ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ်သို့ ပြောင်းလဲနိုင်

ပို့စ်တင်ချိန် - 1/06/2014 07:45:00 AM


Published on: January 5, 2014
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
   
" ဇန်န၀ါရီ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် တိုင်းထွာမှုတွေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အခုဆက်လက်တည်ရှိနေပြီးတော့ တဖြည်းဖြည်းအားကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့်သာယာနေတယ်"ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
   
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပွားပါက ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်ဒေသများသည် မုန်တိုင်းအန္တရာယ်ရှိသော ဒေသများဖြစ်ပြီး ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် မုန်တိုင်းများ ဖြတ်ကျော်ရွေ့လျားမှုကြောင့် မိုးကြီးခြင်း၊ ဒေသအလိုက်ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပွားတတ်သည်။

ဘင်္ဂလားပင်လယ်အော်မှာ ၁၈၈၇ ကနေ ၂၀၀၉ ခုနှစ်အထိ ဇန်န၀ါရီလအတွင်းမှာ မုန်တိုင်း ၁၆ လုံးဖြစ်ခဲ့ဖူးတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ တစ်ရာခိုင်နှုန်းပဲရှိတယ်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ဖြစ်ပွားသော်လည်း ဘင်္ဂလားပင်အော်အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ်အဆင့်သို့ပြောင်းလဲပါက အချိန်အခါမဟုတ် မုန်တိုင်းဖြစ်ပွားခြင်းဖြစ်သည်။ အချိန်အခါမဟုတ် မုန်တိုင်းများသည် အဖျက်စွမ်းအား ပိုမိုကြောင်းလည်းသိရသည်။
   
"ဘင်္ဂလားပင်လယ်အော်မှာ ၁၈၈၇ ကနေ ၂၀၀၉ ခုနှစ်အထိ ဇန်န၀ါရီလအတွင်းမှာ မုန်တိုင်း ၁၆ လုံးဖြစ်ခဲ့ဖူးတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ တစ်ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံထဲကို နှစ်လုံးဝင်ရောက်ခဲ့ဖူးတယ်။ အဲဒီဝင်တဲ့နှစ်လုံးလုံးက ဒီဇင်ဘာလမှာဖြစ်ပြီး ဇန်န၀ါရီလအထိကူးလာတဲ့ မုန်တိုင်းတွေပဲ ဖြစ်တယ်။ ဇန်န၀ါရီလမှာစဖြစ်ပြီး ဇန်န၀ါရီလမှာဝင်တဲ့ မုန်တိုင်းတွေတော့ မရှိသေးပါဘူး"ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားခဲ့သည်။
   
မိုးရွာသွန်းမှုအခြေအနေများတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၂ ရက်မှ ၃ ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
eleven media group