တောင်တရုတ် ပင်လယ် အကျပ်အတည်း တရုတ်နှင့် ဗီယက်နမ် စတင်ဆွေးနွေး

ပို့စ်တင်ချိန် - 5/18/2014 03:50:00 PM


ချင်းတောင် မေ ၁၇

တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည်တောင် တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်း အဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကိုဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားပြီးနောက် သောကြာ နေ့က တရုတ်မြို့ချင်းတောင်၌ ကျင်းပခဲ့သည်။ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဆန္ဒပြသူများသည် မနီလာမြို့ တရုတ် သံရုံး အပြင်ဘက်၌ ဆန္ဒပြခဲ့ရာတရုတ်နိုင်ငံက အဆိုပါ နှစ်နိုင်ငံက ပိုင်ဆိုင်ထားသော နယ်မြေများကို ကျူးကျော် နေသည်ဟု ဆိုသည်။

ယင်းတို့က ဗီယက်နမ်ပြည်သူများနှင့် ဖိလစ်ပိုင်တို့က တရုတ်နှင့်မပေါင်းရန် တိုက်တွန်းဆော်ဩလိုက်သည်။ ယင်းအဓိကရုဏ်း၌ဆက်နွှယ်သူ ၅၀၀ အား ဖမ်းဆီးထားကြောင်းအာဏာပိုင်များက ပြောသည်။

ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကို လုံခြုံရေးအာမခံပေးရန် တောင်းဆို လိုက်ကြောင်း တရုတ် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှန်ဒန်ရန်း က ပြောသည်။

တရုတ်နိုင်ငံသားများ သေဆုံး မှုရှိပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။

တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ကာလ အတန်ကြာ ကပင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည်။
တရုတ်တို့က တောင်တရုတ် ပင်လယ်ကြီးတစ်ခုလုံးကို ၎င်းပိုင် ဆိုင်ကြောင်း ပြောဆိုထားသည်။သို့သော်လည်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ ယင်းရေပိုင်နက် နယ်မြေအတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်တွေ့ ရှိလိမ့်မည်ဟု ယုံကြည်ထားကြသည်။

(ဘီဘီစီ)
MOI Webportal Myanmar