၁၈ နှစ်အကြာတွင် ပထမဦးဆုံးအကြိမ် စပိန်အမှတ်ပေးဖလား ချန်ပီယံ ဖြစ်လာသည့် အက်သလက်တီကို မက်ဒရစ်

ပို့စ်တင်ချိန် - 5/18/2014 11:13:00 AM


အက်သလက်တီကို မက်ဒရစ်သည် နူးကမ့်တွင် ဘာစီလိုနာနှင့် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် စပိန်ထိပ်သီး အသင်းနှစ်သင်းကို ကျော်ဖြတ်ကာ လာလီဂါချန်ပီယံ ဖြစ်လာခဲ့သည်။

ဘာစီလိုနာသည် ပွဲချိန် ၃၃ မိနစ်တွင် အလက်ဇစ် ဆန်းချက်ဇ်၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂို ကော်စတာမှာလည်း ဒဏ်ရာ ရရှိသွားသောကြောင့် ချေပဂိုးရရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိခဲ့သည်။

သို့သော်လည်း ဒုတိယပိုင်းစတင်ပြီး ၄ မိနစ်တွင် ဒီယေဂို ဂိုဒင်က အက်သလက်တီကို အတွက် ချေပဂိုး သွင်းယူခဲ့ပြီး ပွဲအပြီးတွင် ၁-၁ ဂိုးဖြင့်သာ ပြီးဆုံးခဲ့သောကြောင့် အက်သလက်တီကိုက လာလီဂါ ချန်ပီယံ ဖြစ်လာခဲ့သည်။

အက်သလက်တီကိုသည် လာလီဂါဆုဖလားကို ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် ပထမဦးဆုံး ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံး ၉ နှစ်အတွင်း ဘာစီလိုနာနှင့် ရီးယဲမက်ဒရစ်သာ ချန်ပီယံဖြစ်ခဲ့သည့် စံချိန်မှာလည်း ကျိုးပျက်သွားခဲ့သည်။

ထို့အပြင် ဘာစီလိုနာ နည်းပြ တာတာမာတီနို အနေဖြင့်လည်း ဘာစီလိုနာ မန်နေဂျာဘဝ အဆုံးသတ်ဖွယ်ရှိပြီး အသင်းမှာလည်း ၂၀၀၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဖလားလက်မဲ့ ဖြစ်ခဲ့သည်။

အက်သလက်တီကိုသည် လာမည့် ရက်သတ္တပတ်တွင် ရီးယဲမက်ဒရစ်နှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

soccer myanmar