ခွေးကို လက်ဝတ်ရတနာတွေနဲ့တန်ဆာဆင်ခဲ့တဲ့အတွက် Lady Gaga ကို PETA အဖွဲ့ကပြစ်တင်ဝေဖန်

ပို့စ်တင်ချိန် - 6/23/2014 04:09:00 PM


Lady Gaga တစ်ယောက် တိရိစ္ဆာန်တွေကိုသနားကြင်နာစွာဆက်ဆံရေး
အတွက်လှုပ်ရှားတဲ့အဖွဲ့PETA (People for the Ethical Treatment of Animals)
ရဲ့ပစ်မှတ်ဖြစ်သွားပြန်ပါပြီ။ ဒီတစ်ခါကတော့ သူမရဲ့ခွေးကို လက်ဝတ်ရတနာတွေနဲ့ ဆင်မြန်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။

မကြာသေးခင်က ပေါ့ပ်အဆိုတော်ဟာ သူမဒီနှစ်ရဲ့အစောပိုင်းက စတင်မွေးမြူခဲ့ပြီး Asia အမည်ရှိတဲ့ ပြင်သစ်ခွေးဘီလူးလေးရဲ့ဓာတ်ပုံတွေကို Instagram မှာ တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့ဓာတ်ပုံတွေထဲမှာ Asia ဟာ ကလစ်နားကပ်တွေအပါအ၀င် လက်ဝတ်ရတနာပစ္စည်းအမျိုးမျိုးကို ၀တ်ဆင်ထားပါတယ်။

ပရိတ်သတ်တွေရဲ့တုန့်ပြန်မှုကတော့ အချို့ကမိန်းကလေးငယ်လေးလို ဆင်မြန်းထားတဲ့ ခွေးရဲ့ပုံကိုချစ်စရာကောင်းတယ်လို့တုန့်ပြန်ပြောသလို အချို့ကတော့ ခွေးရဲ့ကိုယ်ပိုင်ဆန္ဒမဟုတ်ဘဲ ဒီလိုဆင်မြန်းပေးထားတာကိုကြည့်ပြီးဒေါသထွက်နေပုံရပါတယ်။

ဒီကိစ္စနဲ့ပါတ်သတ်ပြီး PETA အဖွဲ့က ReadarOnline မှာကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ့ကြေငြာချက်မှာတော့ “Lady Gaga ဟာသူမကိုသူမ ရှုပ်ထွေးတဲ့အပြင် သက်တောင့်သက်သာမဖြစ်တဲ့ အ၀တ်အစားအပြင်အဆင်တွေနဲ့တောင် ဆင်မြန်းလို့ရပါတယ်။ ဒါပေမယ့် Asia ကဒီဟာကို ရွေးချယ်(ငြင်းဆန်) ဖို့အခွင့်အရေးမရှိရှာပါဘူး” လို့ပါရှိပါတယ်။

“Lady Gaga က Asia ကိုချစ်တယ်ဆိုတာတော်တော်လေးသေချာပေမယ့်။ Asia နဲ့ခွေးတိုင်းဟာ နောက်တိုးသဘာဝ စွမ်းရည်တွေမလိုအပ်ဘဲ ချစ်စရာကောင်းတယ်လို့ ကျွန်န်ုပ်တို့ထင်ပါတယ်။ ပြီးတော့ ခွေးတိုင်းအတွက် အကောင်းဆုံး တန်ဆာပစ္စည်းကတော့ အတူတကွ လမ်းအရှည်ကြီးလျှောက်ရာမှာပြီးပြည့်စုံတဲ့ သက်တောင့်သက်သာရှိ၊ စိတ်ချရပြီး အနေတော်ဖြစ်တဲ့ လည်ပတ်လေးတွေပါပဲ’ လို့လဲကြေငြာချက်မှာပါဝင်ပါတယ်။

PETA ဟာသားမွှေးထည်တွေ ၀တ်ဆင်ရတာကိုနှစ်သက်မှုကြောင့် Lady Gaga ကိုအရင်ကဝေဖန်ဖူးပါတယ်။  ၂၀၁၂ ခုနှစ်မှာ သူမရဲ့ရုရှားခရီးစဉ်အတွင်း သားမွှေးကုတ်အကျီ င်္တွေဝယ်ယူမှုနဲ့ စိတ်ထိခိုက်စရာကောင်းတဲ့ ပန်းရောင်သားမွှေးကုတ်အကျီ င်္ဝတ်ဆင်မှုတွေအတွက် တစ်ယောက်ထဲရွေးပြီးဝေဖန်ခံခဲ့ရပါတယ်။

Ref:starpulse.com

Treand Myanmar