နွားချေးကားအယောင်ဆောင် တရားမ၀င်သစ်တင်ယာဉ် ပြင်ဦးလွင်တွင် ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 6/23/2014 02:19:00 PM



မန္တလေးမှ နောင်ချိုဘက်သို့ ဖြတ်သန်းသွားသည့် တရားမ၀င် သစ်တင်ယာဉ်
များသည် နည်းမျိုးစုံသုံး၍ သစ်များသိုဝှက်သယ်ဆောင်လျှက်ရှိကြောင်း သတင်း
အရ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးအရာရှိဦးစိုင်းရွက်ဆိုင်နှင့်အဖွဲ့မှ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် လမ်းကြောင်းတစ်လျှောက် ရှောင်တစ်ခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးစဉ် နေ့လည် (၂) နာရီအချိန်ခန့်တွင် မန္တလေး- ပြင်ဦးလွင်လမ်းကြောင်းအတိုင်း မောင်းနှင်လာသော မသင်္ကာဖွယ် ဖေါ်တွန်အမျိုးအစား (၆) ဘီးယာဉ် ယာဉ်အမှတ် ၄စ/၃၃၄၅ သည် အနီးစခန်းအရောက် ဖေါင်းတောမြို့ရှောင်လမ်းအတိုင်း မောင်နှင်သွားသဖြင့် သစ်တောဝန်ထမ်းများမှ လိုက်လံရပ်တန့်စစ်ဆေးရာ မြို့ရှောင်လမ်းနှင့် ဆင်ခေါင်းလေးလမ်းဆုံအရောက် ရပ်တန့်စစ်ဆေးနိုင်ခဲ့သည်။

စစ်ဆေးချက်အရ ယာဉ်မောင်းဆန်းမင်းကျော်၊ ဂွေ့ကြီးကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တရားမ၀င် တမလန်းသစ်ဓါးရွေ (၃၃) တုံး ( ၂.၈၆၂၂ ) တန်ကို နွားချေးဖွဲကြမ်းအိတ်များ ဖုံးအုပ်လျှက်အနေအထားဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တရားမ၀င်သစ်များကို ရှာဖွေရာ ညနေ (၅း၃၀) နာရီအချိန်ခန့်တွင် ကျွဲနွားထောက်ကျေးရွာ မြောက်ဘက် ကြက်ခြံဟောင်းအနီး၌ တရားမ၀င်တမလန်းဓါးရွေ (၁၈) တုံး ( ၂.၀၉၅ ) တန် ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသစ်စုစုပေါင်း (၅၁) တုံး (၄.၉၅၇၂) တန်နှင့် ယာဉ်ကို မြို့နယ်သစ်တောဦးစီးဌာန ဒိုးကွင်သစ်တောပျိုးဥယျာဉ်သို့ သယ်ဆောင်သိမ်းဆည်းထားပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

MOIWebportalMyanmar