စိတ်မနှံသူမှ ဓါးထိုးမှု

ပို့စ်တင်ချိန် - 5/18/2014 11:35:00 AM


မလေးရှား နိုင်ငံတွင် အောက်တိုဘာ ၂၄ နေ့ နံနက် ၁၁း၂၀ အချိန်တွင် အသက် ၂၆ နှစ်အရွယ် စီးကရက်ကုမ္ပဏီ မော်တော်ယာဉ်မောင်း စိတ်မနှံ့သူ တစ်ဦး က Salangor Gombak တွင်ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦး နှင့် ၎င်း၏ အရောင်းဝန်ထမ်း အသက် ၄၀ နှစ် နှင့် ၆၀ နှစ် တို့ အား ဓါးဖြင့်ထိုး ပြီးနောက် ၎င်းမောင်းနှင်သော ယာဉ်ဖြင့်ထွက်ပြေးသွားကာTaman Melati LRT ရထားဘူတာတွင် ရေသန့်ဖြန့်ဖြူးသည့် မော်တော်ယာဉ်မောင်း တစ်ဦး ရေသန့်ဘူး ချနေစဉ် ဓါးဖြင့် ၃ချက်ထိုးသတ်ကာ ထွက်ပြေးသွား ပြီးပထမ အခင်းဖြစ်ပွားသောနေရာနှင့် ကီလိုမီတာ ၂၀၀ ခန့်ဝေး သော Jalan Tumbuhan လမ်းတွင် Toyota Prius မောင်းနှင်လာသော လူငယ်ကို ဆက်လက်ထိုးသတ် ကြောင်း ကွာလာလမ်ပူမြို့တော် CID deputy chief Assistant Commissioner Khairi Ahrasa ကပြောကြားပါသည်။

သေဆုံးသူနှစ်ဦး နှင့် ဒဏ်ရာရသူ များ နှင့် လူသတ်မှုကျူးလွန်သူ များအား ကွာလာလမ်ပူဆေးရုံသို့ပိုဆောင်ထားပါသည်
ကျူးလွန်သူလူသတ်သမားသည် လက်ရဖမ်းဆီး စဉ် ဒဏ်ရာရရှိသွားသောကြောင့် ကျူးလွန်သူအားလည်း ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်၊ ၎င်းထံမှ ‘Rambo’ ဓါးသိမ်းဆည်းကြောင်း Khairi ကဆက်လက်ပြောကြားသွားပါသည်၊

myet shin