ကျောက်တော်မြို့ ရေပေးဝေရေး ကျပ်သန်းပေါင်း ၃၇၄၀ သုံးစွဲမည်

ပို့စ်တင်ချိန် - 1/06/2014 06:20:00 PM


ကျောက်တော်မြို့ ရေပေးဝေရေး အတွက် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ်သန်းပေါင်း ၃၇၄၀ သုံးစွဲသွားမည်ဟု သတင်း ရရှိသည်။

၎င်းငွေဖြင့် အလျားပေ ၁၁၀၀၊ အမြင့် ၅၅ ပေရှိ ရှောက်ချောင်း ရေလှောင်တမံကို တည်ဆောက် သွားမည်ဟု ဆိုသည်။

၎င်းရေလှောင်တမံမှာ မြေသားတမံ အမျိုးအစားဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ စီးဝင်ရေပမာဏ ၇၆၀၀ ဧကပေ၊ ရေဆင်းဧရိယာ ၁ ဒသမ ၅၁ စတုရန်းမိုင်၊ ကန်ရေဖြည့် ရေလှောင်ပမာဏ ဧကပေ ၁၆၀၀(၄၃၅ ဒသမ ၂ သန်း ဂါလန်)ရှိမည် ဖြစ်သည်ဟု ဆိုသည်။

ထုတ်ယူ သုံးစွဲရန် ရေထုတ်ပေးနိုင်သည့် ရေလှောင်ပမာဏ ၁၃၉၂ ဧကပေ(၃၇၈ ဒသမ ၆ သန်း ဂါလန်)ခန့် ဖြစ်သည်။

အဆိုပါ ရေလှောင်တမံမှ ၁၈ လက်မပိုင်ဖြင့် ဆက်သွယ်ပြီး ကျောက်တော်မြို့ရှိ ရေလှောင်ကန်သို့ ရေဖြည့်ပေးဝေ ဖြန့်ဖြူးသွားမည်ဟု သတင်း ရရှိသည်။
Burmesenews narinjara