အကယ်ဒမီဆု အတွက် ဆန်ကာတင် ရုပ်ရှင်ကားကြီး ၇ ကား ရွေးချယ် လိုက်ပြီဖြစ်

ပို့စ်တင်ချိန် - 11/28/2013 06:11:00 PM

 အခု လာမယ့် အကယ်ဒမီ ဆုပေးပွဲမှာ အကယ်ဒမီဆု အတွက် ဆန်ကာတင် ရုပ်ရှင် ကားကြီး ၇ ကားကို ရွေးချယ် လိုက်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးမှ တာဝန်ရှိသူရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒီနှစ်မှာ ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲ ကိုတော့ သုဝဏ္ဏ အားကစားကွင်း ရုံ ၁ မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အကယ်ဒမီ ပေးပွဲကို ယခင်က နေပြည်တော်မှာ ၃ နှစ်တာ ကာလအထိ ကျင်းပခဲ့ပြီး ရန်ကုန်မှာ ပြန်လည် ကျင်းပမှုဟာ အခုအခါ မှာတော့ ၂ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခု ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲ အတွက် ဆန်ကာတင်ရုပ်ရှင် ဇာတ်ကား တွေကတော့ “လက်ပံ”၊ “မော်ကင်းဥဒါန်း”၊ “ဥ”၊ “ကယန်းအလှ”၊ “တိမ်မင်းသမီးဒဏ္ဍာရီ”၊ “အမုန်းမီးတောက်”နဲ့ “အမွေခံထိုက်စေ”ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလက်ရှိ မြန်မာရုပ်ရှင် လောကမှာ  ရုပ်ရှင် လုပ်ငန်းနဲ့ ပတ်သက်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်တွေရဲ့ ဈေးကွက်ဟာ ပျက်စီးမှုတွေ ရှိနေပြီး နောက်ပိုင်းမှာလည်း ထပ်ပြီး ယခုလို မဖြစ်ပေါ် စေဖို့နဲ့ ရုပ်ရှင် ဇာတ်ကားများကို ဖလင်နဲ့ ရိုက်ကူးမှုမှ ဒစ်ဂျစ်တယ် စနစ်နဲ့ ပြောင်းလဲ ဆောင်ရွက်နိုင် ဖို့အတွက် လုပ်ဆောင်မှုတွေကို ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

MRTV-4