အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ရာခိုင်နှုန်း ၈၀ သေချာ ဟု ကေအင်န်ယူ ပြော

ပို့စ်တင်ချိန် - 1/06/2014 01:50:00 PM


ဇန်နဝါရီ လအတွင်း ဘားအံမြို့ ၌သုံး ရက်ကြာကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေး တွင် အပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးနိုင်ရန်အတွက် ရာ ခိုင်နှုန်း ၈ဝ ခန့် သေချာကြောင်း ကေအင်န်ယူဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ပဒိုမန်း ငြိမ်းမောင်က ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်း စိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သည် KNU ဥက္ကဋ္ဌ စောမူတူး စေးဖိုးအပါအဝင် ဗဟိုအလုပ် အမှုဆောင်များနှင့် ဇန်နဝါရီ ၅ ရက်တွင် နေပြည်တော်၌တွေ့ဆုံခဲ့ပြီးနောက် ယင်းတွေ့ ဆုံ ပွဲကို တက်ရောက်ခဲ့သည့် ပဒိုမန်း ငြိမ်းမောင်အား ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာမှ ဆက်သွယ် မေးမြန်းမှုကို ယင်းကဲ့သို့ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပဒိုမန်းငြိမ်းမောင်က ''အ စိုးရရဲ့ အပစ်အခတ်ရပ်စဲရေးစာ ချုပ်နဲ့ တိုင်းရင်း သား တွေ ဘက် က အပစ်အခတ်ရပ်စဲရေးမူ ကြမ်း နှစ်ဖက်စာချုပ်တွေကို ညှိ နှိုင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ ကြပါတယ်။ ညှိနှိုင်းချက်အရ အပစ်အခတ်ရပ်စဲရေးအတွက် ရာခိုင်နှုန်း၈ဝလောက် သေချာ ပါတယ်''ဟု ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးမှု မှာ နိုင်ငံတော်သမ္မတနှင့် KNU ကရင်အမျိုးသားအစည်းအ ရုံးဥက္ကဋ္ဌ ခေါင်းဆောင်သော အဖွဲ့တို့၏ လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နှစ်ဖက်စလုံး က တွေ့ဆုံဆွေးနွေးခြင်းသည် သာ ထာဝရငြိမ်းချမ်းရေးရရှိ ရေး အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းနှင့် ပြည် သူများ၏ ငြိမ်းချမ်းရေးမျှော် လင့်ချက်ကို ဖြည့်ဆည်းနိုင်ရန် အဖွဲ့အစည်းအားလုံးက ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်ရန် လို အပ်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့ကြသည်။

ယင်းက ''ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတဲ့ အဓိကအ ကြောင်းအရာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အဓိ ကထားဆွေးနွေးခဲ့တာပါ။ အ ပစ်အခတ်ရပ်စဲရေးအတွက် အမြင်ချင်းဖလှယ်ပြီးတော့ ယုံ ကြည်မှုတည်ဆောက်ဖို့အတွက် ဆွေးနွေး ခဲ့ကြပါတယ်''ဟု ပြော ဆိုသည်။ နိုင်ငံတော်သမ္မတနှင့် လေး ကြိမ်မြောက်တွေ့ဆုံခဲ့ပြီးနောက် ယုံကြည်မှု ရင်းနှီးမှုပိုမိုရရှိလာ ကြောင်း ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် သန္နိဋ္ဌာန်များ ပိုမိုခိုင်မာလာပြီး နှစ်ဖက်တွေ့ ဆုံမှုများ ကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ယုံကြည်မှု ပိုမိုခိုင်မာလာကြောင်း ပဒိုမန်း ငြိမ်းမောင်က ပြောသည်။

''အပစ်အခတ်ရပ်စဲရေး ကနေတစ်ဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေကို သွားနိုင်ဖို့ဆွေး နွေးမှုတွေ ပြုလုပ်ခဲ့တယ်''ဟု ယင်းက ပြောဆိုသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်မှငြိမ်း ချမ်းရေးတည်ဆောက်ရန်အ သင့်ရှိကြောင်း၊ ရိုးသားမှု ရှိလျှင် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပိုမိုလွယ်ကူမည်ဟု ပြောဆို ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြန်လည်ပြောဆိုသည်။ နိုင်ငံတော်သမ္မတနှင့် KNU ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ခေါင်းဆောင်သည့် အဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ရရှိရေးအတွက် ဆွေး နွေးပွဲများ ဆောင်ရွက်ခဲ့မှုအ ခြေအနေ၊ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်ရရှိပြီး နောက် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရာတွင် လုပ်ဆောင် ရမည့်လုပ်ငန်းစဉ် များနှင့် ယုံကြည်မှုတည်ဆောက် ရေးတွင် လုပ်ဆောင်ရမည့်လုပ် ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ သည်။

သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ယင်းသို့တွေ့ဆုံခြင်း သည် စတုတ္ထအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပထမ ဆုံးအကြိမ်အဖြစ် ၂၀၁၃ခုနှစ် ဇန်နဝါရီ ၅ရက်တွင် သမ္မတ၏ ဖိတ်ကြားချက်အရ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဇန်နဝါရီ၅ရက်တွင်တွေ့ ဆုံခြင်းသည် တစ်နှစ်အတွင်း လေးကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ် ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောသည်။

တစ်ပြည်လုံးအတိုင်းအ တာဖြင့် အပစ်အခတ်ရပ်စဲရေး အတွက် ဇန်နဝါရီ၂ဝရက်မှ ၂၂ ရက်အထိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ KNU ဌာနချုပ်ဖြစ်သည့် လေးဝါးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံအား သုံးရက်ကြာ ကျင်းပမည်ဖြစ် ပြီး ယင်းညီလာခံအပြီး ဇန်န ဝါရီ၂၄ရက်မှ ၂၆ရက်အထိက ရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်များ၏ အပစ်အခတ် ရပ်စဲရေး အစည်းအဝေးအား ကျင်းပ မည်ဖြစ် ကြောင်း သိရ သည်။

ဇန်နဝါရီ ၅ရက်က နေပြည်တော်တွင် နိုင်ငံတော်သမ္မတနှင့် ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်နေစဉ်။ ဓာတ်ပုံ - သတင်းစဉ်

လင်းအောင်
Yangon Media Group