ဒိုင်နာယာဉ် လမ်းဘေးမြောင်းထဲတိမ်းမှောက်

ပို့စ်တင်ချိန် - 11/28/2013 10:34:00 AM


ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်ဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ တိုယိုတာ ဒိုင်နာယာဉ် လမ်းဘေးမြောင်းထဲသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ မွန်းလွဲ ၁ နာရီခွဲခန့်က (၉၁) ရပ်ကွက် မြို့နယ် မြို့မရဲတပ်ဖွဲ့ စခန်းရှေ့ ပဲခူးမြစ်လမ်းမကြီးပေါ်တွင် အရှေ့မှ အနောက်သို့ ယာဉ်မောင်းနှင့် စပယ်ယာ (စုံစမ်းဆဲ) မောင်းနှင်လာသော ခရီးသည်တင် ယာဉ်လိုင်း (၁၃၆) (အနီ) ယာဉ်အမှတ် ဘ/….. တိုယိုတာ ဒိုင်နာ အဝါရောင်ယာဉ်သည် ခရီးသည်များ တင်ဆောင်မောင်းနှင်လာပြီး ပဲခူးမြစ် လမ်းမပေါ်တွင် အရှိမထိန်းနိုင်ဘဲ လမ်းဘေး သစ်ပင်ကို ဝင်တိုက်မိပြီး လမ်းဘေးညာဘက် ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ် စီးနင်းလိုက်ပါလာသော ခရီးသည် ဒေါ်မြသီတာဦး (၄၃)နှစ်၊ ဒေါ်ချိုချိုဝေလွင် (၂၇)နှစ်၊ အေးအေးခိုင် (၁၄)နှစ်၊ ဒေါ်သန္တာဦး (၃၈)နှစ်၊ ဒေါ်ခင်လေးလှိုင် (၃၃)နှစ်၊ ဒေါ်နီလာအောင် (၃၉)နှစ်၊ ဒေါ်ခင်အေးသက် (၂၄)နှစ်၊ ဒေါ်ခင်လှ (၅၇)နှစ် တို့ ဒဏ်ရာများရရှိသဖြင့် စံပြဆေးရုံသို့ ချက်ချင်း ပို့ဆောင်ကုသလျက်ရှီပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့စခန်းက မြို့မရဲတပ်ဖွဲစခန်းသို့ အမှုဖွင့် တိုင်တန်းသဖြင့် မြို့မရဲစခန်းက ဆက်လက်ရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar