ဆိုင်ကယ်ခိုးသူအား အရေးယူ

ပို့စ်တင်ချိန် - 2/20/2014 09:02:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ညောင်လှရပ်ကွက်၊ မြို့ဝင်/ ထွက်တွင် မကွေးမြို့မှ တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲကျေးရွာနေ ၀င်းနိုင်ဦး(၁၈)နှစ်မောင်းနှင်ပြီး ပခုက္ကူမြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ မျိုးကို(၁၈)နှစ်လိုက်ပါလာသော ဒါရမ်းအမျိုးအစား-၁၂၅ အဖြူရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြောပြနိုင်ခြင်း မရှိသဖြင့် မျိုးကိုနှင့်ဝင်းနိုင်ဦးတို့(၂)ဦးအား ညောင်လှနယ်မြေရဲစခန်း(ပ)၂၁/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်