ငါးဖမ်းစားတတ်လာတဲ့ ဗြိတိန်နိုင်ငံက ပင့်ကူတွေ

ပို့စ်တင်ချိန် - 6/22/2014 09:09:00 PM


လေ့လာတွေ့ ရှိမှုအသစ်တစ်ခုအရ နောက်ထပ် ပင့်ကူအများအပြားဟာလည်း ငါးတွေကို ဘယ်လို ရှာဖွေဖမ်းစားရမလဲဆိုတာကို လေ့လာနေကြပြီလို့ ဆိုပါတယ်။


ဒီ ခြေရှစ်ချောင်းသတ္တ၀ါတွေဟာ ပန်းခြံအတွင်းက ရေအိုင်နဲ့ ရေကန်တွေဘေးမှာ စောင့်ဆိုင်းပြီး ကူးဖြတ် လာတဲ့ ငါးတွေကို ဆွဲဖမ်းကာ ကုန်းပေါ်ဆွဲတင်ပြီး စားသောက်ကြတယ်လို့ သိရပါတယ်။

ဒီလို ရဲတင်းတဲ့အပြုအမူမျိုးဟာ အာဖရိက၊သြစတြေးလျနဲ့ အမေရိကတောနက်ကြီးထဲက ပင့်ကူမျိုးစိတ်ကြီး တွေမှာသာ ရှိတယ်လို့  ထင်ထားခဲ့ရင်တော့ မှားသွားပါပြီး။ ဒီ သားကောင်ဖမ်းတဲ့အတတ်ကို ဥရောပ မျိုးစိတ် တွေမှာပါ တွေ့ ရှိလာရပြီး ဗြိတိန်ရဲ့ ပင့်ကူမျိုးစိတ်တစ်ချို့ လည်း ဒီလို သားကောင်ဖမ်းတတ်လာပါပြီ။

ဒီလို ငါးဖမ်းစားတတ်တဲ့ပင်ကူမျိုးတွေ ကို အရင်က တွေ့ ရှိပြီးသားဖြစ်ပေမယ့် တခြားမျိုးစိတ်အများအပြားက လည်း အခုလို ဖမ်းစားနေကြတယ်ဆိုတာကတော့ အခုမှ တွေ့ ရှိရတာပါ။ ဒီလို ငါးဖမ်းစားတဲ့ ပင့်ကူတွေ ကမ္ဘာ့နေရာအနှံ့ အပြားမှာ ရှိနေပြီလို့ မနေ့ က တင်ခဲ့တဲ့ စစ်တမ်းအရသိရပါတယ်။



သြစတြေးလျနဲ့ ဆွစ် သုတေသနပညာရှင်တွေ ပူးပေါင်းလေ့လာခဲ့မှုအရ အဓိက ပင့်ကူမျိုးစိတ် ငါးခု ဟာ သူတို့  ရဲ့ ပုံမှန် အစာ အင်းဆက်တွေ အပြင် တစ်ခါတစ်ရံငါးတွေကို ဖမ်းစားခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်း လေ့လာမှုအခြေအနေတွေအရ နောက်ထပ် မျိုးစိတ်ဝင်ပင့်ကူသုံးမျိုးဟာလည်း ငါးတွေကို ဖမ်းစားနေကြပြီး အရင်က ဒီပင့်ကူတွေမှာ အခုလိုပြုမူတတ်တဲ့ မှတ်တမ်းမျိုးမရှိဘူးလို့ သိရပါတယ်။

ဒါက ဘာကိုဆိုလိုသလည်းဆိုတော့ အခုသိထားတဲ့ မျိုးစိတ်တွေထက် ပိုမိုမျိုးစိတ် အများအပြားရှိနေနိုင်တယ် လို့ ပညာရေးဂျာနယ် PLOS ONE မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုက ဆိုထားပါတယ်။

ဗြိတိန်မှာရှိတဲ့ မူရင်းပင့်ကူမျိုးစိတ်အကြီးဆုံးတွေဟာ ရှားပါးအရှေ့ အင်ဂလီယန် မျိုးဆက်တွေဖြစ်ပြီး စိမ့်မြေပင့်ကူတွေ လို့ ခေါ်ဆိုကြပြီး ဒီမျိုးစိတ်တွေက ငါးဖမ်းစားသောက်မှု ပြုလုပ်တတ်ပါတယ်။

ဒီမျိုးစိတ်ဟာ သြစတြေးလျရဲ့ ပန်းခြံရေကန်အိုင်တွေမှာ ငါးသေးသေးလေးတွေ ဖမ်းစားတတ်တဲ့ ပင့်ကူ မျိုးစိတ်နဲ့ မျိုးအုပ်စုတူတူ ပဲဖြစ်ပါတယ်။

ပင့်ကူတွေဟာ ရေကန်စွန်းကနေ ချောင်းမြောင်းစောင့်ဆိုင်းတတ်သလို ရေမြောင်း၊ရေအိုင်ကလေးတွေရဲ့ မျက်နှာပြင်မှာ သွားလာတတ်ပြီး ရေထဲက ငါးကို လှမ်းဆယ်ဖမ်းတတ် ပါတယ်။ သူတို့ ကိုယ်လုံးထက် တော်တော်ကြီးတဲ့ ငါးတွေကိုတောင် ဖမ်းနိုင်ပါတယ်။ ပင့်ကူတွေဟာ အဆိပ်နဲ့ အင်ဇိုင်းဓာတ်  ရောနှောထားတဲ့ သေစေနိုင်တဲ့အဆိပ်ကို သားကောင်ထဲ ထိုးထည့်ပြီး ကုန်းပေါ်ဆွဲတင်ကာ စားသောက်ကြပါတယ်။ ဒီ ဖြစ်စဉ်ဟာ နာရီပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

Ref: Mirror.co.uk
Trend Myanmar