WFP မှ ရခိုင်ပြည်နယ်အတွက် ဆန်အိတ် ခုနှစ်သောင်းကျော် လှူဒါန်း

ပို့စ်တင်ချိန် - 11/28/2013 10:31:00 AM


(နိရဉ္စရာ- ၂၈ နိုဝင်္ဘာ ၂၀၁၃)

(ဓါတ်ပုံ- အင်တာနက်)

WFP ဟု လူသိများသော ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ရခိုင်ပြည်နယ် အတွက် ဆန်အိတ် ၇၀၀၀၀ ကျော် လှူဒါန်းမည်ဟု သိရသည်။

၎င်းဆန်အိတ်များကို ရန်ကုန်မှ တဆင့် စတင် ပို့ဆောင်နေရာ နိုဝင်္ဘာလ ၂၆ ရက်နေ့က ဆန်အိတ် ၁၂၆၀၀ ကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ ကိုင်းတန်တံတား အမှတ်(၁) ဆိပ်ခံတံတားမှ တဆင့် သင်္ဘောသို့ တင်ဆောင်နေကြောင်း သတင်း ရရှိသည်။

စုစုပေါင်း WFP မှ ရခိုင်ပြည်နယ်သို့ ကူညီ လှူဒါန်းမည့် ဆန်အိတ် စုစုပေါင်းမှာ ၇၂၃၆၀ အိတ်ဖြစ်ကြောင်း သိရှိရသည်။

၎င်းကူညီမည့် ဆန်အိတ်များကို ရခိုင်ပြည်နယ် မြို့နယ် အသီးသီးသို့ သင်္ဘောများဖြင့် ပို့ဆောင် သွားမည်ဟု သိရသည်။
narinjara burmesenews