ဥအမျိုးမျိုးကိုစားသင့်ရသည့်အကြောင်းရင်း

ပို့စ်တင်ချိန် - 5/18/2014 11:39:00 AM


ဥလေးတွေက လှပပါတယ်။ သဘာဝရဲ့ ဖန်တီးပေးတဲ့ပြည့်စုံတဲ့ပုံစံတစ်ခုပါ။ ဥလေးတွေက ကျွန်တော်တို့ နှလုံးလို ခန္ဓာကိုယ်အတွင်းပိုင်းက အရာတွေရော ဆံပင်လို ခန္ဓာကိုယ်ပြင်ပက အရာတွေရော လှပအောင် အကူအညီပေးကြပါတယ်။
ကိုယ်လက်စထရောကိုကြောက်ကြတဲ့အတွက် ဥအမျိုးမျိုးကို စားဖို့တွန့်နေကြပါတယ်။ သင့်တော်တဲ့ပမာဏလောက်သာစားပေးမယ်ဆိုရင် နှလုံးရောဂါရော နှလုံးတိုက်ခိုက်ခံရနိုင်ချေလည်းမရှိဘူးလို့ British Medical Journal က သက်သေပြခဲ့ပါတယ်။
ဥတွေဟာ ကောင်းမွန်တဲ့ကျန်းမာရေးကနေ ကိုယ်အလေးချိန်ပါ လျှော့ချပေးနိုင်ကြောင်း အချက် ငါးချက်ရှိပါတယ်။
ဥတွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ဘာကြောင့်လဲ။ ဥတွေမှာ ခိုလင်းဓါတ်က အများအပြားပါလို့ပါပဲ။ ဗီတာမင်ဘီက ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ခိုလင်းဓါတ်က ကလေးတွေမှာ စိတ်ပုံမှန်မဟုတ်မှုကိုလည်း လျှော့ကျစေပါတယ်။ ဒေါင်းရောဂါနဲ့ စိတ်ရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။
ဥတွေက ညနေပိုင်း သာရေစာ အစားလွန်ခြင်းကို ထိန်းသိမ်းပေးနိုင်ပါတယ် ။  ။ နံနက်စာကို ပရိုတိန်း များပြားတဲ့အစားစားထားခြင်းက ညနေပိုင်းတွေမှာ အလွန်အမင်းစာချင်စိတ်ကို ကန့်သတ်ပေးပါတယ်။ ပရိုတိန်းအရည်အသွေးမြင့်မားစွာ ပါဝင်တဲ့ ဥတွေကို စားသုံးခြင်းကို အစာစားပြီး စိတ်ကျေနပ်မှုကို ရရှိစေပြီး တစ်နေ့လုံးကြာရှည်ခံစေပါတယ်။ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်အလေးချိန်လျှော့ချင်ရင် ည ၇ နာရီနောက်ပိုင်း အာလူးကြော်တွေ ချိုတဲ့အစားအစာတွေ ငြင်းပယ်ချင်ရင်တော့ နံနက်စာ စားချိန်မှာ
ဥတွေကို စားသောက်ပေးခြင်းက အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ
ဥတွေက ခန္ဓာကိုယ်တုံ့ပြန်မှုကို တိုးတက်စေပါတယ်။    ။၂၀၁၄ ခုနှစ်အတွင်း လေ့လာမှုများအရ ဥတွေထဲမှာတွေ့ရတဲ့ အမိုင်နိုအက်စစ် တိုင်ရိုစင်းက placebo ထက် ဒူးအကွေးအဆန့်တွေ ပိုပြီးမြန်မြန် ဆန်ဆန်လုပ်နိုင်စေဖို့ အကူအညီပေးပါတယ်။ ကားမောင်းနေစဉ် မတော်တဆမှုတွေ့ကြုံမှုတွေမှာ တိုင်ရိုစင်းဓါတ်က မှန်ကန်စွာဆုံးဖြတ်နိုင်အောင် သက်ရောက်မှုရှိတယ်လို့ လေ့လာသူများက ဆိုပါတယ်။
ဥတွေက ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ `          ။ဥတွေမှာပါတဲ့ အန်တီအောက်စီဒင့်က ကင်ဆာရောဂါရော နှလုံးရောဂါပါ ဖြစ်နိုင်ချေကို လျှော့ချဖို့ အမှန်တကယ်ကူညီပေးပါတယ်။ ဥတွေကို ချက်ပြုတ်လိုက်ရင် အန်တီအောက်စီဒင့်က တစ်ဝက်လောက် လျော့ကျသွားပေမယ့် ပန်းသီးမှာတွေ့ရတဲ့ အန်တီအောက်စီဒင့် ပမာဏနဲ့ တူတူပဲလို့ လေ့လာသူများက ဆိုပါတယ်။
ဥတွေက သွေးဖိအားကို လျော့ကျစေပါတယ်။            ။ ဥမှာပါတဲ့ ပရိုတိန်းက သွေးဖိအားကို ခန္ဓာကိုယ်တွင်းမှာ ACE (angiotensin-converting-enzyme) နည်းလမ်းနဲ့ သွေးတိုးရောဂါကုသရာမှာ လျှော့ချဖို့ အကူအညီ ပေးတယ်လို့ ၂၀၀၉ ခုနှစ် လေ့လာချက်များအရ သိရပါတယ်။ သွေးဖိအားမြင့်တက်ခြင်းကို လျှော့ချပေးတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတဲ့ကောင်းကျိုးကိုလည်း ရရှိပါတယ်။

Myet Shin