စိန်ဂေဟာစူပါမားကတ်၏ အီးမေးလ်များ တိုက်ခိုက်ခံရ


အတွဲ (၁၄)၊ အမှတ် (၄၆)
Tue, 11/26/2013 - 12:35
စိန်ဂေဟာစူပါမားကတ်၏ လုပ်ငန်းသုံးဆိုင်ရာ အီးမေးလ်များတိုက်ခိုက်ခြင်း ခံနေရသည်ဟု စိန်ဂေဟာ စူပါမားကတ်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဟန်ဝင်းထွဋ်က ဆိုသည်။

၎င်းတို့အနေဖြင့် လုပ်ငန်းသုံးဆိုင်ရာ အီးမေးလ်တိုက်ခိုက်ခံရရုံသာမက စူပါမားကတ်အတွက် လွှင့်တင်ထားသည့် ဖေ့ဘုတ်စာမျက်နှာများကိုလည်း တိုက်ခိုက်သူများ၏ ထိန်းသိမ်းမှုကိုခံခဲ့ရသည်ဟု သိရသည်။ “ရုံးလုပ်ငန်းဆိုင်ရာ အီးမေးလ်တွေကို တိုက်ခိုက်ခံနေရလို့ Password တွေကို ပြန်ချိန်းနေရပါတယ်” ဟု ဦးဝင်းထွဋ်က ပြောသည်။ စိန်ဂေဟာစူပါမားကတ်၏ ဖေ့ဘုတ်စာမျက်နှာကို ယခု ၁၅ ရက်နေ့၌ တိုက်ခိုက်သူများ လက်ဝယ်၌ အထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။

ထိန်းသိမ်းခံထားရသည့် ဖေ့ဘုတ်စာမျက်နှာ၌ စိန်ဂေဟာစူပါမားကတ်အနေဖြင့် ပရိုမိုးရှင်းများ ပြုလုပ်မည်ဖြစ်ကြောင်း လွှင့်တင်ထားသော်လည်း စူပါမားကတ်၏ ဒါရိုက်တာအဖွဲ့ဝင်များသည် ၎င်းတို့လွှင့်တင်ြခင်းမဟုတ်ဘဲ ထိန်းသိမ်းထားသူများ၏ လုပ်ရပ်သာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ စိန်ဂေဟာစူပါမားကတ်သည် ၎င်းတို့၏ အင်တာနက်အသုံးပြုမှု တိုက်ခိုက်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့သည် သတင်းမှားများနှင့် တိုက်ခိုက်ခြင်းမရှိဟု ပြောဆိုခဲ့သည်။ စိန်ဂေဟာစူပါမားကတ်အနေဖြင့် Seingayhar အမည်ဖြင့်လွှင့်တင်ထားသည့် ဖေ့ဘုတ်စာမျက်နှာတိုက်ခိုက်ခံခဲ့ရသည့်နောက်ပိုင်း seingayhar.myanmar အမည်ဖြင့် ဖေ့ဘုတ်စာမျက်နှာတစ်ခုကို ထပ်မံလွှင့်တင်ခဲ့သော်လည်း လွှင့်တင်ပြီး ၁၀ နာရီအကြာ၌ ထပ်မံထိန်းသိမ်းခြင်း ခံခဲ့ရသည်။


ဝေဝေ
Internet Journal

သီချင်းဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ


၁။ စိတ်ဓာတ်ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။

၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။

၃။ ကိုယ်ခံအား ကောင်းစေခြင်း။

၎။ အသက်ရှုအား ကောင်းစေခြင်း၊ အဆုတ်ကျန်းမာစေခြင်း။

၅။ ကိုယ်ရော စိတ်ပါ စည်းချက်မှန်မှန် လှုပ်ရှားတတ်စေခြင်း။

၆။ သင်ယူလေ့လာမှု အားကောင်းစေခြင်း (အထူးသဖြင့် ကလေးများ)။

၇။ မှတ်ဥာဏ်များ ပိုမိုကောင်းမွန်ခြင်း။

၈။ လူမှုဆက်ဆံရေး တိုးတက်စေခြင်း။

၉။ ကိုယ်စိတ်ချမ်းသာခြင်း။

၁၀။ တက်ကြွလန်းဆန်းစေခြင်း။
--
Ref: medicfacts

အောင်ခမ်း ( ရိုးရာလေး )

Eleven Media Website အား Hacker အဖွဲ့ တစ်ခုမှ တိုက်ခိုက်


ပြည်တွင်း အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် eleven media group ၏ website မှာ ယခု မိနစ်ပိုင်းအတွင်းကပင် DCMN Hacker အဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွက် Eleven Media အား ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ Web Team မှ ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လိုအပ်ပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သုတလင်း
Popular Myanmar News Journal

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲ


ဦးမြတ်ခိုင်ရေးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်နှင့်အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ကရ၀ိတ် နန်းတော်မှာ ဒီကနေ့ နိုဝင်ဘာ၂၈ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ပါတယ်။

ဦးမြတ်ခိုင်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးခင်ညွန့်၊ 
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ  

အဲဒီ စာအုပ် မိတ်ဆက်ပွဲ ကို စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွှန့်လည်း တက်ရောက်ခဲ့ သလို တနေ့ကမှ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ တချိန်က အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ မြေးတဦးဖြစ် တဲ့ ဦးအေးနေ၀င်းလည်း တက်ရောက်ခဲ့ပါတယ်။

အခုလို ဦးခင်ညွန့်အနေနဲ့ လူမြင်ကွင်းကို အရင်ကထက် ခပ်စိပ်စိပ်နဲ့ ခြေလှမ်းတွေလှမ်းလာတဲ့အပေါ် စိတ်ဝင်စားစရာအဖြစ်နဲ့ လူတွေက ပြောဆိုနေသံတွေလည်း ထပ်မံ ကျယ်လောင်လာနေပြန်ပါတယ်။

ဇာတ်လမ်းတော့ ပြန်စနေပြီလို့ ဆိုသူဆို၊ ရာဇဝင်ထဲက အဘကို ရာဇဝင်ထဲမှာပဲ ထားခဲ့ပါ ဦးမြတ်ခိုင်ရေ လို့ ဆိုသူတွေ ရှိကြပါတယ်။ ဦးခင်ညွှန့်ကတော့ မီဒီယာတွေနဲ့ တရင်းတနှီးတချိန်တုန်းက အပြုံးတွေ ပြန်ဖော်ပြ လာတာ သတိထားမိပါတယ်။

တလောကပဲ မြန်မာ့နိုင်ငံရေးထဲ ဦးခင်ညွှန့်တယောက် ခြေချဖို့ ပြင်ဆင်မှုတွေ ရှိနေပြီလို့ ကောလဟာလ
တွေလည်း ထွက်ခဲ့ပါသေးတယ်။ တခါ ဦးခင်ညွှန့်က တိုင်းပြည်အတွက် သူ့မှာ အကြံကောင်းတွေ တောင်း ဆိုသူ ရှိလာရင် ပေးဖို့ အဆင်သင့်လို့ ပြောတာတွေလည်း ရှိခဲ့ပါတယ်။


ဗိုလ်ချုပ်ကြီးဟောင်း ခင်ညန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးနေဝင်းရဲ့ မြေး၊ အေးနေဝင်း








ဧရာဝတီ Myanmar News

စိန်၊ ကျောက်၊ တံဆိပ်ခေါင်း၊ ဒင်္ဂါပြား၊ ငွေစက္ကူများကို အတုအစစ်ခွဲခြားနိုင်မယ့် iPhone 5/5s Microscope (iPhone 5/5S Microscope 60x)


အတွဲ (၁၄)၊ အမှတ် (၄၆)
Tue, 11/26/2013 - 09:15

iPhone 5 တွင်တပ်ဆင် အသုံးပြုနိုင်သော Microscope တစ်ခုဖြစ်ပါတယ်။ သေးငယ်သော အရာဝတ္တုကို အဆ ၆၀ အထိဆွဲကြည့်နိုင်မှာဖြစ်တယ်။ စိန်၊ ကျောက်၊ တံဆိပ်ခေါင်း၊ ဒင်္ဂါပြား၊ ငွေစက္ကူများကို အတုအစစ်ခွဲခြားနိုင်ပြီး မရှိမဖြစ်ဆောင်ထားသင့်တဲ့ ပစ္စည်းဖြစ်ပါတယ်။ လူ့အသားအရေ အရေပြားအရေး အကြောင်းများ၊ သာမန်မျက်စိဖြင့် မမြင်နိုင်သော ပိုးပွှားများကို ကြည့်ရှုနိုင်ပြီး Phone ဖြင့်သာမကဘဲ ဗီဒီယိုပါရိုက်ကူး မှတ်သားထားနိုင်ပါတယ်။ အလင်းရောင်မရှိသော အမှောင်ထဲတွင်ပါ အသုံးပြုနိုင်ရန် LED မီး ၃ လုံးပါဝင်မှာဖြစ်တယ်။ စိန်ကျောက်အရောင်းအဝယ် လုပ်သူများ၊ ငွေစက္ကူရောင်းဝယ်သူများ၊ ရှေးဟောင်းပစ္စည်း သုတေနလုပ်သူများ၊ ဆရာဝန်များ အတွက်အထူး အသုံးဝင်မှာဖြစ်တယ်။ ဈေးနှုန်း ၃၀,၀၀၀ ကျပ်ဖြင့် My Data Online Store ဖုန်း - ၀၉-၅၀၄၆၀၈၅၊ ၀၉-၅၁၉၆၇၂၄ သို့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
-အေးဖြူ
Internet Journal

ပြည်မြို့ရှိ လေလွင့်ကလေးငယ်များ ရခိုင်ရိုးမအစပ်သို့ စွန့်ပစ်မှု တစ်နှစ်ကြာသော်လည်း အရေးမယူသေး


ပြည်မြို့ရှိ လေလွင့်ကလေးများ နှင့် တောင်းရမ်းစားသောက်သူများအား ရခိုင်ရိုးမအစပ် ညောင်ခြေထောက်ရွာသို့ သွားရောက်စွန့်ပစ်ခဲ့သည့် အမှုကို တစ် နှစ်ကြာသည်အထိ အရေးယူဖြေရှင်းပေး ခြင်းမရှိသေးကြောင်း လူ့အခွင့်အရေး ကာ ကွယ်မြှင့်တင်သူများကွန်ရက်မှ သိရ သည်။

အဆိုပါဖြစ်ရပ်မှာ ၂ဝ၁၂ ခုနှစ်သြဂုတ်လ၄ရက်နေ့ တွင်ဖြစ်ပွားခဲ့ပြီး ပြည်မြို့ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်နံ ဘေးနှင့် ဘူတာရုံအနီးရှိတောင်းရမ်းစားသောက်သူများ၊ နို့စို့အရွယ်ကလေး ငယ်များနှင့် လေလွင့်ကလေး ၃ဝ ကျော် ကို နံနက် ၂ နာရီခန့်တွင် ကားဖြင့်ခေါ် ယူစွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

စွန့်ပစ်ခံရသူများမှာ ပြည်မြို့သို့ အသုတ်လိုက်လမ်းလျှောက်ပြန်လာခဲ့ ကြရပြီး ယင်းဖြစ်စဉ်အတွက် လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများကွန်ရက်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊

ကလေးသူငယ်များဆိုင်ရာ အမျိုးသား ကော်မတီသို့ လိပ်မူပြီး အရေးယူဆောင် ရွက်ပေးရန် တိုင်တန်းခဲ့သည်ဟု အဆို ပါကွန်ရက်မှကိုဇော်ထွန်းက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ထိုသို့တိုင်တန်းမှုများကြောင့် လူ မှုဝန်ထမ်းဌာန အပါအဝင်ပညာရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်နှင့် ရဲများက စွန့်ပစ်ခံရသူများ အား သုံးကြိမ်ခန့်ခေါ်ယူစစ်ဆေးခဲ့ပြီး အပြစ်ကျူးလွန်ခဲ့သူများအပေါ် မည်သို့ ကိုင်တွယ်ဖြေရှင်းအရေးယူခဲ့သည်ကိုမူ ယခုအချိန်အထိ ရှင်းလင်းပေးခြင်းမရှိ ကြောင်း အဆိုပါလေလွင့်ကလေးငယ် များကို စောင့်ရှောက်၍ စာသင်ကြား ပေးနေသည့် ကရုဏာလက်များကွန်ရက် မှ ကိုပုညက ဆိုသည်။

၎င်းကိစ္စအတွက် ပဲခူး တိုင်းဒေသ ကြီး စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးရဲမြင့်ထွန်းက ၂ဝ၁၂ ခုနှစ် စက်တင်ဘာလအတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြစ်မှုကျူး လွန်သူများကို ရှာဖွေဖော်ထုတ်အရေး ယူသွားမည်ဟု ပြောကြားခဲ့သည်။

သုတလင်း
Popular Myanmar News Journal

အသုံးများတဲ့..စကားအတိုလေးများ


(Short Conversations In Use)
ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတို
လေးတွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။
(1) Stand in line!
တန်းစီကြ။
(2) Don't jump the queue!
ကြားဖောက်မ၀င်နဲ့။
(3) More's the pity!
ဝမ်းနည်းစရာပါပဲ။
(4) Easy come,easy go!
လွယ်လွယ်ရ ၊ လွယ်လွယ်ကုန်။
(5) Shop around a bit!
နည်းနည်း စနည်းနာလိုက်ဦး။
(တစ်ခုခု မ၀ယ်ခင် ဈေးကွက်လိုက်မေးတာ)
(6) How's life?
စားဝတ်နေရေး အဆင်ပြေရဲ့လား။
(7) Same as ever!
အရင်အတိုင်းပါပဲ။
(8) I'm down and out!
ငါ ဘိုင်ပြတ်နေတယ်။
(9) Now happy,now sad!
အခုပျော်လိုက် အခုဝမ်းနည်းလိုက်နဲ့။
(10) Nice going!
လုပ်ထားတာ တော်တော်ကောင်းတယ်။
(11) I don't know what he's playing at!
သူ ဘာတွေ လုပ်နေမှန်းကို မသိပါဘူးကွာ။
(12) Great minds think alike!
အကြံတူ..ညဏ်တူတွေ။
(13) Thank Heavens!
တော်သေးလို့။
(14) Not much!
မများပါဘူး။
(15) Quite reasonable!
ဒါ ယုတ္တိရှိပါတယ်။
အင်္ဂလိပ်ဘာသာ လေ့လာစရာ

ကိုယ်ဝန်ဆောင် မိန်းကလေးတစ်ယောက်ရဲ့ အမေးကို ဒေါ်စု ဖြေကြားခြင်း ( Opera House - Sydney သြစတေးလျ )


မိန်းကလေး ။ ။ ကျမနာမည်က ဘေဘေပါ ။ တရုတ်လူမျိုး သြစတေးလျနိုင်ငံသားပါ ။ ကျမ အသက် ( ၁၄ ) နှစ်မှာ သြစတေးလျကို ရောက်ပါတယ် ။ ဒေါ်စုရဲ့ရွေးချယ်မှုတွေ ၊ ဒေါ်စုရဲ့အင်အား နဲ့ ဒေါ်စုရဲ့ နှိမ့်ချမှုကို ကျမ အမြဲဘဲ လေးစားအားကျခဲ့ရပါတယ် ။

ကျမ မေးချင်တာက သမီးမိန်းကလေးတစ်ယောက်ကို ဘာများ ဒေါ်စုအနေနဲ့ ပြောချင်ပါသလဲ....သမီးလေးကို အခုတော့ မမွေးရသေးပါဘူး ။

ပြီးတော့ ရင်ကြားစေ့သင့်မြတ်ကြဖို့အတွက် ဒေါ်စုတို့တိုင်းပြည်ကလူတွေကို ဘာများပြောချင်ပါသလဲ ....တစ်ကမ္ဘာလုံးကို အားကျလေးစားစေခဲ့ရတဲ့ ဒေါ်စုရဲ့ နှိမ့်ချမှုရယ် ခွန်အားရယ်ကို သူတို့လည်း အလားတူ အားကျလေးစားလာအောင်ပေါ့လေ ။

ဘာကြောင့်လည်းဆိုတော့ ဒီဖိုရမ်မှာ ဒီရင်ကြားစေ့ရေးကိစ္စကို မကြာခဏ ဆွေးနွေးတတ်ကြပါတယ် ။ နောက်ပြီးတော့ လူတော်တော်များများကလည်း ဒီမေးခွန်းမျိုး မေးချင်မယ် ထင်ပါတယ် ။

မွတ်ဆလင်တွေ ၊ ဗုဒ္ဒဘာသာတွေကြားထဲမှာမှ မဟုတ်ပါဘူး ။ မတူညီကွဲပြားတဲ့အဖွဲ့တွေအားလုံး ရင်ကြားစေ့သင့်မြတ်လာအောင် ဘာများပြောချင်ပါသလဲ ။

ဒေါ်အောင်ဆန်းစုကြည် (ဖြေ ) ။ ။ ဒီနေ့မနက် မြန်မာ အသိုင်းအ၀ိုင်းနဲ့ ကျမတွေ့တော့ ကြိုဆိုရေးအကတွေ ၊ သီချင်းတွေ ၊ သရုပ်ဆောင်မှုတွေ တွေ့ရပါတယ် ။ အဲဒီမှာ ကျမကို မီးကျောင်းပုံကွေးလေးတစ်ခု လက်ဆောင်ပေးကြတယ် ။ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရား အတွက်ရည်ရွယ်တာပါတဲ့ ။

ဒီတော့ ကျမတွေးမိတယ် .. တကယ်တော့ ကမ္ဘာကြီးမှာ လိုအပ်နေတာ ငြိမ်းချမ်းရေးနဲ့ မေတ္တာ နှစ်ခုပါဘဲ... လုံခြုံစိတ်ချရတဲ့ ပျော်ရွှင်နိုင်တဲ့ ကမ္ဘာကြီး ဖြစ်ဖို့ ပေါ့လေ ။

ဒီတော့ သမီးရဲ့ မမွေးဖွားလာသေးတဲ့ ကလေးကို ကျမ ပြောချင်တာက သမီးလေးဘဲ ဖြစ်ဖြစ် ၊ သားလေးဘဲ ဖြစ်ဖြစ်ပေါ့လေ....ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားက အရေးအကြီးဆုံးပါဘဲ လို့ ။ ဒါဟာ လူသားတိုင်း ကြိုးပမ်းသင့်တဲ့ အရာတွေပါ ။

ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကိုသာ ကျမတို့ ရွေးချယ်မှုတွေအားလုံးရဲ့ ထိပ်ဆုံးမှာ ထားနိုင်မယ်ဆိုရင် ကျမတို့အားလုံး ဒီထက်အများကြီး ပိုပျော်ရွှင်ကြမယ်လို့ ထင်ပါတယ် ။ ဒီကမ္ဘာကြီးဟာ ပိုပြီး ပျော်ရွှင်စရာ ကောင်းလာပါလိမ့်မယ် ။

ဒီလိုပြောတော့ သိပ်ပြီး စိတ်ကူးယဉ်ဆန် ( idealistic ) တယ်လို့ ထင်ကောင်း ထင်ကြမယ် ။ မဖြစ်နိုင်ဘူး လို့ ထင်ချင် ထင်ကြမယ် ။ ဒါပေမယ့် ဒါ ဖြစ်နိုင်ပါတယ် ။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တော်တော်များများဟာ အဲလိုဘဲ အလုပ်လုပ်လာခဲ့ကြတာပါ ။ အရာအားလုံးရဲ့ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို နေရာပေးခဲ့ကြတယ် ။

ဒါပေမယ့် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ သူတို့ မိသားစုအပေါ်မှာတင် မေတ္တာထားတာ မဟုတ်ပါဘူး ။မေတ္တာဆိုတာ ဒီထက် အများကြီး ပိုကျယ်ပြန့်ပါတယ် ။ ပြီးတော့ မေတ္တာဆိုတာ လုပ်ရပ်နဲ့ ပြရတာပါ ။

လူတော်တော်များများဟာ '' တစ်ယောက်ယောက်ကို ချစ်တယ် '' လို့ ပြောတတ်ကြပါတယ် ။ ဒါမှမဟုတ်လည်း တိုင်းပြည်ကို ချစ်တယ် ပေါ့လေ ။ ဒါပေမယ့် သူတို့လုပ်ရပ်ဟာ သူတို့အပြောကို မထင်ဟပ်ပါဘူး ။

ဒီတော့ သမီးရဲ့ မွေးလာမယ့် သမီးလေး......ဒါနဲ့ သမီးရဲ့ ရင်သွေးလေးကို ရည်ရွယ်ပြီး ပြောနေတာ မဟုတ်လား ။

မိန်းကလေး ။ ။ ဟုတ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားအတွက် ကြိုးပမ်းဖို့ သမီးရဲ့ ရင်သွေးလေးကို သင်ပေးလိုက်ပါ ။ သူ့တစ်ယောက်တည်းအတွက်သာ မဟုတ်ဘဲ သူနေတဲ့ ကမ္ဘာကြီးအတွက်ပါ ကြိုးပမ်းပေးဖို့ပါ ။ ဒါဟာ စိတ်ကူးယဉ်ဆန်တာ မဟုတ်သလို မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး ။

ဒါကို ဘ၀ရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းနေရာကထားတဲ့ လူတွေကို ကျမတို့တွေ့ဖူးပါတယ် ။ သူတို့ဟာ တကယ်လည်း ကမ္ဘာကြီးကို ပိုပြီး ငြိမ်းချမ်း၊ ပိုပြီးမေတ္တာပြည့်လွှမ်းလာအောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ကြပါတယ် ။

တရားမျှတမှုဆိုတာ ဒီလိုနည်းနဲ့ လာတာပါ ၊ သဟဇာတဖြစ်မှု နဲ့ တိုးတက်မှုတွေဆိုတာလည်း ဒီလိုနည်းနဲ့ လာကြတာပါဘဲ ။

Credit : Spring Flowers

ဩ​စ​တြေး​လျဝန်​ကြီး​ချုပ်​နှင့် ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​တွေ့​ဆုံ


ဩ​စ​တြေး​လျ​နိုင်​ငံ​မှာ ​အ​လည်​အ​ပတ်​ရောက်​ရှိ​နေ​တဲ့ ​မြန်​မာ့​ဒီ​မို​က​ရေ​စီ​ခေါင်း​ဆောင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဩ​စ​တြေး​လျ ၀န်​ကြီး​ချုပ် ​တို​နီ​အ​ဘောက်​နဲ့ ​တွေ့​ဆုံ​ခဲ့​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဩ​စ​တြေး​လျ ၀န်​ကြီး​ချုပ် ​တို​နီ​အ​ဘောက်​နဲ့ ​ဒီ​နေ့ ​တွေ့​ဆုံ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
တွေ့​ဆုံ​အ​ပြီး ​ပြု​လုပ်​တဲ့ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ဩ​စ​တြေး​လျ ၀န်​ကြီး​ချုပ် ​တို​နီ​အ​ဘောက်​က  ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ကြို​ဆို​တဲ့ ​အ​ကြောင်း​နဲ့ ​တ​ချိန်​က ​သူ ​အ​တိုက်​အ​ခံ ​ဖြစ်​စ​ဉ်​က​လည်း ​တ​ခါ​တ​လေ ​စိတ်​အ​နှောင့်​အ​ယှက် ​ဖြစ်​ခဲ့​ဖူး​သ​လို ​တ​ခါ​တ​လေ ​စိတ်​ပျော်​ရွှင်​ဖူး​တဲ့​အ​ကြောင်း ​ပြော​ပါ​တယ်။

ရွှင်​မြူး​တဲ့​အ​ချိန်​တွေ ​ပို​များ​လာ​ပြီး​တော့ ​စိတ်​အ​နှောင့်​အ​ယှက် ​ဖြစ်​တဲ့ ​အ​ချိန်​တွေ ​ပို​နည်း​လာ​အောင် ​မျှော်​လင့်​သွား​ဖို့​လည်း ၀န်​ကြီး​ချုပ်​က ​ပြော​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​တ​ချို့​ယူ​ဆ​နေ​သ​လို ​ဒီ​မို​က​ရေ​စီ​လမ်း​ကြောင်း​ပေါ်​ကို ​မ​ရောက်​သေး​သ​လို ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​မ​ပြင်​ဘဲ​နဲ့ ​စစ်​မှန်​တဲ့ ​ဒီ​မို​က​ရက်​တစ်​လူ့​အ​ဖွဲ့​အ​စည်း ​ဘယ်​တော့​မှ ​မ​ဖြစ်​နိုင်​တဲ့​အ​ကြောင်း ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​မြန်​မာ​ပြည်​မှာ ​လွတ်​လပ်​မျှ​တ​တဲ့ေ​ရွး​ကောက်​ပွဲ ​ဖြစ်​လာ​မယ်​လို့ ​မှတ်​ထင်​ထား​တဲ့ ​အ​ကြောင်း​လည်း ​ဩ​စ​တြေး​လျ ၀န်​ကြီး​ချုပ်​က ​ပြော​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဆစ်​ဒ​နီ၊ ​ကင်​ဘာ​ရာ၊ ​မဲလ်​ဘုန်း​ကို ​သွား​ရောက်​မှာ​လည်း ​ဖြစ်​ပါ​တယ်။

By ဒီဗွီဘီ

တရားမဝင် မြန်မာအလုပ်သမား ရှစ်ဦးအား ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းပေးအပ်


ကျိုင်းတုံ ၊ ၂၈-၁၁-၂ဝ၁၃

တာချီလိတ်မြို့ တာချီလိတ် - မယ်ဆိုင် ၊ အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက တရားမဝင် မြန်မာ အလုပ်သမား ရှစ်ဦးအား ထိုင်းနိုင်ငံ မှ ပြန်လည် လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင် လူဝင်မှု ကြီးကြပ်ရေးရုံး မှ ဦးစီးအရာရှိ ရဲဗိုလ်ကြီး နက်ထဝပ် ဆဲန်ဒူးအန်း ဦးစီး တပ်ဖွဲ့ဝင် လေးဦးမှ မြန်မာ အလုပ်သမား အမျိုးသား ရှစ်ဦးအား နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် တရားဝင် ပြန်လည် လွှဲပြောင်း ပေးအပ်ရာ တာချီလိတ်မြို့ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဝင်းအောင် နှင့်အဖွဲ့မှ စနစ်တကျ စိစစ် လက်ခံခဲ့သည်။

အဆိုပါ အလုပ်သမား များအား တာချီလိတ်မြို့ ၊ မဟာ မြတ်မုနိ ဘုန်းကြီးကျောင်း တွင် ခေတ္တ နေရာချ ထားပြီး ပူးပေါင်း အဖွဲ့ဖြင့် မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခြင်း ၊ စစ်မေးခြင်းများ ဆောင်ရွက်ရာ ၄င်းတို့သည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး နေထိုင်ခွင့် ကဒ်ပြားများ မရှိခြင်း ၊သတ်မှတ်ရက် ကျော်လွန် နေထိုင်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်းဆီးခံ ရခြင်းဖြစ်ပြီး လူကုန်ကူး ခံရခြင်း မရှိကြောင်း သိရှိရသဖြင့် တာချီလိတ်မြို့ ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် မိဘရပ်ထံ သို့ ညနေပိုင်း တွင် ပြန်လည် စေလွှတ် ပေးခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

မြန်မာ သစ်ဘုတ်နှင့် လူ ၁၀ ဦးကို ဘင်္ဂလာရေတပ်က ဖမ်းဆီး

မြန်မာမှ မော်တော်ဘုတ်များဖြင့် စည်ကားနေသော တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်း။

(နိရဉ္စရာ- ၂၈ နိုဝင်္ဘာလ ၂၀၁၃)/ မောင်အေး

ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ မြန်မာနိုင်ငံမှ တရားမ၀င် သစ်များ မှောင်ခို တင်သွင်းလာသည့် ဘုတ်တစ်စီးနှင့် လူ ၁၀ ဦးကို ဘင်္ဂလာဒေခ်ျ့ ရေတပ်က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

၎င်းမြန်မာ သစ်တင် မော်တော်ဘုတ်အား ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ အခေါ် အုန်းကျွန်း၊ ဘင်္ဂလာ အခေါ် စိန့်မာတင်ကျွန်းမှ တစ်မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ဘင်္ဂလာရေတပ်မှ ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

ယခု မော်တော်ဘုတ် ပေါ်မှ ဖမ်းမိသည့်  သစ်တန်ဖိုးမှာ ကာလ ပေါက်ဈေး ဘင်္ဂလာ တာကာငွေ (၁၀) ကုဋေ ကျော်ဖိုး (မြန်မာ ကျပ်ငွေနှင့်ဆိုလျှင် ကုဋေ ၁၀၀ ဖိုးခန့်) ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၁၀ ဦးကို ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ယခုအခါ တက်ကနက် ရဲစခန်းသို့ လွဲပြောင်း လိုက်ပြီဖြစ် ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ဖေါ် ပြောကြားသည်။

သို့သော်လည်း မော်တော်ဘုတ်နှင့် ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ မည်သည့် အရပ်က ဖြစ်ကြောင်းကို ဘင်္ဂလာ အာဏာပိုင်များက တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောကြားမူ မရှိကြောင်း သိရသည်။

၎င်းသတင်းကို ကော့စ်ဘဇားမြို့ မှ ထုတ်ဝေသော ဒေသသတင်းစာများတွင်လည်း ယနေ့ ဖော်ပြကြသည်။

narinjara burmese news

Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ


လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

စာဖတ်သူတွေဟာ အသက် ၂၁အရွယ်ရှိတဲ့ အဆိုတော်မလေးကို ချီးကျူးထောပနာပြုဖို့ သောင်းသောင်းဖျဖျနဲ့ မဲပေးနေကြပါတယ်။ ဒုတိယနေရာမှာလိုက်နေတဲ့ ပြိုင်ဖက်ကတော့ CIA ရဲ့ ကွန်ပျူတာ အကျော်အမော်တစ်ယောက်ဖြစ်သူ Edward Snowden ဖြစ်တယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။

တတိယနေရာမှာကတော့ အိန္ဒိယ နိုင်ငံရေးသမား Narendra Modi လို့သတင်းထွက်နေပြီး ဆီးရီးယား သမ္မတနဲ့ ရုရှားသမ္မတတို့က သူ့နောက်က လိုက်နေပါတယ်။

ပါကစ္စတန် လူငယ်တက်ကြွလှုပ်ရှားသူ Malala Yousafzai , မင်းသမီး Angelina Jolie, ပုပ်ရဟန်းမင်း Francis, ဘက်စကတ်ဘော ကစားသမား LeBron James နဲ့ သမ္မတ Barack Obama တို့လည်း နာမည်ကြီး စာရင်းထဲမှာပါဝင်နေပါတယ်။

မဲပေးခြင်းများကို ဒီဇင်ဘာလ (၄)ရက်နေ့ထိ နောက်ဆုံး သတ်မှတ်ထားပြီး Time ရဲ့ အယ်ဒီတာက “Person of the Year” ဘယ်သူဖြစ်မယ်ဆိုတာကို ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ တရားဝင်ကြေငြာမှာ ဖြစ်တာကြောင့် စောင့်ကြည့်ကြရပါဦးမယ်။

Trend Myanmar

ဖွဲ့​စည်း​ပုံ​ပြင်​ရေး ​အန်​အယ်လ်​ဒီ​ကမ်း​လှမ်း​ချက် ​စ​ဉ်း​စား​မည်​ဟု ​သ​မ္မ​တ​ပြော​ခွင့်​ရ ​တုံ့​ပြန်


ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​သ​မ္မ​တ၊ ​လွှတ်​တော်၊ ​တပ်​မ​တော်​တို့​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​လို​ကြောင်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​မေ​တ္တာ​ရပ်​ခံ​စာ​ကို ​လွှတ်​တော်​ဖွဲ့​စည်း​ပုံ ​လေ့​လာ​သုံး​သပ်​ရေး​ကော်​မ​တီ ​အ​စီ​ရင်​ခံ​စာ​ထွက်​ချိန်​ထိ ​စောင့်​ဆိုင်း​ပြီး ​စ​ဉ်း​စား​လုပ်​ဆောင်​သင့် ​တယ်​လို့ ​သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ  ​တုံ့​ပြန်​ပြော​ကြား​လိုက်​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​သ​မ္မ​ထံ​ပေး​ပို့​ထား​တဲ့ ​စာ​နဲ့ ​ပတ်​သက်​လို့ ​သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ  ​ဦး​ရဲ​ထွဋ်​က ​အ​ခု​လို ​တုံ့​ပြန်​ပြော​ကြား ​လိုက်​တာ​ဖြစ်​ပါ​တယ်။

“​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး ​ကိ​စ္စ​က ​နိုင်​ငံ​သား​အား​လုံး​အ​တွက် ​အ​ရေး​ကြီး​တဲ့​ကိ​စ္စ​လို့ ​မြင်​ပါ​တယ်။ ​နောက်​တ​ခါ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​တ​ခု​တည်း​သာ​မ​က ​တ​ရား​၀င်​ဖွဲ့​စည်း​ထား​တဲ့ ​ပါ​တီ ၅၈ ​ခု​နဲ့​သက်​ဆိုင်​တဲ့ ​ကိ​စ္စ​လည်း​ဖြစ်​တယ်။ ​အား​လုံး​ပါဝင်​ဆွေး​နွေး​ရ​မယ့် ​ကိ​စ္စ​ဖြစ်​တယ်​လို့ ​မြင်​ပါ​တယ်။ ​သို့​သော် ​ပြည်​ထောင်​စု​လွှတ်​တော်​က ​ဖွဲ့​စည်း​ပေး​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​လေ့​လာ​သုံး​သပ်​ရေး ​ကော်​မ​တီ​က ​လုပ်​ငန်း​တွေ ​စ​တင်​နေ​ပြီး ​ဒီ​ဇင်​ဘာ​လ​မှာ ​အ​စီ​ရင်​ခံ​စာ​ကို ​တင်​သွင်း​မယ်​လို့ ​သတ်​မှတ်​ထား​ပြီး​ဖြစ်​ပါ​တယ်။ ​ဒီ​အ​စီ​ရင်​ခံ​စာ ​မ​ပေါ်​ခင် ​တ​ခြား​နည်း​လမ်း​တွေ​နဲ့ ​တွေ့​ဆုံ​မှု​တွေ ​လုပ်​လိုက်​မယ်​ဆို​ရင် ​ကော်​မ​တီ​ရဲ့ ​လုပ်​ငန်း​တွေ​နဲ့ ​ကွဲ​လွဲ​သွား​နိုင်​တယ်။ ​ကော်​မ​တီ​ရဲ့ ​တွေ့​ရှိ​ချက်​တွေ​နဲ့ ​ကွဲ​လွဲ​သွား​နိုင်​တယ်။ ​ပြည်​ထောင်​စု​လွှတ်​တော်​ရဲ့ ​အ​ခန်း​က​ဏ္ဍ​ကို ​အ​လေး​မ​ထား​ရာ ​ဖြစ်​မှာ​စိုး​လို့ ​သ​မ္မ​တ​ကြီး​နဲ့ ​တပ်​မ​တော်​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​က ​ဒီ​လို​မျိုး ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​နဲ့​သာ​မ​က ​တ​ခြား​ပါ​တီ​တွေ​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​ကိ​စ္စ​တွေ​ကို ​အ​စီ​ရင်​ခံ​စာ ​ပေါ်​ထွက်​လာ​ပြီး​တဲ့​အ​ထိ ​စောင့်​ဆိုင်း​ပြီး​မှ ​စ​ဉ်း​စား​ဆောင်​ရွက်​သင့်​တယ်​လို့ ​မြင်​ပါ​တယ်။”

အ​ဖွဲ့​ချုပ်​က​တော့​  ​သ​မ္မ​တ​ဆီ​က  ​သူ​တို့​ဆီ ​တ​ရား​၀င် ​အ​ကြောင်း​ပြန်​စာ ​ပေး​ပို့​တာ ​မ​ရှိ​သေး​ကြောင်း​နဲ့ ​သ​မ္မ​တ​ပြော​ခွင့်​ရ​သူ​ရဲ့ ​တုံ့​ပြန်​ပြော​ကြား​ချက်​ဟာ ​လုံ​လောက်​တဲ့ ​အ​ကြောင်း​ပြ​ချက် ​မ​ဟုတ်​ဘူး​လို့ ​အန်​အယ်လ်​ဒီ​ပါ​တီ​ရဲ့ ​ပြော​ခွင့်​ရ​သူ ​ဦး​ဥာဏ်ဝင်း​က  ​မှတ်​ချက်​ပေး​ပါ​တယ်။

“​ကျ​နော်​တို့​က ​အဲ​ဒီ​လို ​တွေ့​ဆုံ​ဖို့​ကိ​စ္စ ​ဖြစ်​နိုင်​တယ်၊ ​ဖြစ်​သင့်​တယ်​လို့ ​ယူ​ဆ​ပြီး ​စာ​ပို့​တာ​ပါ။ ​အ​ခု​န​က ​အ​ဖြေ​က ​မ​လုံ​လောက်​သေး​ဘူး​လို့ ​ထင်​ပါ​တယ်။ ​ဒီ​ကော်​မ​တီ​ရှိ​တာ ​ကျ​နော်​တို့​လည်း ​သိ​ပါ​တယ်။ ​သို့​သော် ​လို​အပ်​ချက်​က ​နိုင်​ငံ​ရေး​လို​အပ်​ချက်၊ ​ဥ​ပ​ဒေ ​လို​အပ်​ချက်​မ​ဟုတ်​ဘူး​။ ​ဥ​ပ​ဒေ​လို​အပ်​ချက် ​ဘာ​လဲ​ဆို​တာ ​ကျ​နော်​တို့​လည်း ​သိ​ပါ​တယ်။ ​ဥ​ပ​ဒေ​လို​အပ်​ချက်​ပဲ ​ပြော​ရင်​တော့ ​မ​ပြည့်​စုံ​ဘူး​လို့ ​ယူ​ဆ​ပါ​တယ်။”

နိုဝင်​ဘာ ၂၃ ​ရက်​က ​ကျင်း​ပ​ခဲ့​တဲ့ ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင်​အ​ဖွဲ့ ​အ​စည်း​အဝေး​က​နေ ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်၊ ​သ​မ္မ​တ၊ ​လွှတ်​တော်​နဲ့ ​တပ်​မ​တော်​တို့ ​တွေ့​ဆုံ​ပြီး ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​ဆွေး​နွေး​ကြ​ဖို့​နဲ့ ​ဒီ​လို​ဆွေး​နွေး​လို​ကြောင်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​သ​မ္မ​တ​ထံ ​မေ​တ္တာ​ရပ်​ခံ​စာ ​ပေး​ပို့​ပါ​လို့ ​ဆုံ​ဖြတ်​ချက် ​ချ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

Byေ​ရွှ​အောင် (ဒီဗွီဘီ)

ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီ ခုနစ်ဦးကို မှော်ဘီမြို့တွင် ဖမ်းမိ


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ ရန်ကုန်မြို့တော်သို့ ခိုးဝင်လာသူ ဘင်္ဂါလီ ခုနစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်လမ်း တပ်ကြီးကုန်းကျေးရွာ လေတပ်ကွေ့ ကားမှတ်တိုင် အနီးတွင် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းမြို့နယ် အမှတ် (၄) လမ်းမကြီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပါဂျဲရိုးယာဉ်ကို တရားမဝင် ကျွန်းသစ်များ သယ်ဆောင်လာသည်ဟု သံသယရှိ၍ စစ်ဆေးရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာမှာ လေတပ်ကွေ့ ကားမှတ်တိုင်အနီးတွင် ဖမ်းမိခဲ့ပြီး ကျွန်းသစ်များ တင်လာသည်ကို မတွေ့ရှိသော်လည်း အဆိုပါယာဉ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ပြီး ယာဉ်အတွင်း လိုက်ပါလာသူများကို စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး ခုနစ်ဦးနှင့် ယာဉ်မောင်းကို ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယာဉ်ပေါ် လိုက်ပါလာသူများတွင် White Card ကိုင်ဆောင်ထားသူ နှစ်ဦး အပါအဝင် ဘင်္ဂါလီ ခုနစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ပိုက်သည်ရပ်ကွက် ကန်ပေါက်ကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မှော်ဘီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် White Card ကိုင်ဆောင်ထားသူများမှာ ဒေသန္တရ စည်းမျဉ်းအရ ရခိုင်ပြည်နယ် အတွင်းသာ သွားလာခွင့် ရှိသော်လည်း ရပ်ဝေးဒေသသို့ ခရီးသွားလိုပါက နေထိုင်သူ၏ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနထံမှ ပုံစံ ၄ ထုတ်ယူပြီးမှသာ သွားလာနိုင်ကြောင်း မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ အရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းတို့ ခုနစ်ဦးကို ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက် ကန်ပေါက်ကျေးရွာ ဈေးတံတားအနီးတွင် နေထိုင်သူ ဘင်္ဂါလီလူမျိုး အသက် ၄၃ နှစ်အရွယ် ကိုကျော်မောင် (ခ) ရှိုဘီက ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့အရောက် တစ်ဦးလျှင် ကျပ်ငါးသိန်း ရယူခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်က မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် ပဒါန်းကြား မိုင်တိုင်အမှတ် (၁၇) မှ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ ကားဂိတ်သို့ ယာဉ်မောင်း အောင်မိုးထိုက်ကို ပို့ဆောင်ခ ငွေကျပ် ၃၂ သိန်းဖြင့် စရန်ငွေ ရှစ်သိန်း ပေးချေကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်ကို မောင်းနှင်ကာ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာသူ ရေနံချောင်းမြို့နယ် တွင်းကုန်း ရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်မိုးထိုက်မှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းက ပြစ်မှုပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ထားခံရသူ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ဖြစ်ကြောင်း၊ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံသို့ တင်ပြထားကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

ရမ်းဗြဲ ဒေသခံတို့ ယူအန် ဆုံးဖြတ်ချက် ကန့်ကွက် ဆန္ဒပြ



(နိရဉ္စရာ- ၂၈ နိုဝင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ပြည်သူများက (၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ၏ အစည်းအဝေးမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက် အပေါ် ကျေနပ်မူ မရှိသဖြင့် ယနေ့ နံနက်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှ ဆန္ဒပြပွဲကို စတင်ခဲ့ပြီး လူပေါင်း ၉၀၀ ခန့် ပူးပေါင်း ပါဝင်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး မြို့ထဲ လမ်းတလျှောက် ချီတက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်ဟု ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်က ပြောသည်။

ဆန္ဒပြကန့်ကွက်ပွဲကို ပြုလုပ်ရခြင်းမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ် လက်ခံနိုင်ဖွယ် မရှိ၍ ဖြစ်ကြောင်း သူက ဆိုသည်။

“ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးတစ်မျိုးကို ကုလသမဂ္ဂ လူ့အခွင့်အရေး တတိယ ကော်မီတီကနေ ရိုဟင်ဂျာ အနေနဲ့ နိုင်ငံသား အဖြစ် သတ်မှတ်ပေးရမယ်ဆိုတဲ့ အပေါ်မှာ လက်မခံနိုင်တဲ့ အတွက် ခုလို ဆန္ဒပြပွဲ ပြုလုပ်ပြီး ကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒပြသူများသည် ရမ်းဗြဲမြို့ ဘော်လုံးကွင်းတွင် စုရုံးကြပြီး ယင်းမှ တဆင့် မြို့ကို တစ်ပတ် ပတ်ကာ ယူအန် ဆုံးဖြတ်ချက် အလိုမရှိ၊ ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေကို အတိအကျ အကောင်အထည်ဖေါ်ပါ၊ မြန်မာနိုင်ငံ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ပါနှင့် ဆိုသည့် ကြွေးကြော်သံများကို  ပြိုင်တူ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

(၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၏ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့၌ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊ အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းများကို တင်သွင်းပြီး အရေးယူ ဆုံးဖြတ် အချို့ ချမှတ်ခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်ပြီး ပြုလုပ်သော ဆုံးဖြတ်ချက်တွင် ရခိုင်ပြည်နယ်တွင် နေထိုင်သော မွတ်ဆလင် လူနည်းစုများအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ပေးရန်နှင့် လွတ်လပ်စွာသွားလာခွင့်နှင့် သူတို့ အပေါ် ပြုလုပ်ထားသော ကန့်သတ်မူများကို ရုတ်သိမ်းပေးရန် ဆုံးဖြတ်ချက်ချ တောင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က ဆုံးဖြတ်ချက်တွင် ပါရှိသည့် ရိုဟင်ဂျာလူနည်းစုဟူသည့် စကားအသုံးအနှုန်း ကို ယခင် ကာလများအတိုင်း ဆန့်ကျင်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁ဝဝ ကျော်အနက် ထိုကဲ့သို့သော လူမျိုးစုတစ်စု မည်သည့်အခါကမှ မရှိခဲ့ပါ ကြောင်း ပြန်လည် ကန့်ကွက်  ပြောဆိုခဲ့သည်ဟု သိရသည်။

narinjara burmesenews

မြန်မာ့ငါးလုပ်ငန်းစာရင်း ယုံကြည်စိတ်ချမှုမရှိဟု နော်ဝေ သုတေသနယာဉ် သတင်းထုတ်ပြန်


ရန်ကုန်၊ နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်းများသည် စိတ်ချ ယုံကြည်ရသော အခြေအနေ မရှိကြောင်း မြန်မာ့ ငါးသယံဇာတကို သုတေသန ပြုလုပ်ရန် ရောက်ရှိနေသည့် နော်ဝေ ငါးသုတေသန ယာဉ် R/V Dr Fridtjof Nansen ၏ ကနဦး ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် ကျန်ရှိသည့် ငါး၊ ပုစွန် သယံဇာတ ပမာဏနှင့် ငါး၊ ပုစွန် သယံဇာတ မပြုန်းတီးရေးအတွက် တင်းကျပ်သော စီမံခန့်ခွဲမှုများ ပြုလုပ်ရန် လိုအပ်လျက် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်က ထောက်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ဘင်္ဂလား ပင်လယ်အော်အတွင်း တစ်နှစ်လျှင် ငါးဖမ်းဆီးမှုသည် တန်ချိန် ၁ ဒသမ ၃ သန်းမှ ၁ ဒသမ ၈ သန်းအထိ ရှိမည်ဟု ဖော်ပြထားပြီး ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဘင်္ဂလား ပင်လယ်အော်အတွင်း ငါးဖမ်းဆီးမှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်။

ပင်လယ်ပြင် သယံဇာတ စီမံခန့်ခွဲမှု တစ်ခုအဖြစ် လာမည့်ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံခြား ငါးဖမ်းသင်္ဘောများကို မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းခွင့် ရပ်ဆိုင်းလိုက်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ် အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

မြန်မာ့ငါးလုပ်ငန်းတွင် သုတေသန အားနည်းခြင်း၊ စာရင်းအင်း အတိအကျ မရှိခြင်းနှင့် အစိုးရ၏ မူဝါဒများ အားနည်းခြင်းတို့သည် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဟန့်အတား ဖြစ်စေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အစည်းအဝေးများတွင် လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ငါးလုပ်ငန်း စာရင်းအင်းများနှင့် ပတ်သက်၍ ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်တွင် ငါးမွေးမြူရေးကန်များ အထွက်နှုန်း လျော့ကျမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အချက်အလက်များကို ဝန်ကြီးဌာနထံသို့ တင်ပြရာတွင် အမှန်အတိုင်း တင်ပြ၍ မရသောကြောင့် စာရင်းပိုပြခြင်းများ ပြုလုပ်ခဲ့ရကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အကြီးတန်း အရာရှိအဖြစ် အမှုထမ်းခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသူ တစ်ဦးက ထောက်ပြသည်။

The Voice Weekly

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်


၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။

´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊ နိုင်ငံရေးလုပ်ရမယ့် အခြေအနေမျိုး အချိန်အခါမျိုး ကျွန်တော်တို့အရွယ် မဟုတ်တော့ပါဘူး၊နောက်လူငယ်တွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့ လူငယ်တွေ၊ ပညာတတ် လူငယ်တွေ သူတို့ကနေ တိုင်းပြည်ကို ဆက်လက်ပြီးဦးဆောင်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်၊ ကျွန်တော် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတာ ဒီနေရာကနေပြီး အာလုံးကို ကတိပေးပါတယ်´ ဟု ပြောကြားခဲ့သည်။

ထိုသို့ အသိပေးပြောကြားခြင်းအပေါ် ၀ါရင့်အယ်ဒီတာတစ်ဦးက `နိုင်ငံရေး မလုပတော့ဘူးပြောရအောင် သူက ဘယ်တုန်းကများ နိုင်ငံရေးလုပ်ခဲ့လို့လဲ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့ အလုပ်ပဲ လုပ်ခဲ့တာ´ ဟု ဝေဖန်ခဲ့သည်။

(ဓါတ်ပုံ)မျိုးမင်းစိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သန်လျင်မြို့နယ်၊ (၆)လမ်းသွားလမ်းဆုံတွင် ခရီးသည်တင်ယာဉ်နှင့် သစ်လုံတင်ယာဉ်တို့ တိုက်မိရာမှ တစ်ဦးသေ၊ (၂၈)ဦးဒဏ်ရာရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၂၈

၂၇.၁၁.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွ ကားလမ်းအတိုင်း သုံးခွဘက်မှသန်လျင်ဘက်သို့ ယာဉ်မောင်း နေလင်း (ဘ)ဦးကြွက်၊ (၂)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၁စ/---- ဟွန်ဒိုင်းအမျိုးအစား သုံးခွ မှန်လုံခရီးသည်တင်ယာဉ်သည် သန်လျင်မြို့နယ်၊ (၆)လမ်းသွားလမ်းဆုံအရောက်တွင် ဒဂုံသီလ၀ါ လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း သူရအောင်(ဘ)ဦးထွန်းရီ၊ စစ်ပင်ကွင်းရပ်ကွက်၊ မုံရွာမြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/---- ဆမ်ဆောင်းအမျိုးအစား သစ်လုံးတင်ယာဉ်နှင့် တိုက်မိခဲ့ကြရာ သစ်လုံးတင်ယာဉ်မှာတိမ်းမှောက်သွားပြီး သုံးခွမှန်လုံခရီးသည်တင်ယာဉ်မှာ လမ်း၏၀ဲဘက်မြေနိမ့်ပိုင်းသို့ထိုးကျသွားခဲ့ သဖြင့် ယာဉ်မောင်း နေလင်းမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ယာဉ်မောင်း သူရအောင်တွင် ၀ဲဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးနာကျင်ဒဏ်ရာများရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သုံးခွမှန်လုံခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည် ဦးစန်းဦး ပါ ကျား (၆)ဦးနှင့် မ(၄)ဦးတို့တွင် ဖူးယောင်ပေါက်ပြဲ ဒဏ်ရာများ အသီးသီးရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မပုလဲရတနာမြင့် ပါ(၁၇)ဦး တွင်လည်း ဖူးယောင်ပွန်းပဲ ဒဏ်ရာများရရှိသဖြင့် သန်လျင်ဆေးရုံတွင် ပြင်ပလူနာများ(မစိုးရိမ်ရ) အဖြစ်ဆေးဝါးကုသခံနေရ သောကြောင့် ယာဉ်မောင်း နေလင်းနှင့် သူရအောင်တို့အား သန်လျင်မြို့မရဲစခန်းယာဉ် (ပ)၁၅၆/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အကယ်ဒမီဆု အတွက် ဆန်ကာတင် ရုပ်ရှင်ကားကြီး ၇ ကား ရွေးချယ် လိုက်ပြီဖြစ်

 အခု လာမယ့် အကယ်ဒမီ ဆုပေးပွဲမှာ အကယ်ဒမီဆု အတွက် ဆန်ကာတင် ရုပ်ရှင် ကားကြီး ၇ ကားကို ရွေးချယ် လိုက်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးမှ တာဝန်ရှိသူရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒီနှစ်မှာ ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲ ကိုတော့ သုဝဏ္ဏ အားကစားကွင်း ရုံ ၁ မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အကယ်ဒမီ ပေးပွဲကို ယခင်က နေပြည်တော်မှာ ၃ နှစ်တာ ကာလအထိ ကျင်းပခဲ့ပြီး ရန်ကုန်မှာ ပြန်လည် ကျင်းပမှုဟာ အခုအခါ မှာတော့ ၂ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခု ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲ အတွက် ဆန်ကာတင်ရုပ်ရှင် ဇာတ်ကား တွေကတော့ “လက်ပံ”၊ “မော်ကင်းဥဒါန်း”၊ “ဥ”၊ “ကယန်းအလှ”၊ “တိမ်မင်းသမီးဒဏ္ဍာရီ”၊ “အမုန်းမီးတောက်”နဲ့ “အမွေခံထိုက်စေ”ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလက်ရှိ မြန်မာရုပ်ရှင် လောကမှာ  ရုပ်ရှင် လုပ်ငန်းနဲ့ ပတ်သက်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်တွေရဲ့ ဈေးကွက်ဟာ ပျက်စီးမှုတွေ ရှိနေပြီး နောက်ပိုင်းမှာလည်း ထပ်ပြီး ယခုလို မဖြစ်ပေါ် စေဖို့နဲ့ ရုပ်ရှင် ဇာတ်ကားများကို ဖလင်နဲ့ ရိုက်ကူးမှုမှ ဒစ်ဂျစ်တယ် စနစ်နဲ့ ပြောင်းလဲ ဆောင်ရွက်နိုင် ဖို့အတွက် လုပ်ဆောင်မှုတွေကို ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

MRTV-4

ကျပ်သိန်းငါးထောင်နီးပါး ကုန်ကျမည့် အခမဲ့ဆေးခန်း သုံးဆယ်ကျော် ဖွင့်လှစ်မည်


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ငွေကြေး ချို့တဲ့သူများအတွက် ကျန်းမာရေးဖူလုံမှု ရရှိစေရန် မြန်မာနိုင်ငံ အနှံ့တွင် ဆေးခန်း ၃၃ ခန်းလာမည့် နှစ်ဆန်းပိုင်းက စတင်ပြီး ကျပ်သိန်းငါးထောင် နီးပါး အကုန်အကျခံကာ အခမဲ့ဆေးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းစိန်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က မြန်မာ့ဂရုဏာ ဖောင်ဒေးရှင်း အမည်ဖြင့် အခမဲ့ဆေးခန်း ၃၃ ခန်း ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ခေတ္တပိတ်သိမ်းခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆေးခန်းတစ်ခန်းကို တစ်နှစ်လျှင် ကျပ် ၁၅၀ သိန်း ကုန်ကျမည် ဖြစ်ပြီး၊ ကနဦး ရန်ကုန်နှင့် မန္တလေးမြို့တော် များတွင် ဆေးခန်းလေးခန်း ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း၊ ယင်းဆေးခန်းများ သည် ၁၉၉၀ ခုနှစ်ခန့်က မြန်မာ့ကရုဏာ ဖောင်ဒေးရှင်း အမည်နှင့် ဖွင့်လှစ်ထားသော ဆေးခန်းများ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ရန်ကုန်တွင် လှိုင်သာယာမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်၊ မန္တလေးတွင် ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်တို့တွင် ၂၀၁၄ ဇန်နဝါရီလတွင် ဆေးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ငွေကြေး နွမ်းပါးသူများအတွက် ဖွင့်လှစ်ထားသော အခမဲ့ဆေးခန်း တစ်ခန်းစီတွင် အထွေထွေရောဂါကု ဆရာဝန်နှင့် သူနာပြု အပါအဝင် ခြောက်ဦးခန့်စီ ထားမည်ဖြစ်ပြီး၊ ၎င်းတို့လစာနှင့် လစဉ် ဆေးကုန်ကျစရိတ် အားလုံး ကျပ် ၁၂ သိန်းနီးပါး ကုန်ကျနိုင်ကြောင်း ဒေါက်တာသိန်းစိန်၏ ပြောကြားချက်များအရ သိရသည်။
“နိုင်ငံတော်က ဆေးခန်းမြေနေရာ ပေးတယ်။ ဖောင်ဒေးရှင်းကတော့ လစဉ် ကုန်ကျစရိတ်ကို ရန်ပုံငွေ ရှာရမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ဆေးခန်းနှစ်ခုအတွက် အလှူငွေ ကျပ်သိန်း သုံးရာ့သုံးဆယ်ကျော်နှင့် မန္တလေးမြို့ ဆေးခန်းများအတွက် ကျပ်သိန်းတစ်ရာကျော် ရရှိထားပြီး ဆက်လက်၍ ရန်ပုံငွေ လှူဒါန်းသူများ လိုအပ်သေးကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းက သိရသည်။
“လူတွေ ပြဿနာက ဆေးဝယ်ခိုင်း ရင်တောင် ဆေးမဝယ် သောက်နိုင်တာ၊ ဆေးစစ်ခိုင်းတာမျိုး ဆိုရင် ပိုဆိုးတဲ့အတွက် အခမဲ့ ဆေးခန်းတွေ ဖွင့်ပေးမယ် ဆိုရင် နွမ်းပါးပြီး အမှန်တကယ် လိုအပ်တဲ့လူတွေ ကို ရစေချင်တယ်။ မနွမ်းပါးဘဲ အခွင့်အရေး ယူသူတွေလဲ ရှိနေတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်ရှိ လူနာများကို အခမဲ့ ဆေးကုသ ပေးနေသော ရောင်ခြည်သစ် ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးက ဆိုသည်။

အခြေခံ လူတန်းစားများအတွက် အဓိက အခက်အခဲသည် ငွေကြေး ဖြစ်သည့်အတွက် ပုဂ္ဂလိက အထွေထွေ ဆေးခန်းများ၊ အထူးကု ဆေးရုံများနှင့် အစိုးရ ဆေးရုံများကို သွားရောက်ရန် အဆင်မပြေကြောင်း၊ အစိုးရ ဆေးရုံများတွင် အခမဲ့ ဆေးကုသပေးခြင်းများ ရှိသော်လည်း အခြေခံ လိုအပ်ချက်ကို မပြည့်မီသေးကြောင်း၊ အခမဲ့ ဆေးခန်းများ ဖွင့်ခြင်းအားဖြင့် အစိုးရ၏ ဝန်ကိုလည်း ပေါ့စေကြောင်း ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

The Voice Weekly

နည်းပညာအညံ့စား နှင့် တင်ပြလျှင် ပရိသတ်ကိုစော် ကားရာရောက်ကြောင်း ဒါရိုက်တာ ဦးကြည်စိုးထွန်း ပြောကြား


ဒါရိုက်တာ ဦးကြည်စိုး ထွန်းက ဆဋ္ဌဂံရုပ်ရှင် ဇာတ်ကားကို Post Production အနေဖြင့် ထိုင်းနိုင်ငံတွင် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခဲ့ သည်။ မြန်မာ့ရုပ်ရှင် လုပ်ငန်း တွင် Pre Production, Production, Post Production ရှိ သင့်ကြောင်း၊ ရှိပါမှမြန်မာ့ရုပ်ရှင်နည်းပညာအဆင့်အတန်းရှိလာမှာ ဖြစ်ကြောင်းကို ဒါရိုက်တာ ဦးကြည် စိုးထွန်းက

” နည်းပညာတွေ ဘယ်လောက်ပြောင်းပြောင်း လူတွေရဲ့ခံစားချက်က ရသကိုးပါးပေါ့။ ဒီရသကိုးပါးအ ပေါ်မှာစိတ်ကူးဥာဏ်တွေ ကွန့်မြူးပြီဆိုရင်တော့ နည်းပညာက မိုင်နာပဲ။ စိတ်ကူးက မေဂျာပဲ။ နည်းပညာနောက် သိပ်လိုက်လွန်းအားကြီးရင် လည်း လူညွန့်တုံးတယ်။အဲဒါ ဆရာ့ အမြင်ပါ။နည်းပညာ နောက် တော့လိုက်ရမယ်။ ဒါပေမဲ့ နည်းပညာ နောက် လိုက်ရင်း လိုက်ရင်းလူစိတ် ပျောက်ပြီးတော့လူ ညွန့်တုံး သွားတတ်တယ်။အဲဒါလေး ကိုသတိထားကြစေချင်တယ်။

လိုက်ရင်း လိုက်ရင်းလူတွေက စက်ရုပ် ဆန်သွားတတ်တယ်။ ရသကိုးပါးကိုကျော်လို့မရ ဘူး။ အဲဒါ သတိထားရ မယ်။အခုဆိုရင်ဖြစ်ကတတ်ဆန်း ရိုက်ကြတယ်။ထုတ်လုပ်သူ တွေမှာ အနုပညာဓာတ်ခံ လည်းရှိဖို့လိုတယ်။အရင်လို လမ်းတိုလိုက်တာတွေ၊ ဖြတ် လမ်းလိုက်တာတွေတွေ့ နေရ တယ်။အရင်တုန်းက ရုပ်ရှင် ဆိုတာရှင်းတယ်။ ဖလင်နဲ့ ရိုက်ရင်ရုပ်ရှင်ပဲ။အခုက ဖလင်ခေတ်ကကုန်တော့ မယ်။ဒစ်ဂျစ်တယ်စီနီမာ ဆိုတာဘာကိုပြောတာလဲ။ ဒစ်ဂျစ်တယ် စီနီမာဆိုတာ ပရိသတ်အတွက် အရည်အ သွေးရနိုင်တဲ့ ရုပ်ရှင်ပေါ့။

အဲဒီလိုဖြစ်အောင် ဘာတွေ လုပ်ရမလဲဆိုတဲ့ အချက်အ လက်တွေ လိုအပ်နေတယ်။အဲဒါကိုဒီနေ့အထိ မထုတ် ဖော်နိုင်သေးဘူး။ဖြစ်က တတ်ဆန်းလုပ်ထားတဲ့ ဟာတွေ ကလည်း ကျွန်တော် ရုပ်ရှင်ရိုက်မယ်ဆိုပြီးတော့ ရိုက်လိုက်တယ်။ ကင်မရာကောင်းရင် ပြီးရောဆိုပြီး တော့ 2K လောက်နဲ့ ရိုက်တယ်။ ရုပ်တော့ကောင်းပြီး အသံ မကောင်းရင် ဘာလုပ်မှာလဲ။ ခုနကလို တကယ် တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေက ဦးမဆောင်ရင် ဘာလုပ်မှာလဲ။ အဲဒီအညံ့တွေများလာ ရင် မြန်မာ့ရုပ်ရှင်အဆင့်အ တန်းထပ်ကျမယ်။မြန်မာ ပရိသတ်ကိုလည်းစော်ကားရာ ကျမယ်။

ဒီနေ့အချိန်အခါ မှာနည်းပညာတွေတိုးတက် လာတယ်။ ဟုတ်တယ်။ အဲဒီ နည်းပညာကို မြန်မာ့ရုပ်ရှင် လုပ်ငန်း ထဲဘယ် လောက်ထိဘယ်လို ထည့်မလဲဆိုတာကို ထည့်စဉ်းစားဖို့လိုတယ်။ အကုန်လုံးထည့် လို့ တော့မရနိုင်ဘူးပေါ့။နိုင်ငံခြားမှာက ဒေါ်လာ သန်းနဲ့ချီအကုန်အ ကျခံပြီးရိုက် တာ။မြန်မာနိုင်ငံမှာက ကားတစ်ကားရိုက် ရင် ဒေါ်လာတစ်သိန်းတောင်မကုန်ဘူး။ဒီတော့ယှဉ်လို့မရဘူး။ဒါပေမဲ့လည်း အရုပ်ကောင်းအောင်၊ အသံေ ကာင်း အောင် သူ့ရဲ့လိုအပ်ချက် က လေးတွေကိုတော့သတ်မှတ် ပေးသင့်တယ်။ ရုပ်ရှင်လုပ် ငန်းကရော၊ ရုပ်ရှင်အစည်း အရုံးကရောပေါ့။ အခုထိ မသတ် မှတ်နိုင်သေး ဘူး။

နံပါတ်တစ်-ထိုက်ထိုက်တန် တန် ကင်မရာလေးနဲ့ ရိုက်ပြီး နံပါတ်နှစ်-အသံကောင်းကောင်း ရဖို့လိုပါတယ်။အသံဖမ်းတဲ့ အခါမှာ လိုသလို အဲဒီအသံကို ဘယ်လိုဖမ်းရ မလဲဆို တာရှိ သေးတယ်။အဲဒီလိုအသံ ဖမ်း တဲ့အခါမှာလည်းပတ်ဝန်း ကျင်အသံ တွေလိုအပ်တယ်။ ဥပမာ-တစ်ယောက်နဲ့ တစ်ယောက်စကားပြောဆိုတဲ့ အခါကြား ကနေပတ်ဝန်းကျင် အသံ၊လေတိုးသံ၊တီဗီသံ စသဖြင့်ပေါ့။ အဲဒါတွေ ပါရမယ်။နောက်တစ်ခါ လူလုပ်တဲ့အသံ တွေပါရမယ်။ လူသံ၊ဖိနပ်သံက အစပေါ့။ မြူးဇစ်ကို ဘယ်နေ ရာမှာ ထည့်သင့်တယ်၊ ဘယ်နေရာ မှာမထည့်သင့်ဘူးစသဖြင့် ပေါ့။ အဲဒီမှာတကယ်နားလည်တတ်ကျွမ်းတဲ့ ဂီတမှူးကို သုံးမှအဓိပ္ပာယ်ရှိမယ်။ Editing ဆိုရင်လည်း ခလုတ်နှိပ်တတ်ပြီး ဟိုလျှောက်နှိပ်၊ ဒီလျှောက်နှိပ်လုပ်လို့မရဘူး။ ခံစားပြီးစစ်တတ်တဲ့ Editing ဆရာလိုအပ်တယ်။နည်းပညာပိုင်းဆိုင်ရာပညာရှင် တွေရော၊ အတတ် ပညာရှင် တွေရောအများကြီး လိုအပ်လာတယ်။

အခုနည်းပညာတွေ အများကြီးသုံးထားတဲ့ နိုင်ငံခြား၃ီ ရုပ်ရှင်ကားတွေ ခေတ်စားလာတယ်။ မြန်မာ နိုင်ငံအဖို့ 3D ကို ခဏမေ့ထားလိုက်ဦး။ 3D ရုပ်ရှင်ကားအတွက် 3D ကင်မရာဆိုတာ သီးသန့် ရှိသေးတယ်။ 3D ကို ဆရာမယုံဘူး။ ကြည့်မယ်ဆိုရင် မျက်မှန်တပ်ပြီး ကြည့်ရ တယ်။ လူရဲ့ကိုယ်မှာကိုက လွတ်လပ်ချင်တဲ့စိတ်က အမြဲရှိတယ်။ မျက်မှန်တပ်ထားရင် ခေါင်းတွေ၊နားထင်တွေ ကိုက်လာတယ်။ ဒါကလည်း ကိုယ့် အကြိုက်နဲ့ကိုယ်ပေါ့။ ရုပ်ရှင် အဆင့် မှာ Pre Production, Production, Post Production ဆိုတာရှိတယ်။ အဲဒါ တွေကလည်းအရေးကြီးတယ်။ ကားတစ်ကားပြီးသွား ပြီဆိုရင် အသံကအစ ထည့်ဖို့ မစဉ်းစားဘူး Post Production တော်တော် အရေးကြီးပါ တယ်။ အသံတွေတိုးတဲ့အချိန်တိုး၊ ကျယ်တဲ့အချိန်ကျယ်၊ အဲဒါတွေ ဘယ်နေရာထည့်သုံးရမလဲ ဆိုတာ စဉ်း စားပေးတတ်ရမယ်” ဟု ရှင်းပြခဲ့ပါသည်။

M ဘွယ်
Popular Journal

ဘင်္ဂါလီအရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် ရမ်းဗြဲတွင် ယနေ့ ကန့်ကွက် ဆန္ဒပြမည်


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးရေး မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းသည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေနှင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၌ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်း၏ တရားဝင် ခွင့်ပြုချက်ဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဒေသခံ တစ်ထောင်ကျော်က ဆန္ဒပြမည် ဖြစ်ကြောင်း ယင်းဆန္ဒပြမှုကို ဦးဆောင်သူ ဦးထွန်းကြည်က ပြောကြားသည်။

ကုလသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို တိတိကျကျ လိုက်နာရန်၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် မည်သည့် အခါကမှမရှိ စသည့် အချက်များကို ကြွေးကြော်ကာ ဆန္ဒပြမည် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲကို ရမ်းဗြဲ မြို့လယ်ရှိ ဓမ္မာရုံမှ နံနက် ၉ နာရီတွင် စတင်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“UN လုပ်ပုံက ရခိုင်နဲ့ ဘင်္ဂါလီကို ရန်တိုက်ပေးသလို ဖြစ်နေတယ်။ အခုဆန္ဒပြတာက အစိုးရနဲ့ ပြည်သူ တစ်ထပ်တည်း ကျကြောင်း ပြတာပါ” ဟု ကုလသမဂ္ဂ၏ ဘင်္ဂါလီ အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်အပေါ် ဦးထွန်းကြည်က ယင်းသို့ ပြောဆိုသည်။

အလားတူ စစ်တွေမြို့တွင်လည်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေကြောင်း စစ်တွေမြို့ရှိ ရခိုင် လူမူကွန်ရက်ထံမှ သိရှိရသည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့တော် ပြည်သူ့ရင်ပြင်တွင်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကန့်ကွက် ရှုတ်ချပွဲနှင့် ဟောပြောပွဲများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ စီစဉ်သူများထံမှ သိရှိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံမဲ့ ရိုဟင်ဂျာ (ကုလသမဂ္ဂ၏ မူရင်းအသုံး) များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းရေး ပါဝင်သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ၏ (၆၈) ကြိမ်မြောက် အထွေထွေ ညီလာခံ တတိယအကြိမ် ကော်မတီ အစည်း အဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးမည်ဟု တုံ့ပြန် ကန့်ကွက်ခဲ့ပြီး ရိုဟင်ဂျာ လူနည်းစု အသုံးအနှုန်း အပါအဝင် အစီရင်ခံစာ စာပိုဒ်များကိုလည်း တရားဝင် ကန့်ကွက်ခဲ့သည်။

The Voice Weekly

ထားဝယ်တက္ကသိုလ်၏ ပထမနှစ်သင်တန်းများသို့ ၀င်ခွင့်ရသူများစာရင်း ယနေ့ ထုတ်ပြန်ကြေညာ


ထားဝယ်-နိဝင်ဘာ၂၈
၂၀၁၃ -၂၀၁၄ ပညာသင်နှစ် ၊ထားဝယ်တက္ကသိုလ်၏ ပထမနှစ်သင်တန်းများသို့ ၀င်ခွင့်ရသူများစာရင်းကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
ပထမနှစ်သင်တန်းများကို ဒီဇင်ဘာလ ၅ ရက်နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်ရာ
ယနေ့ မှစ၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal

ရန်ကုန်တက္ကသိုလ်တွင် အဆောင်နေ ပထမနှစ်ကျောင်းသား တစ်ထောင်ကျော် လက်ခံမည်


ရန်ကုန်၊ နိုဝင်ဘာ ၂၇

လာမည့် ပညာသင်နှစ်တွင် စတင်လက်ခံမည့် ရန်ကုန်တက္ကသိုလ် အဆောင်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ နေထိုင်သူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ဦးကို လက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၏ သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

အဆောင် လက်ခံထားသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ် ပရိဝုဏ်အတွင်း အဆောင် ခုနစ်ဆောင်တွင် ထားရှိမည် ဖြစ်ပြီး ဖွင့်လှစ်မည့် အဆောင်များမှာ အင်းဝ၊ ပင်းယ၊ ပဲခူး၊ သထုံ၊ ရွှေဘိုနှင့် ဒဂုံဆောင်တို့ ဖြစ်ကြောင်း သင်တန်းရေးရာ ဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အဆောင်နေ ကျောင်းသားများသည် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း ဒေါက်တာလှဆွေက ထပ်လောင်း ရှင်းပြသည်။

လက်ရှိ ရန်ကုန်တက္ကသိုလ် ပထမနှစ် သင်တန်းတွင် ဝင်ခွင့်ရရှိသူ ၁၇၆ ဦးရှိပြီး ထိုထဲက ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးကျော်မှာ အဆောင်လျှောက်ထားခွင့် ရှိကြောင်း၊ ထပ်မံတိုးခေါ်မည့် ကျောင်းသား များထဲက ရန်ကုန်မြို့တော် ဧရိယာပြင်ပ ကျောင်းသား များလည်း လျှောက်ထားနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အဆောင်နေ ကျောင်းသား တစ်ဦးလျှင် လစဉ်အဆောင်ခ ကျပ်တစ်သောင်းခွဲနှင့် စားသောက်စရိတ် ကျပ်ခြောက်သောင်း သတ်မှတ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနက အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်တိုင်းတွင် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို ယခုနှစ် ပညာသင်နှစ်တွင် စတင်လက်ခံရန် တရားဝင် အကြောင်း ကြားထားသည်။

The Voice Weekly

မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ရဲအရာရှိအား ဒေသခံ ရွာသား လူအယောက်(၃၀)ကျော်မှ ၀ိုင်းဝန်းပိတ်ဆို့၍ ရိုက်နှက်


သတင်း၊ ကိုတိုးကြီး

နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ် နောင်မူးကျေးရွာတွင် မူးယစ်ဆေးဝါး သတင်းများအရ မူးယစ်တပ်ဖွဲ့စု(၈) မုံရွာ လက်အောက်ခံ ကသာလှုပ်ရှားတပ်ဖွဲ့မှ ယခုလ ၂၅ ရက်နေ့ မနက် ၁၁ နာရီခွဲက ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီးခဲ့ ရာ ဒေသခံ ရွာသား လူအယောက်(၃၀)ကျော်မှ ဖမ်းဆီးရဲအရာရှိအား ၀ိုင်းဝန်းပိတ်ဆို့ ရိုက်နှက်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရ ရုံအဖွဲ့မှ ယနေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ နောင်မူးကျေးရွာနေ မမြိုင် အသက် (၂၆)နှစ်၊ ဖခင်အမည် ဦးရောင်ထူး၏ နေအိမ်သို့ ၀င်ရောက်ပြီး မူးယစ်ဆေးဝါး သတင်းများ အရ ဒုရဲအုပ် ကျော်စိုးနိုင် နှင့်အတူ ရဲတပ်ဖွဲ့ဝင် ငါးဦးတို့သည် အင်းတော်မြို့နယ်၊ အောင်မေတ္တာရပ် ကွက်နေ ဦးကျော်ဆန်းတင့်၊ ကောလင်းမြို့နယ်၊ အောင်သီရိရပ်ကွက်နေ ဦးဇော်မင်းထိုက်၊ နှင့် နောင်မူးကျေးရွာအုပ် ချုပ်ရေးမှူး ဦးသန်းဌေး ဆိုသူတို့အား ဖမ်းဆီးသက်သေအဖြစ်ခေါ်ဆောင် ပူးပေါင်း၍ ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ကြောင်း သိရ သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့သည် ထိုသို့ ရှာဖွေစစ်ဆေးနေချိန်တွင် အဆိုပါ နေအိမ်အတွင်းရှိ မသန်းသန်ညွှန့် ဆိုသူ အမျိုးသမီးတစ်ဦးမှ ၀တ်ဆင်ထားသည့် သျှားရောင်အင်္ကျီ၏ ယာဘက်အိတ်ကပ်အောက်ဘက် အတွင်းမှ ပနယ်ဆလင်ထိုး ဆေးပုလင်း(၁၀)လုံးဖြင့် ဘိန်းဖြူးမှုန့်များအား ထည့်သွင်းထားသည်ကို ရှာဖွေတွေ့ရှိခဲ့ရပြီး ဆက်လက်၍ စီစစ်ရာ အပြာ ရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးပြား (၃၀)ပြားအား ဆက်လက်၍ သိမ်းဆီးရ ရှိခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးမှ ပြောသည်။

ထိုအချိန်၌ အဆိုပါနေအိမ်သို့ တစ်ရွာတည်းနေ ကိုသိန်းဇော်လင်းဆိုသူ ၀င်ရောက်လာသဖြင့် ၎င်းဝတ်ဆင်လာသော အနွေး အင်္ကျီအား ဖမ်းဆီးရေးအဖွဲ့မှ သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးခဲ့ရာ ထိုသူထံမှ ဘိန်းစိမ်း(၃၀) ကျပ်သား ထပ်မံသိမ်းဆီး ရရှိခဲ့သည့်အတွက် ရဲလုပ်ငန်းစဉ်များအတိုင်း မူးယစ်ဆေးဝါးများအား ရှာဖွေပုံစံရေးသွင်းနေချိန်တွင် ဒေသခံ ရွာသား (၃၀) ဦး မှ ဒုတ်၊ ဓား၊ လောက်လေးခွများကိုင်ဆောင်ကာ ဖမ်းဆီးရေးအဖွဲ့အား ၀ိုင်းဝန်ပိတ်ဆို့၍ စတင်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးထားသော မူးယစ်ဆေးဝါးတရားခံများကို ထိုလူအုပ်ကြီးမှ လုယူထွက်ပြေးသွားခဲ့ကြောင်း နောင်မူးကျေးရွာနေ ဒေသခံပြည်သူတစ်ဦးမှ ပြောသည်။

ထိုသို့ ရွာသားများမှ ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ပြီး မူးယစ်တရားခံများကိုလုယူထွက်ပြေးခဲ့သည့်အတွက် ဒုရဲအုပ် ကျော်စိုးနိုင်၏ ဦးခေါင်း ယာဘက်တွင် (၁)လက္မခန့် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းထိပ်တည့်တည့်နေရာတွင် (၁)လက္မခွဲခန့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည့်အတွက် ပင်လယ်ဘူးမြို့ နယ်၊ မိကျောင်းကန် တိုက်နယ်ဆေးရုံတွင် အရေးပေါ်ဆေးကုသခဲ့ ရကြောင်း ၎င်း တိုက်နယ်ဆေးရုံရှိ အရေးပေါ် လူဌာနမှ အတည်ပြု ပြောကြားခဲ့သည်။

“ ပြည်သူကို ဗဟိုလ်ပြုတဲ့ ရဲလုပ်ငန်းတွေဖြစ်တာကြောင့် ရွာသားတွေရဲ့ တိုက်ခိုက်မှုကို လက်နက်သုံးပြီး ဖြေရှင်းတာမျိုး မပြုလုပ်ခဲ့ပါဘူး ..။ ဥပဒေအတိုင်းဘဲ ဖြေရှင်းဆောင်ရွက်ခဲ့တာပါ ..” ဟု အဆိုပါ ဖမ်းဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများသည် လူသားတို့၏ ဘ၀ကို အညွှန့်တုံးစေနိုင်သည့်အတွက် ကမ္ဘာ့လူသားတစ်ရပ်လုံးမှ ဘုံရန်သူအဖြစ် သတ်မှတ်၍ တိုက်ဖျက်လျက်ရှိကြောင်း သိရသည်။ ယနေ့ကမ္ဘာတွင် မူးယစ်ဆေးစွဲ လူငယ်တစ်ယောက် သေဆုံးသွားရခြင်း သည် ကမ္ဘာ့လူသားများအတွက် နှမျှောဘွယ်ရာ အကြောင်းမရှိသော်လည်း လူသားအားလုံး၏ ဘုံရန်သူဖြစ်သော မူးယစ် ဆေးဝါးများအား ဖော်ထုတ်ဖမ်းဆီးလျက်ရှိသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းသည် လူသားအားလုံးအတွက် အထူးဝမ်းနည်းကြေးကွဲဘွယ်ရာဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးများ ဆန့်ကျင်ရေးအဖွဲ့ ( MANA)အဖွဲ့ မုံရွာမှ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တုန့်ပြန်ပြောကြားခဲ့သည်။

ကိုတိုး ချင်းတွင်း (facebook)

BREAKING NEWS: (11/28/2013 - 12:24 PM)


ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်ကာချုပ်အပေါ် အဓိကမူတည်နေဟု ဆစ်ဒနီသို့ရောက်စဉ် ဒေါ်စုပြောဆိုပြီးနောက် အစိုးရက မတွေ့နိုင်ဟု ငြင်း

မြန်မာနိုင်ငံသို့ ပထမဆုံးအဖြစ် IMF အကြီးအကဲ Christine Lagarde ဒီဇင်ဘာ ၆ရက်နေ့တွင် လည်ပတ်မည်ဟု ကြေညာ

မြန်မာသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖွဲ့စည်းပုံအရေး တွေ့ဆုံရန်မလိုဟု ဦးရဲထွဋ် ပြောဆို

လွတ်လပ်ရေး အမြုတေ ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံးသက်ရှိထင်ရှား ကျန်ရှိသူ ဗိုလ်ရဲထွဋ် (၉၂နှစ်) ရန်ကုန်၌ ကွယ်လွန်ရှာ
Kamayut Media

သမုဒ္ဒရာထက် ရေပွက်ပမာ သမ္မတကြီးများ


  မဟာသမ္မတမင်းမှ သမ္မတဆို သည့်ဝေါဟာရသည် ဆင်းသက် လာခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင် တို့ နေ့စဉ်ဝတ်ပြုသော သြကာသ ဘုရားကန်တော့ချိုးပါ ဆုတောင်း တွင်” အပယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပ္ပတ္တိတရား ၄ ပါးစသည်တို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်း သည်ဖြစ်၍”ဟု အစချီသောဆုကို သိလျက်နှ င့်ဖြစ်စေ၊ ရိုးရာ ဓလေ့အရအဖြစ်တောင်းကြရာ ရန်သူမျိုးငါးပါး၌ မင်း(သမ္မတ) တစ်ပါးလည်း ပါဝင်လေ၏။ (လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အုပ်ချုပ်ရေး စနစ်တွင် သမ္မတများက ဂုဏ်ထူးဆောင် အဆင့်သာရှိ၍ အမှန်တကယ်ကြိုးကိုင်အုပ်ချုပ်သည့် ဝန်ကြီး ချုပ်များသည်လည်း ”မင်း”ပင် ဖြစ်၏။)
ယခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်း ပြည်ကို အဓိက အုပ်ချုပ်စီမံခန့်ခွဲမည့်သူမှာ သမ္မတဖြစ်လာ သည်ကိုတွေ့ရပြီး သမ္မတ ဖြစ်ချင်သူများကို လည်း   တွေ့မြင် လာရပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအရ တင်မြှောက်ခြင်း ခံရသော ၁၉၄၈-၁၉၆၂ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတကြီး ၃ ဦးနှင့်တကွ သမုဒ္ဒရာ ထက်ရေပွက်ပမာသမ္မတကြီး များကိုလည်း သတိသံဝေဂရယူဖွယ် တင်ပြလိုပါသည်။

 စဝ်ရွှေသိုက် (၁၈၉၆-၁၉၆၂)
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဖြစ်သည်။ တိုင်းပြည်၏ ဥသျှောင်နေရာကို ဗြိတိသျှအင်ပါယာ၏စတုတ္ထ မြောက် ဂျော့ဘုရင်ထံမှဆက်ခံယူခဲ့သူဖြစ်ကာ ၁၉၅၂ ခုနှစ် မတ် လ ၁၆ ရက်နေ့အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။(၁၉၂ဝ မှ ၁၉၂၃ အထိ ဗြိတိသျှစစ်တပ် အရှေ့မြောက်နယ် စပ်ဒေသတပ်ဖွဲ့တွင် တစ်ကြိမ်၊တစ်ဖန် ၁၉၃၉မှ ၁၉၄၂ အထိ လည်း
ထပ်မံ၍စစ်ရေးတာဝန်များ ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပြီး ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန် မာနိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရာတွင် ကော်မတီဝင်နှင့် ဥပဒေပြု အဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၏။) ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များ အရသမ္မတအား တိုင်းရင်းသားများ အနက်အလှည့်ကျ ရွေးချယ် တင်မြှောက်သည့် စနစ်ဖြစ်သောကြောင့် ရှမ်းတိုင်းရင်းသား ကိုယ်စားပြုရွေးချယ်တင်မြှောက်ရာတွင် စဝ်ရွှေသိုက်မှာ ပြည် ထောင်စုမြန် မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။

ဒေါက်တာဘဦး (၁၈၈၇-၁၉၆၃)
လယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံနှင့် ဗြိတိသျှ တော်လှန်ရေးသမားများကို ဗြိတိသျှအင်ပါယာ၏ သစ္စာကို ခံလျက် ပြစ်ဒဏ်ကြီးများ ချမှတ်ရာတွင် တာဝန်ရှိသူတစ်ဦး လည်းဖြစ်သည်။ (၁၉၁၂ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ကိန်းဘရစ် တက္ကသိုလ်မှရရှိခဲ့သူဖြစ်ကာ ၁၉၂၂ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ အစိုးရရှေ့နေအဖြစ် စတင်လုပ် ကိုင်ခဲ့ပြီးနောက် ထိုမှတစ်ဆင့်ပြီးတစ်ဆင့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့ကာ နောက်ဆုံး ၁၉၃ဝ ပြည့်နှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး အဖြစ် ခန့်အပ်ခံရ သည်။) ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှအစိုးရ ထံက ဆာဘွဲ့ချီးမြှင့်ခြင်းခံရကာ ပြည်ထောင်စုဖွဲ့ စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာတွင်လည်း အရေးပါသော ကဏ္ဍက ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက် နေ့တွင် သက်တမ်းကုန်ဆုံးသွားသော သမ္မတကြီးစဝ်ရွှေသိုက်၏နေရာကိုဆက်ခံရန် လွှတ်တော်နှစ်ရပ်က တင်မြှောက် ခဲ့သည်။

မန်းဝင်းမောင် (၁၉၁၆-၁၉၈၉)
ကရင်ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ မန်းဝင်းမောင်မှာ     ပုသိမ်မြို့ မွန်ကရင်အထက်တန်းကျောင်း၊ ဂျဒ်ဆင် ကောလိပ်တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၇ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် ဂျဒ်ဆင်ကောလိပ် မှ ဘီအေဘွဲ့ရရှိကာ အင်္ဂလိပ်တပ်တွင် ဝင်ရောက် အမှုထမ်းခဲ့သူလည်း ဖြစ်သည်။ ၁၉၄၂ ခုနှစ် အင်္ဂလိပ်တပ်များ ဆုတ်ခွာသည့် အခါ မြန်မာပြည်တွင်သာ ချန်နေရစ်ခဲ့ပြီး မြန်မာနိုင်ငံသို့ မဟာမိတ်တပ်များ ပြန်လည်ဝင် ရောက်သည့်အခါ လေထီးတပ်သို့ဝင်ကာ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်း ရာတွင် ပါဝင်ခဲ့သည်။
၁၉၅၇ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံရသည်။ (၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း က တိုင်းပြည်အာဏာကို သိမ်း သည့်အခါ ၁၉၆၇ ခုနှစ်အထိ ၅ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ၁၉၈၈ အရေးတော်ပုံတွင် ဝန်ကြီးချုပ်ဦးနု၏ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးပါတီတွင် ဥက္ကဋ္ဌနှင့် စင်ပြိုင် အစိုးရသမ္မတအဖြစ်လည်း ဆောင်ရွက် ခဲ့သေးသည်။)
ဗိုလ်ချုပ်နေဝင်းနှင့်  လမ်းစဉ်ပါတီ သမ္မတများ
၁၉၆၂ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းခဲ့ပြီး ဗိုလ်ချုပ် ကြီးနေဝင်းသည် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ်တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး ဗိုလ်ချုပ်ကြီးနေဝင်းဘဝမှ သမ္မတကြီး ဦးနေဝင်း ဖြစ်လာခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း လမ်းစဉ်ပါတီ ဗဟို ကော်မတီဝင် ဦးစန်းယုအား သမ္မတ တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သော်လည်း လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးအဖြစ် တိုင်းပြည်ကို ဦးနေဝင်းကသာ ဆက်လက် ဦးဆောင် ခဲ့သည်ကို တွေ့ရသည်။ ထို့နောက် တိုင်း ပြည်သည် စီးပွားရေးချွတ်ခြုံကျကာ မငြိမ်မသက်ဖြစ်လာပြီး သမ္မတကြီး ဦးစန်းယု နုတ်ထွက်သွားကာ လစ်လပ် သွားသောနေရာတွင် ဒု-ဗိုလ်ချုပ်ကြီး ဟောင်း ဦးအေးကိုက ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်အထိ သမ္မတတာဝန်ကို ၂ ရက်ယူခဲ့ပြီး ထပ်မံ ၍ ဗိုလ်မှူးချုပ်ဟောင်း ဦးစိန်လွင်က ၁၉၈၈ ခုနှစ် ဇူလိုင်၂၈ ရက်မှ သြဂုတ်လ ၁၂ ရက် နေ့ထိ ၁၈ ရက်တာမျှ သမ္မတ တာဝန်ကို ယူခဲ့သေးသည်။ ၄င်းရက်များ အတွင်း ဆန္ဒပြသူများကိုလုံခြုံရေးတပ် ဖွဲ့ဝင်များက ပစ်ခတ်နှိမ်နင်းမှုကြောင့် လူပေါင်းသုံးထောင်ထက်မနည်း သေဆုံး ခဲ့ပြီးနောက် ဒေါက်တာ မောင်မောင်က ၁၉၈၈ ခုနှစ် သြဂုတ် ၁၉ရက်မှ စက် တင်ဘာ ၁၈ ရက်နေ့အထိ အချိန်တစ်လ သမ္မတတာဝန်ကို ယူခဲ့လေ၏။
 သမ္မတဘဝသည်လည်း သမုဒ္ဒရာ ထက် ခဏတက်သည့် ရေပွက်ပမာဆို သော အနန္တသူရိယအမတ်ကြီး၏ မျက် ဖြေလင်္ကာအတိုင်း နှလုံးသွင်းနိုင်ပါမူ ပြည်သူလူထု အ တွက် ရန်သူမျိုးငါးငါးမှ လွတ်ကင်းရပါလိုသည့် ဆုတောင်း၌ တစ်ပါးတော့ ပြည့်ဝကောင်းပါ၏။
နဝတ၊ နအဖ အကြီးအကဲများ
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈  ရက်တွင် တပ်မတော်ကနိုင်ငံတော် အာ ဏာကို ပြန်လည်သိမ်းယူခဲ့ကာ ဗိုလ်ချုပ် မှူးကြီးများက တိုင်းပြည်ကို အုပ်ချုပ်ပြီး ၂ဝဝ၈ အခြေခံ ဥပဒေကို ရေးဆွဲခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအရ သမ္မတ
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ရက် နေ့တွင်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်ကို ပေါ်ပေါက်လာသော ၂ဝဝ၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်က သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခဲ့သည်။
(၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကာကွယ်ရေးဦးစီးချုပ်က ကာ ကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး ဝန်ကြီးစသည့် အဓိကဝန်ကြီးနေရာများ ကို ခန့်အပ်ခွင့်ရှိနေေ သာ အစိုးရ ဖွဲ့စည်း ပုံတွင် သမ္မတ၏ သြဇာအာဏာသည် အကန့်အသတ်ရှိသည်။)
အာကြီး (လမ်းမတော်)
Popular Myanmar News Journal

တယ်လီနောမြန်မာက အုပ်ချုပ်ရေးပိုင်းတွင် မြန်မာဝန်ထမ်း ၅၀ ရာခိုင်နှုန်း ခန့်အပ်ထားဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေသော တယ်လီနောမြန်မာက ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်းတွင် ဝန်ထမ်းများ၏ ထက်ဝက်ခန့်ကို မြန်မာလူမျိုးများ ခန့်အပ်ထားကြောင်း တယ်လီနောမြန်မာမှ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က The Voice သို့ ပြောကြားသည်။

“မြန်မာနိုင်ငံထဲမှာ လာပြီးနေတဲ့ နိုင်ငံခြားသားက တစ်ဝက်။ ပြီးရင် မြန်မာ နိုင်ငံသားတွေလည်း ပါတယ်။ အဲဒီမှာက နိုင်ငံခြားမှာနေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါသလို မြန်မာပြည်တွင်းက မြန်မာတွေလည်း ပါတယ်။ တစ်ဝက်စီလောက် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အုပ်ချုပ်ရေးပိုင်း (Management Level) အရာရှိ ၂၅ ယောက်ကို သြဂုတ်လမှ အောက်တိုဘာလအတွင်း ခန့်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျွမ်းကျင်အဆင့် (Expert Level) ဝန်ထမ်း ၁၆၀ ခန့် ရှာဖွေခန့်ထားမည် ဖြစ်ပြီး ယခုအခါ ဝန်ထမ်း ၉၀ နီးပါး ခန့်ထားပြီး ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

ယခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ အောက်ခြေအဆင့် (Entry Leve) ဝန်ထမ်း တစ်ထောင်ခန့် ထပ်မံ ခေါ်ယူမည်ဖြစ်ပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်း ကန့်သတ်ချက် အများအပြား မလိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
The Voice Weekly

အခြေခံဥပဒေပြင်ရေး ကြီးလေးကြီးတွေ့ရန် လွှတ်တော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပါတီက မေတ္တာရပ်ခံထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်သည့် အချိန်အထိ စောင့်ဆိုင်း သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ၎င်း၏ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းရာတွင် NLD ပါတီ နည်းတူ တရားဝင် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီ ၅၈ ခု၏ သဘောထား အကြံပြုချက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည့်အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေသည့် ပြည်ထောင်စု လွှတ်တော်၏ အခွင့်အာဏာကို လေးစားရန် လိုအပ်သဖြင့် အစီရင်ခံစာ ထွက်ပြီးချိန်မှသာ ညှိနှိုင်းမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင် သင့်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“လေ့လာသုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးမှ ဘယ်လိုပူးပေါင်း ဆွေးနွေး ညှိနှိုင်း သင့်သလဲဆိုတာ ဆက်လုပ်သင့်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် နိုင်ငံရေးပါတီအားလုံး တွေ့ဆုံရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မှတ်ချက်ပြုသည်။

“ပါတီတွေအားလုံးနဲ့ တွေ့နိုင်တဲ့ နည်းလမ်း စဉ်းစားရမှာပေါ့။ တွေ့လည်း တွေ့ရမှာပဲလေ။ လူချင်းတွေ့တာလည်း ရှိနိုင်တယ်၊ တင်ပြချက်တွေနဲ့ တွေ့တာလည်း ရှိနိုင်တယ်” ဟု ဦးဌေးဦးက ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပါတီအားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ညှိနှိုင်း လုပ်ဆောင်ပါက ပြင်ဆင်ရေး ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော် ရှိသည့်အပြင် အခြေခံ ဥပဒေမှာ ပြည်သူအားလုံးနှင့် သက်ဆိုင်သဖြင့် ယင်းသို့ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများနှင့် ပတ်သက်ပြီး NLD ပါတီသည် ၎င်းတို့ပါတီမှ ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်နေသည့် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီမှတစ်ဆင့် လုပ်ဆောင်ပါက ပိုပြီးနည်းလမ်း ကျကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောဆိုသည်။
“အဲဒီလေးယောက်ကနေ ဆွေးနွေးပြီးမှ သဘောတူတာကို လွှတ်တော်ကို ချပေးမယ်ဆိုရင် လွှတ်တော်က ရော်ဘာ တံဆိပ်တုံးနှိပ်တဲ့ လွှတ်တော် ဖြစ်သွားမှာပေါ့” ဟု ၎င်းကသုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံ လိုကြောင်း မေတ္တာရပ်ခံသည့် စာကို လက်ခံ ရရှိကြောင်း၊ ယင်းစာပါ နိုင်ငံသူ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းမည့် အစီအစဉ်မှာ ကောင်းမွန် သင့်မြတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ဖြည့်စွက် ပြောကြားသည်။

The Voice Weekly

အသည်းကို သန့်ရှင်းဖို့တွက် Detox Water


ကျွန်မတို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။

ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။

မြ၀တီ

မန္တလေးမြို့ ရေ၊ အမှိုက်၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအတွက် ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၂သန်း ကူညီ

(မန္တလေးမြို့ရှိ အမှိုက်စွန့်ပစ်ရာ နေရာတစ်ခုအား တွေ့ရစဉ်)

မန္တလေးမြို့၏ ရေပေးဝေရေးစနစ်၊ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း (ယူရိုငွေ ၉၆၉၀၀၀) ကူညီပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သတင်းရရှိသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် Sasege Engirenerring ကုမ္ပဏီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် အကူအညီပေးခြင်းဖြစ်ကာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို မြို့တော်စည်ပင် ၀န်ထမ်းများအား ကဏ္ဍအလိုက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ MRT (Mass Rapit Transport ) လူအများ သွားလာရေးစနစ်ကို ကောင်းမွန်အောင် ပြောင်းလဲချင်တယ်။ လက်ရှိမန္တလေးရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကို ပြောင်းလဲပြီး အဆင့်မြင့်တဲ့ ဘတ်စ်ကား ပြေးဆွဲစေတာမျိုး လုပ်ဖို့ဆန္ဒရှိကြတယ် " ဟု လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ဆိုသည်။

Green City အတွက် မန္တလေးမြို့ကို အာရှဖွံ့ဖြိုးရေးဘဏ်မှ အဆက်မပြတ် လာရောက်လေ့လာ ဆွေးနွေးလျှက်ရှိရာ အခြားနိုင်ငံအသီးသီးမှလည်း ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် မန္တလေးမြို့၏ ယင်းလုပ်ငန်း သုံးခုအတွက် အကူအညီပေးခြင်း ဖြစ်ကြောင်း မြို့တော်စည်ပင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားခဲ့သည်။

"လမ်းပန်း ဆက်သွယ်ရေးအပြင် မြို့ရဲ့ အမှိုက်သိမ်းစနစ်နဲ့ ရေပေးဝေရေးတွေအတွက်ပါ လိုအပ်တဲ့ နည်းပညာတွေကို မြို့တော်စည်ပင်က ကဏ္ဍအလိုက် အင်ဂျင်နီယာတွေကို သင်ကြားပေးသွားမယ်။ သင်ထောက်ကူ ပစ္စည်းတွေပါ ပါဝင်ပါတယ်။ အခုကူညီတာက Green City နဲ့ မဆိုင်ပါဘူး။ ပြင်သစ်နိုင်ငံက ကူညီတာပါ" ဟု ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားသည်။

Eleven Media Group

ရှမ်းတောင်ပိုင်း ဘိန်းဖျက်ဆီးရေးစီမံချက်ကာလ ဘိန်းစိမ်း ၃၀ ကီလိုကျော်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ


အေးမြင့်စန်း| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်

ရှမ်းပြည်နယ်တောင်ပိုင်း ဘိန်းစိုက်ခင်းဖျက်ဆီးရေး စီမံချက်ကာလ စတင်ခဲ့သည့် အောက်တိုဘာလမှ စ၍ နှစ်လအတွင်း ဘိန်းစိမ်း ၃၅ ဒသမ ၃၄၁ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၈,၁၇၁ ပြား ဖမ်းဆီးရမိခဲ့ သည်ဟု ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ၂၅ မှ ဒုတိယရဲမှူး အောင်စိုးကြိုင်က နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဘိန်းစိုက်ခင်းများ စီမံချက်ဖြင့် ဖျက်ဆီးနေချိန်အတွင်း ပင်လောင်းမြို့တွင် ဘိန်းစိမ်း ၁၀ မှုနှင့် နမ့်ဆန်မြို့ ၌ စိတ်ကြွဆေးပြားအမှု လေးမှု စစ်ဆေး အရေးယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ ရောက်မလာသေးခင် ဘိန်းအစေး ခြစ်ယူနေမှုများနှင့် စိတ်ကြွဆေးပြားအမှုများကို ရွေ့လျားအဖွဲ့များဖြင့် လိုက်လံဖော်ထုတ် အရေးယူခဲ့ခြင်း ဖြစ်သည်။

“မဖျက်ခင်အချိန်မှာ ခြစ်ယူပြီး ဘိန်းစိမ်းထုတ်လုပ် ဖြန့်ဖြူးကြတာ”ဟု ဒုတိယရဲမှူးအောင်စိုးကြိုင်က ပြော သည်။ စီမံချက်ကို ဇန်န၀ါရီလကုန်အထိ ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဘိန်းစိုက်ဧက သုံးသောင်းခန့် ရှိသည်ဟု ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှ စာရင်းများက ဆိုသည်။

ဘိန်းခင်းဖျက်ဆီးမှုလုပ်ငန်းများကို ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ ဟိုပုံးမြို့များတွင် ဆောင်ရွက်နေခြင်းဖြစ် သည်။ နိုဝင်ဘာလ ၂၇ ရက်အထိ ပင်လောင်းမြို့တွင် ဘိန်းစိုက်ခင်း ၃,၆၁၃ ဒသမ ၇၅ ဧက၊ ဖယ်ခုံမြို့ နယ်တွင် ၁၀၆၀ ဧကနှင် ဟိုပုံးမြို့နယ်တွင် ကျေးရွာ ၅ ရွာမှ ဘိန်းစိုက်ခင်း ၇၁၈ ဧကကို ဖျက်ဆီးနိုင်ခဲ့ သည်ဟု စာရင်းဇယားများက ဆိုသည်။

စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဘိန်းစိုက်ရာသီ ကျော်လွန်ပါက တရားမ၀င် လျှို့ဝှက်စိုက်ပျိုးမှုများ ကို ဖော်ထုတ် အရေးယူသွားရန် စီစဉ်ထားသည်။

ယခုနှစ်စီမံချက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အထိ ဘိန်းစိုက်ဧက စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကိုသာ ဖျက်ဆီးနိုင်သေးသည်ဟု ဒုတိယရဲမှူးအောင်စိုးကြိုင်က ပြောသည်။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်အင်အား မလုံလောက်ခြင်းက ကြန့်ကြာမှုများဖြစ်ပေါ်စေသည်ဟု ၎င်းက ဆိုသည်။

စီမံချက်အတွင်း ဘိန်းစိုက်တောင်သူများကို ဖမ်းဆီးအရေးယူခြင်းမပြုဘဲ အသိပညာပေးခြင်းဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယမန်နှစ် ၂၀၁၂-၁၃ စီမံချက်ကာလအတွင်း ဘိန်းစိုက်ဧက ၂၉,၄၁၈ ဧက ဖျက်ဆီးနိုင်ခဲ့သည်ဟု မူးယစ်တားဆီးနှိမ်နင်းရေးအဖွဲ့ စာရင်းများက ဆိုသည်။

Mizzima - News in Burmese

နန်းသီတာဆိပ်ကမ်း၌ အထပ်၂၀ မြင့် အဆောက်အအုံနှစ်လုံးနှင့် ၁၆ ထပ်အမြင့်ရှိ ဟိုတယ်များ တည်ဆောက်ရန် စီစဉ်မှု ရန်ကုန်မြို့တော်စည်ပင် ခွင့်မပြု


(ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်းအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်))
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးမှု စီမံကိန်းအရ နန်းသီတာဆိပ်ကမ်း၌ အထပ်၂၀မြင့် အဆောက်အအုံနှစ်လုံးနှင့် ၁၆ ထပ်အမြင့်ရှိ ဟိုတယ်များ တည်ဆောက်ရန် စီစဉ်မှုအား ရန်ကုန်မြို့တော်စည်ပင်မှ ခွင့်ပြုခြင်း မရှိသေးကြောင်း သတင်းရရှိပါသည်။

ယင်းသို့ ခွင့်ပြုခြင်းမရှိသည်မှာ အဆိုပါဧရိယာမှာ Zonig သတ်မှတ်ချက်အရ စိမ်းလန်းမြေအဖြစ်သာ ထားရှိရန်နှင့် အများနှင့်သက်ဆိုင်သော အဆောက်အအုံအား နှစ်ထပ်ထက် မပိုစေဘဲ မြေကွက်၏ နှစ်ရာခိုင်နှုန်းသာ ဆောက်လုပ်ရန် လျာထားခြင်းဖြစ်သဖြင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် မသင့်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

"မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ရှေးဟောင်း အဆောက်အအုံတွေရဲ့ မူလသွင်ပြင်လက္ခဏာကို မပျက်စီးအောင် အတတ်နိုင်ဆုံး လုပ်တာကောင်းပါတယ်။ ဒါပေမဲ့ တိတိကျကျ လိုက်နာမယ်ဆိုရင်လည်း မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဘာမှဆက်လုပ်လို့ မရတဲ့အတွက် ညှိနှိုင်းပြီး ဆောင်ရွက်စေလိုပါတယ်" ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် နန်းသီတာဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတားအဖြစ် ပြောင်းလဲ တည်ဆောက်ရာတွင် ဆိပ်ခံတံတားနှင့် ဆက်စပ်မြေနေရာ၌ အထပ် ၂၀ မြင့်ရှိ အဆောက်အအုံနှစ်ခု၊ ၁၆ ထပ်အမြင့်ရှိ ဟိုတယ်တစ်လုံးနှင့် လေးထပ်အမြင့်ရှိ ဈေးဝယ်စင်တာတစ်ခု တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သို့ ခွင့်ပြုချက် တောင်းခံထားခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းအား လုပ်ကိုင်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါတင်သွင်းသည့် ကုမ္ပဏီများထဲမှ အမှတ်အများဆုံးရရှိသည့် Starting Bell ကုမ္ပဏီသည် လိုအပ်သည့် ငွေကြေးခိုင်မာမှု စာရွက်စာတမ်းများအား တင်ပြနိုင်ခြင်းမရှိ၍ ဒုတိယအမှတ်အများဆုံး ရရှိသည့် New Downtown Develo-pment ကုမ္ပဏီနှင့် ဆက်လက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ နှစ် ၃၀ အား BOT စနစ်ဖြင့် လုပ်ငန်းများအား ဆောင်ရွက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ရန်ကုန်မြို့တော်စည်ပင်အား ခွင့်ပြုချက် တောင်းခံခြင်းမှာ ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် တင်ဒါခေါ်ယူခဲ့စဉ်ကပင် ရန်ကုန်မြို့တော်စည်ပင်၏ ခွင့်ပြုချက်ရရှိပြီးမှသာ အဆောက်အအုံများ တည်ဆောက်ရမည်ဆိုသည့် အချက်အား တင်ဒါစည်းကမ်းချက်တွင် ထည့်သွင်းထားခြင်းကြောင့် ဖြစ်သည်။

Eleven Media Group

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်အနီး ခြောက်လမ်းသွား လမ်းဆုံတွင် ခရီးသည်ယာဉ်နှင့် သစ်လုံးတင်ယာဉ်တို့ တိုက်မိပြီး တစ်ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိ


ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်အနီးရှိ ခြေက်လမ်းသွား လမ်းဆုံတွင် နိုဝင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်က သုံးခွ-ရန်ကုန် ခရီးသည်တင်ယာဉ်နှင့် သစ်လုံးတင်ယာဉ်တို့ တိုက်မိကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူမှာ သုံးခွ-ရန်ကုန် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်ပြီး ခရီးသည်များနှင့် သစ်လုံးတင် ယာဉ်မောင်းတို့မှာ ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သုံးခွ-ရန်ကုန် ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များထံမှ သိရသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ သုံးခွဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်သည် ခြောက်လမ်းသွားလမ်းဆုံ အရောက်တွင် ကုလားဝဲတံတားဘက်မှ သီလ၀ါဘက်သို့ မောင်းနှင်လာသော သစ်လုံးများ တင်ဆောင်လာသည့် ယာဉ်နှင့် တိုက်မိခဲ့ပြီး သစ်လုံးတင်ယာဉ်၏ နောက်တွဲမှာလိမ်ပြီး မှောက်သွားခဲ့ကာ ခရီးသည်တင်ယာဉ်မှာ လမ်းဘေးသို့ ထိုးကျသွားခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ လိုက်လာတဲ့ ခရီးသည်တင်ကားက လမ်းဆုံအရောက်မှာ ကုလားဝဲဘက်မှ အရှိန်နဲ့ မောင်းနှင်လာတဲ့ သစ်လုံးတွေ တင်ထားတဲ့ ကားကြီးနဲ့ တိုက်မိသွားတာ။ တိုက်မိပြီးတော့ သစ်လုံးတင်ကားရဲ့ နောက်တွဲနဲ့ ထပ်မံပြီး ကျွန်တော်တို့ စီးလာတဲ့ကားကို ထပ်ရိုက်လိုက်တယ်။ ကျွန်တော်တို့ စီးလာတဲ့ ကားကတော့ လမ်းဘေးကို ကျသွားတယ်။ ကျွန်တော်တို့ စီးလာတဲ့ ယာဉ်မောင်းကတော့ အဲဒီနေရာမှာ ဆုံးသွားတယ်။ ခရီးသည် တော်တော်များများလည်း ဒဏ်ရာရတယ်။ မိန်းကလေး တစ်ယောက်ဆိုရင် ခြေထောက်ကျိုးသွားတယ်။ သစ်လုံးတင်ကား မောင်းလာသူလည်း ဒဏ်ရာပြင်းတယ်'' ဟု သုံးခွ-ရန်ကုန် ခရီးတင်ယာဉ်တွင် စီးနှင်းလိုက်ပါလာသူ တစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင် ယာဉ်ပေါ်မှ ကျား ၁၇ ဦးနှင့်မ ၁၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သံလျင်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေရှိလာ


ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့သဘောထားတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆပိုများလာတယ်လို့ စစ်တမ်းကောက်ချက်တွေအရ သိရပါတယ်။

အသက် ၁၆နှစ်ကနေ ၄၄နှစ်အတွင်း အရွယ်အမျိုးသမီးတွေရဲ့ ဘ၀တစ်လျှောက်မှာ ချစ်တင်းနှောဖက်၊ ဆန့်ကျင်ဘက်လိင် ၇.၇ ယောက်နှုန်း အကြမ်းဖျင်းရှိပါတယ်။ ၁၉၉၁ခုနှစ်တုန်းက ၃.၇ယောက်နှုန်း၊ ၂၀၀၁ခုနှစ်မှာ ၆.၅ယောက်နှုန်းရှိခဲ့ပါတယ်။

အမျိုးသားတွေဟာ သောင်းပြောင်းဆက်ဆံတတ်ကြသေးပေမယ့်၊ အမျိုးသမီးတွေဟာ အဆန်းဖြစ်လာပြီး ချစ်တင်းနှောဖက်အရေအတွက်ဟာ ပိုများလာတဲ့အတွက် ကွာဟချက်က သိပ်မရှိတော့ပါဘူး။

၁၉၉၁ခုနှစ်ကနေ ၂၀၀၁ခုနှစ်ကြားမှာ အမျိုးသားတွေရဲ့ ချစ်တင်းနှောဖက် ပျမ်းမျှအရေအတွက်ဟာ ၈.၆ကနေ ၁၂.၆ထိတက်လာပါတယ်။ ဒါပေမဲ့ ၂၀၁၂ခုနှစ်အရောက်မှာတော့ ၁၁.၇ထိ ပြန်ကျခဲ့တယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။

လူသားတွေရဲ့ ချစ်တင်းနှော အကြိမ်ရေဟာ ၁၉၉၁ခုနှစ်တုန်းက ပျမ်းမျှတစ်လ ၅ကြိမ်နှုန်း ရှိနေခဲ့ပေမဲ့ ခုတော့ ပျမ်းမျှတစ်ပတ်တစ်ရက်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။

Ref:telegraph
Trend Myanmar

ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများအတွက် သတင်းကောင်း

အဟမ်း... ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများ စိတ်ဝင်စားမယ့် သတင်းကောင်းတခု ရှိနေပါတယ်။

(ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)

ရွှေဂုန်တာဝါ ဆောက်လုပ်ရေး စီမံကိန်းနေရာမှာ "မြေကြီး အခမဲ့ပေးသည်" ဆိုတဲ့ ဆိုင်းဘုတ်ကို ခပ်ကြီးကြီး တွေ့ကြရမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။
ဒီပုံကို ကူးပြီး ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများကို ဝေသင့်ပါတယ်။
ဘယ်နေရာမှာလဲ မေးရင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာလို့သာ ပြောလိုက်ပါ။ အပိုင်က ကျောက်တံတားမြို့နယ်ထဲမှာပါ။
"မြေကြီး အခမဲ့ပေးသည်" တဲ့။
ပျော်ပျော်ကြီး သွားယူကြပေတော့း)

မြန်မာ့တပ်မတော် နဲ့ ခရိုနီများက တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ ဆိုတဲ့ သီချင်းလေး ညည်းပြီး  မြန်မာပြည်တဝန်း မြေသိမ်းခဲ့ကြတာ ဆယ်နှစ် ဆယ်မိုး မကတော့ဘူးမဟုတ်လား။
တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ ဆိုတော့ သားသမီးဖြစ်တဲ့ ပြည်သူတွေလည်း ထုံးစံအတိုင်း ငြိမ်ခံ၊ ငုံ့ခံခဲ့ကြရတာ နှစ်ပေါင်း မနည်းပေဘူး။

ကံကောင်းထောက်မလို့ ၂၀၀၈ အခြေခံဥပဒေကြီး ပေါ်လာတယ်။ ဒီဥပဒေအရ ဦးသိန်းစိန်ကြီးအစိုးရဆိုတာ ပေါ်လာတယ်။
 ဒီအစိုးရလက်ထက်ရောက်မှ မြေသိမ်းတာတွေပြန်ပေးဖို့ အော်ပြောခွင့်ရလာတယ်၊ လူတွေ သိကုန်ကြတယ်။
အင်မတန်ကျေးဇူးတင်စရာကောင်းတယ်။

သိမ်းထားတဲ့မြေ ပြန်ပေးမှာပါကွာ လို့တော့ ပြောတာပဲ။ ပြောပေမယ့် သိပ်ယုံရတာမဟုတ်ဘူး။
မလွှဲမရှောင်သာ သိမ်းထားမိတဲ့မြေတွေကို ပြန်ပေးမယ်ဆိုလည်း မြန်မြန်ပေးသင့်တာပေါ့။

သိပ်....ရချင်တယ်ဆိုရင်လည်း အထက်ကပုံမှာ ပါတဲ့အတိုင်း ရွှေဂုန်တာဝါ ဆောက်လုပ်ရေး စီမံကိန်းနေရာကိုသွားကြပေါ့ဗျာ လို့ ဆိုရမယ် ထင်ပါတယ်။

ဧရာဝတီ Myanmar News

တောင်သူလယ်သမားကွန်ရက် NLD ဖွဲ့


ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်

တောင်သူလယ်သမားများ၏ ၀င်ငွေမြင့်မားရေး၊ လူနေမှုဘ၀တိုးတက်ရေး ကူညီဆောင်ရွက်ရန်ရည်ရွယ် သည့် ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူးဦးမင်းသူက နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အဲဒီကွန်ရက်က အချက်အလက်မှန်တွေ ရအောင်စုမယ်၊ ပြီးရင် တောင်သူတွေကို ဘယ်လို ကူညီနိုင်မ လဲဆိုတဲ့ ဆုံးဖြတ်ချက် ချမယ်။ ရေရှည်မှာ ရလဒ်ကောင်းဖို့အတွက် အစီအစဉ်တွေဆွဲပြီး အကောင်အ ထည်ဖော်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

စိုက်ပျိုးရေးပညာရှင်တစ်ဦး ပြုစုပေးသည့် သုတေသနစာတမ်းတစ်ခုအပေါ် အခြေခံ၍ ကွန်ရက်၏ လုပ် ငန်းများကို အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ကွန်ရက်ကို နိုဝင်ဘာ၂၆ ရက်က ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ပါတီဝင်များ၊ ပညာရှင်များ၊ တောင်သူလယ်သမား အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စား လှယ်များဖြင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။

“ပထမအဆင့်မှာ တောင်သူတွေအချင်းချင်း ကွန်ရက်သဖွယ်ဆက်သွယ်မှုတွေရဖို့၊ အသိပညာနဲ့အတတ် ပညာဆိုင်ရာ သင်တန်းတွေ စီစဉ်ပေးဖို့ လုပ်သွားမှာပါ”ဟု ပြောသည်။ တောင်သူများကို အင်တာနက်၊ အီးမေးလ်ကဲ့သို့သော နည်းပညာဆိုင်ရာများ အသုံးပြုနိုင်ရန် အနီးကပ်ဆုံးကာလအတွင်း ဆောင်ရွက် ပေးသွားရန်လည်း စီစဉ်ထားသည်။

ဒုတိယအဆင့်တွင်မူ ငွေရေးကြေးရေးဆိုင်ရာ ပံ့ပိုးမှုများ စီစဉ်ပေးနိုင်သည်အထိ ရည်ရွယ်ထားသည်ဟု ဦးမင်းသူက ပြောသည်။

“ငွေကြေးအပြင် လယ်ယာလုပ်ငန်းသွင်းအားစုတွေကို အားလုံးအကျိုးရှိစေမယ့်နည်းလမ်းနဲ့ စနစ်တကျ ကူညီနိုင်ဖို့ ပြင်ဆင်သွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။

ကွန်ရက်အနေဖြင့် အနာဂတ်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် ရည် ရွယ်ထားခြင်းဖြစ်သည်။ တောင်သူအသင်းအဖွဲ့များပေါ်ထွန်းရန်နှင့် အားပေးကူညီရန်ကိုလည်း ကွန်ရက်၏ လုပ်ငန်းစဉ်များတွင် ထည့်သွင်းထားပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်နိုင်ရန် ကူညီပေး သွားမည်ဟု ဆိုသည်။

ကွန်ရက်ကို ၂၀၁၃ ခုနှစ် ပါတီညီလာခံအပြီး ဖွဲ့စည်းခဲ့သည့် တောင်သူလယ်သမားရေးရာကော်မတီကို အခြေခံ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆိုပါကွန်ရက်သည် တတိယမြောက်ကွန်ရက်ဖြစ်ပြီး ယခင်က ကျန်းမာရေး၊ ပညာရေးကွန်ရက်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားပြီးဖြစ်သည်။

အေးမြင့်စန်း

Mizzima - News in Burmese