အမျိုးသားတစ်ဦး (၇)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 5/18/2014 07:23:00 PM


ရန်ကုန်၊ မေ ၁၈

၁၇.၅.၂၀၁၄ ရက်နေ့ ၀၄၄၅ အချိန်တွင် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ မလွှကုန်း
လမ်းတွင် တိုက်(၇)လွှာပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံး
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နေ ဦးဝင်းအောင်၊ (၄၃)နှစ်
ဖြစ်ကြောင်းသိရှိရပြီး တိုက်ခန်းနောက်ဘက်လမ်းကြားတွင် ဦးခေါင်း
ယာဘက်ပေါက်ပြဲ၊ နှာခေါင်းနှင့်ပါးစပ်တို့မှသွေးထွက်၊ ၀ဲလက်မောင်း
နှင့်ပေါင်တို့၌ ဖူးရောင်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အခင်းဖြစ်တိုက်ခန်းနေ အစ်မ၀မ်းကွဲ
တော်စပ်သူ၏နေအိမ်သို့ ၁၆.၅.၂၀၁၄ ရက်နေ့ညနေပိုင်းတွင် အလည်
အပတ်ရောက်ရှိလာပြီး ညပိုင်းတွင် အရက်သောက်စားခဲ့ကာ အိပ်ယာ
ဝင်ခဲ့ကြောင်း၊ ၁၇.၅.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် အိမ်ရှင်အစ်မ
ဖြစ်သူမှ အိပ်ယာမှနိုး၍ကြည့်ရှုရာ ၎င်းကို မတွေ့ရှိသဖြင့် လိုက်လံ
ရှာဖွေခဲ့ကြောင်း၊ တိုက်ခန်းနောက်ဘက်ရှိအကာမရှိသောပြူတင်းပေါက်
မှ ဓါတ်မီးဖြင့်ထိုးကြည့်ရှာဖွေခဲ့ရာမှ အောက်သို့ပြုတ်ကျနေသည်ကို
တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

MOI Webportal Myanmar