တရုတ်လမ်းသရဲ ၁၃ ဦးကို ရဲက ပစ်သတ်ဟု အစိုးရ ရုပ်သံ ဆို

ပို့စ်တင်ချိန် - 6/22/2014 10:28:00 AM


တရုတ်နိုင်ငံ တောင်ပိုင်းက မငြိမ်မသက် ဖြစ်နေတဲ့ ရှင်ကျန်း ပြည်နယ်မှာ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ လမ်းသရဲ ၁၃ ယောက်ကို ရဲက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ အစိုးရ ရုပ်သံက ဆိုပါတယ်။

ရဲက ပစ်သတ်လိုက်တဲ့အဖွဲ့ဟာ ကက်ခ်ျဂါ ရဲစခန်းကို ကားနဲ့ ၀င်တိုက်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းကို ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ရဲ ၃ ယောက်ဒဏ်ရာ အနည်းငယ် ရရှိတာကလွဲလို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ စီစီတီဗွီက ဆိုပါတယ်။

အခြေအနေကို ဆက်လက်စုံစမ်းနေပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်စွန်း ရှင်ကျန်း ပြည်နယ်မျာ အခုနောက်ပိုင်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပေါ်ပေါက်နေလို့ အစိုးရကလည်း ဆက်တိုက် နှိမ်နင်းနေရပါတယ်။

ဒီလအစောပိုင်းမှာပဲ တောင်ပိုင်းဒေသမှာ ဆိုးသွမ်းတိုက်ခိုက်သူ တဒါဇင်နဲ့ ဘေဂျင်းမြို့လယ် တီယန်နန်မင် ရင်ပြင်ကို တိုက်ခိုက်တဲ့ တခြားသုံးယောက်ကို အစိုးရက ကွပ်မြက်ခဲ့ပါတယ်။

မေလ ၃၁ ရက်နေ့က ရှင်ကျန်း ပြည်နယ်ထဲက ဥရန်ကျီ မြို့မှာ တိုက်ခိုက်ရေးသမားတွေက ဈေးတခုထဲကို ဖောက်ခွဲရေးပစ္စည်း ပစ်သွင်းဖောက်ခွဲခဲ့လို့ လူ ၃၁ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ ဒီနှစ်တွေအတွင်း တရုတ်ပြည်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

dvb burmese