သန်လျင်မြို့နယ်၊ (၆)လမ်းသွားလမ်းဆုံတွင် ခရီးသည်တင်ယာဉ်နှင့် သစ်လုံတင်ယာဉ်တို့ တိုက်မိရာမှ တစ်ဦးသေ၊ (၂၈)ဦးဒဏ်ရာရရှိ

ပို့စ်တင်ချိန် - 11/28/2013 06:25:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၈

၂၇.၁၁.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွ ကားလမ်းအတိုင်း သုံးခွဘက်မှသန်လျင်ဘက်သို့ ယာဉ်မောင်း နေလင်း (ဘ)ဦးကြွက်၊ (၂)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၁စ/---- ဟွန်ဒိုင်းအမျိုးအစား သုံးခွ မှန်လုံခရီးသည်တင်ယာဉ်သည် သန်လျင်မြို့နယ်၊ (၆)လမ်းသွားလမ်းဆုံအရောက်တွင် ဒဂုံသီလ၀ါ လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း သူရအောင်(ဘ)ဦးထွန်းရီ၊ စစ်ပင်ကွင်းရပ်ကွက်၊ မုံရွာမြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/---- ဆမ်ဆောင်းအမျိုးအစား သစ်လုံးတင်ယာဉ်နှင့် တိုက်မိခဲ့ကြရာ သစ်လုံးတင်ယာဉ်မှာတိမ်းမှောက်သွားပြီး သုံးခွမှန်လုံခရီးသည်တင်ယာဉ်မှာ လမ်း၏၀ဲဘက်မြေနိမ့်ပိုင်းသို့ထိုးကျသွားခဲ့ သဖြင့် ယာဉ်မောင်း နေလင်းမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ယာဉ်မောင်း သူရအောင်တွင် ၀ဲဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးနာကျင်ဒဏ်ရာများရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သုံးခွမှန်လုံခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည် ဦးစန်းဦး ပါ ကျား (၆)ဦးနှင့် မ(၄)ဦးတို့တွင် ဖူးယောင်ပေါက်ပြဲ ဒဏ်ရာများ အသီးသီးရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မပုလဲရတနာမြင့် ပါ(၁၇)ဦး တွင်လည်း ဖူးယောင်ပွန်းပဲ ဒဏ်ရာများရရှိသဖြင့် သန်လျင်ဆေးရုံတွင် ပြင်ပလူနာများ(မစိုးရိမ်ရ) အဖြစ်ဆေးဝါးကုသခံနေရ သောကြောင့် ယာဉ်မောင်း နေလင်းနှင့် သူရအောင်တို့အား သန်လျင်မြို့မရဲစခန်းယာဉ် (ပ)၁၅၆/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police