအတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ကော်မတီ တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းပေးသွားမည် ဖြစ်သည်။

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် မြို့နယ်အရွယ်အစား သေးငယ်ပြီး မူလလျာထား သတ်မှတ်သော ရန်ပုံငွေကို အပြည့်အ၀ သုံးစွဲရန် အခြေအနေ မရှိပါက ယင်းမြို့နယ်များသို့ သင့်လျော်သည့် ဘဏ္ဍာရန်ပုံငွေကို စိစစ်ခွင့်ပြုခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလလျာထား သတ်မှတ်ထားသော ရန်ပုံငွေထက် ပိုမိုသုံးစွဲရန်ရှိသော မြို့နယ်များသို့ သင့်လျော်သည့် ဘဏ္ဍာရန်ပုံငွေကို စိစစ်၍ ထပ်မံခွင့်ပြုခြင်း စသည့်အချက်များလည်း ကော်မတီ လုပ်ငန်းများတွင် ပါဝင်သည်။

အဆိုပါ ကော်မတီ၏အောက်တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ရှိမည်ဖြစ်ပြီး အဆိုပါ အဖွဲ့ကို သက်ဆိုင်ရာ မြို့နယ်များမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သုံးဦးက ဦးဆောင်ပါဝင်ရမည် ဖြစ်သည်။

မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့မှ ဦးဆောင်ပုဂ္ဂိုလ် သုံးဦး၏ အမည်နှင့် ဘဏ်တွင် ငွေစာရင်း ဖွင့်ထားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ အနေဖြင့် ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းကို ကော်မတီသို့ တင်ပြရမည်ဖြစ်ကာ အဆိုပါ ကော်မတီ၏ ခွင့်ပြုချက်ကျမှသာ လုပ်ငန်းအကောင်အထည်ဖော်ခွင့် ရမည်ဖြစ်သည်။

Eleven Media Group

မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု


ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား (တတိယအလွှာ) ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်ပေးလျက် ရှိသော FMI ကုမ္ပဏီ၏ စီမံကိန်း အင်ဂျင်နီယာ ဦးထွန်းနိုင်ဦးက ပြောကြားသည်။

အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင် တည်ဆောက်ခဲ့သည့် ဘုရင့်နောင် လမ်းဆုံရှိ အဆိုပါ နှစ်ထပ်တံတား ဆောက်လုပ်မှု တစ်နှစ်ကျော် အကြာတွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
“တံတားက အကုန်ပြီးသွားပြီ။ အောက်နားက ရေပိုက်လေးတွေ ဆက်စရာပဲ ရှိတော့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တတိယအလွှာ တံတားသည် သမိုင်း ဘူတာရုံလမ်းနှင့် လှိုင်သာယာမြို့နယ် တို့ကို ဆက်သွယ်ထားပြီး အင်းစိန်နှင့် ရန်ကုန်မြို့ထဲကို ဆက်သွယ် ပေးထားသော ဒုတိယအလွှာ တံတား၏ အပေါ်မှ ဖြတ်ကျော် ဆောက်လုပ်ထားသော တံတားတစ်စင်း ဖြစ်သည်။
“ဒီမှာက တံတားက နှစ်စင်းဆိုတော့ အပေါ်က အသွား၊ အပြန် နှစ်လမ်း၊ အောက်က နှစ်လမ်းစီလေ။ အဲဒါဆိုတော့ သွားရတာ တခြား ခုံးကျော်တံတားတွေ ထက်စာရင် ပိုပြီး ယာဉ်ကြော ရှင်းနိုင်တယ်။ ကားသမားတွေအတွက် အဆင်ပြေသွားနိုင်တယ်” ဟု အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

တတိယအလွှာ တံတား (Third Layer) ၏ အောက်မှ ဒုတိယအလွှာ တံတား (Second Layer) ကို အောက်တိုဘာလ ၃၁ ရက် နံနက် ၉ နာရီမှ စတင်ဖြတ်သန်း သွားလာခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တံတားနှစ်စင်းကို တာဝန်ယူ တည်ဆောက်ပေးလျက် ရှိသော FMI ကုမ္ပဏီထံမှ သိရသည်။

ယခုဖွင့်လှစ်သည့် တံတား၏ အရှည်မှာ ၂၄၁၃ ပေ ၁၀ လက်မ (၇၃၆ မီတာ) ရှိပြီး အမြင့်ဆုံး ခံနိုင်ဝန် တန် ၆၀ ထိ ခံနိုင်၍ မြေပြင်မှ တံတားအမြင့်ပေသည် ၄၇ ပေ ၄ လက်မ (၁၄ ဒသမ ၄၂၉ မီတာ) ရှိကြောင်း တံတား ဆောက်လုပ်မှု မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတား သုံးစင်း တည်ဆောက်ခဲ့ရာ ဘုရင့်နောင်နှင့် လှည်းတန်း ခုံးကျော်တံတား တို့ကို ဖွင့်လှစ် နိုင်ခဲ့ပြီး ဖြစ်သော်လည်း ကျန်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာမူ အသုံးပြုနိုင်မည့် ရက်ကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
The Voice Weekly

ကိုယ်ရေးကိုယ်တာများကို ဝန်ထမ်းများထံမှငွေဖြတ်ပြီး အထက်ဖားအောက်ဖိ လုပ်နေတဲ့အကျင့်ပျက်ဝန်ထမ်း ဒုရဲမှူးထွန်းထွန်းဦးအား ထိရောက်စွာအရေးယူပေးပါရန်


ကျောက်ဆည်ခရိုင်တတားဦးမြို့နယ်စကားအင်းစခန်းမှူးဒုရဲမှူးထွန်းထွန်းဦး ၏မိသားစု(၄)ယောက်စာထမင်းဖိုးများ၊ ကျောက်ဆည်ရှိအိမ်နဲ့စကားအင်းစခန်းအသွားအပြန်အတွက် Mark 2 ကားထဲသို့တစ်ခါပြန်လျှင်ဓာတ်ဆီ ၅ဂါလံနူန်းနှင်ထည့်ပေးနေရပါသည်။

"အိမ်သာအနံ့ပျောက်ဆေးတောင်ကိုယ်တိုင်ဝယ်မသုံးပဲရန်ပုံငွေထဲမှဝယ်ခိုင်းပါတယ်"လို့ရဲသားလေးတဦးကပြောပါသည်။

ကိုယ်ရေးကိုယ်တာများကိုဝန်ထမ်းများထံမှငွေဖြတ်ပြီးအထက်ဖား
အောက်ဖိလုပ်နေတဲ့အကျင့်ပျက်ဝန်ထမ်းဒုရဲမှူးထွန်းထွန်းဦးအားထိရောက်စွာအရေးယူပေးပါရန်။

မတရားမှု၊ညှင်းပမ်းနှိပ်စက်မှု၊လာဘ်စားမှုတွေ ဒီမှာလာရင်ဖွင့်ပါ။

Ios Users များအတွက် ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်နိုင်မယ့် Futbol Stream


Ios users တွေ အတွက် ကမ္ဘာတစ်လွှားက ဘောလုံးပွဲတွေကို  မိမိဖုန်းထဲကနေတိုက်ရိုက် ကြည့်ရှုအားပေးနိုင်မယ့် Futbol Stream ဖြစ်ပါတယ်..ဒီipa လေးက connection မကောင်းတာတောင် ဘောလုံးပွဲကြည့်နေစဉ်မှာထစ်ခြင်းအနည်းငယ်သာ ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်..ကိုယ်ကြည့်မယ် league ကို ရွေးပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်..ပရီးမီးယားလိဂ်၊လာလီဂါ၊စီးရီးအေ၊ဘွန်ဒက်လီဂါ၊ပြင်သစ်လီဂူး ၊ချန်ပီယံလိဂ် စသဖြင့် အကောင်းဆုံးပွဲတွေကို မိမိဖုန်းထဲကနေ တိုက်ရိုက်ကြည့်ရှု ခံစားနိုင်မှာဖြစ်ပါတယ်..အောက်မှာ ရယူနိုင်ပါတယ်..

Futbol stream Download လုပ်ရန်
Myanmar Mobile App Store

ကြို့ ဘာကြောင့်ထိုးရသလဲ


လူတိုင်း ကြို့ထိုးဖူးကြသည်။ မည်သည့် အတွက်ကြောင့် ကြို့ထိုးသည်ကိုမူ မသိကြပေ။ ယင်းအတွက်ကြောင့် ဘာကြောင့် ကြို့ထိုးသည်။ ပျောက်ကင်း သက်သာစေရန် မည်သို့ လုပ်ဆောင်ရမည်နှင့် ပတ်သက်ပြီး အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဝင်းက ယခုလို ပြောပြခဲ့ပါသည်။

အစားများခြင်း၊ အစားအသောက်ကို မြန်မြန်နှင့် များများစားခြင်းကြောင့် ကြို့ထိုးနိုင်

ကြို့ထိုးခြင်းသည် အစားများခြင်း၊ အစားအသောက် မြန်မြန်နှင့် များများစားပါက ကြို့ထိုးခြင်းများ ဖြစ်ပေါ်တတ်သောကြောင့် ဂရုစိုက် စားသင့်ကြောင်း သိရသည်။ “ကြို့ထိုးတာက အသည်းနဲ့ ပတ်သက်ပြီး ဖြစ်တတ်တယ်။ အသည်းမကောင်းရင် အစာမကြေတာတွေ ဖြစ်တတ်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ရှူသွင်းမယ်ဆိုရင် ပြန်လည် သက်သာနိုင်တယ်။ အစားတွေ အများကြီးစားရင် အစာနင်ပြီးတော့ ကြို့ထိုးတတ်တယ်။ အစားစားရင် အရမ်းစပ်တာတွေ မစားသင့်ဘူး” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။

ရေသောက်ခြင်း၊ တံတွေးမျိုခြင်းတို့ကြောင့်လည်း ကြို့ထိုးခြင်းကို သက်သာစေနိုင်

ကြို့ထိုးခြင်းကို သက်သာ ပျောက်ကင်းစေရန်အတွက် နည်းအမျိုးမျိုးဖြင့် ပြုလုပ်လေ့ ရှိကြပြီး တချို့သောသူများသည် ရေသောက်ပါက သက်သာ ပျောက်ကင်းသည်ဟု ယူဆ၍ ရေသောက်လေ့ရှိပြီး တံတွေးမျိုချခြင်းတို့သည်လည်း ကြို့ထိုးခြင်းကို သက်သာစေသည်ဟု ယူဆလေ့ရှိကြကြောင်း သိရသည်။ ရေသောက်ခြင်း၊ တံတွေးမျိုခြင်းတို့သည် နင်နေသော အပိုင်းမှ အစာများ ကျသွားစေသောကြောင့် ယင်းကဲ့သို့ နည်းလမ်းများ ပြုလုပ်ခြင်းသည်လည်း ကြို့ထိုးခြင်းကို သက်သာ ပျောက်ကင်းနိုင်စေရန် များစွာ အထောက်အကူ ပြုကြောင်း သိရသည်။

ကုသခြင်း

ကြို့ထိုးခြင်းကို ကုသရာတွင် အစာကြေစေနိုင်သော ဆေးများ၊ ငါးကြီးဆီများနှင့် အစာအိမ်နှင့် ပတ်သက်ပြီး သက်သာပျောက်ကင်း စေနိုင်သော ဆေးများ သောက်သုံးနိုင်ကြောင်း သိရသည်။ “ကုသတဲ့အပိုင်းကတော့ ကျွန်တော် အစာကြေဆေးတွေ ပေးတယ်။ ငါးကြီးဆီတို့၊ အစာအိမ်နဲ့ ပတ်သက်ပြီးတော့ သက်သာပျောက်ကင်းစေတဲ့ ဆေးတွေ Brscopan ပေးတယ်။ ထိုးဆေး အနေနဲ့တော့ Brscopan နဲ့ ပါရာစီတမောတို့ ရှိတယ်။ လိုအပ်မယ် ဆိုရင်တော့ အသည်းဆေးတွေ သွင်းပေးတယ်။ များသောအားဖြင့်တော့ သက်သာပျောက်ကင်းသွားကြတယ်” ဟု ဆက်လက်ပြောသည်။

အစာကြေလွယ်သော အစားအသောက်များကို စားပါ

“အစာကြေလွယ်တဲ့ အစားအသောက်တွေကို စားမယ်။ အသည်းနဲ့ ပတ်သက်ပြီး မဖြစ်စေဖို့ ဆိုးဆေးပါတဲ့ အစားအသောက် တွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ ခေါက်ဆွဲတို့၊ ကြာဆံတို့တွေ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေ စားတာကို ရှောင်သင့်ပါတယ်။ ဆေးတွေအလွန်အကျွံ သောက်တာ၊ အရက်သောက်တာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်” ဟု ယင်းက ဆိုသည်။

ရက်၊ လ နှင့် ချီပြီး ကြို့ထိုးခြင်းများလည်းရှိ

ကြို့ထိုးခြင်းကို သက်သာပျောက်ကင်းအောင် မပြုလုပ်ပါက မိနစ်အနည်းငယ်ကြာလျှင် သူ့အလိုလို သက်သာပျောက်ကင်း သွားတတ်ကြောင်း၊ တချို့မှာ ရှားရှားပါးပါး ဖြစ်တတ်သည့် ကြို့ထိုးခြင်းသည် ရက်နှင့် လနှင့်ချီပြီး ကြာလေ့ရှိကြောင်းလည်း သိရှိရသည်။

အချိန်မှန်စား၊ အချိန်မှန်အိပ်၊ အချိန်မှန် ဝမ်းသွားစေခြင်းက ကျန်းမာရေးနှင့် ညီညွတ်

လူတစ်ယောက်သည် အချိန်မှန်စား၊ အချိန်မှန်အိပ်၊ အချိန်မှန် ဝမ်းသွားခြင်းစသော ဇီဝနာရီ ဖြစ်စဉ်ကို တည့်အောင်နေမည်ဆိုပါက ကျန်းမာရေးနှင့် ညီညွတ်စေပြီး အစာကို ကြေညက်အောင်စားခြင်း၊ အစားအသောက်စားပါက အလောတကြီး မစားသင့်ကြောင်း အသိပေး ပြောကြားသည်။

ခင်သက်မွန်
BY YANGON TIMES JOURNAL

ငါးကြီးဆီများ နှင့် အမျိုးသားရောဂါအန္တရာယ်


" ၂၀၁၁ ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များ၏ အသေးစိပ်ဓာတ်ခွဲစမ်းသပ်ချက်များအရ (က)အိုမီဂါ၃ ဖက်တီးအက်ဆစ် ဖြည့်စွက် စာငါးကြီးဆီများထဲတွင် မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာမင်တို့ က အမျိုးသားများသုက်ရည်ဂလင်းကင်ဆာ ဖြစ်နိုင်ချေ အလားလာ ၄၅% ထိရှိစေကြောင်း၊ (ခ) အကယ်၍ DHA ဗီတာမင်အမြောက်အများပါသော အိုမီဂါ၃ ငါးကြီးဆီများက အဆိုပါ ကင်ဆာဖြစ်နိုင်ချေထက်အလားအလာထက်ပင် ၂-ဆမျှပိုကဲနေကြောင်း၊ (ဂ) ထို့ ပြင် အဆီများသောငါးကြီးတွေ လွန်ကဲစွာစား သောက်ခြင်းကလည်း ဖော်ပြပါကင်ဆာဖြစ်လာစေကြောင်း ” National Cancer Institute(ခေါ်)ကျမ္မာရေးဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ခြင်းကို အင်တာနက်သတင်းလွှာ(Academic Journal)က ဇူလိုင် ၁၁၊ ၂၀၁၃ နေ့ ဒေသစံတော်ချိန် ၂း၀၀နာရီတိတိမှာ ထပ်ဆင့် ဖော်ပြထားပါတယ်။

++++++++++++++++++++++++++

ဆီးကျိတ်ကင်ဆာ(ခေါ်) အမျိုးသားများသုက်ရေဂလင်းကင်ဆာရောဂါ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းကို ယ နေ့ အထိ ဆေးသိပ္ပံနည်းအရ ခိုင်လုံတဲ့အဖြေမထုတ်သေးနိုင်သော်လဲ၊ တိရိစ္ဆာန်အဆီလွန်ကဲစွာစားသုံးသူများ၊ အဖိုး/ဖခင် မျိုးရိုး စဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာအာဟာရချို့ တဲ့သူများမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်လို့ ဆိုပါတယ်။

ဆီးကျိတ်ကင်ဆာလက္ခဏာများမှာ သုက်ရည်ဂလင်းသိသိသာသာကြီးထွားလာခြင်း၊ ဆီးသွားရင်အားမရခြင်း၊ ပြတ်တောင်းပြတ် တောင်းဖြင့် ဆီးသွားရခက်ခဲခြင်း၊ ပုံမှန်ထက်မကြာခဏဆီးသွားပြီး အထူသဖြင့်ညဘက်မှာပို၍သွားခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ သုက်ရည်ထဲသွေးပါခြင်း၊ တင်ပါး နှင့်တင်ပါးဆုံရိုးတို့ တွင် တဆစ်ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်သည်။ အကယ်၍ ထိုလက္ခဏာများထဲမှ တစ်ခုမဟုတ်တစ်ခု ပေါ်လာပါက မပေါ့ဆဘဲ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ကြပါ။

ယနေ့ အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အမျိုးသားဦးရေပျမ်းမျှ ၄၁၀၀၀ ၀န်းကျင် ဆီးကျိတ်ကင်ဆာဖြစ်ပွားကြပြီး၊ ၁၁၀၀၀ ခန့်  က ထိုကင်ဆာဖြင့်ကွယ်လွန်နေကြရပါတယ်။ အမေရိကန်မှာလည်း အရေပြားကင်ဆာပြီးရင်၊ ဆီးကျိတ်ကင်ဆာက ဒုတိယအဖြစ် အများဆုံးလို့ ဆိုပါတယ်။ များသောအားဖြင့် အမျိုးသားများ အသက် ၅၀ ကျော်လာလျှင် ထိုကင်ဆာပေါ်လာတတ်လို့ သတိပြု ကြဖို့ လိုအပ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ) ထဲတွင်ပါရှိသော isothiocyanates ဓာတ်က ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ် ပေးပြီး၊ ခရမ်းချဉ်သီး/ဖရဲသီးစသည့်အနီရောင်အသီးတို့ က ၄င်းကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသက်သာစေပါ တယ်။ ပင်လယ်စာ၊ ဂျုံ နှင့် ဂျုံထွက်ပစ္စည်းများ၊ ဆန်လုံးညို နှင့် ကွေကာအုတ်ထဲမှာပါရှိသော Selenium ကလည်း ယင်းကင်ဆာ ရောဂါကာကွယ်ပေးပြီး၊ ပဲပိစပ်က ဆီးကျိတ်ကင်ဆာအကျိတ်ကြီးထွားလာမှုကို သိသိသာသာနှေးကွေးစေပါတယ်။ ခနာကိုယ် အဆမတန်ဝခြင်းက ဆီးကျိတ်ကင်ဆာနဲ့  ဆက်စပ်မှုရှိတာကြောင့် ဥပမာ အမဲသားတို့ လို အနီရောင်အသားများ လျော့စား၍ ကိုယ်အလေးချိန်ချပေးသင့်ပါတယ်။ ကဖိန်းဓာတ်ပါသော ဖျော်ရည်များ နှင့် အယ်လ်ကိုဟောပါသော အဖျော်ယမကာတို့ လွန်ကဲ စွာသောက်စားခြင်းက သုက်ရည်ဂလင်းကိုကြီးထွားစေတာကြောင့် သင့်တင့်မျှတရုံသုံးဆောင်ကြပြီး၊ ဆီးကျိတ်ကင်ဆာရောဂါ ဆိုးကြီးမှ ကင်းဝေးနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါတယ်။

(တင်ထက်ထက်ဇော်....မျှဝေသည်)
(မှီငြမ်း။ Academic Journal @ Internet
ဆေးပညာဆိုင်ရာဆောင်းပါးများ