ရထားစီးခရီးသွားပြည်သူများ၏ တောင်းဆိုချက်အရ မြို့ပတ်ရထားများတွင် အထူးတွဲတစ်တွဲစီ ထပ်မံချိတ် ဆွဲပေးမည်

ပို့စ်တင်ချိန် - 2/20/2014 11:56:00 PM


နေပြည်တော် ဖေဖော်ဝါရီ ၂၀

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မြို့ပတ်ရထား တွဲဆိုင်းအားလုံးတွင် အထူးတွဲများကို ၂၀၁၃ခုနှစ် နိုဝင်ဘာ(၁၀)ရက်တွင် အပြီးတပ်ဆင်ပေးခဲ့ရာ ခရီးသည် တစ်ဦးလျှင် လက်မှတ်ခ (၂၀၀)ကျပ်နှုန်းဖြင့် ပြည်သူများ အထူးနှစ်ခြိုက်စွာ စီးနင်းလျက်ရှိသည်။ ထို့ကြောင့် ခရီးသည် အသွားအလာများသော ရုံးချိန်များ တွင် အလုအယက် တိုးဝှေ့စီးနင်းနေကြရသည်ကို တွေ့ရှိရသည်။

မြန်မာ့မီးရထားအနေဖြင့် ခရီးသည်များ၏ သွားလာရေးအဆင်မပြေမှုကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ခရီးသွားပြည်သူများ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်တို့အတွက် အထူးတွဲသစ်တစ်တွဲ စီကို မြို့ပတ်ရထားတွဲဆိုင်းများတွင် မကြာမီ ထပ်မံချိတ်ဆက်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ထိုသို့တပ်ဆင် ပြေးဆွဲသွားမည့်အထူးတွဲများ၏ ရထားလက်မှတ်ခမှာလည်းယခင်အတိုင်း ခရီးသည်တစ်ဦးလျှင် (၂၀၀) ကျပ်နှုန်း ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

MOI Webportal Myanmar