ရတနာဆိုင်မှ စိန်ခိုးယူမှုဖြင့် တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီး

ပို့စ်တင်ချိန် - 11/28/2013 08:57:00 AM



ပန်းဘဲတန်းမြို့နယ်၊ဗိုလ်ချုပ်ဈေးရှိ ရတနာဆိုင်မှ ကျပ်သိန်း ၂၀၀ တန် စိန်ထည်များခိုးယူသည့်
တရုတ်နိုင်ငံသားနှစ်ဦးကို ရန်ကုန်လေဆိပ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း
သိရသည်။

အဆိုပါနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဒဂုံမြို့နယ်နေ ဆိုင်ရှင်အမျိုးသမီးသည် ဗိုလ်ချုပ်ဈေး တွင်
ဖွင့်လှစ်ထားသည့် ရတနာဆိုင်တွင်ရှိနေစဉ် သမီးများမှ ရတနာပစ္စည်းများခင်းနေစဉ် အသက် ၃၀
အရွယ်ခန့်အမျိုးသား နှစ်ဦးရောက်လာပြီး ဗူးအနီနှင့်ထည့်ထားသည့် နှစ်ရတီခန့်ရှိ ကျပ်သိန်း ၂၀၀
တန် စိန်အလွတ်နှစ်ပွင့်ကို ၀ယ်ယူရန် ဈေးမေးပြီးနောက် ထွက်သွားခဲ့ကြောင်း ဆိုသည်။

ခဏအကြာ စိန်အလွတ်နှစ်ပွင့်ပျောက်ဆုံး နေသည်ကိုသိရသဖြင့် အရေးယူပေးရန် တိုင်ကြား
ခဲ့သည်။ ပန်းဘဲတန်းမြို့မရဲစခန်းက (ပ)၃၈၁/၁၃ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်ကာ စခန်းမှူး ရဲအုပ်
အေးမြင့်နိုင်နှင့် ဒုရဲအုပ်ကောင်ဇော်မိုးအဖွဲ့ မင်္ဂလာဒုံလေဆိပ်သို့သွားရောက် ဖမ်းဆီးခဲ့ရာ တရုတ်နိုင်
ငံသား Mr. Luo xiao chun  နှင် Mr. Luo zhuan တို့နှစ်ဦးကို တွေ့ ၍ ဖမ်းဆီးစစ်ဆေးခဲ့သည်။

၎င်းတို့နှစ်ဦးက စိန်နှစ်ပွင့်ကို ပိုက်ဆံအိတ်အတွင်းမှ ထုတ်ပေးသဖြင့် အရေးယူထားကြောင်း
သိရသည်။

Credit: MM times