လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာတော့မည့် အကျဉ်းသားနှစ်ဦး ထွက်ပြေးခဲ့ရာတွင် ကားကြိတ်ပြီး တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 1/06/2014 06:45:00 AM



Published on: January 5, 2014
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်မည့် စာရင်းထဲတွင်ပါရှိသည့် အကျဉ်းသားနှစ်ဦးသည် လှည်းကူးမြို့နယ် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ထွက်ပြေးခဲ့ရာ တစ်ဦးမှာ ကားကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃ ရက် နံနက် ၅ နာရီခန့်က လှည်းကူးမြို့နယ် လှည်းကူး- ဖောင်ကြီးလမ်းအတိုင်း လှည်းကူးမှ ဖောင်ကြီးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ငပိတဲရွာအရောက်တွင် လမ်းဘေး၌ အိပ်နေသော အဆိုပါထွက်ပြေးလာသူ အမျိုးသားနှစ်ဦးမှ တစ်ဦးအား ကြိတ်မိခဲ့၍ ယင်းအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသည်ဟုသိရ၍ သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လှည်းကူး- ဖောင်ကြီးလမ်းအတိုင်း လှည်းကူးမှ ဖောင်ကြီးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ငပိတဲရွာအရောက်တွင် လမ်းဘေး၌ အိပ်နေသော အဆိုပါထွက်ပြေးလာသူ အမျိုးသားနှစ်ဦးမှ တစ်ဦးအား ကြိတ်မိခဲ့၍ ယင်းအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသည်ဟု
ယင်းသို့စစ်ဆေးစဉ် တာဝန်ရှိသူများမှ အနီးရှိ ချုံထဲတွင်အိပ်နေသော မှော်ဘီမြို့နယ် ၄ ရပ်ကွက်နေ ရန်နောင်စိုး ၃၄ နှစ်အား စစ်ဆေးမေးမြန်းရာ သေဆုံးသူမှာ ဒဂုံတောင်မြို့နယ်နေ သန်းဆွေ(ခ)သန်းဝင်း ၄၃ နှစ်ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်တန်းစခန်း(အကျဉ်းဦးစီး)မှ ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုးမှာ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် ထောင်ဒဏ်ငါးနှစ်ကျခံနေရသူဖြစ်ပြီး သန်းဆွေ(ခ)သန်းဝင်းမှာ လောင်းကစား ဥပဒေပုဒ်မ ၁၅-က ဖြင့် ထောင်ဒဏ်တစ်နှစ်နှင့်ခြောက်လ ကျခံနေရသူဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့နှစ်ဦးသည် ဇန်န၀ါရီ ၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှ လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဇန်န၀ါရီ ၂ ရက်တွင် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ ထွက်ပြေးလာပြီး လှည်းကူးမြို့နယ်၊ ငပိတဲကျေးရွာအနီး ကားလမ်းစပ်တွင် သန်းဆွေမှာအိပ်ခဲ့ပြီး ရန်နောင်စိုးမှာ အနီးရှိခြုံထဲတွင် အိပ်နေစဉ် သန်းဆွေ(ခ)သန်းဝင်းမှာ ကားကြိတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား လှည်းကူးမြို့မရဲ စခန်းက ယာဉ်(ပ)၁/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ -က/၂၀၂ ဖြင့်အမှုဖွင့်ကာ ထွက်ပြေးသွားသော ယာဉ်မောင်းအား ဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိပြီး လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ထွက်ပြေးသူ ရန်နောင်စိုးနှင့် သေဆုံးသူ သန်းဆွေ(ခ)သန်းဝင်းအား လှည်းကူးမြို့နယ်၊ ငါးဆူးတောင်ရဲစခန်းတွင် အကျဉ်းဦးစီးဌာနမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၂၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

eleven media group