သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်း

ပို့စ်တင်ချိန် - 6/22/2014 09:07:00 PM


နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သိရပါတယ်။

ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေ
အားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူ
သွားမယ်လို့လည်း သိရပါတယ်။

Tomorrow
သတင်းဓါတ်ပုံ- RFA.
===================================================

သာသနာ‌ရေးကဦးအံ့‌မောင်‌ကိုအစိုးရအဖွဲ့ကစစ်‌‌ဆေးဖို့ဇွန်‌လ၂၁ရက်‌‌နေ့
ညကဖမ်းဆီးစစ်‌‌ဆေး‌နေတယ်‌လို့ ပြည်‌ထဲရေးအသိုင်းဝိုင်းကသိရပါတယ်‌
ဘယ်‌မှာ‌ခေါ်စစ်‌‌ဆေး‌နေတယ်‌ဆိုတာကို သတင်းမီဒီယာများမှ ဆက်‌လက်‌
စုံစမ်း‌လျက်ရှိနေပါတယ်‌ ။

သတင်း- အောင်ကြီး(DVB)