FMI အိမ်ရာရေကူးကန်အိမ်သာခန်းအတွင်း၌ အမျိုးသားတစ်ဦး သေဆုံးနေပြီးအနီးတွင် ဘိန်းဖြူဟုယူဆရသော အမှုန့်များနှင့်ဆေးထိုး ပိုက်များတွေ့ရှိ

ပို့စ်တင်ချိန် - 4/25/2014 03:52:00 PM


ရန်ကုန်၊ ဧပြီ ၂၅

၂၄.၄.၂၀၁၄ရက်နေ့ ၁၄၀၀အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်၊ (၄)ရပ်ကွက်၊ FMI အိမ်ရာ
ရေကူးကန် အမျိုးသားအိမ်သာခန်းတွင် လူတစ်ဦးလဲကျသေဆုံးနေ
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုဆန်းစည်သူ၊ (၃၅)နှစ်၊ (ဘ)ဦးသန်းမြင့်၊ FMI အိမ်ရာဝင်း၊ လှိုင်သာယာမြို့နယ်နေသူဖြစ်ပြီး ဦးခေါင်းတွင် အိမ်သာအ၀င်တံခါး
ကြေးပတ္တာစောင်းနှင့်ထိခိုက်မိ၍ နောက်စေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်ရရှိကာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

အဆိုပါအိမ်သာခန်းအတွင်းစစ်ဆေးရာ အိမ်သာရေဆွဲပုံးပေါ်တွင် ပင်နီဆီလင်ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော အမှုန့်(၀.၀၁)
ဂရမ်ခန့်ပါပုလင်း(၁)လုံး၊ အသုံးပြုပြီးဆေးထိုးပိုက်(၁)ချောင်း၊ အသုံးမပြု
ရသေးသည့် ဆေးထိုးပိုက်အသစ်(၁)ချောင်း၊ လန်ဒန်စီးကရက်(၁)ဘူး၊ မီးခြစ်(၁)လုံးနှင့် ရေသန့်ဘူးသေး (၁)ဘူးတို့အားတွေ့ရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၃၁/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police