ဘေးဘောင်သေးငယ်သော iPhone 6 ထွက်ပေါ်လာဖွယ်ရှိ

ပို့စ်တင်ချိန် - 2/20/2014 07:43:00 PM


Apple သည်ဘေးဘောင် မပါဝင်သော iPhone 6 ကိုစမ်းသပ် လုပ်ကိုင်နေပြီး၎င်းတွင် လက်ဗွေဖတ်သည့်စနစ် ပါဝင်ဖွယ်ရှိကြောင်း Korea Herald သတင်းစာက ဖော်ပြခဲ့ကြောင်းသိရသည်။ Apple ၏ဘေးဘောင် မပါဝင်သည့်ဒီဇိုင်းကို အစွန်းမပါသည့် display ပုံစံဖြင့်ဖော်ပြ ရေးဆွဲမှုများ ထွက်ပေါ်လာကာ ၎င်း display အတွင်း လက်ဗွေဖတ်သည့် စနစ်ထည့်သွင်းဖွယ်ရှိနေသည်။

အဆိုပါ ကောလာဟလများသည် ပထမဆုံးထွက်ရှိလာသည့် သတင်းများမဟုတ်ပေ။ အစွန်းမပါသော display နှင့် iPhone ခန့်မှန်းချက်များသည် နှစ်ပေါင်းများစွာ ထွက်ရှိနေသော သတင်းဖြစ်ပြီး မျိုးဆက်သစ် iPhone 6 အနေဖြင့် ထွက်ရှိရန်အချိန်များစွာ ကြာမြင့်ဦးမည်ဖြစ်သည်။

Apple အနေဖြင့် ဘေးဘောင်မပါဝင်သော ဒီဇိုင်းများကိုစမ်းသပ်ရာတွင် ကျွမ်းကျင်မှုရှိနိုင်သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကို မည်ကဲ့သို့ချမှတ်မည်ကို မသိနိုင်ပေ။ သတင်းများ၏ ဖော်ပြချက်အရ iPhone 6 ကိုအစွန်းများတွင် ကွေးထားသော ဖန်သားပြင်ဖြင့် ပွဲထွက်လာရန် စီစဉ်ထားကြောင်းသိရသည်။

-စိုးထက်
Ref: CNET
Internet Journal