မိန်းမအပေါ်သ၀န်တိုလွန်းသော ဖခင်လက်ချက်ဖြင့် ရက်သားအရွယ်သားကလေး ပွဲချင်းပြီးသေဆုံး

ပို့စ်တင်ချိန် - 5/18/2014 11:35:00 AM


အင်ဒိုနီးရှားနိုင်ငံသား အိမ်ခြံမြေ အလုပ်သမားတစ်ဦးသည် မိန်းမဖြစ်သူအား ဖောက်ပြန်သည်ဟု စွပ်စွဲပြီးနောက် သားသမီးများရှေ့တွင် အပြင်းအထန်ဒဏ်ရာရအောင် ရိုက်နှက်သည့်အပြင် ရက်သတ္တပတ် ၂ ပတ်သာရှိသေးသည့်သားက လေးကိုပါ သတ်ပစ်ခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ဇနီးသည်နှင့်အသက် ၂ နှစ်နှင့် ၇ နှစ်ကြားရှိကလေး ၃ ဦးမှာ အ သက်ရှင်ကျန်ရစ်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာရထားကြသည်ဟု ဘီလူရန်လက်ထောက်ရဲချုပ် စီဗာနန်သန်ဗီလောင်သမ်(Sivananthan Velautham)က ပြောသည်။

တနင်္လာည ၁၀ နာရီတွင် ၄င်းတို့အလုပ် လုပ်သည့်စိုက်ခင်းရှိအလုပ်သမားတန်းလျားတွင် ဇနီးဖြစ်သူကိုအသက် ၃၄ နှစ်အရွယ်လင်ယောကျာ်း က တိုက်ခိုက်ခဲ့သည်ဟု အရာရှိက ပြောသည်။အချေအတင်ပြောဆိုမှုမှာအရှိန်မြင့်လာကာ လင်ယောကျာ်းသည် ကတ်ကြေးဆွဲ၍ မိန်းမ၏ဦးခေါင်းတွင် အချက်ပေါင်းများစွာ ထိုးခဲ့သည်ဟု အရာရှိက ပြောသည်။ ထို့ပြင် လင်ယောကျာ်းသည် ဆီအုန်း ခုတ်ရာတွင်အသုံးပြုသည့်သံချောင်းဖြင့် မိန်းမနှင့်ကလေးများကိုရမ်းသမ်းရိုက်ခတ်ခဲ့၍ ရက်သားအရွယ် သားကလေးပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

သတင်းရလျှင်ရချင်း ဘီလူရန်ရဲစခန်းမှရဲတပ်ဖွဲ့သည် စိုက်ခင်းဘက်သို့သွားကြကာ အင်္ဂါနေ့ နံနက် ၃ နာရီတွင် လင်ယောကျာ်းကိုဖမ်းဆီးခဲ့ကြသည်။

The Star