မုံရွာမူးယစ်တပ်ဖွဲ့ဝင်များ T - Power ကေတီဗွီနှင့် အနှိပ်ခန်းတွင် ပြသနာရှာ

ပို့စ်တင်ချိန် - 2/09/2014 04:56:00 PM


ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းရှိ ဗိုလ်ကြီးဟောင်း တစ်ဦးပိုင်ဆိုင်သည့် တီပါဝါ အနှိပ်ခန်းနှင့်ကေတီဗွီဆိုင်ကြီးတွင် ယခုလ ၈ ရက်နေ့ည ၁၁ နာရီကျော်အချိန်ခန့်က မုံရွာ အထူးမူးယစ်တပ်ဖွဲ့ဝင်များသည် မလျော်သြဇာသုံး၍ အတင်းအကြပ် ဆိုင်ဖွင့်ခိုင်းကာ ပြသနာရှာခဲ့ကြောင်း သိရသည်။
ထိုသူတို့သည် တပ်ဖွဲ့ပိုင် အပြာရောင် ဟိုင်းလတ်အမျိုးအစား ယာဉ်အမှတ် ထ/ ၇၂၅၅ မော်တော်ယာဉ်ဖြင့် အုပ်စုအဖွဲ့လိုက်ရောက်ရှိကာ ဆိုင်ပိတ်ချိန်တွင် ဆိုင်ဖွင့်ပေးရန် အတင်းအကြပ်ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ထိုဆိုင်ရှိဝန်ထမ်းတစ်ဦးက ဆိုသည်။
ဆိုင်းအတွင်း ယင်းကဲသို့ပြနာဖြစ်နေချိန်တွင် မုံရွာနယ်မြေရဲစခန်းရှိ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း ရဲသတင်းရပ်ကွက်မှ သိရသည်။
မုံရွာမြို့ပေါ်ရှိ ကေတီဗွီနှင့် အနှိပ်ခန်းကြီးများတွင် ဌာနဆိုင်ရာ လူကြီးများ မကြာခဏ လာရောက်အပန်းဖြေ အနားယူလေ့ရှိပြီး ထိုသူမျာား၏ မလျော်သြဇာများကြောင့် အချိန်ပိုဆိုင်ဖွင့်ပေးထားရသည်ဟု သိရသည်။
ထိုနေ့ညက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ရှိ 81 ဆိုင်တွင်လည်း ပြသနာတက်ခဲ့သေးကြောင်း သိရသည်။
ယခုကာလသည် တရားဥပဒေစိုမိုးရန် ပြည်သူအား၏ တာဝန်တစ်ရပ်ဖြစ်နေချိန်တွင် ဌာနဆိုင်ရာမျာားက မလျော်သြဇာသုံး၍ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တချို့ကို ကိုယ်တိုင်ကိုယ်ကျ ဖောက်ဖျက်နေခြင်းဖြစ်ကြောင်း အင်အားကြီး ပါတီတစ်ခု၏ လွတ်တော်အမတ်တစ်ဦးက ဝေဖန်ပြောကြားခဲ့ကြောင်း သိရှိရသည်။
Monywa Times